သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ျမန္မာ့စီးပြားေရး ၁၈ % ေလ်ာ့လာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ခန႔္မွန္း


စစ္အာဏာသိမ္းျပီးေနာက္ ရန္ုကုန္ျမိဳ ့ (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြနဲ႔အတူ စစ္အာဏာသိမ္းမႈေၾကာင့္ ႀကဳံလာရတဲ့ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ႏိုင္ငံ့စီးပြားေရးဟာ ဒီႏွစ္ထဲ ၁၈ % အထိ က်ဆင္းႏိုင္တဲ့အေၾကာင္း ကမာၻ႔ဘဏ္က ဒီကေန႔ ခန႔္မွန္း ေျပာဆိုပါတယ္။

စီးပြားေရးက်ဆင္းမႈေၾကာင့္ လူသန္းေပါင္းမ်ားစြာ အလုပ္လက္မဲ့ျဖစ္ၿပီး အစားအစာ ရွားပါးမႈနဲ႔ ဆင္းရဲႏြမ္းပါးမႈဒဏ္ကို ခံရႏိုင္တယ္လို႔လည္း သတိေပးထားပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တခု အတြင္းမွာတုန္းကေတာ့ ျမန္မာႏိုင္ငံကို စီးပြားေရးအလားအလာ ေကာင္းတဲ့ ႏိုင္ငံတခုအျဖစ္ ယူဆထားခဲ့တာပါ။

ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈတခ်ိဳ႕ စတင္ခဲ့ၿပီး ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ကာလအတြင္း ပထမဆုံးအႀကိမ္ ကမာၻနဲ႔ စီးပြားေရး လမ္းဖြင့္ခဲ့သလို၊ ဒီမိုကေရစီနည္းက် က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ေ႐ြးေကာက္ တင္ေျမႇာက္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲမွာ NLD ပါတီ ဒုတိယအႀကိမ္ အႏိုင္ရၿပီးေနာက္ပိုင္း စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ တိုးတက္မႈ အေျခအေနေတြ ေနာက္ျပန္ဆုတ္သြားခဲ့ တယ္လို႔ ေလ့လာသူေတြက သုံးသပ္ ေျပာဆိုၾကပါတယ္။

စစ္အာဏာသိမ္းမႈနဲ႔အတူ ကိုဗစ္ကပ္ေဘး တတိယလႈိင္း ႐ိုက္ခတ္မႈေၾကာင့္ ဒီႏွစ္ ဇြန္နဲ႔ ဇူလိုင္လ အတြင္း စီးပြားေရး သိသိသာသာ ထိခိုက္ခဲ့ရသလို၊ ဒီတႀကိမ္ ထိခိုက္မႈဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလ ကိုဗစ္ကူးစက္မႈေတြ စႀကဳံခဲ့ရခ်ိန္တုန္းကထက္ အမ်ားႀကီး ပိုဆိုးတယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရး ေစာင္ၾကည့္ေလ့လာမႈအဖြဲ႕က ဒီကေန႔ ေျပာပါတယ္။

ျမန္မာ့စီးပြားေရးဟာ ဒီႏွစ္အတြင္း ၁၈ % အထိ က်ဆင္းႏိုင္သလို၊ ဒါဟာ ၂၀၁၉ ခုႏွစ္ကထက္ သုံးပုံ တပုံေလာက္ ပိုမို က်ဆင္းသြားတာ ျဖစ္တဲ့အေၾကာင္ း ကမာၻ႔ဘဏ္က တြက္ဆ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................................................................................................

၂၀၂၁မြန်မာ့စီးပွားရေး ၁၈ % လျော့လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့အတူ စစ်အာဏာသိမ်းမှုကြောင့် ကြုံလာရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးဟာ ဒီနှစ်ထဲ ၁၈ % အထိ ကျဆင်းနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ခန့်မှန်း ပြောဆိုပါတယ်။

စီးပွားရေးကျဆင်းမှုကြောင့် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ပြီး အစားအစာ ရှားပါးမှုနဲ့ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခု အတွင်းမှာတုန်းကတော့ မြန်မာနိုင်ငံကို စီးပွားရေးအလားအလာ ကောင်းတဲ့ နိုင်ငံတခုအဖြစ် ယူဆထားခဲ့တာပါ။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတချို့ စတင်ခဲ့ပြီး ဆယ်စုနှစ်တွေနဲ့ချီ ကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာနဲ့ စီးပွားရေး လမ်းဖွင့်ခဲ့သလို၊ ဒီမိုကရေစီနည်းကျ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နိုဝင်ဘာ ရွေးကောက်ပွဲမှာ NLD ပါတီ ဒုတိယအကြိမ် အနိုင်ရပြီးနောက်ပိုင်း စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တိုးတက်မှု အခြေအနေတွေ နောက်ပြန်ဆုတ်သွားခဲ့ တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ဘေး တတိယလှိုင်း ရိုက်ခတ်မှုကြောင့် ဒီနှစ် ဇွန်နဲ့ ဇူလိုင်လ အတွင်း စီးပွားရေး သိသိသာသာ ထိခိုက်ခဲ့ရသလို၊ ဒီတကြိမ် ထိခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကိုဗစ်ကူးစက်မှုတွေ စကြုံခဲ့ရချိန်တုန်းကထက် အများကြီး ပိုဆိုးတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင်ကြည့်လေ့လာမှုအဖွဲ့က ဒီကနေ့ ပြောပါတယ်။

မြန်မာ့စီးပွားရေးဟာ ဒီနှစ်အတွင်း ၁၈ % အထိ ကျဆင်းနိုင်သလို၊ ဒါဟာ ၂၀၁၉ ခုနှစ်ကထက် သုံးပုံ တပုံလောက် ပိုမို ကျဆင်းသွားတာ ဖြစ်တဲ့အကြောင် း ကမ္ဘာ့ဘဏ်က တွက်ဆ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG