သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကြဲသစ္ ျမန္မာႏိုင္ငံထဲ ကာကြယ္ေရး 


ကုိဗစ္ကပ္ေရာဂါပိုးရွိမရွိ စစ္ေဆးေနစဥ္
Omicron မ်ိဳးကြဲသစ္ ျမန္မာႏိုင္ငံထဲ ကာကြယ္ေရး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 မ်ိဳးကြဲသစ္ Omicron ကို ျမန္မာႏိုင္ငံမွာ တျဖည္းျဖည္း ပိုၿပီးစေတြ႔လာေနရခ်ိန္မွာ အျခားႏိုင္ငံေတြမွာလို ကူးစက္မူ မျမန္လြန္းေစေအာင္ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုေနၾကပါတယ္။

ျပည္ပကေန ျပန္လည္ဝင္လာသူေတြကတဆင့္ ျပည္တြင္းက လူအနည္းငယ္ကိုပါ ကိုဗစ္မ်ိဳးကြဲသစ္ စတင္ကူးလာခ်ိန္မွာ ေက်ာင္းတေက်ာင္းမွာလည္း အစုလိုက္ စကူးဆက္လာတာမို႔ ကာကြယ္ေရးေတြကို ပိုအေလးအနက္ လုပ္ဖို႔ လိုလာပါၿပီ။ အေၾကာင္းက ဒီ Omicron မ်ိဳးကြဲသစ္က အရင္ရိွခဲ့တဲ့ အျခားမ်ိဳးကြဲေတြထက္ ကူးစက္ႏႈန္း အမ်ားႀကီး ပိုျမန္ေနတာကို ကမာၻတဝွမ္းမွာ ေတြ႔ရွိထားတာမို႔ ျမန္မာႏိုင္ငံမွာလည္း အျမန္အမ်ားႀကီးပ်ံ ႔သြားမွာကို အထူးစိုးရိမ္ရလို႔ပါ။ ဒါေၾကာင့္ 3C လို႔ အတိုေခါက္ေခၚတဲ့ Closed Spaces (အလုံပိတ္ေနရာေတြ)၊ Crowded Places (လူေတြမ်ားတဲ့ေနရာေတြ) နဲ႔ Close-Contact (လူခ်င္းအနီးကပ္) ေတြကို ေရွာင္ရွားဖို႔၊ WHO ကမာၻ႔ က်န္းမာေရးအဖြဲ႔ႀကီးက တိုက္တြန္းအႀကံျပဳထားပါတယ္။

လူခ်င္းမနီးကပ္ေအာင္ (၆) ေပ ခြာေနတာ၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) အေသအခ်ာတပ္တာ၊ လက္ေတြကို ပုံမွန္ ေဆးေၾကာတာေတြကိုလည္း အရင္လို ျပန္ၿပီးေတာ့ အေလးအနက္လုပ္တာေတြအျပင္၊ ကိုဗစ္ေရာဂါ သံသယလကၡဏာေတြ ေပၚလာလွ်င္လည္း ျဖစ္ႏိုင္လွ်င္ ေဆးစစ္ၿပီး ေရာဂါပိုးရွိပါက လူခ်င္းခြဲေနသင့္ပါတယ္။ဒါေပမယ့္ ေဆးစစ္ဖို႔ အခက္အခဲရွိလွ်င္ေတာ့ အနီးနားက ကိုဗစ္ျဖစ္ထားသူနဲ႔ ထိေတြ႔မိထားၿပီး ကိုဗစ္လကၡဏာေတြျဖစ္တဲ့ ႏွာေခ်တာ၊ ေခ်ာင္းဆိုးတာ၊ လည္ေခ်ာင္းနာတာနဲ႔ ကိုယ္ပူလာတာေတြ ျဖစ္လာတာနဲ႔ ႀကိဳကာကြယ္ဖို႔ စတင္ခြဲေနသင့္ပါတယ္။ဒါ့အျပင္ ေခ်ာင္ဆိုးခ်ိန္မွာ တျခားသူေတြဆီ မကူးေစေအာင္၊ Tissue စကၠဴ (သို႔မဟုတ္) လက္၊ တံေတာင္ေကြးနဲ႔ကာၿပီး ဆိုးသင့္ပါတယ္။

ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) ကို အေသအခ်ာတပ္ရာမွာလည္း N95 နဲ႔ KN95 အမ်ိဳးအစား Mask ေတြက၊ ပိုကူးစက္ျမန္တဲ့ Omicron အတြက္ ပိုလုံၿပီးအကာအကြယ္ေကာင္းေပမယ့္ လက္ေတြ႔မွာ ဝယ္ရခက္ႏိုင္ပါတယ္။ဒီေနရာမွာ အဝတ္ Mask သုံးလွ်င္ေတာ့ အထပ္ထပ္ အဝတ္ကာထားတာမ်ိဳးကိုသာ သုံးသင့္ၿပီး အဝတ္ Mask ထက္ပိုေကာင္းတဲ့ Surgical Mask (ပုံမွန္ ဝယ္သုံးႏိုင္တဲ့ အျဖဴတဖက္ အျပာႏုတဖက္) သုံးလွ်င္လည္း အနည္းဆုံး (၃) ထပ္ပါတာကိုသာ သုံးကာ ႏွာေခါင္းအေပၚကေန ေလမဝင္ႏိုင္ေရး ျပားေနေအာင္ဖိၿပီး ေအာက္ပိုင္းကိုလည္း ေမးေစ့ေအာက္ကေန ေလမဝင္ေအာင္အထိ ဆြဲခ်ပိတ္ထားကာဖို႔လိုပါတယ္။ ကိုယ့္မ်က္ႏွာနဲ႔ေတာ္တဲ့ Mask တပ္ဖို႔၊ အသက္႐ူလည္း မၾကပ္ေစဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ရႏိုင္တဲ့ ကိုဗစ္ကာကြယ္ေဆး ဆက္ထိုးထားၾကဖို႔လည္း အေရးႀကီးပါတယ္။ အေမရိကန္မွာေတာ့ ကာကြယ္ေဆးထိုးထားသူေတြလည္း ကူးစက္ခံရေပမယ့္ ေရာဂါအခံရွိထားၿပီး ေဆး႐ုံတက္ရလွ်င္ေတာင္ ျပင္းထန္တာ၊ အသက္ဆုံးရတာေတြကို သိပ္မေတြ႔ရေသးဘဲ ကာကြယ္ေဆး မထိုးထားသူေတြမွာသာ ျပင္းထန္ၿပီး အသက္ဆုံး႐ူံးရတာ အေတြ႔မ်ားလာေနပါတယ္။

Omicron မ်ိဳးကြဲသစ္ ကူးစက္တာျမန္ရတာကလည္း အရင္တျခားမ်ိဳးကြဲေတြထက္ ေရာဂါပ်ိဳးခ်ိန္ ပိုတိုေတာင္းၿပီး ေရာဂါေပၚတာ ျမန္သြားတာေၾကာင့္လို႔ ေနာက္ဆုံး ေတြ႔ရွိထားပါတယ္။ အရင္မ်ိဳးကြဲေတြက ေရာဂါပ်ိဳးခ်ိန္ တပတ္အထိ ၾကာခဲ့ေပမယ့္ အခုက (၃) ရက္ကေန (၅) ရက္အတြင္းသာရွိတာ ေတြ႔လာတာမို႔ Omicron ပိုး ရွိသူနဲ႔ ထိေတြ႕ၿပီး (၃) ရက္ကေန (၅) ရက္အတြင္း ေရာဂါလကၡဏာေပၚလာႏိုင္ပါတယ္။ဒါေၾကာင့္ ဒီပိုးရွိသူနဲ႔ ထိေတြ႔ၿပီး (၆) ရက္ေက်ာ္အထိ ေရာဂါလကၡဏာ မေပၚလာလွ်င္ေတာ့ ကူးစက္ခံရေျခ နည္းသြားပါတယ္။ အလားတူ ဒီပိုးကူးစက္ခံရၿပီးပါကလည္း ေရာဂါလကၡဏာစေပၚၿပီး ဒုတိယေျမာက္ေန႔ကေန စေရတြက္တဲ့ (၅) ရက္အတြင္း ေရာဂါလကၡဏာ ဆက္မျပေတာ့လွ်င္ (အဖ်ားက်ေဆးလည္း မေသာက္ထားလွ်င္) သီးသန႔္ခြဲေနတာကေန ျပန္ထြက္ႏိုင္ေပမယ့္ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) ကိုေတာ့ ေနာက္ထပ္ (၅) ရက္ခန႔္ ဆက္တပ္ထားဖို႔ အေမရိကန္ CDC က အႀကံျပဳထားပါေသးတယ္။ ဒါေပမဲ့ အခုလို (၅) ရက္အၿပီး ေရာဂါလကၡဏာ ဆက္ရွိေနလွ်င္ေတာ့ ဆက္ၿပီးေတာ့ သီးသန႔္ခြဲေနဖို႔ လိုပါေသးတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖုိ႔ ကိုဝင္းမင္းက ေမရီလန္းျပည္နယ္ Frederick Health ေဆး႐ုံက ကူးစက္ေရာဂါအထူးကု ေဒါက္တာခိုင္ဇင္ဆန္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=======Unicode=======

Omicron မျိုးကွဲသစ် မြန်မာနိုင်ငံထဲ ကာကွယ်ရေး

ပြည်ပက ပြန်ဝင်လာသူတွေကတဆင့် ကိုဗစ်မျိုးကွဲသစ် Omicron ဟာ မြန်မာနိုင်ငံတွင်းက လူအနည်းငယ်ကို စပြီးကူးလာချိန်မှာ ရှေ့ဆက် ဘယ်လိုကာကွယ်သင့်ပါလဲ။

ကိုဗစ်-19 မျိုးကွဲသစ် Omicron ကို မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုပြီးစတွေ့လာနေရချိန်မှာ အခြားနိုင်ငံတွေမှာလို ကူးစက်မူ မမြန်လွန်းစေအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ပြည်ပကနေ ပြန်လည်ဝင်လာသူတွေကတဆင့် ပြည်တွင်းက လူအနည်းငယ်ကိုပါ ကိုဗစ်မျိုးကွဲသစ် စတင်ကူးလာချိန်မှာ ကျောင်းတကျောင်းမှာလည်း အစုလိုက် စကူးဆက်လာတာမို့ ကာကွယ်ရေးတွေကို ပိုအလေးအနက် လုပ်ဖို့ လိုလာပါပြီ။ အကြောင်းက ဒီ Omicron မျိုးကွဲသစ်က အရင်ရှိခဲ့တဲ့ အခြားမျိုးကွဲတွေထက် ကူးစက်နှုန်း အများကြီး ပိုမြန်နေတာကို ကမ္ဘာတဝှမ်းမှာ တွေ့ရှိထားတာမို့ မြန်မာနိုင်ငံမှာလည်း အမြန်အများကြီးပျံ့သွားမှာကို အထူးစိုးရိမ်ရလို့ပါ။ ဒါကြောင့် 3C လို့ အတိုခေါက်ခေါ်တဲ့ Closed Spaces (အလုံပိတ်နေရာတွေ)၊ Crowded Places (လူတွေများတဲ့နေရာတွေ) နဲ့ Close-Contact (လူချင်းအနီးကပ်) တွေကို ရှောင်ရှားဖို့၊ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းအကြံပြုထားပါတယ်။

လူချင်းမနီးကပ်အောင် (၆) ပေ ခွာနေတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) အသေအချာတပ်တာ၊ လက်တွေကို ပုံမှန် ဆေးကြောတာတွေကိုလည်း အရင်လို ပြန်ပြီးတော့ အလေးအနက်လုပ်တာတွေအပြင်၊ ကိုဗစ်ရောဂါ သံသယလက္ခဏာတွေ ပေါ်လာလျှင်လည်း ဖြစ်နိုင်လျှင် ဆေးစစ်ပြီး ရောဂါပိုးရှိပါက လူချင်းခွဲနေသင့်ပါတယ်။ဒါပေမယ့် ဆေးစစ်ဖို့ အခက်အခဲရှိလျှင်တော့ အနီးနားက ကိုဗစ်ဖြစ်ထားသူနဲ့ ထိတွေ့မိထားပြီး ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ နှာချေတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ ကိုယ်ပူလာတာတွေ ဖြစ်လာတာနဲ့ ကြိုကာကွယ်ဖို့ စတင်ခွဲနေသင့်ပါတယ်။ဒါ့အပြင် ချောင်ဆိုးချိန်မှာ တခြားသူတွေဆီ မကူးစေအောင်၊ Tissue စက္ကူ (သို့မဟုတ်) လက်၊ တံတောင်ကွေးနဲ့ကာပြီး ဆိုးသင့်ပါတယ်။

ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အသေအချာတပ်ရာမှာလည်း N95 နဲ့ KN95 အမျိုးအစား Mask တွေက၊ ပိုကူးစက်မြန်တဲ့ Omicron အတွက် ပိုလုံပြီးအကာအကွယ်ကောင်းပေမယ့် လက်တွေ့မှာ ဝယ်ရခက်နိုင်ပါတယ်။ဒီနေရာမှာ အဝတ် Mask သုံးလျှင်တော့ အထပ်ထပ် အဝတ်ကာထားတာမျိုးကိုသာ သုံးသင့်ပြီး အဝတ် Mask ထက်ပိုကောင်းတဲ့ Surgical Mask (ပုံမှန် ဝယ်သုံးနိုင်တဲ့ အဖြူတဖက် အပြာနုတဖက်) သုံးလျှင်လည်း အနည်းဆုံး (၃) ထပ်ပါတာကိုသာ သုံးကာ နှာခေါင်းအပေါ်ကနေ လေမဝင်နိုင်ရေး ပြားနေအောင်ဖိပြီး အောက်ပိုင်းကိုလည်း မေးစေ့အောက်ကနေ လေမဝင်အောင်အထိ ဆွဲချပိတ်ထားကာဖို့လိုပါတယ်။ ကိုယ့်မျက်နှာနဲ့တော်တဲ့ Mask တပ်ဖို့၊ အသက်ရူလည်း မကြပ်စေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်ထိုးထားကြဖို့လည်း အရေးကြီးပါတယ်။ အမေရိကန်မှာတော့ ကာကွယ်ဆေးထိုးထားသူတွေလည်း ကူးစက်ခံရပေမယ့် ရောဂါအခံရှိထားပြီး ဆေးရုံတက်ရလျှင်တောင် ပြင်းထန်တာ၊ အသက်ဆုံးရတာတွေကို သိပ်မတွေ့ရသေးဘဲ ကာကွယ်ဆေး မထိုးထားသူတွေမှာသာ ပြင်းထန်ပြီး အသက်ဆုံးရူံးရတာ အတွေ့များလာနေပါတယ်။

Omicron မျိုးကွဲသစ် ကူးစက်တာမြန်ရတာကလည်း အရင်တခြားမျိုးကွဲတွေထက် ရောဂါပျိုးချိန် ပိုတိုတောင်းပြီး ရောဂါပေါ်တာ မြန်သွားတာကြောင့်လို့ နောက်ဆုံး တွေ့ရှိထားပါတယ်။ အရင်မျိုးကွဲတွေက ရောဂါပျိုးချိန် တပတ်အထိ ကြာခဲ့ပေမယ့် အခုက (၃) ရက်ကနေ (၅) ရက်အတွင်းသာရှိတာ တွေ့လာတာမို့ Omicron ပိုး ရှိသူနဲ့ ထိတွေ့ပြီး (၃) ရက်ကနေ (၅) ရက်အတွင်း ရောဂါလက္ခဏာပေါ်လာနိုင်ပါတယ်။ဒါကြောင့် ဒီပိုးရှိသူနဲ့ ထိတွေ့ပြီး (၆) ရက်ကျော်အထိ ရောဂါလက္ခဏာ မပေါ်လာလျှင်တော့ ကူးစက်ခံရခြေ နည်းသွားပါတယ်။ အလားတူ ဒီပိုးကူးစက်ခံရပြီးပါကလည်း ရောဂါလက္ခဏာစပေါ်ပြီး ဒုတိယမြောက်နေ့ကနေ စရေတွက်တဲ့ (၅) ရက်အတွင်း ရောဂါလက္ခဏာ ဆက်မပြတော့လျှင် (အဖျားကျဆေးလည်း မသောက်ထားလျှင်) သီးသန့်ခွဲနေတာကနေ ပြန်ထွက်နိုင်ပေမယ့် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) ကိုတော့ နောက်ထပ် (၅) ရက်ခန့် ဆက်တပ်ထားဖို့ အမေရိကန် CDC က အကြံပြုထားပါသေးတယ်။ ဒါပေမဲ့ အခုလို (၅) ရက်အပြီး ရောဂါလက္ခဏာ ဆက်ရှိနေလျှင်တော့ ဆက်ပြီးတော့ သီးသန့်ခွဲနေဖို့ လိုပါသေးတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မေရီလန်းပြည်နယ် Frederick Health ဆေးရုံက ကူးစက်ရောဂါအထူးကု ဒေါက်တာခိုင်ဇင်ဆန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

#Covid19 #Omicron #ဝင်းမင်း #ခိုင်ဇင်ဆန်း #ကိုဗစ် #အိုမီခရွန် #ဗွီအိုအေ

==========

XS
SM
MD
LG