သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးေၾကာင့္ ဝင္ေငြနည္းႏိုင္ငံေတြ ေႂကြးၿမီဝန္ထုပ္ ၁၂% တိုး


{Zawgyi/Unicode}

ကိုဗစ္ 19 ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ၂၀၂၀ ခုႏွစ္အတြင္း ကမာၻေပၚက ဝင္ေငြနည္းပါးတဲ့ ႏိုင္ငံေတြရဲ႕ ေႂကြးၿမီ ဝန္ထုတ္ဝန္ပိုး ၁၂ % သိသိသာသာ ပိုတိုးလာတဲ့အေၾကာင္း ကမာၻ႔ဘဏ္က မေန႔က သတိေပးပါတယ္။ ဒီလိုႏိုင္ငံေတြရဲ႕ ေႂကြးၿမီပမာဏဟာ ဒီႏွစ္အတြင္း ေဒၚလာ ဘီလ်ံ ၈၆၀ အထိ ရွိလာတဲ့အေၾကာင္း နဲ႔ ေႂကြးၿမီ ေလ်ာ့ခ်ႏိုင္ေရး အေရးေပၚေဆာင္႐ြက္ဖို႔ လိုတဲ့အေၾကာင္း သတိေပးလိုက္တာပါ။

ကမာၻ႔ဘဏ္ကထုတ္ျပန္တဲ့ ႏိုင္ငံတကာအေႂကြးစာရင္း အစီရင္ခံစာအရ ဝင္ေငြနည္းပါးတဲ့တိုင္းျပည္ေတြနဲ႔ ဝင္ေငြ အလယ္အလတ္ရွိတဲ့ တိုင္းျပည္ေတြဟာ ေႂကြးၿမီပိၿပီး အက်ပ္အတည္း ပိုေတြ႔ရႏိုင္ေျခ ရွိေနေၾကာင္း ကမာၻ႔ဘဏ္ ဥကၠ႒ David Malpass က ေျပာဆိုပါတယ္။

ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံတဝက္ေလာက္ဟာ ေႂကြး အႏၲရာယ္ ျမင့္ျမင့္မားမား ႀကဳံေနၾကရပါတယ္လို႔ အစီရင္ ခံစာက ေျပာပါတယ္။ တ႐ုတ္ျပည္ကလြဲၿပီး ဝင္ေငြနည္းနဲ႔ အလယ္အလတ္ ဝင္ေငြရွိတဲ့တိုင္းျပည္ေတြရဲ႕ ႏိုင္ငံလုံးဆိုင္ရာ ဝင္ေငြနဲ႔ အေႂကြးအခ်ိဳး၊ ပို႔ကုန္နဲ႔ အေႂကြးအခ်ိဳးေတြကို ၾကည့္လိုက္တဲ့အခါ ၄၂ % နဲ႔ ၁၅၄ % အထိ ျမင့္တက္သြားၾကတာကိုလည္းအစီရင္ခံစာက တင္ျပထားပါတယ္။

G 20 ႏိုင္ငံေတြနဲ႔ ပါရီကလပ္လို႔ေခၚတဲ့ ေႂကြးရွင္မ်ားအဖြဲ႔က ေႂကြးၿမီဆိုင္ရာ မူေဘာင္တရပ္ကို မႏွစ္ကခ်မွတ္ ခဲ့ၿပီး ေႂကြးေပးဆပ္ေရးအစီအစဥ္ ျပန္လည္ေရးဆြဲဖို႔နဲ႔ ေႂကြးဆိုင္းငံ့ကာလ သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ဒီ အစီအစဥ္ကို ေလွ်ာက္ထားခဲ့တာ Ethiopia ၊ Chad နဲ႔ Zambia သုံးႏိုင္ငံပဲ ရွိတာပါ။

တိုက္႐ိုက္ လင့္ခ္


-----------

{Unicode}

ကပ်ဘေးကြောင့် ဝင်ငွေနည်းနိုင်ငံတွေ ကြွေးမြီဝန်ထုပ် ၁၂% တိုး

ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာပေါ်က ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေရဲ့ ကြွေးမြီ ဝန်ထုတ်ဝန်ပိုး ၁၂ % သိသိသာသာ ပိုတိုးလာတဲ့အကြောင်း ကမ္ဘာ့ဘဏ်က မနေ့က သတိပေးပါတယ်။ ဒီလိုနိုင်ငံတွေရဲ့ ကြွေးမြီပမာဏဟာ ဒီနှစ်အတွင်း ဒေါ်လာ ဘီလျံ ၈၆၀ အထိ ရှိလာတဲ့အကြောင်း နဲ့ ကြွေးမြီ လျော့ချနိုင်ရေး အရေးပေါ်ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း သတိပေးလိုက်တာပါ။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ နိုင်ငံတကာအကြွေးစာရင်း အစီရင်ခံစာအရ ဝင်ငွေနည်းပါးတဲ့တိုင်းပြည်တွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေဟာ ကြွေးမြီပိပြီး အကျပ်အတည်း ပိုတွေ့ရနိုင်ခြေ ရှိနေကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ David Malpass က ပြောဆိုပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတဝက်လောက်ဟာ ကြွေး အန္တရာယ် မြင့်မြင့်မားမား ကြုံနေကြရပါတယ်လို့ အစီရင် ခံစာက ပြောပါတယ်။ တရုတ်ပြည်ကလွဲပြီး ဝင်ငွေနည်းနဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့တိုင်းပြည်တွေရဲ့ နိုင်ငံလုံးဆိုင်ရာ ဝင်ငွေနဲ့ အကြွေးအချိုး၊ ပို့ကုန်နဲ့ အကြွေးအချိုးတွေကို ကြည့်လိုက်တဲ့အခါ ၄၂ % နဲ့ ၁၅၄ % အထိ မြင့်တက်သွားကြတာကိုလည်းအစီရင်ခံစာက တင်ပြထားပါတယ်။

G 20 နိုင်ငံတွေနဲ့ ပါရီကလပ်လို့ခေါ်တဲ့ ကြွေးရှင်များအဖွဲ့က ကြွေးမြီဆိုင်ရာ မူဘောင်တရပ်ကို မနှစ်ကချမှတ် ခဲ့ပြီး ကြွေးပေးဆပ်ရေးအစီအစဉ် ပြန်လည်ရေးဆွဲဖို့နဲ့ ကြွေးဆိုင်းငံ့ကာလ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီ အစီအစဉ်ကို လျှောက်ထားခဲ့တာ Ethiopia ၊ Chad နဲ့ Zambia သုံးနိုင်ငံပဲ ရှိတာပါ။

#Covid19 #Pandemic #WorldEconomy #VOABurmese #WorldBank#ကမ္ဘာ့ဘဏ်#အကြွေးစာရင်းအစီရင်ခံစာ#ကိုဗစ်၁၉ #ဒေါ်လာဘီလျံ၈၆၀#ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG