သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လွန် ပြန်လည်ထူထောင်ရေး နှင့် မြန်မာ့အခက်အခဲ


FILE - Containers are unloaded from ships at the Port of Long Beach-Port of Los Angeles complex in Los Angeles, California, April 7, 2021.
FILE - Containers are unloaded from ships at the Port of Long Beach-Port of Los Angeles complex in Los Angeles, California, April 7, 2021.

Zawgyi

ကိုဗစ်လွန် ပြန်လည်ထူထောင်ရေး နှင့် မြန်မာ့အခက်အခဲ

MC: ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာစီးပွားရေးဟာရပ်တန့်သွားမတတ်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အခြေအနေတွေဒီထက်ဆိုးမသွားခင် ကိုဗစ်ကာကွယ်ဆေးတွေကိုအရှိန်မြှင့် ထိုးပေးနေပြီး နိုင်ငံတွေဟာသူ့ထက်ငါ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင် ဖို့ကြိုးပမ်းနေကြပါတယ်။ ဒီလိုအချိန်ကာလမှာ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုအခြေ အနေတွေကိုရင်ဆိုင်နေရပါသလဲ။ဘာတွေဖြစ်လာနိုင်ပါသလဲ။

အမေရိကန်ပြည်ထောင်စုရဲ့ ကုမ္ပဏီကြီးတခုမှာ လူသားအရင်းအမြစ် မန်နေဂျာအဖြစ်လုပ် လုပ်ကိုင်နေတဲ့ ကိုမိုးသီးဇွန်နဲ့ စီးပွားရေးသုတေသီ ဦးစိန်ဌေးတို့ကိုဆက်သွယ်မေးမြန်းပြီး ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

####

တိုက်ရိုက် လင့်ခ်


ဒီကနေ့ ကမ္ဘာပေါ်ကနိုင်ငံတွေဟာ ကိုဗစ်လွန်ကာလမှာ ပြန်လည်ရုန်းထနိုင်ဖို့ သူထက်ငါ အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာစစ်ကြီးတခုလို ကမ္ဘာရဲ့စီးပွားရေးတွေကိုထိခိုက်ပျက်စီးရပ်တန့်သွားစေခဲ့ပါတယ်။ ကိုဗစ်လွန်ကာလမှာ နိုင်ငံအတွေအကြားဆင်းရဲချမ်းသာကွာဟမှုဟာ ပိုကြီးသွားနိုင်တယ်လို့ ကုလသမဂ္ဂလို အဖွဲ့ကြီးကလည်းသတိပေးပြောကြားထားပါတယ်။ အခုအခါမှာကိုဗစ်ကာကွယ်ဆေးတွေ အရှိန်မြှင့်ထိုးပေးနေပြီး နှစ်နဲ့ချီအောင်ရပ်တန့်နေတဲ့လုပ်ငန်း တွေပြန်လည်လည်ပတ်နိုင်ဖို့ကြိုး ပမ်းနေကြပြီဖြစ်ပါတယ်။ နိုင်ငံတွေတင်မကကုမ္ပဏီတွေကြား ထဲမှာလည်းအပြိုင်ဆိုင်ပြင် ဆင်နေကြပါတယ်။ အဆင်သင့်မဖြစ်သူနောက်ကျကျန်သူတွေဟာ အကြပ်အတည်း ပေါင်းစုံနဲ့ကြုံရနိုင်ပါတယ်။

အခုလိုကုမ္ပဏီတွေ ပြန်လည်ရုန်းထနိုင်ဖို့ကျိုးစားနေတဲ့ အချိန်မှာအဓိကဘယ်လိုအခက်ခဲ တွေရှိပါသလဲ။ ကမ္ဘာပေါ်က စားသောက်ကုန်ထုတ်လုပ်တဲ့အကြီးဆုံးကုမ္ပဏီတွေထဲ ကတခု ဖြစ်တဲ့ Tyson ကုမ္ပဏီရဲ့ ဌာနခွဲတခုမှာ အလုပ်သမားအရင်းအမြစ်မန်နေဂျာအဖြစ်အလုပ် လုပ်ကိုင်နေတဲ့ကို မိုးသီးဇွန်ကို မေးကြည့်ခဲ့ပါတယ်။ Tyson လိုကုမ္ပဏီမှာကုန်ကြမ်းတွေ ဆင်သင့်ရှိပေမယ့် ထုတ်လုပ်မယ့်အလုပ်သမားမလုံလောက်တာဟာအဓိကပြဿနာဖြစ်နေ တယ်လို့ကိုမိုးသီးဇွန်ကရှင်းပြပါတယ်။

“ အခုဟာ ပြဿနာက ဒီဟာကြီးကိုထုတ်လုပ်ဖို့က အလုပ်သမားပြဿနာက အဓိကဖြစ် နေတယ်၊ တကမ္ဘာလုံးဖြစ်နေတာ၊ 46 percent တကမ္ဘာလုံးမှာ အလုပ်လာမလုပ်ကြဘူး၊”

တကမ္ဘာလုံးက အလုပ်သမားတွေရဲ့ ၄၆ ရာနှုန်းဟာ ကိုဗစ်ကြောင့်အလုပ်မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

Tyson ကုမ္ပဏီဟာ ဌာနခွဲပေါင်း ၂၀၀ ကျော်ရှိပြီး အလုပ်သမားသိန်းနဲ့ချီရှိတဲ့ ကုမ္ပဏီတခုဖြစ် ပါတယ်။ ၂၀၂၀/ ၂၀၂၁ ကာလတွေမှာကိုဗစ်ကြောင့်အလုပ်သမားတွေလျော့ကျသွားခဲ့တဲ့ အတွက်ထုတ်လုပ်မှု ၃၀ ရာနှုန်းလောက်လျော့ကျသွားခဲ့ပါတယ်။ အခုကခါ သမတဘိုင်ဒင် အစိုးရကကာကွယ်ဆေးမထိုးနေရဥပဒေပြဌာန်းပြီး အလုပ်သမားတွေကိုအလုပ်ပြန်ဆင်း ဖို့တွန်းအားပေးနေပါတယ်။ ကာကွယ်ဆေးမထိုးတဲ့သူတွေကိုတော့ အလုပ်ဆင်းခွင့်မပေးတော့ ဘူးလို့ကိုမိုးသီးဇွန်ကရှင်းပြပါတယ်။

ကာကွယ်ဆေးလက်ဝယ်ရှိတဲ့နိုင်ငံတွေ၊ ထုတ်လုပ်နိုင်သူတွေဟာ အလုပ်သမားတွေကို ကာကွယ် ဆေးထိုးပေးပြီးအလုပ်တွေပြန်လည်လည်ပတ်နိုင်အောင် တကမ္ဘာလုံးကသူထက်ငါ အပြိုင်အဆိုင်လုပ်နေကြပြီလို့ကိုမိုးသီးဇွန်ကရှင်းပြပါတယ်။

“ ကိုဗစ်ဆေးက နောက်ဆုံးဆေးရတယ် ဆေးရတော့ဆေးထုတ်တယ်၊ ထုတ်လည်းပြီး ရော အကုန်လုံးကို ဘိုင်ဒင် (Biden) အစိုးရက မထိုးမနေရ ဥပဒေပြဌာန်းပြီးထိုးတယ်၊ အဲဒိဟာ ဘာဖြစ်လို့လဲဆိုတော့ စစ်မက်ဖြစ်နေတာတွေရယ်၊ ရောဂါကပ် ဘေးရယ်၊ အဲဒိ အငတ်ပြဿာနာကြီးရယ်ကို ကျော်လွှားဖို့ လုပ်နေကြတာ၊ အမေရိကန်တို့၊ ရုရှားတို့ ဟုတ်လား နောက်တခါ တရုတ်တို့၊ Europe (ဥရောပ) တို့က ကိုဗစ်ဆေးတွေသူ့ဟာနဲ့သူရှိကြတယ်၊ ဆိုတော့ အဲဒိအထဲမှာ ဒီကိုဗစ်အလွန်ကာလမှာငါတို့ တော့နောက်ကျကျန်ခဲ့လို့တော့ မဖြစ်ဘူးဆိုတဲ့အနေအထားနဲ့ တကမ္ဘာလုံးက ကိုယ့်အကျိုးစီးပွားကို အရမ်းရှေ့တန်းတင်လာခဲ့ တာကိုကျနော်တို့တွေ့နေရတယ်”

ကိုဗစ်လွန်ကာလစီးပွားရေးပြန်လည်နာလန်ထလာအောင် လုပ်ဆောင်တဲ့နေရာမှာ ဈေးကွက် စီပွားရေးစနစ်ရဲ့ အခြေခံလိုအပ်ချက် ၆ ချက်ကို ခိုင်မာပြည်မှီအောာင်ပြန်လည် ဖြည့်တင်းပြင် ဆင်ဖို့လိုပါတယ်လို့ စီးပွားရေးသုတေသီ တဦးဖြစ်တဲ့ ဦးစိန်ဌေးကပြောပါတယ်။ ဒီအချက် ၆ ချက်ကဘာ တွေပါလည်းခင်ဗျ။

“ ၁ အချက်က ဒီစီးပွားရေးလုပ်ငန်းတွေ နဲ့ပတ်သက်တဲ့ Commercial law, regulation (ကူးသန်းရောင်းဝယ်ရေး ဥပဒေ၊ စည်းမျည်း) နဲ့ပတ်သက်တာတွေရှိရမယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့အရေးယူဆောင်ရွက်ပေးမယ့် ယန္တယားတွေကောင်းရမယ်၊နံပတ် ၂ အချက်ကတော့ လွတ်လပ်တဲ့ဗဟိုဘဏ်နဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကိုပေါင်းစပ် နိုင်ရမယ်၊ နံပတ် ၃ အချက်က Infrastructure (အခြေခံအဆောက်အဦး) လို့ခေါ်တာပေါ့နော်၊ လျပ်စစ်တို့၊ ပို့ဆောင်ဆက်သွယ်ရေးတို့လမ်းပန်းတို့၊ နံပတ် ၄ အချက်က extra economic value (စီးပွားရေးအပိုတန်ဘိုး) ခေါ်ပါတယ် အဲဒါကတော့ဘာလဲဆိုလို့ရှိရင် public policy(အများပြည်သူဆိုင်ရာမူဝါဒ) နဲ့ နော်အခုန safety(လုံခြုံဘေးကင်းမှု) တို့ law and order (တရားဥပဒေစိုးမိုးမှု) တို့ သဘာဝပတ်ဝန်းကျင်တို့ သယံဇာတို့၊ ပညာရေး၊ ကျမ်းမာရေး သုတေသန စသည်ပေါ့ဒါတွေအားလုံး အတွက်နိုင်ငံတိုင်းဟာ extra value (အပိုတန်ဘိုးတွေ) ရှိထားဖို့လိုပါတယ်။ နံပတ် ၅ အချက်ကတော့ အပြည်ပြည်ဆိုင်ရာနဲ့ပတ်သက်တဲ့ကုန်သွယ် ရေးတွေ ဘဏ္ဍာရေးတွေ ရင်းနှီးမြှုပ်နှံမှုတွေ ပေါင်းစပ်ပြီးတော့ကျနော်တို့ကလုပ် နိုင်တဲ့အနေ အထားမျိုးတွေရှိနေရမယ်။ နောက်ဆုံးအချက်တော့ long term perspective(ရေရှည်အမြင်) လို့ခေါ်တဲ့ မဟာဗျူဟာအချက်၊ မဟာဗျူဟာတွေ မူဝါဒတွေ၊ အစီအစဉ်တွေ အဲဒိအချက်တွေဟာ ပြင်ဆင်မှုပြည့်စုံတဲ့နိုင်ငံတွေမှာ တိုးတက်မှုအရှိန်ရပါမယ်။”

ဖွင့်ဖြိုးပြီးနိုင်ငံတွေမှာ ဒီအချက် ၆ ချက်ဟာရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်တရုတ်ကိုရီးယား ဂျပန်လိုနိုင်ငံတွေအပါအဝင်စက်မှုဖွင့်ဖြိုးပြီးနိုင်ငံတွေဟာကိုဗစ်လွန်ကာလမှmဆက်လက်ထိုး တက်သွားကြမှာဖြစ်ပြီး ကျန်ဖွင့်ဖြိုးဆဲနိုင်ငံတွေကနောက်ကျကျန်နေဦးမှာပါ။ ဒါတောင် အမေရိကန်လိုဖွင့်ဖြိုးပြီးနိုင်ငံကြီးတွေမှာဒီအချက် ၆ ချက်ကိုပြန်လည်ဖြည့်တင်းပြင် ဆင်နေရတယ်လို့ဦးစိန်ဌေးကပြောပါတယ်။

ကိုဇော်မိုးကျော်။ ။ နောက်တခုက ဒီလိုပါ၊ အရှေ့တောင်အရှေ့တောင်အာရှဒေသတွင်းပေါ့၊ မြန်မာနိုင်ငံရှိတဲ့အရှေ့တောင်အာရှဒေသတွင်း မှာဆိုလို့ရှိရင် ဗီယက်နမ်တို့ဘာတိုဆိုရင် မြန်မြန်ဆန်ဆန်ပြန်ဖွင့်နေပြီ၊ ထိုင်းဆိုလည်းပြန်ဖွင့်တယ် ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်တယ်၊ စက်ရုံတွေပြန်ဖွင့် နိုင်ဖို့ကျိုးစားတယ် ဆိုတော့ ဒီသူတို့ကုန်ထုတ်လုပ်ငန်းတွေကို ပြိုကျမသွား ခင်ပေါ့နော် အမြန်အဆန်ပြန်ပြီးတော့ဆက်နိုင်အောင် ကျိုှုးစားနေရတာမျိုးတွေ တွေ့ရပါတယ်၊ အဲတော့ ဥပမာ မြန်မာနိုင်ငံလိုနိုင်ငံ ကျရင်တော့ ဘယ်လိုဖြစ်မလဲ ဒီလိုပြန်လည်ပြင် ဆင်ဖို့ရာမှာ၊ ဥပမာနိုင်ငံရေးတည်ငြိမ်မှုတွေလည်းလိုအပ်မလားပေါ့ အခုနဆရာပြောတဲ့ စီးပွားရေးအခြေခံအဆောက်အဦတွေလိုမလားပေါ့၊ မြန်မာနိုင်ငံဆိုရင်ဘယ်လိုဖြစ်မလဲ၊

ဦးစိန်ဌေး။ ။စစ်တပ်ကအာဏာသိမ်းတယ်၊ အာဏာသိမ်းတဲ့အတွက်ကြောင့် နိုင်ငံရေးက မတည်မငြိမ်တဲ့ အပြင်ဆိုးရွားတဲ့အနေအထားရောက်တဲ့အခါကျတော့ မြန်မာနိုင်ငံကတော့ အလွန်ထူးခြားတဲ့ အလွန်မတန်ထူးခြားတဲ့အခြေအနေဖြစ်တယ်၊ ဒါတချက်နိုင်ငံရေး စီးပွားရေးမှာလည်း မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၅ နှစ်ကာလလောက်ဟာ အသွင်ကူးပြောင်းရေးကာလကိုသွားနေ တုန်း၊ ဖွင့်ဖြိုးတိုက်မှုအရှိန်ကိုရဖို့ အောက်က၊ နောက်ကလိုက်တုန်း၊ လိုက်တုန်းမှာ နိုင်ငံရေးအရ မတည်ငြိမ်တဲ့ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေးဟာ အလွန်မတန်ဆိုးရွားတဲ့ အခြေအနေမှာရှိတယ်၊ ဘယ်လောက်တောင်ဆိုးလဲ ဆိုရင်ဗျာ၊ တိုင်းပြည်ရဲ့ ဖွင့်ဖြိုးတိုးတက်မှု GDP (ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး) ဟာတဲ့ World Bank (ကမ္ဘာ့ဘဏ်) ကပြောထားတာ -18.4 percent ( အနှုတ် ၁၈ ဒဿမ ၄ ရာနှုန်း) ကျမယ်ဆိုတော့ စဉ်စားကြည့်ပေတော့ မြန်မာပြည်ရဲ့အခြေအနေကတော့ အခြေအနေအဆိုးဆုံးဖြစ်မှာပါ။

မြန်မာပြည်နဲ့ပတ်သက်လို့ ကိုမိုးသီးဇွန်ကိုတလှည့်မေးကြည့်ခဲ့ပါတယ်။

ကိုဇော်မိုးကျော်။ ။ အခု အားလုံးက ကုမ္ပဏီတွေဘဲဖြစ်ဖြစ် နိုင်ငံတွေဘဲဖြစ်ဖြစ် ကိုဗစ်အလွန်ကို ရုန်းထနိုင်အောင် သူထက်ငါဦးအောင်လုပ်နိုင်မယ့်အနေအထားမျိုးတွေ ပြင်ဆင်နေကြပါတယ်။ အခုမြန်မာနိုင်ငံမှာတော့ ကိုဗစ်တင်မကဘဲ အာဏာသိမ်းထားတာ လည်းရှိတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့အခြေအနေကရော ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။

ကိုမိုးသီးဇွန်။ ။ မြန်မာနိုင်ငံအဆိုးဆုံးအခြေအနေကို ခုရောက်နေပြီဘဲလေ၊ ကျနော်တို့က စစ်ရော၊ ကပ်ရောဂါကြီးရော၊ အငတ်ပြဿနာရော လူ ၃ သန်းလောက်ငတ်မယ့် သဘောမှာ ရှိတယ်၊ အခုဆိုရင်ဓာတ်ဆီဈေးတွေကလည်းတက်တယ်၊ အလုပ်လက်မဲ့ပြဿနာကြီးက လည်းအကြီးအကျယ်တက်သွားတယ်၊ ကျနော်တို့ဗမာပြည်ရဲ့ inflation (ငွေကြေးဖေါင်းပွမှု) ဟာဆိုရင် ဒုံး ဆိုထောင်တက်သွားတယ်၊ အဲဒိတော့ မြန်မာပြည်ရဲ့ supply (ဖြည့်တင်းမှ) တွေကဘာမှမရှိဘူး၊ supply တွေကအကုန်လုံးကရပ်သွားမယ်၊ ငွေကြေးဖေါင်းပွမှုတွေက လည်းရှိနေတယ်၊ ဆိုတော့ မြန်မာပြည်ကသိပ်လွယ်မယ့်အနေအထားမှာမရှိတော့ဘူး။ အဲဒိတော့ အကောင်းဆုံးထွက်ပေါက်က်တော့ ကျနော်တို့ peaceful solution (ငြိမ်းချမ်းစွာဖြေရှင်းရေးနည်လမ်း) ကိုရှာကြဖို့ဘဲဖြစ်တယ်။ အဓိကအားဖြင့်ဟုတ်လား၊ ဒီနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ဘဲ၊ ကျနော်တို့ မြန်မာပြည်ရဲ့ကြုံရမယ့်ပြဿနာကတော့ total disaster (လုံးဝဘေးဆိုးကပ်ဆိုးကျရောက် ပျက်စီးခြင်း) total war (လုံးဝစစ်ဖြစ်သွားတဲ့အနေအထား) total fail state (လုံဝကျဆုံး ပျက်စီးပွားတဲ့နိုင်ငံ) ဖြစ်သွားမယ်၊ ဒီအတိုင်းဆက်သွားနေရင်တော့။

ဒီအတိုင်းဆက်သွားနေရင်တော့ လုံးဝကျဆုံးပျက်စီးသွားတဲ့နိုင်ငံဖြစ်သွားနိုင်တယ်လို့ ကိုမိုးသီးဇွန် ကပြောဆိုသွားတာပါ။

####

Unicode




####



“ အခုဟာ ပွူနာက ဒီဟာကွီးကိုထုတျလုပျဖို့က အလုပျသမားပွူနာက အဓိကဖွဈ နတေယျ၊ တကမ်ဘာလုံးဖွဈနတော၊ 46 percent တကမ်ဘာလုံးမှာ အလုပျလာမလုပျကွဘူး၊”














XS
SM
MD
LG