သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

AA နဲ႔ စစ္ေကာင္စီေပါင္းၿပီး ရခိုင္ၿမိဳ႕နယ္ငါးခုမွာ ကိုဗစ္ကာကြယ္ေဆးထိုး


ရခိုင္ျပည္နယ္မွာ ထိုးေပးေနတဲ့ အိႏၵိယႏိုင္ငံထုတ္ Covishield ကိုဗစ္ကာကြယ္ေဆး (ဓာတ္ပံု- Reuters)

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီတို႔ပူးေပါင္းၿပီး ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ငါးခုမွာ ဇန္နဝါရီလ ၁၉ ရက္ေန႔ထဲ စတင္ၿပီး ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနပါတယ္။ ဒီအစီအစဥ္နဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူ ဒီေန႔ ဇန္နဝါရီလ ၂၅ ရက္ေန႔အထိ ၅ ၿမိဳ႕နယ္ေပါင္းမွာ ၅၀၀၀ ေက်ာ္ရွိၿပီး AA တပ္ဖြဲ႕ဝင္တခ်ိဳ႕လည္း ပါတယ္လို႔ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေန သတင္းေရးသားေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္က ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီတို႔ပူးေပါင္းၿပီး ေဒသခံျပည္သူေတြကို ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္လုပ္ေနပါတယ္။ က်န္းမာေရးဌာနတာဝန္ရွိသူေတြနဲ႔ ပူးေပါင္းၿပီး ကိုဗစ္ကာကြယ္ေဆးထိုးေပးေနတဲ့အေၾကာင္း AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ဗီအိုေအကို ခုလိုေျပာပါတယ္။

“ ကိုဗစ္ကာကြယ္ေဆးကေတာ့ က်ေနာ္တို႔ ဇန္နဝါရီလ ၁၉ ရက္ေန႔က စၿပီးေတာ့ ၿမိဳ႕နယ္ ငါးခုမွာ ထိုးေပးေနတာျဖစ္ပါတယ္၊ အဓိကကေတာ့ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးေပါ့ေနာ္၊ အဲဒီငါးၿမိဳ႕နယ္မွာ SAC နဲ႔ က်ေနာ္တို႔ၾကားမွာ ႀကိဳတင္ညႇိႏႈိင္း သေဘာတူညီခ်က္အရ SAC ရဲ႕ က်န္းမာေရးဌာနက လာေရာက္ၿပီးေတာ့ ကိုဗစ္ကာကြယ္ေဆးေတြကို ထိုးေပးေနတာရွိတယ္ဗ်ာ။ ဒီေန႔အထိဆိုလို႔ရွိရင္ေတာ့ ငါးရက္ရွိၿပီေပါ့ေနာ္၊ ဘာေၾကာင့္လည္း ဆိုေတာ့ ဒီဟာကေတာ့ ကမာၻလုံးဆိုင္ရာ ကိုဗစ္ ကပ္ေရာဂါ ကာကြယ္ေရး လႈပ္ရွားမႈျဖစ္တဲ့ အတြက္ ေၾကာင့္ က်ေနာ္ တို႔ ဖက္ကလည္း အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။”

အိႏၵိယႏိုင္ငံထုတ္ Covishield ကိုဗစ္ကာကြယ္ေဆးထိုးေပးေနတာျဖစ္ပါတယ္။ ရခိုင္ၿမိဳ႕နယ္ ၅ ခုမွာ ဇန္နဝါရီလ ၂၄ ရက္ေန႔အထိ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူ ၅ ေထာင္ေက်ာ္အထိ ရွိေနၿပီး အဲဒီထဲမွာ AA တပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕ ပါဝင္ပါတယ္။ AA တပ္ဖဲ့ြဝင္ေတြပါတယ္ဆိုေပမဲ့ ေဆးထိုးေပးတဲ့ ျပည္သူေတြအေရအတြက္က ပိုမ်ားတယ္လို႔ ခိုင္သုခကေျပာပါတယ္။

“ မေန႔က ဇန္နဝါရီလ ၂၄ရက္ေန႔ ညေနအထိေတာ့ ေဆးထိုးၿပီးတဲ့ လူက အကုန္လုံး ၄၂၀၇ ေယာက္ ထိုးၿပီးၿပီဗ်ာ၊ ဒီေန႔ဆိုလို႔ရွိရင္ေတာ့ အားလုံးေပါင္းရင္ေတာ့ ငါးေထာင္နဲ႔ ငါးေထာင္ အထက္ေလာက္ထိဒါ ထိုးၿပီးမွာေပါ့ေနာ္၊ က်ေနာ္တို႔ အဓိကကေတာ့ ျပည္သူေတြကို အဓိက ထားထိုးေပးေနတာျဖစ္တယ္ဗ်ာ၊ အဲဒီမွာ ျပည္သူေတြ သြားေရးလာေရး လြယ္ကူမယ့္ ေနရာ ေတြမွာ စုရပ္အျဖစ္ဖန္တီးသတ္မွတ္ၿပီးေတာ့မွ ထိုးေပးေနတာျဖစ္ပါတယ္၊ အဲဒီမွာ စုရပ္နဲ႔ နီးတဲ့ ေနရာမွာ ရွိတဲ့ က်ေနာ္တို႔ တပ္ဖြဲ႕ဝင္ေတြလည္း လာေရာက္ၿပီးေတာ့ ထိုးေနၾက တာေတာ့ ရွိတယ္ဗ်ာ၊ ဒါေပမယ့္ အဲတာကေတာ့အေရ အတြက္ အားျဖင့္ေျပာရမယ္ဆိုလို႔ရွိရင္ ေတာ့ အရမ္းနည္းတဲ့ အေရအတြက္လို႔ ေျပာလို႔ရတာေပါ့ေနာ္၊ အဓိကကေတာ့ ျပည္သူေတြ ကိုပဲ က်ေနာ္တို႔ ထိုးေပးေနတာျဖစ္တယ္ဗ်ာ”

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ကာကြယ္ေဆးထိုးေပးမယ့္ ဦးစားေပးအုပ္စု ၁၆ ခုထဲမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (EAO)ေတြလည္း ပါဝင္ၿပီး အဲဒီထဲမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕လည္း ပါဝင္တယ္လို႔ ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ရ ဦးလွသိန္းက ၿပီးခဲ့တဲ့ ၂၀၂၁ခုႏွစ္က စက္တင္ဘာလက သတင္းစာရွင္း လင္းပြဲမွာ မီဒီယာေတြကို ေျပာဆိုခဲ့ပါတယ္။ ျမန္မာတႏိုင္ငံလုံး တိုင္းရင္းသားလက္နက္ကိုင္ေဒသေတြအပါအဝင္ ေနရာလပ္မက်န္ လူတိုင္းကိုေဆးထိုးေပးမယ္လို႔ စစ္ေကာင္စီကအႀကီးအကဲေတြကလည္း ေျပာၾကားထားပါတယ္။

ဝတိုင္းရင္းသားလက္နက္ကိုင္ UWSA၊ ကခ်င္တိုင္းရင္းသားလက္နက္ကိုင္ KIO၊ SSPP/ SSA ရွမ္းျပည္ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕၊ မိုင္းလား NDAA စတဲ့ အဖြဲ႕ေတြကေတာ့ သူတို႔ထိန္းခ်ဳပ္ရာေဒသေတြမွာ သူတို႔အစီအစဥ္နဲ႔ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးခဲ့ၾကပါတယ္။ ရခိုင္ျပည္နယ္ထဲမွာေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေတြ အားေကာင္းတဲ့ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးစတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီနဲ႔ ပူးေပါင္းၿပီး AA အဖြဲ႕က ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးေနတာျဖစ္ပါတယ္။

..................................................................................................

AA နဲ့ စစ်ကောင်စီပေါင်းပြီး ရခိုင်မြို့နယ်ငါးခုမှာ ကိုဗစ်ကာကွယ်ဆေးထိုး

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ငါးခုမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ထဲ စတင်ပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒီအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၅ မြို့နယ်ပေါင်းမှာ ၅၀၀၀ ကျော်ရှိပြီး AA တပ်ဖွဲ့ဝင်တချို့လည်း ပါတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းရေးသားပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်လုပ်နေပါတယ်။ ကျန်းမာရေးဌာနတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့အကြောင်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗီအိုအေကို ခုလိုပြောပါတယ်။

“ ကိုဗစ်ကာကွယ်ဆေးကတော့ ကျနော်တို့ ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီးတော့ မြို့နယ် ငါးခုမှာ ထိုးပေးနေတာဖြစ်ပါတယ်၊ အဓိကကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ မြောက်ဦးပေါ့နော်၊ အဲဒီငါးမြို့နယ်မှာ SAC နဲ့ ကျနော်တို့ကြားမှာ ကြိုတင်ညှိနှိုင်း သဘောတူညီချက်အရ SAC ရဲ့ ကျန်းမာရေးဌာနက လာရောက်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေတာရှိတယ်ဗျာ။ ဒီနေ့အထိဆိုလို့ရှိရင်တော့ ငါးရက်ရှိပြီပေါ့နော်၊ ဘာကြောင့်လည်း ဆိုတော့ ဒီဟာကတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေး လှုပ်ရှားမှုဖြစ်တဲ့ အတွက် ကြောင့် ကျနော် တို့ ဖက်ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။”

အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။ ရခိုင်မြို့နယ် ၅ ခုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ ထောင်ကျော်အထိ ရှိနေပြီး အဲဒီထဲမှာ AA တပ်ဖွဲ့ဝင်တစ်ချို့ ပါဝင်ပါတယ်။ AA တပ်ဖဲ့ွဝင်တွေပါတယ်ဆိုပေမဲ့ ဆေးထိုးပေးတဲ့ ပြည်သူတွေအရေအတွက်က ပိုများတယ်လို့ ခိုင်သုခကပြောပါတယ်။

“ မနေ့က ဇန်နဝါရီလ ၂၄ရက်နေ့ ညနေအထိတော့ ဆေးထိုးပြီးတဲ့ လူက အကုန်လုံး ၄၂၀၇ ယောက် ထိုးပြီးပြီဗျာ၊ ဒီနေ့ဆိုလို့ရှိရင်တော့ အားလုံးပေါင်းရင်တော့ ငါးထောင်နဲ့ ငါးထောင် အထက်လောက်ထိဒါ ထိုးပြီးမှာပေါ့နော်၊ ကျနော်တို့ အဓိကကတော့ ပြည်သူတွေကို အဓိက ထားထိုးပေးနေတာဖြစ်တယ်ဗျာ၊ အဲဒီမှာ ပြည်သူတွေ သွားရေးလာရေး လွယ်ကူမယ့် နေရာ တွေမှာ စုရပ်အဖြစ်ဖန်တီးသတ်မှတ်ပြီးတော့မှ ထိုးပေးနေတာဖြစ်ပါတယ်၊ အဲဒီမှာ စုရပ်နဲ့ နီးတဲ့ နေရာမှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း လာရောက်ပြီးတော့ ထိုးနေကြ တာတော့ ရှိတယ်ဗျာ၊ ဒါပေမယ့် အဲတာကတော့အရေ အတွက် အားဖြင့်ပြောရမယ်ဆိုလို့ရှိရင် တော့ အရမ်းနည်းတဲ့ အရေအတွက်လို့ ပြောလို့ရတာပေါ့နော်၊ အဓိကကတော့ ပြည်သူတွေ ကိုပဲ ကျနော်တို့ ထိုးပေးနေတာဖြစ်တယ်ဗျာ”

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် ဦးစားပေးအုပ်စု ၁၆ ခုထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)တွေလည်း ပါဝင်ပြီး အဲဒီထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့လည်း ပါဝင်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်က စက်တင်ဘာလက သတင်းစာရှင်း လင်းပွဲမှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအပါအဝင် နေရာလပ်မကျန် လူတိုင်းကိုဆေးထိုးပေးမယ်လို့ စစ်ကောင်စီကအကြီးအကဲတွေကလည်း ပြောကြားထားပါတယ်။

ဝတိုင်းရင်းသားလက်နက်ကိုင် UWSA၊ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIO၊ SSPP/ SSA ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့၊ မိုင်းလား NDAA စတဲ့ အဖွဲ့တွေကတော့ သူတို့ထိန်းချုပ်ရာဒေသတွေမှာ သူတို့အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တွေ အားကောင်းတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA အဖွဲ့က ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG