သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးအႀကံေပး Sean Turnell အမႈ ပြင့္လင္းျမင္သာေရး ၾသစေၾတးလ် ေတာင္းဆို


ျမန္မာႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ Sean Turnell. (စက္တင္ဘာ ၃၀၊ ၂၀၁၇)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေနာက္ မၾကာခင္မွာပဲ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ၾသစေၾတးလ်ႏုိင္ငံသား Sean Turnell ရဲ႕အမႈကုိ ပြင့္လင္းျမင္သာမႈရွိစြာနဲ႔ တရားမွ်တစြာ ၾကားနာစစ္ေဆးဖုိ႔ ျမန္မာႏုိင္ငံကုိ ေတာင္းဆုိထားေၾကာင္း ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီး Marise Payne က ေျပာပါတယ္။

“အမႈအတြက္ ၾကားနာစစ္ေဆးမႈဟာ မွ်တမႈရွိၿပီး ပြင့္လင္းျမင္သာမႈ ရွိလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း” အခုသီတင္းပတ္အတြင္း ျမန္မာႏုိင္ငံၿမိဳ႕ေတာ္၊ ေနျပည္ေတာ္မွာ Sean Turnell ရဲ႕အမႈကုိ ၾကားနာစစ္ေဆးဖုိ႔ ရွိေနတဲ့အခ်ိန္ ဝန္ႀကီး Marise Payne က ၾသစေၾတးလ်ရဲ႕ ABC သတင္းဌာနကုိ ေျပာလုိက္တာ ျဖစ္ပါတယ္။

ႏုိင္ငံေတာ္ရဲ႕ ဘ႑ာေငြေၾကးဆုိင္ရာ လွ်ဳိ႕ဝွက္ခ်က္ေတြ သူ႔ထံမွာ ေတြ႔ရေၾကာင္း ျမန္မာစစ္ေခါင္းေဆာင္ေတြက စြပ္စြဲ ေျပာဆုိထားေပမယ့္ ပါေမာကၡ Sean Turnell ကုိ ခုိင္လုံတဲ့ အေၾကာင္းျပခ်က္ မရွိဘဲ ဖမ္းဆီးထားတာလုိ႔ ၾသစေၾတးလ်အစုိးရက ယုံၾကည္ေနတာပါ။ ဒါေၾကာင့္လည္း သူ႔ကုိ ျပန္လႊတ္ေပးဖုိ႔အတြက္ လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက ၾသစေၾတးလ်အစုိးရ အေနနဲ႔ ႀကိဳးပမ္းေနခဲ့တယ္လုိ႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာမသိမ္းခင္ ႏွစ္အနည္းငယ္ကတည္းက Sean Turnell ဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အစုိးရအတြက္ စီးပြားေရးအႀကံေပးအျဖစ္ တာဝန္ထမ္းေဆာင္ေနခဲ့တာ ျဖစ္ပါတယ္။

ေရွ႕ေနေတြရဲ႕ ေျပာျပခ်က္အရ Sean Turnell ဆီမွာ ေတ႔ြရွိတဲ့ စာရြက္စာတမ္းေတြနဲ႔ ဆက္ႏႊယ္ၿပီး ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မနဲ႔ ရန္ကုန္ၿမိဳ႕မွာ အမႈဖြင့္ တရားစြဲထားပါတယ္။ Sean Turnell ကိုလည္း အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒပုဒ္မနဲ႔ပဲ ရန္ကုန္ အေရွ႕ပုိင္းခ႐ုိင္႐ုံးမွာ စစ္ေကာင္စီက တရားစြဲဆုိထားပါတယ္။

တရားနည္းလမ္းမက်ဘဲ အဖမ္းခံေနရတဲ့ ပါေမာကၡ Sean Turnell ကို အျမန္ဆံုး ျပန္ၿပီးလႊတ္ေပးဖို႔ ႏုိင္ငံတကာ ပညာရွင္ေတြကလည္း ဒီႏွစ္အေစာပိုင္းမွာပဲ ေတာင္းဆိုထားတာပါ။

--------------------

(Unicode)

စီးပွားရေးအကြံပေး Sean Turnell အမှု ပွင့်လင်းမြင်သာရေး သြစတြေးလျ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား Sean Turnell ရဲ့အမှုကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ တရားမျှတစွာ ကြားနာစစ်ဆေးဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။

“အမှုအတွက် ကြားနာစစ်ဆေးမှုဟာ မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှု ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း” အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံမြို့တော်၊ နေပြည်တော်မှာ Sean Turnell ရဲ့အမှုကို ကြားနာစစ်ဆေးဖို့ ရှိနေတဲ့အချိန် ဝန်ကြီး Marise Payne က သြစတြေးလျရဲ့ ABC သတင်းဌာနကို ပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ လျှို့ဝှက်ချက်တွေ သူ့ထံမှာ တွေ့ရကြောင်း မြန်မာစစ်ခေါင်းဆောင်တွေက စွပ်စွဲ ပြောဆိုထားပေမယ့် ပါမောက္ခ Sean Turnell ကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးထားတာလို့ သြစတြေးလျအစိုးရက ယုံကြည်နေတာပါ။ ဒါကြောင့်လည်း သူ့ကို ပြန်လွှတ်ပေးဖို့အတွက် လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သြစတြေးလျအစိုးရ အနေနဲ့ ကြိုးပမ်းနေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် နှစ်အနည်းငယ်ကတည်းက Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအတွက် စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေတွေရဲ့ ပြောပြချက်အရ Sean Turnell ဆီမှာ တေ့ွရှိတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်နွှယ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ ရန်ကုန်မြို့မှာ အမှုဖွင့် တရားစွဲထားပါတယ်။ Sean Turnell ကိုလည်း အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ပဲ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှာ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

တရားနည်းလမ်းမကျဘဲ အဖမ်းခံနေရတဲ့ ပါမောက္ခ Sean Turnell ကို အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့ နိုင်ငံတကာ ပညာရှင်တွေကလည်း ဒီနှစ်အစောပိုင်းမှာပဲ တောင်းဆိုထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG