သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကုဖို့ ဆေးသစ် ၂ မျိုး WHO အကြံပြု 


ကိုဗစ်ကုဖို့ ဆေးသစ် ၂ မျိုး WHO အကြံပြု

{{Zawgyi/Unicode}}

ကမ္ဘာတလွှား ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါကူးစက်သူ လူနာတွေကို ကုသရာမှာ Baricitinib နဲ့ Sotrovimab ဆေးသစ် ၂ မျိုးကို အသုံးပြုနိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထောက်ခံချက်ပေးလိုက်ပါတယ်။

ကိုဗစ်ရောဂါ အပြင်းအထန်ခံနေရတဲ့ လူနာတွေ အတွက် Baricitinib ဆေးကို အသုံးပြုဖို့ အလေးအနက် ထောက်ခံကြောင်း WHO က ပြောဆိုထားပြီး Sotrovimab ကိုတော့ ရောဂါလက္ခဏာသိပ်မပြင်းထန်ပေမဲ့ ဆေးရုံတင်ကုသရနိုင်တဲ့ ရောဂါအခံရှိသူတွေအတွက် အခြေအနေအရ သုံးစွဲဖို့ အကြံပြုထားတာပါ။ အခု အတည်ပြုပေးလိုက်တဲ့ ဆေး ၂ မျိုးကနေ လူနာတွေရဲ့ အသက်ကိုကယ်နိုင်မှုကတော့ ဒီဆေးကို လူနာတွေ ဘယ်လောက် လက်လှမ်းမှီမယ်၊ ဈေးဘယ်လောက် တတ်နိုင်တယ် ပေါ်မူတည်နေတယ်လို့လည်း WHO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တချိန်ထည်းမှာပဲ ကူးစက်မြန် ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုးကူးစက်မှု တိုးလာနေတဲ့ ဆွီဒင်နိုင်ငံမှာတော့ ဝန်ကြီးချုပ် Magdalena Andersson ကိုဗစ် ၁၉ အကူးစက်ခံနေရကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။

ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ ရုရှားနိုင်ငံမှာတော့ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုအဖြစ် လူအများသွားလာတဲ့ နေရာတွေမှာ ကာကွယ်ဆေး ထိုးမထားသူတွေ မလာဖို့ ပြဌာန်းမယ့် ဥပဒေသစ်ကို ရုရှားအစိုးရက သောကြာနေ့မှာလည်း အတည်ပြု မပေးသေးပါဘူး။ ရုရှား ဒုတိယဝန်ကြီးချုပ် Tatyana Golikova ကတော့ ဒီကန့်သတ်မှုဟာ ဒယ်လ်တာ ကိုဗစ်ပိုးပြန့်ပွါးမှုအတွက်တုန့်ပြန်ဖို့ ရေးဆွဲထားတာ ဖြစ်ပြီး လက်ရှိအနေထား အတွက် ထိရောက်မှု ရှိမရှိ မသေချာတာကြောင့် အခုလို အတည်ပြု မပေးသေးတာ ဖြစ်ကြောင်း ပြောပါတယ်။ ရုရှားမှာလည်း အခုအခါမှာ ကိုဗစ်ပိုးသစ် အိုမီခရွန်ကြောင့် ကူးစက်မှုတိုးလာနေတာပါ။

ပြင်သစ် တရားရုံးတခုကလည်း ပါရီမြို့ လမ်းမတွေပေါ်သွားမယ် ဆိုရင် နှာခေါင်းစည်းတပ်ရမယ် လို့ ဒီဇင်ဘာ လကုန်က ထုတ်ပြန်ချက်ကို ခေတ္တ ရုပ်သိမ်းထားလိုက်ပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်တဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာတော့ သောကြာနေ့ အထိ ဒီရောဂါ အကူးစက်ခံရသူ သန်းပေါင်း ၃၂၂ သန်းကျော်ရှိပြီး သေဆုံးရသူက ၅ သန်းခွဲကျော်ရှိနေတာပါ။

.............................................

တိုက်ရိုက် လင့်ခ်

ကိုဗဈကုဖို့ ဆေးသဈ ၂ မြိုး WHO အကွံပွု
{{Unicode}}







XS
SM
MD
LG