သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ဖို့ ဇနီးသည်ပန်ကြား


ဖမ်းဆီးခံထားရတဲ့ Sean Turnell.
ဖမ်းဆီးခံထားရတဲ့ Sean Turnell.

(Zawgyi / Unicode)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Sean Turnell ရဲ့ ဇနီးသည်က သူ့ခင်ပွန်းကို ပြန်လွှတ်ပေးဖို့ ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်သူတွေ တိုးလာနေတာမှာ ခင်ပွန်းသည်ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ထောက်ပြပြီး အခုလို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင် Sean Turnell ဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ ပထမဆုံး နိုင်ငံခြားသားလည်း ဖြစ်ပါတယ်။ စစ်တပ်ကဖွဲ့ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စီးပွားရေးပညာရှင် Sean Turnell ကို နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေတွေ ချိုးဖောက်မှုနဲ့ စွဲဆိုထားတာပါ။

အဖမ်းခံရပြီးနောက် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ပါမောက္ခ Turnell ဟာ အအေးမိ ဖျားနာလက္ခဏာတွေ ရှိနေကြောင်း ဇနီးဖြစ်သူ Ha Vu က သူမရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲက အင်းစိန်ထောင်မှာ ဖြစ်နေကြောင်း၊ ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်စရာဖြစ်နေကြောင်း ရေးထားတာပါ။

ပါမောက္ခ Turnell ရဲ့ ဖခင်ဖြစ်သူကလည်း လက်ရှိ ကင်ဆာကုသနေရကြောင်းလည်း သူမက ပြောဆိုပြီး ခင်ပွန်းဖြစ်သူကို စာနာထောက်ထားမှုနဲ့ သြစတြေးလျကို ပြန်ခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ဖို့ ဇနီးသည်ပန်ကြား
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

-------------------

(Unicode)






XS
SM
MD
LG