သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ကမ႓ာ့ လက္ဖက္စိုက္ပ်ိဳးထုတ္လုပ္မႈ ထိခိုက္


(Zawgyi/Unicode)

အပူခ်ိန္ ျမင့္တက္လာမႈ၊ မိုးေခါင္ေရရွားမႈ၊ မိုးရြာသြန္းမႈ အေျပာင္းအလဲနဲ႔ ႐ုတ္တရက္ ေရႀကီးမႈေတြနဲ႔ အတူ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ကမၻာေပၚက လက္ဖက္ ထုတ္လုပ္မႈ အမ်ားဆံုး ၄ ႏိုင္ငံရဲ႕ အနာဂတ္ကို ၿခိမ္းေျခာက္ေနၿပီလို႔ သုေတသန ပညာရွင္ေတြက ေျပာပါတယ္။ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ လာမယ့္ ၂၀၅၀ ျပည့္ႏွစ္ အေရာက္မွာ ကင္ညာႏိုင္ငံရဲ႕ အေကာင္းဆုံုး လက္ဖက္ ထုတ္လုပ္မႈ အေျခအေန ၄ ပံု တပံုေက်ာ္ ေလ်ာ့က်သြားမွာ ျဖစ္ၿပီး စိုက္ပ်ိဳးထုတ္လုပ္သူေတြနဲ႔ လုပ္သားေတြ အေပၚ ႐ိုက္ခတ္ သက္ေရာက္ႏိုင္ေျခ ရွိတယ္လို႔ မၾကာခင္က ထုတ္တဲ႔ အစီရင္ခံစာက ေဖာ္ျပပါတယ္။ AP သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးမွာပါ။

ကင္ညာ ႏိုင္ငံ ၿမိဳ႕ေတာ္ ႏိုင္႐ိုဘီနဲ႔ ၈ မိုင္ခြဲေက်ာ္ ေလာက္ အကြာမွာ ရွိတဲ႔ Kimbu County က လက္ဖက္ခူးသူေတြဟာ သိပ္ၿပီး အဖိုးတန္လွတဲ႔ လက္ဖက္ေတြကို ခူးဆြတ္ေနၾကပါတယ္။ ကင္ညာ ႏိုင္ငံဟာ ကမၻာမွာ လက္ဖက္ေျခာက္ အမည္း - Black Tea တင္ပို႔မႈ အမ်ားဆံုး ႏိုင္ငံ ျဖစ္ၿပီး လက္ဖက္ရည္ ႀကိဳက္တဲ႔ ၿဗိတိန္ကို လက္ဖက္ေျခာက္ အမ်ားဆံုး တင္ပို႔သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္ပိုင္းေတြမွာ သီးႏွံက သိပ္ၿပီး မေကာင္းလွပါဘူး။ အေၾကာင္းကေတာ့ ရာသီဥတု မမွန္တာေၾကာင့္ ျဖစ္ပါတယ္။ မီးေတာင္ ေျမၾသဇာႂကြယ္ၿပီး ေႏြရာသီ ရွည္လ်ားတဲ႔ ကင္ညာ ႏိုင္ငံဟာ တခ်ိန္တုန္းကေတာ့ လက္ဖက္ စိုက္ဖို႔ အေျခအေန အေကာင္းဆံုး ျဖစ္ခဲ႔ေပမယ့္လည္း အခုေတာ့ ရာသီဥတု ေျပာင္းလဲမႈရဲ႕ ႐ိုက္ခတ္မႈကို စၿပီး ေတြ႕ေနရပါၿပီ။

မိုး ရြာသြန္းမႈ မမွန္တာေၾကာင့္ ေရႀကီးတာနဲ႔ မိုးေခါင္ေရရွားမႈေတြ ပိုၿပီး ျဖစ္လာေစပါတယ္။ အပူခ်ိန္လည္း ျမင့္လာတာေၾကာင့္ ႏွစ္နဲ႔ခ်ီၿပီး အေသအခ်ာ ေစာင့္ေရွာက္ရတဲ႔ လက္ဖက္ပင္ စိုက္ပ်ိဳးေရးမွာ အခက္အခဲ ေတြ႕လာရပါတယ္။ တခ်ိဳ႕ လယ္သမားေတြ အတြက္ေတာ့ အေတာ္ေလးကို ခက္ခဲေနၾကပါၿပီ။

" က်ေနာ္ ငယ္ငယ္ ၁၉၅၉ ခုႏွစ္ ကတည္းက ဒီ လက္ဖက္ပင္ေတြကို စၿပီး စိုက္ခဲ႔တာပါ။ အဲဒီတုန္းက ဆိုရင္ မိုးလည္း ေကာင္းပါတယ္။ ၾကည့္လိုက္ရင္ ေတာအုပ္ႀကီးနဲ႔ တူပါတယ္။ မိုးမ်ားတာေၾကာင့္ တလကို ၄ ႀကိမ္ လက္ဖက္ ခူးရပါတယ္။ ၇ ရက္ တခါ လက္ဖက္ ခူးရတာပါ။ အခုေတာ့ ရာသီဥတု ေျပာင္းလာတာေၾကာင့္ က်ေနာ္တို႔လည္း ေျပာင္းရပါတယ္။ မိုးမရြာတာေၾကာင့္ အရင္လို အထြက္ မေကာင္းေတာ့ပါဘူး။ အရင္က ၄ ႀကိမ္ ခူးေနရတာကေန အခုေတာ့ ၂ ႀကိမ္ဘဲ ခူးရပါေတာ့တယ္။ "

လယ္သမား Gabriel Mwatha Mbugua က အေျခအေနကို ရွင္းျပခဲ႔တာပါ။ တဖက္တလမ္းက ၀င္ေငြ ထပ္ရေရး ႀကိဳးပမ္းတဲ႔ အေနနဲ႔ သီးႏွံ အမ်ိဳးမ်ိဳး ေျပာင္းၿပီး စိုက္ေနတဲ႔ သူက အခုေတာ့ ရာသီဥတုဒဏ္ ပိုၿပီး ခံႏိုင္ရည္ ရွိတဲ႔ နာနတ္ ပင္ေတြ ေျပာင္းၿပီး စိုက္ပ်ိဳးေနတယ္လို႔ ေျပာပါတယ္။

" နာနတ္သီး ပင္ေတြ အရင္က ဒီမွာ မစိုက္ပါဘူး။ အခုေတာ့ ရာသီဥတုက ေျပာင္းလာတာေၾကာင့္ နာနတ္ပင္ေတြ ဒီမွာ စိုက္လို႔ ရတာပါ။ ဒါေၾကာင့္လည္း က်ေနာ္လည္း ေျပာင္းၿပီး စိုက္ေနတာပရါ။ အခုေတာ့ တဖက္တလမ္းက ၀င္ေငြ ရဖို႔ က်ေနာ္ စိုက္ေနတာပါ။ "

လက္ဖက္ခူး လုပ္သားေတြလည္း ထိခိုက္ရပါတယ္။ ကင္ညာႏိုင္ငံရဲ႕ လက္ဖက္ စိုက္ပ်ိဳး ထုတ္လုပ္မႈက ႏိုင္ငံရဲ႕ အသားတင္ ကုန္ထုတ္လုပ္မႈ GDP ရဲ႕ ၄ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ Jane Wangui က ငယ္ငယ္ ကတည္းက လက္ဖက္ခူးခဲ႔တာပါ။ သူေက်ာင္းတက္ဖို႔ မိသားစုက ေငြေၾကး မတတ္ႏိုင္ခဲ႔ပါဘူး။ ဒါေၾကာင့္လည္း လက္ဖက္ စိုက္ပ်ိဳးေရး လုပ္ငန္းမွာ ၀င္ၿပီး အလုပ္လုပ္ခဲ႔တာပါ။ လယ္သမားေတြ လက္ဖက္ မစိုက္ေတာ့ဘူးဆိုရင္ သူလည္း ၀င္ေငြ ေလ်ာ့တယ္လို႔ ေျပာပါတယ္။

" အခုဆိုရင္ လက္ဖက္ခင္း ပိုင္ရွင္ေတြကို ေတြ႕မယ္ဆိုရင္ သူတို႔ အေနနဲ႔ ေမွ်ာ္လင့္ခ်က္ ကုန္ေနပါၿပီ။ လက္ဖက္ပင္ေတြ ႏုတ္ပစ္ၿပီး နာနတ္ပင္လို တျခား သီးႏွံေတြ ေျပာင္းၿပီး စိုက္ရမလားဆိုတာကို ေလ႔လာေနၾကပါတယ္။ ဒီလို ျဖစ္လာတာက က်မတို႔ အတြက္ေတာ့ ဆံုးရံႈးမႈပါ။ လက္ဖက္ ခူးၿပီး က်မတို႔ ၀င္ေငြ ရွာၾကရတာပါ။ လက္ဖက္ပင္ေတြ ႏုတ္ပစ္မယ္ဆိုရင္ေတာ့ က်မတို႔လည္း ၀င္ေငြ ရွိေတာ့မွာ မဟုတ္ပါဘူး။ "

ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ၂၀၅၀ ျပည့္ႏွစ္ အေရာက္မွာ ကင္ညာရဲ႕ အေကာင္းဆံုး လက္ဖက္ စိုက္ပ်ိဳး ထုတ္လုပ္မႈ အေျခအေနက ၂၆ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းမယ့္ အေၾကာင္း ၂၀၂၁ ခုႏွစ္ ေမလ အတြင္း Christian Aid အကူအညီေပးေရး အဖြဲ႔က ထုတ္ျပန္တဲ႔ အစီအရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ပ်မ္းမွ် လက္ဖက္ စိုက္ပ်ိဳးမႈ အေျခအေနက ၂၀၅၀ ျပည့္ႏွစ္ အေရာက္မွာ ၃၉ ရာခိုင္ႏႈန္း ေလ်ာ့က်မယ္လို႔လည္း အစီရင္ခံစာက ေဖာ္ျပပါတယ္။ လက္ဖက္ စိုက္ပ်ိဳးသူေတြ အေနနဲ႔ စိုက္ပ်ိဳးေရး မလုပ္တဲ႔ ေဒသသစ္ေတြကို ေျပာင္းေရႊ႕ဖို႔ကလည္း သိပ္ၿပီး ခက္ခဲလိမ့္မယ္လို႔လည္း သုေတသန ပညာရွင္ေတြက မွတ္ခ်က္ ျပဳထားပါတယ္။ ကင္ညာ စိုက္ပ်ိဳး ေမြးျမဴေရးနဲ႔ ငါးလုပ္ငန္း ဌာနက ရာသီဥတု ေျပာင္းလဲမႈ ဆိုင္ရာ ကြ်မ္းက်င္သူ Veronica Ndetu က အခုလို ေျပာပါတယ္။

" ၂၀၅၀ အေရာက္မွာ ဒီေဒသတြင္း လက္ဖက္ စိုက္ပ်ိဳးမႈက အခု အေျခအေနရဲ႕ ထက္၀က္ေလာက္ က်သြားႏိုင္တယ္ဆိုတဲ႔ အစီရင္ခံစာေတြ ရွိပါတယ္။ အဲဒီေတာ့ လက္ဖက္စိုက္ပ်ိဳး ထုတ္လုပ္ေနၾကတဲ႔ လက္ဖက္ စိုက္ပ်ိဳး ထုတ္လုပ္မႈကို မွီခိုေနၾကတဲ႔ လယ္သမားေတြဟာ ရာသီဥတု ေျပာင္းလဲလာတဲ႔ အတူ ပိုၿပီး ထိခိုက္သက္ေရာက္မႈ ရွိပါတယ္။ "

" လယ္သမားေတြ အေနနဲ႔ စိုက္ပ်ိဳး ထုတ္လုပ္မႈ တိုးႁမွင့္ေစေရးနဲ႔ လယ္သမားေတြ အေနနဲ႔ ျပဳလြယ္ ျပင္လြယ္ ျဖစ္ေရး အတြက္ ကင္ညာမွာ ရာသီဥတုနဲ႔ လိုက္ေလ်ာ ညီေထြ ျဖစ္မယ့္ စိုက္ပ်ိဳးေရး ျဖစ္ေစဖို႔ က်ေနာ္တို႔ စည္းရံုး ေဆာင္ရြက္ေနပါတယ္။"

ကြ်မ္းက်င္သူေတြက ရာသီဥတု ေျပာင္းလဲမႈရဲ႕ အႏၲရာယ္ကို သတိေပးေနၾကခ်ိန္မွာဘဲ ကင္ညာရဲ႕ လက္ဖက္ စိုက္ပ်ိဳးသူ လယ္သမားေတြအေနနဲ႔ေတာ့ လက္ဖက္ ထုတ္လုပ္မႈ က်ဆင္းလာတာကို ေတြ႕ေနၾကရပါၿပီ။ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလနဲ႔ ႏို၀င္ဘာလ လယ္ပိုင္း အတြက္ အေရွ႕အာဖရိက ႏိုင္ငံ ကင္ညာမွာ မိုးရြာသြန္းမႈက ပ်မ္းမွ်ထက္ ၄၀၀ ရာခိုင္ႏႈန္းထိ မ်ားလာတာေၾကာင့္ ေရႀကီးတာေတြ ျဖစ္ေစခဲ႔ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္လည္း ကႏၲာရ က်ိဳင္းေကာင္ေတြ က်ေရာက္ေစၿပီး သူတို႔ သြားရာ လမ္းေၾကာင္း တေလွ်ာက္ သီးႏွံေတြကို ဖ်က္စီး စားေသာက္ၾကပါတယ္။ လက္ဖက္ စိုက္ပ်ိဳး ထုတ္လုပ္မႈ ေဒသေတြ အေပၚ အထိနာေစတဲ႔ ရာသီဥတု ေျပာင္းလဲမႈ ျမန္ဆန္လာတဲ႔ အေျခအေနကို ကာကြယ္ႏိုင္ေရးအတြက္ ဖန္လံုအိမ္ ဓာတ္ေငြ႕ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရးကိုလည္း Christian Aid အဖြဲ႔ရဲ႕ အစီရင္ခံစာက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်

အပူချိန် မြင့်တက်လာမှု၊ မိုးခေါင်ရေရှားမှု၊ မိုးရွာသွန်းမှု အပြောင်းအလဲနဲ့ ရုတ်တရက် ရေကြီးမှုတွေနဲ့ အတူ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်က လက်ဖက် ထုတ်လုပ်မှု အများဆုံး ၄ နိုင်ငံရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေပြီလို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် လာမယ့် ၂၀၅၀ ပြည့်နှစ် အရောက်မှာ ကင်ညာနိုင်ငံရဲ့ အကောင်းဆုံး လက်ဖက် ထုတ်လုပ်မှု အခြေအနေ ၄ ပုံ တပုံကျော် လျော့ကျသွားမှာ ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ လုပ်သားတွေ အပေါ် ရိုက်ခတ် သက်ရောက်နိုင်ခြေ ရှိတယ်လို့ မကြာခင်က ထုတ်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

ကင်ညာ နိုင်ငံ မြို့တော် နိုင်ရိုဘီနဲ့ ၈ မိုင်ခွဲကျော် လောက် အကွာမှာ ရှိတဲ့ Kimbu County က လက်ဖက်ခူးသူတွေဟာ သိပ်ပြီး အဖိုးတန်လှတဲ့ လက်ဖက်တွေကို ခူးဆွတ်နေကြပါတယ်။ ကင်ညာ နိုင်ငံဟာ ကမ္ဘာမှာ လက်ဖက်ခြောက် အမည်း - Black Tea တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ပြီး လက်ဖက်ရည် ကြိုက်တဲ့ ဗြိတိန်ကို လက်ဖက်ခြောက် အများဆုံး တင်ပို့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ပိုင်းတွေမှာ သီးနှံက သိပ်ပြီး မကောင်းလှပါဘူး။ အကြောင်းကတော့ ရာသီဥတု မမှန်တာကြောင့် ဖြစ်ပါတယ်။ မီးတောင် မြေသြဇာကြွယ်ပြီး နွေရာသီ ရှည်လျားတဲ့ ကင်ညာ နိုင်ငံဟာ တချိန်တုန်းကတော့ လက်ဖက် စိုက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့်လည်း အခုတော့ ရာသီဥတု ပြောင်းလဲမှုရဲ့ ရိုက်ခတ်မှုကို စပြီး တွေ့နေရပါပြီ။

မိုး ရွာသွန်းမှု မမှန်တာကြောင့် ရေကြီးတာနဲ့ မိုးခေါင်ရေရှားမှုတွေ ပိုပြီး ဖြစ်လာစေပါတယ်။ အပူချိန်လည်း မြင့်လာတာကြောင့် နှစ်နဲ့ချီပြီး အသေအချာ စောင့်ရှောက်ရတဲ့ လက်ဖက်ပင် စိုက်ပျိုးရေးမှာ အခက်အခဲ တွေ့လာရပါတယ်။ တချို့ လယ်သမားတွေ အတွက်တော့ အတော်လေးကို ခက်ခဲနေကြပါပြီ။

" ကျနော် ငယ်ငယ် ၁၉၅၉ ခုနှစ် ကတည်းက ဒီ လက်ဖက်ပင်တွေကို စပြီး စိုက်ခဲ့တာပါ။ အဲဒီတုန်းက ဆိုရင် မိုးလည်း ကောင်းပါတယ်။ ကြည့်လိုက်ရင် တောအုပ်ကြီးနဲ့ တူပါတယ်။ မိုးများတာကြောင့် တလကို ၄ ကြိမ် လက်ဖက် ခူးရပါတယ်။ ၇ ရက် တခါ လက်ဖက် ခူးရတာပါ။ အခုတော့ ရာသီဥတု ပြောင်းလာတာကြောင့် ကျနော်တို့လည်း ပြောင်းရပါတယ်။ မိုးမရွာတာကြောင့် အရင်လို အထွက် မကောင်းတော့ပါဘူး။ အရင်က ၄ ကြိမ် ခူးနေရတာကနေ အခုတော့ ၂ ကြိမ်ဘဲ ခူးရပါတော့တယ်။ "

လယ်သမား Gabriel Mwatha Mbugua က အခြေအနေကို ရှင်းပြခဲ့တာပါ။ တဖက်တလမ်းက ဝင်ငွေ ထပ်ရရေး ကြိုးပမ်းတဲ့ အနေနဲ့ သီးနှံ အမျိုးမျိုး ပြောင်းပြီး စိုက်နေတဲ့ သူက အခုတော့ ရာသီဥတုဒဏ် ပိုပြီး ခံနိုင်ရည် ရှိတဲ့ နာနတ် ပင်တွေ ပြောင်းပြီး စိုက်ပျိုးနေတယ်လို့ ပြောပါတယ်။

" နာနတ်သီး ပင်တွေ အရင်က ဒီမှာ မစိုက်ပါဘူး။ အခုတော့ ရာသီဥတုက ပြောင်းလာတာကြောင့် နာနတ်ပင်တွေ ဒီမှာ စိုက်လို့ ရတာပါ။ ဒါကြောင့်လည်း ကျနော်လည်း ပြောင်းပြီး စိုက်နေတာပရါ။ အခုတော့ တဖက်တလမ်းက ဝင်ငွေ ရဖို့ ကျနော် စိုက်နေတာပါ။ "

လက်ဖက်ခူး လုပ်သားတွေလည်း ထိခိုက်ရပါတယ်။ ကင်ညာနိုင်ငံရဲ့ လက်ဖက် စိုက်ပျိုး ထုတ်လုပ်မှုက နိုင်ငံရဲ့ အသားတင် ကုန်ထုတ်လုပ်မှု GDP ရဲ့ ၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ Jane Wangui က ငယ်ငယ် ကတည်းက လက်ဖက်ခူးခဲ့တာပါ။ သူကျောင်းတက်ဖို့ မိသားစုက ငွေကြေး မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းမှာ ဝင်ပြီး အလုပ်လုပ်ခဲ့တာပါ။ လယ်သမားတွေ လက်ဖက် မစိုက်တော့ဘူးဆိုရင် သူလည်း ဝင်ငွေ လျော့တယ်လို့ ပြောပါတယ်။

" အခုဆိုရင် လက်ဖက်ခင်း ပိုင်ရှင်တွေကို တွေ့မယ်ဆိုရင် သူတို့ အနေနဲ့ မျှော်လင့်ချက် ကုန်နေပါပြီ။ လက်ဖက်ပင်တွေ နုတ်ပစ်ပြီး နာနတ်ပင်လို တခြား သီးနှံတွေ ပြောင်းပြီး စိုက်ရမလားဆိုတာကို လေ့လာနေကြပါတယ်။ ဒီလို ဖြစ်လာတာက ကျမတို့ အတွက်တော့ ဆုံးရှုံးမှုပါ။ လက်ဖက် ခူးပြီး ကျမတို့ ဝင်ငွေ ရှာကြရတာပါ။ လက်ဖက်ပင်တွေ နုတ်ပစ်မယ်ဆိုရင်တော့ ကျမတို့လည်း ဝင်ငွေ ရှိတော့မှာ မဟုတ်ပါဘူး။ "

ရာသီဥတု ပြောင်းလဲမှုကြောင့် ၂၀၅၀ ပြည့်နှစ် အရောက်မှာ ကင်ညာရဲ့ အကောင်းဆုံး လက်ဖက် စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေက ၂၆ ရာခိုင်နှုန်းကျော် ကျဆင်းမယ့် အကြောင်း ၂၀၂၁ ခုနှစ် မေလ အတွင်း Christian Aid အကူအညီပေးရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပျမ်းမျှ လက်ဖက် စိုက်ပျိုးမှု အခြေအနေက ၂၀၅၀ ပြည့်နှစ် အရောက်မှာ ၃၉ ရာခိုင်နှုန်း လျော့ကျမယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ လက်ဖက် စိုက်ပျိုးသူတွေ အနေနဲ့ စိုက်ပျိုးရေး မလုပ်တဲ့ ဒေသသစ်တွေကို ပြောင်းရွှေ့ဖို့ကလည်း သိပ်ပြီး ခက်ခဲလိမ့်မယ်လို့လည်း သုတေသန ပညာရှင်တွေက မှတ်ချက် ပြုထားပါတယ်။ ကင်ညာ စိုက်ပျိုး မွေးမြူရေးနဲ့ ငါးလုပ်ငန်း ဌာနက ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကျွမ်းကျင်သူ Veronica Ndetu က အခုလို ပြောပါတယ်။

" ၂၀၅၀ အရောက်မှာ ဒီဒေသတွင်း လက်ဖက် စိုက်ပျိုးမှုက အခု အခြေအနေရဲ့ ထက်ဝက်လောက် ကျသွားနိုင်တယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိပါတယ်။ အဲဒီတော့ လက်ဖက်စိုက်ပျိုး ထုတ်လုပ်နေကြတဲ့ လက်ဖက် စိုက်ပျိုး ထုတ်လုပ်မှုကို မှီခိုနေကြတဲ့ လယ်သမားတွေဟာ ရာသီဥတု ပြောင်းလဲလာတဲ့ အတူ ပိုပြီး ထိခိုက်သက်ရောက်မှု ရှိပါတယ်။ "

" လယ်သမားတွေ အနေနဲ့ စိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်စေရေးနဲ့ လယ်သမားတွေ အနေနဲ့ ပြုလွယ် ပြင်လွယ် ဖြစ်ရေး အတွက် ကင်ညာမှာ ရာသီဥတုနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် စိုက်ပျိုးရေး ဖြစ်စေဖို့ ကျနော်တို့ စည်းရုံး ဆောင်ရွက်နေပါတယ်။"

ကျွမ်းကျင်သူတွေက ရာသီဥတု ပြောင်းလဲမှုရဲ့ အန္တရာယ်ကို သတိပေးနေကြချိန်မှာဘဲ ကင်ညာရဲ့ လက်ဖက် စိုက်ပျိုးသူ လယ်သမားတွေအနေနဲ့တော့ လက်ဖက် ထုတ်လုပ်မှု ကျဆင်းလာတာကို တွေ့နေကြရပါပြီ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ လယ်ပိုင်း အတွက် အရှေ့အာဖရိက နိုင်ငံ ကင်ညာမှာ မိုးရွာသွန်းမှုက ပျမ်းမျှထက် ၄၀၀ ရာခိုင်နှုန်းထိ များလာတာကြောင့် ရေကြီးတာတွေ ဖြစ်စေခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့်လည်း ကန္တာရ ကျိုင်းကောင်တွေ ကျရောက်စေပြီး သူတို့ သွားရာ လမ်းကြောင်း တလျှောက် သီးနှံတွေကို ဖျက်စီး စားသောက်ကြပါတယ်။ လက်ဖက် စိုက်ပျိုး ထုတ်လုပ်မှု ဒေသတွေ အပေါ် အထိနာစေတဲ့ ရာသီဥတု ပြောင်းလဲမှု မြန်ဆန်လာတဲ့ အခြေအနေကို ကာကွယ်နိုင်ရေးအတွက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးကိုလည်း Christian Aid အဖွဲ့ရဲ့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG