သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈရပ္ဖို႔ ျမန္မာ ဒု-တပ္ခ်ဳပ္ ကို ၾသစေၾတးလ် ဗိုလ္ခ်ဳပ္ႀကီး ဆက္သြယ္ေတာင္းဆို


မွတ္တမ္းဓါတ္ပံု- ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ရဲ႕ ဒုတိယ အႀကီးအကဲ ဒုတိယ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး David Johnston က ၂၀၁၃ ခုႏွစ္ ဇူလိုင္ ၁၇ ရက္တုန္းက မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္း အရပ္သားေတြကို အၾကမ္းမဖက္ဖို႔၊ ဒီမိုကေရစီကို အျမန္ဆံုး ျပန္လည္ က်င့္သံုးေရးနဲ႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း တရားဥပေဒမဲ႔ ဖမ္းဆီးခံထားရသူ အားလံုးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ၾသစေတးလ် ကာကြယ္ေရးတပ္ ဒုတိယ အႀကီးအကဲက ျမန္မာ စစ္တပ္ ဒုတိယ အႀကီးအကဲကို ေတာင္းဆိုလိုက္ပါတယ္။

ဒါ႔အျပင္ ျမန္မာႏုိင္ငံတြင္းက အကူအညီ လိုအပ္ေနသူေတြထံ လူသားခ်င္း စာနာေထာက္ကူမႈ ဆုိင္ရာ အကူအညီေတြ ပို႔ေဆာင္ႏုိင္ေရး ခြင့္ျပဳဖို႔လည္း ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ ဒုတိယ အႀကီးအကဲက ထပ္မံ ေတာင္းဆိုပါတယ္။ ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ရဲ႕ ဒုတိယ အႀကီးအကဲ ဒုတိယ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး David Johnston က ျမန္မာ စစ္တပ္ ဒုတိယ အႀကီးအကဲ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းကို ဗုဒၶဟူးေန႔က ဆက္သြယ္ေဆြးေႏြးမႈ အတြင္းမွာ အခုလုိ ေတာင္းဆိုခဲ႔တာ ျဖစ္ေၾကာင္း ၾသစေတးလ် ကာကြယ္ေရး ဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာ စစ္တပ္က ဖမ္းထားတဲ႔ ၾသစေတးလ် ႏုိင္ငံသား စီးပြားေရး ပညာရွင္ ပါေမာကၡ Sean Turnell ကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ ဒုတိယ အႀကီးအကဲက ေတာင္းဆိုထားပါတယ္။ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အႀကံေပး ပါေမာကၡ Sean Turnell ကို ျမန္မာ စစ္တပ္က အာဏာသိမ္းၿပီး ၆ ရက္ေျမာက္ေန႔ ျဖစ္တဲ႔ ေဖေဖာ္၀ါရီလ ၆ ရက္ေန႔ကတည္းက ဖမ္းဆီး ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။ ပါေမာကၡ Sean Turnell ကို အစိုးရ လ်ိဳ႕၀ွက္ခ်က္ ဥပေဒ၊ လူ၀င္မႈ ႀကီးၾကပ္ေရး ဥပေဒေတြနဲ႔ စစ္ေဆးေမးျမန္းေနေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရက VOA ကို ေျပာဆိုထားတာပါ။

" ၾသစေၾတးလ်ႏိုင္ငံသား Mr. Sean Turnell နဲ႔ ပတ္သက္ၿပီးေတာ့ သူ႔ကို စစ္ေဆးေနတဲ့ဟာကေတာ့ ျမန္မာႏိုင္ငံလူဝန္မႈၾကီးၾကပ္ေရး အက္ ဥပေဒပုဒ္မ ၁၃ (၁) နဲ႔ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ ဥပေဒ ၃/၁ ဃ နဲ႔ က်ေနာ္တို႔ စစ္ေဆးေနတာ ရွိပါတယ္။"

ျမန္မာ့ ျပႆနာ အၾကပ္အတည္းကို ေျဖရွင္းေရး အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း ASEAN ရဲ႕ သံတမန္ေရး အရ ႀကိဳးပမ္းမႈရဲ႕ အေရးပါမႈနဲ႔ ၾသစေတးလ်ရဲ႕ ေထာက္ခံအားေပးမႈကိုလည္း ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ ဒုတိယ အႀကီးအကဲက ျမန္မာ စစ္တပ္ ဒုတိယ အႀကီးအကဲကို ေျပာဆိုခဲ႔ေၾကာင္း ေၾကညာခ်က္က ေဖာ္ျပပါတယ္။

အခ်က္ ၅ ခ်က္ပါ အာဆီယံ ဘံုသေဘာတူညီခ်က္ကို လက္ေတြ႔ အေကာင္အထည္ ေဖၚေရးနဲ႔ ဒီလုပ္ငန္းစဥ္မွာ အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္က ခိုင္ခုိင္မာမာ ပါ၀င္ ေဆင္ရြက္ဖို႔လည္း ၾသစေတးလ် ကာကြယ္ေရး တပ္ဖြဲ႔ရဲ႕ ဒုတိယ အႀကီးအကဲက တိုက္တြန္းခဲ႔ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကိုယ္တိုင္တက္တဲ႔ ျမန္မာ့ အေရး အာဆီယံ စည္းေ၀းပြဲရဲ႕ ဘံုသေဘာတူညီခ်က္မွာေတာ့ ျမန္မာႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြ အားလံုးရပ္ဆိုင္းဖို႔ ပါ၀င္ေပမယ့္လည္း စစ္ေကာင္စီဘက္ကေတာ့ ဒီဘံုသေဘာတူညီခ်က္ အတိုင္း ေဆာင္ရြက္ဖို႔ ကတိျပဳ မထားပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

အကြမ်းဖက်မှုရပ်ဖို့ မြန်မာဒု-တပ်ချုပ် ကို သြစတြေးလျ ဗိုလ်ချုပ်ကြီး ဆက်သွယ်တောင်းဆို

(Unicode)

မြန်မာနိုင်ငံတွင်း အရပ်သားတွေကို အကြမ်းမဖက်ဖို့၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည် ကျင့်သုံးရေးနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း တရားဥပဒေမဲ့ ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သြစတေးလျ ကာကွယ်ရေးတပ် ဒုတိယ အကြီးအကဲက မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေထံ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေး ခွင့်ပြုဖို့လည်း သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယ အကြီးအကဲက ထပ်မံ တောင်းဆိုပါတယ်။ သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး David Johnston က မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဗုဒ္ဓဟူးနေ့က ဆက်သွယ်ဆွေးနွေးမှု အတွင်းမှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ကြောင်း သြစတေးလျ ကာကွယ်ရေး ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ စစ်တပ်က ဖမ်းထားတဲ့ သြစတေးလျ နိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ Sean Turnell ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယ အကြီးအကဲက တောင်းဆိုထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ပါမောက္ခ Sean Turnell ကို မြန်မာ စစ်တပ်က အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ပါမောက္ခ Sean Turnell ကို အစိုးရ လျို့ဝှက်ချက် ဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ စစ်ဆေးမေးမြန်းနေကြောင်း စစ်ကောင်စီ ပြောခွင့်ရက VOA ကို ပြောဆိုထားတာပါ။

" သြစတြေးလျနိုင်ငံသား Mr. Sean Turnell နဲ့ ပတ်သက်ပြီးတော့ သူ့ကို စစ်ဆေးနေတဲ့ဟာကတော့ မြန်မာနိုင်ငံလူဝန်မှုကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက် ဥပဒေ ၃/၁ ဃ နဲ့ ကျနော်တို့ စစ်ဆေးနေတာ ရှိပါတယ်။"

မြန်မာ့ ပြဿနာ အကြပ်အတည်းကို ဖြေရှင်းရေး အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ရဲ့ သံတမန်ရေး အရ ကြိုးပမ်းမှုရဲ့ အရေးပါမှုနဲ့ သြစတေးလျရဲ့ ထောက်ခံအားပေးမှုကိုလည်း သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယ အကြီးအကဲက မြန်မာ စစ်တပ် ဒုတိယ အကြီးအကဲကို ပြောဆိုခဲ့ကြောင်း ကြေညာချက်က ဖော်ပြပါတယ်။

အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူညီချက်ကို လက်တွေ့ အကောင်အထည် ဖေါ်ရေးနဲ့ ဒီလုပ်ငန်းစဉ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်က ခိုင်ခိုင်မာမာ ပါဝင် ဆေင်ရွက်ဖို့လည်း သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်တဲ့ မြန်မာ့ အရေး အာဆီယံ စည်းဝေးပွဲရဲ့ ဘုံသဘောတူညီချက်မှာတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အားလုံးရပ်ဆိုင်းဖို့ ပါဝင်ပေမယ့်လည်း စစ်ကောင်စီဘက်ကတော့ ဒီဘုံသဘောတူညီချက် အတိုင်း ဆောင်ရွက်ဖို့ ကတိပြု မထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG