သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ပိုး ရွိ-မရွိ ပိုမိုတိက်ေအာင္ ဘယ္လိုစမ္းသပ္မလဲ


ကုိဗစ္ကပ္ေရာဂါပိုးရွိမရွိ စစ္ေဆးေနစဥ္

ကိုဗစ္ပိုး ရွိ-မရွိ ပိုမိုတိက်ေအာင္ ဘယ္လိုစမ္းသပ္မလဲ

{{Zawgyi/Unicode}}

Omicron ပိုးကူးစက္မႈေတြေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ အျမင့္ဆုံးအေျခအေနကို ေရာက္လာႏိုင္တယ္လို႔ ခန္႔မွန္းေနခ်ိန္မွာပဲ ေရာဂါပိုးရွိမရွိ စစ္ေဆးတဲ့ပစၥည္း လိုအပ္ခ်က္ေတြလည္း ျမင့္တက္လာေနပါတယ္။ ဒါေပမဲ့လည္း ေရာဂါပိုး စမ္းသပ္စစ္ေဆးတဲ့ ပစၥည္းေတြဟာ လက္ေတြ႕ထိေရာက္မႈ ရွိပါသလား? ကၽြမ္းက်င္သူေတြရဲ႕ အျမင္ေတြနဲ႔ ပတ္သက္လို႔ ဆိုတာကို ဗြီအိုေအ သတင္းေထာက္ Veronica Balderas Iglesias က သတင္းေပးပို႔ထားတာကို ကိုေအာင္လြင္ဦးက တင္ျပထားပါတယ္။

နည္းပညာကၽြမ္းက်င္သူ Jordan Erby နဲ႔ အတဲြ Julia Weil တိို႔ ၂ ဦးဟာ ကိုဗစ္ေရာဂါပိုး ရွိမရွိ မၾကာမၾကာ စစ္ေဆးခံေလ့ ရွိပါတယ္။

“အေပါင္းအသင္းေတြနဲ႔ ေတြ႕တဲ့အခါ ေရာဂါျဖန္႔တဲ့သူဆိုၿပီး စိုးရိမ္ဖို႔ မလိုေအာင္ စစ္ေဆးခံတာပါ။”

Julia Weil ကေတာ့ အသက္ႀကီးတဲ့ ေဆြမ်ဳိးေတြဆီ အလည္အပတ္ မသြားခင္ အခ်ိန္မ်ဳိးမွာ ကိုဗစ္ပိုးရွိမရွိ အလြယ္တကူ အိမ္မွာပဲ ကိုယ္တိုင္စစ္ၾကည့္တတ္ေပမဲ့၊ ကြ်မ္းက်င္သူေတြကိုယ္တိုင္ ႏွာေခါင္းတို႔ဖတ္ နမူနာယူၿပီး ဓာတ္ခဲြခန္းကိုပို႔ စစ္ေဆးတာမ်ဳိးကို ပိုသေဘာက်တယ္လို႔ ေျပာပါတယ္။

“လုပ္ရတာ ေတာ္ေတာ္ေလး လြယ္ပါတယ္။ ဒါေပမဲ့လည္း အေျဖကိုေတာ့ သိပ္အားမရပါဘူး။”

၂၀၂၀ ျပည့္ႏွစ္မွာ သုေတသီေတြရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ ကိုဗစ္ေရာဂါ လကၡဏာရွိသူေတြ ကိုယ့္ဖာသာ ျမန္ျမန္ဆန္ဆန္နဲ႔ အလြယ္တကူ စစ္ေဆးႏိုင္တဲ့ antigen နည္းဟာ၊ ဓာတ္ခဲြခန္းမွာ ၄၈ နာရီၾကာ စစ္ေဆးရတဲ့ PCR စနစ္ေလာက္ တိက်မႈ မရွိတာ ေတြ႕ရွိထားတာပါ။

ဗာဂ်ီးနီးယား တကၠသိုလ္က ေဆးဖက္ဆိုင္ရာ အဏုဇီ၀ပညာဌာန တဲြဖက္ၫႊန္ၾကားေရးမွဴး Alexandra Bryson ကလည္း PCR စနစ္နဲ႔ စစ္ေဆးမႈက ရရွိတဲ့ အေျဖကပိုမို တိက်တာ ေတြ႕ရတယ္လို႔ ေျပာပါတယ္။

“BionaxNOW antigen နဲ႔ စံခ်ိန္မီ PCR စစ္ေဆးမႈေတြကို ယွဥ္ၾကည့္တဲ့အခါ antigen နဲ႔ စစ္တာက ကိုဗစ္ကူးစက္ခံရသူေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းမွာ အေျဖလဲြေနတာ ေတြ႕ခဲ့ရပါတယ္။”

ရလဒ္ျမန္ျမန္ဆန္ဆန္သိႏိုင္တဲ့ antigen နဲ႔ စစ္ေဆးမႈေတြဟာ Omicron ကိုဗစ္ပိုးသစ္ကို စစ္ေဆးရာမွာ ထိေရာက္မႈ ရွိ၊ မရွိ ဆိုတာကိုေတာ့ ခိုင္မာတဲ့ အေထာက္အထား အခ်က္အလက္ မရွိေသးပါဘူး။ ဒါေပမဲ့လည္း စိတ္ခ်ရတဲ့ အေျဖမ်ဳိးရႏိုင္ေအာင္ သတိထား ေဆာင္ရြက္ႏိုင္တဲ့ နည္းလမ္းေတြလည္း ရွိပါတယ္။

အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္ပညာရွင္ Dr. Robert Bollinger ကေတာ့ ေရာဂါလကၡဏာ ရွိတယ္ဆိုရင္ တႀကိမ္မက စစ္ေဆးၾကည့္ဖို႔ တိုက္တြန္းပါတယ္။

“ေရာဂါလကၡဏာရွိေနတယ္၊ ျပင္းထန္တဲ့ အေအးမိေရာဂါလကၡဏာမ်ဳိးေတြလည္း ရွိေနမယ္ဆိုရင္၊ ခႏၶာကိုယ္မွာ ဗိုင္းရပ္စ္ပိုးေတြ အမ်ားအျပား ရွိေနတဲ့အတြက္ ဒီလိုအခ်ိန္မွာ စစ္ေဆးၾကည့္တဲ့အခါ ရလဒ္က တိက်ေလ့ရွိပါတယ္။ အေျဖျမန္ျမန္ဆန္ဆန္ သိႏိုင္ေအာင္ အႀကိမ္ႀကိမ္ စစ္ေဆးဖို႔လည္း က်ေနာ္တို႔ တိုက္တြန္းေလ့ ရွိပါတယ္။ antigen နဲ႔ တႀကိမ္စစ္ၿပီးသြားေပမဲ့ ေနာက္ထပ္ ၂၄ နာရီကေန ၃၆ နာရီေလာက္မွာ ထပ္စစ္တာမ်ဳိး လုပ္ႏိုင္ပါတယ္။”

ကယ္လီဖိုးနီးယားတကၠသိုလ္က ကူးစက္ေရာဂါ ကၽြမ္းက်င္ပညာရွင္ ပါေမာကၡ Dr. Peter Chin-Hong ကလည္း ကိုဗစ္ပိုး ရွိမရွိ ကိုယ့္ဖာသာ စစ္ေဆးရာမွာ ႏွာေခါင္းတို႔ဖတ္ နမူနာကို စနစ္တက်ယူဖို႔ လိုတယ္လို႔ ေျပာပါတယ္။

“စစ္ေဆးတဲ့အမ်ဳိးအစားအေပၚ မူတည္ၿပီး၊ တို႔ဖတ္နမူနာကို တဖက္ ၁၀ ႀကိမ္ေလာက္ ယူရပါမယ္။ ၿပီးရင္ေတာ့ ဗူးထဲကိုထည့္၊ အခ်ိန္မွတ္ရမွာပါ။ အခ်ိန္ေစာၿပီး ၾကည့္မိရင္၊ ပိုးကင္းစင္တယ္ဆိုၿပီး အေျဖမွားတတ္သလို၊ ေနာက္က်ရင္လည္း ဓာတ္ျပဳတဲ့ ပုံစံမွာ ထိခိုက္တတ္ပါတယ္။”

သမၼတ Joe Biden အစိုးရကေတာ့ အေမရိကန္ မိသားစုေတြအတြက္ ကိုဗစ္ေရာဂါပိုး စစ္ေဆးေရးပစၥည္း သန္း ၅၀၀ ျဖန္႔ေ၀ဖို႔ ကတိေပးထားၿပီး၊ ေဒသႏၲရ အစိုးရေတြကလည္း စစ္ေဆးေရးစခန္းသစ္ေတြ ဖြင့္လွစ္ဖို႔ ျပင္ဆင္ေနပါတယ္။

ဗာဂ်ီးနီးယားျပည္နယ္ အာလင္တန္ခ႐ိုင္ အမ်ားျပည္သူ ေဘးကင္းလုံျခံဳေရးဌာန ေျပာခြင့္ရ Hannah Winant တို႔လို တာ၀န္ရွိသူေတြကလည္း လိုအပ္ရင္ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးၾကဖို႔ တိုက္တြန္းေနၾကတာပါ။

“ေရာဂါပိုးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ ကိုဗစ္ေရာဂါ ကူးစက္မႈေတြကို ဟန္႔တားႏိုင္ဖို႔ လိုအပ္တဲ့ အစီအမံေတြကို လိုက္နာၾကဖို႔ က်မတို႔ရဲ႕ ျပည္သူေတြကိုေရာ ကမာၻတလႊားက ျပည္သူေတြကိုပါ သတိေပးေနရတာပါ။ ဒါေတြကေတာ့ ထိေတြ႕ဆက္ဆံမႈေတြကို ေရွာင္ၾကဖို႔၊ ကိုယ့္မိသားစု၀င္ မဟုတ္တဲ့ သူေတြရွိတဲ့ အေဆာက္အဦးေတြနဲ႔ အခန္းေတြမွာ ႏွာေခါင္းစည္း ၀တ္ၾကဖို႔၊ အေရးအႀကီးဆုံးကေတာ့ ကာကြယ္ေဆး ထိုးၾကဖို႔ပါ။”

အေမရိကန္မွာ အခုအခါ ကိုဗစ္ေရာဂါ ကူးစက္မႈေတြရဲ႕ ၉၈ ရာခိုင္ႏႈန္းဟာ Omicron ပိုးကူးစက္ခံရသူေတြျဖစ္ေၾကာင္း ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးဌာန (CDC) အႀကီးအကဲက ဗုဒၶဟူးေန႔မွာပဲ ေျပာဆိုခဲ့တာပါ။ Omicron ပိုးေၾကာင့္ အေမရိကန္မွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြဟာ ဇန္နဝါရီလ ၁၉ ရက္ေန႔ေလာက္မွာ အျမင့္ဆုံးအျဖစ္ ၁.၂ သန္းအထိ ရွိလာႏိုင္ၿပီး၊ တျဖည္းျဖည္း ျပန္ေလ်ာ့က်လာမယ္လို႔လည္း ဝါရွန္တန္တကၠသိုလ္က သုေတသီေတြ ခန္႔မွန္းထားၾကပါတယ္။

..................................................

တိုက္႐ိုက္ လင့္ခ္

ကိုဗစ်ပိုး ရှိ-မရှိ ပိုမိုတိကျအောင် ဘယ်လိုစမ်းသပ်မလဲ

{{Unicode}}

Omicron ပိုးကူးစက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်လာဖို့ ခန့်မှန်းနေချိန်မှာပဲ ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့ပစ္စည်း လိုအပ်ချက်တွေလည်း မြင့်တက်လာနေပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုး စမ်းသပ်စစ်ဆေးတဲ့ ပစ္စည်းတွေဟာ လက်တွေ့ထိရောက်မှု ရှိပါသလား? ကျွမ်းကျင်သူတွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ဆိုတာကို ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias က သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

နည်းပညာကျွမ်းကျင်သူ Jordan Erby နဲ့ အတွဲ Julia Weil တို့ ၂ ဦးဟာ ကိုဗစ်ရောဂါပိုး ရှိမရှိ မကြာမကြာ စစ်ဆေးခံလေ့ ရှိပါတယ်။

“အပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါ ရောဂါဖြန့်တဲ့သူဆိုပြီး စိုးရိမ်ဖို့ မလိုအောင် စစ်ဆေးခံတာပါ။”

Julia Weil ကတော့ အသက်ကြီးတဲ့ ဆွေမျိုးတွေဆီ အလည်အပတ် မသွားခင် အချိန်မျိုးမှာ ကိုဗစ်ပိုးရှိမရှိ အလွယ်တကူ အိမ်မှာပဲ ကိုယ်တိုင်စစ်ကြည့်တတ်ပေမဲ့၊ ကျွမ်းကျင်သူတွေကိုယ်တိုင် နှာခေါင်းတို့ဖတ် နမူနာယူပြီး ဓာတ်ခွဲခန်းကိုပို့ စစ်ဆေးတာမျိုးကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

“လုပ်ရတာ တော်တော်လေး လွယ်ပါတယ်။ ဒါပေမဲ့လည်း အဖြေကိုတော့ သိပ်အားမရပါဘူး။”

၂၀၂၀ ပြည့်နှစ်မှာ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကိုဗစ်ရောဂါ လက္ခဏာရှိသူတွေ ကိုယ့်ဖာသာ မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ စစ်ဆေးနိုင်တဲ့ antigen နည်းဟာ၊ ဓာတ်ခွဲခန်းမှာ ၄၈ နာရီကြာ စစ်ဆေးရတဲ့ PCR စနစ်လောက် တိကျမှု မရှိတာ တွေ့ရှိထားတာပါ။

ဗာဂျီးနီးယား တက္ကသိုလ်က ဆေးဖက်ဆိုင်ရာ အဏုဇီဝပညာဌာန တွဲဖက်ညွှန်ကြားရေးမှူး Alexandra Bryson ကလည်း PCR စနစ်နဲ့ စစ်ဆေးမှုက ရရှိတဲ့ အဖြေကပိုမို တိကျတာ တွေ့ရတယ်လို့ ပြောပါတယ်။

“BionaxNOW antigen နဲ့ စံချိန်မီ PCR စစ်ဆေးမှုတွေကို ယှဉ်ကြည့်တဲ့အခါ antigen နဲ့ စစ်တာက ကိုဗစ်ကူးစက်ခံရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အဖြေလွဲနေတာ တွေ့ခဲ့ရပါတယ်။”

ရလဒ်မြန်မြန်ဆန်ဆန်သိနိုင်တဲ့ antigen နဲ့ စစ်ဆေးမှုတွေဟာ Omicron ကိုဗစ်ပိုးသစ်ကို စစ်ဆေးရာမှာ ထိရောက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ ခိုင်မာတဲ့ အထောက်အထား အချက်အလက် မရှိသေးပါဘူး။ ဒါပေမဲ့လည်း စိတ်ချရတဲ့ အဖြေမျိုးရနိုင်အောင် သတိထား ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Robert Bollinger ကတော့ ရောဂါလက္ခဏာ ရှိတယ်ဆိုရင် တကြိမ်မက စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါတယ်။

“ရောဂါလက္ခဏာရှိနေတယ်၊ ပြင်းထန်တဲ့ အအေးမိရောဂါလက္ခဏာမျိုးတွေလည်း ရှိနေမယ်ဆိုရင်၊ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ပိုးတွေ အများအပြား ရှိနေတဲ့အတွက် ဒီလိုအချိန်မှာ စစ်ဆေးကြည့်တဲ့အခါ ရလဒ်က တိကျလေ့ရှိပါတယ်။ အဖြေမြန်မြန်ဆန်ဆန် သိနိုင်အောင် အကြိမ်ကြိမ် စစ်ဆေးဖို့လည်း ကျနော်တို့ တိုက်တွန်းလေ့ ရှိပါတယ်။ antigen နဲ့ တကြိမ်စစ်ပြီးသွားပေမဲ့ နောက်ထပ် ၂၄ နာရီကနေ ၃၆ နာရီလောက်မှာ ထပ်စစ်တာမျိုး လုပ်နိုင်ပါတယ်။”

ကယ်လီဖိုးနီးယားတက္ကသိုလ်က ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Dr. Peter Chin-Hong ကလည်း ကိုဗစ်ပိုး ရှိမရှိ ကိုယ့်ဖာသာ စစ်ဆေးရာမှာ နှာခေါင်းတို့ဖတ် နမူနာကို စနစ်တကျယူဖို့ လိုတယ်လို့ ပြောပါတယ်။

“စစ်ဆေးတဲ့အမျိုးအစားအပေါ် မူတည်ပြီး၊ တို့ဖတ်နမူနာကို တဖက် ၁၀ ကြိမ်လောက် ယူရပါမယ်။ ပြီးရင်တော့ ဗူးထဲကိုထည့်၊ အချိန်မှတ်ရမှာပါ။ အချိန်စောပြီး ကြည့်မိရင်၊ ပိုးကင်းစင်တယ်ဆိုပြီး အဖြေမှားတတ်သလို၊ နောက်ကျရင်လည်း ဓာတ်ပြုတဲ့ ပုံစံမှာ ထိခိုက်တတ်ပါတယ်။”

သမ္မတ Joe Biden အစိုးရကတော့ အမေရိကန် မိသားစုတွေအတွက် ကိုဗစ်ရောဂါပိုး စစ်ဆေးရေးပစ္စည်း သန်း ၅၀၀ ဖြန့်ဝေဖို့ ကတိပေးထားပြီး၊ ဒေသန္တရ အစိုးရတွေကလည်း စစ်ဆေးရေးစခန်းသစ်တွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင် အများပြည်သူ ဘေးကင်းလုံခြုံရေးဌာန ပြောခွင့်ရ Hannah Winant တို့လို တာဝန်ရှိသူတွေကလည်း လိုအပ်ရင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးကြဖို့ တိုက်တွန်းနေကြတာပါ။

“ရောဂါပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ဟန့်တားနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လိုက်နာကြဖို့ ကျမတို့ရဲ့ ပြည်သူတွေကိုရော ကမ္ဘာတလွှားက ပြည်သူတွေကိုပါ သတိပေးနေရတာပါ။ ဒါတွေကတော့ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ကြဖို့၊ ကိုယ့်မိသားစုဝင် မဟုတ်တဲ့ သူတွေရှိတဲ့ အဆောက်အဦးတွေနဲ့ အခန်းတွေမှာ နှာခေါင်းစည်း ဝတ်ကြဖို့၊ အရေးအကြီးဆုံးကတော့ ကာကွယ်ဆေး ထိုးကြဖို့ပါ။”

အမေရိကန်မှာ အခုအခါ ကိုဗစ်ရောဂါ ကူးစက်မှုတွေရဲ့ ၉၈ ရာခိုင်နှုန်းဟာ Omicron ပိုးကူးစက်ခံရသူတွေဖြစ်ကြောင်း ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုခဲ့တာပါ။ Omicron ပိုးကြောင့် အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ ဇန်နဝါရီလ ၁၉ ရက်နေ့လောက်မှာ အမြင့်ဆုံးအဖြစ် ၁.၂ သန်းအထိ ရှိလာနိုင်ပြီး၊ တဖြည်းဖြည်း ပြန်လျော့ကျလာမယ်လို့လည်း ဝါရှန်တန်တက္ကသိုလ်က သုတေသီတွေ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG