သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်မျိုးကွဲသစ်တွေကြောင့် စီးပွားရေးနှေးကွေးဖွယ် ကမ္ဘာ့ဘဏ် သတိပေး


IMF/World Bank Annual Fall Meetings Plenary Session
IMF/World Bank Annual Fall Meetings Plenary Session

ကိုဗစ်မျိုးကွဲသစ်တွေကြောင့် စီးပွားရေးနှေးကွေးဖွယ် ကမ္ဘာ့ဘဏ် သတိပေး

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}

Omicron နဲ့ အခြား ကိုဗစ်မျိုးကွဲသစ်တွေ ပျံပွားလာနေတာကြောင့် နှေးကွေးကျဆင်းနေတဲ့ ကမ္ဘာ့ စီးပွားရေးကို ပိုမိုအခြေအနေဆိုးသွားစေနိုင်တဲ့ အန္တရယ်တွေရှိနေကြောင်းနဲ့၊ အထူးသဖြင့် ဆင်းရဲတဲ့ဖွံဖြိုးဆဲ နိုင်ငံတွေ ပိုမိုထိခိုက်နိုင်ပြီး ဝင်ငွေ မညီမျှမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကမ္ဘာဘဏ်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

အခုနောက်ဆုံး ကမ္ဘာဘဏ်ရဲ့ ၆လပတ် နှစ်ဝက်အစီရင်ခံစာမှာ ကမ္ဘာစီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လကထုတ်ပြန်ထားတဲ့နှုန်းထက် ဝ.၂ ရာခိုင်နှုန်းကျဆင်း မယ်လို့ခန့်မှန်းထားပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ၅.၅ ရှိခဲ့ရာကနေ ဒီနှစ် ၂၀၂၂ ခုနှစ်မှာ ၄.၁ ရာခိုင်နှုန်းထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ နောက်ထပ် ၃.၂ ရာခိုင်နှုန်း ထပ်ဆောင်းပြီ နှေးကွေးကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာဘဏ်က သူ့ရဲ့အစီရင်ခံစာထဲမှာ တွက်ချက်ခန့်မှန်းထားပါတယ်။

အစီရင်ခံစာထဲမှာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တရုတ်တို့ရဲ့စီးပွားရေးကျဆင်းမှုတွေကို ဖေါ်ပြထားသလို၊ ကြွေးမြီမြင့်တက်မှု၊ ဝင်ငွေမညီမျှမှုတွေနဲ့ ကိုဗစ်မျိုးကွဲသစ်တွေ ပျံ့နှံလာမှုကြောင့် ဖွံဖြိုးဆဲ နိုင်ငံတွေပြန်လည်နာလန်ထလာနိုင်မှုအပေါ်ခြိမ်းခြောက် နေတဲ့အန္တရယ်တွေကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။

အခုဆိုရင်ကိုဗစ်ကပ်ရောဂါဆိုးကြီးဟာ တတိယနှစ်ထဲဝင်လာပြီဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် အကြီးအကျယ်ထိခိုက်စေပြီး၊ အဲဒီရဲ့ဆိုးကြိုးတွေကို ရေရှည်ခံစားရမှာ ဖြစ်တယ်လို့ ကမ္ဘာဘဏ် ဥက္ကဌ David Malpass ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

......................................

ကိုဗဈမြိုးကှဲသဈတှကွေောင့ျ စီးပှားရေးနှေးကှေးဖှယျ ကမ်ဘာ့ဘဏျ သတိပေး

{{Unicode}}






XS
SM
MD
LG