သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ရန္ကုန္အမႈ ေနျပည္ေတာ္ေျပာင္းေရး ဇြန္ ၂၃ ၾကားနာမည္


ေရွ႕ေနဦးခင္ေမာင္ေဇာ္ (Photo by STR / AFP)

Zawgyi/Unicode

ႏိုင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃(၁) (ဂ) နဲ႔ ရန္ကုန္ၿမိဳ႕မွာ တရားစဲြထားတဲ့အမႈအတြက္ ေနျပည္ေတာ္မွာ ေျပာင္းေ႐ႊ႕ စစ္ေဆးမလားဆိုတာကို ေဒၚေအာင္ဆန္းစုၾကည္အမႈေတြအတြက္ ေနျပည္ေတာ္မွာ သီးသန္႔လုပ္ထားတဲ့ တရား႐ံုးမွာ ဇြန္လ ၂၃ ရက္ေန႔မွာ ၾကားနာသြားမွာျဖစ္ပါတယ္။ အဲဒီၾကားနာပဲြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္တရားလႊတ္ေတာ္ ခ်ဳပ္က ထုတ္ျပန္တဲ့ အမႈစာရင္းထြက္လာမွ သိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ ေ႐ွ႕ေနေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကိုမစုျမတ္မြန္ကတင္ျပပါမယ္။

Australia ႏိုင္ငံသား စီးပြားေရးအႀကံေပး Sean Turnell ဆီမွာ ေတ႔ြ႐ွိတဲ့ စာ႐ြက္စာတမ္းေတြနဲ႔ ဆက္ႏြယ္ၿပီး ႏိုင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃ (၁) (ဂ)နဲ႔ ရန္ကုန္ၿမိဳ႕မွာ အမႈဖြင့္တရားစြဲထားတာပါ။ ဒါေပမဲ့ ဒီအမႈကို လြန္ခဲ့တဲ့ သီတင္း ၄ ပါတ္ေက်ာ္ထဲက ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က ယူသြားတဲ့အတြက္ ဒီအမႈကိစၥ ဘယ္လိုေ႐ွ႕ဆက္မလဲဆိုတာ တိတိက်က် မသိႏိုင္ျဖစ္ေနတာပါ။ ဇြန္လ ၂၃ ရက္ေန႔က်ရင္ေတာ့ ေနျပည္ေတာ္မွာ ဒီအမႈကို ေျပာင္းယူ စစ္ေဆးမလားဆိုတာ အထူးတရား႐ံုးမွာ ၾကားနာဖို႔႐ွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ဆိုလိုတာကေတာ့ ဒီအမႈကို ေရွ႕ေနခ်ဳပ္႐ံုးကေနၿပီးေတာ့မွ အစိုးရကိုယ္စား တရားလႊတ္ေတာ္ခ်ဳပ္မွာ ႐ံုးေျပာင္းဖို႔ ေလွ်ာက္တယ္ေပါ့ဗ်ာ။ ေလွ်ာက္တာကို ႐ံုးက ပထမတဆင့္လက္ခံလိုက္တယ္။ လက္ခံၿပီ းေတာ့မွ ႏွစ္ဘက္ေလွ်ာက္လဲခ်က္ေပါ့-ေျပာင္းသင့္သလား၊ မေျပာင္းသင့္ဘူးလား။ ေလွ်ာက္ထားခံရ သူေတြကလည္းပဲ ေျပာင္းသင့္တယ္၊ မေျပာင္းသင့္ဘူးဆိုတာ ျငင္းမယ္ဆိုရင္ျငင္းဖို႔။ အဲဒီေနရာမွာ ထူးျခားတာတခုက ေလွ်ာက္ထားခံရသူဘက္က ကိုယ္တုိင္-ဆိုၿပီး ပါေနတယ္။ သာမန္အမႈေတြမွာ ဆိုလို႔ရွိရင္ အမႈတခုကို တရားလႊတ္ေတာ္ခ်ဳပ္ကလက္ခံလိုက္ၿပီဆိုရင္ အေလွ်ာက္ခံရသူကို လွမ္းၿပီး ေတာ့ အေၾကာင္းၾကားတယ္။ ေခၚတဲ့အခါက်ရင္ ေလွ်ာက္ထားသူက သူကိုယ္တုိင္သြားရင္သြားမယ္။ အဲဒီအခါက်ရင္ ဟုိမွာ “ကိုယ္တုိင္” ဆိုၿပီးေတာ့ မွတ္တမ္းတင္တယ္။ ဒါမွမဟုတ္ သူကေနၿပီးေတာ့မွ ေရွ႕ေနကိုလႊတ္မယ္။ အဲဒါဆိုရင္ ေရွ႕ေနနာမည္ ဘယ္သူဆိုၿပီးေတာ့မွ အခုအဆင့္ကို ေရာက္တယ္ ေပါ့ဗ်ာ။ …ေလွ်ာက္ထားခံရသူကို ဆင့္တဲ့အဆင့္၊ အဲဒီ ဆင့္တဲ့အဆင့္ကို ေက်ာ္သြားတာေပါ့ဗ်ာ။ က်ေနာ္တို႔ မသိလုိက္ဘူး။”

အမႈ ၆ မႈနဲ႔ ေနျပည္ေတာ္မွာ တရားစြဲထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို စစ္ေဆးဖုိ႔ သီးသန္႔ လုပ္ထားတဲ့ အထူးတရား႐ံုးမွာ ဇြန္လ ၂၃ ရက္ေန႕ ၾကားနာမွာျဖစ္ပါတယ္။ ေနျပည္ေတာ္က အမႈ ၆ မႈအတြက္ ဇြန္လ ၇ ရက္ေန႔ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ံုးထုတ္တဲ့အခါ ရန္ကုန္အမႈအတြက္ ေ႐ွ႕ေနကိစၥကို ႐ွင္း႐ွင္းသိရမယ္လို႔ ေ႐ွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္တို႔သိမသိေတာ့ က်ေနာ္လည္းမသိဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔နဲ႔က်ေနာ္တုိ႔က ၿပီးခဲ့တဲ့႐ံုးခ်ိန္းကတည္းက အဆက္ျပတ္ေနတာ။ ၇ ရက္ေန႔က်မွ ေမးရမွာ။ အဲဒီေတာ့ အခုအဆင့္ကေတာ့ အဲဒီ “ကိုယ္တုိင္” ဆိုၿပီးေတာ့ ျဖစ္ေနတာေပါ့ဗ်ာ။ ကိုယ္တုိင္ဆိုရင္ ၂၃ ရက္ေန႔ကို ႐ံုးခ်ိန္း။ ကိုယ္တုိင္သြားၿပီး ေလွ်ာက္လဲခ်က္ေပးရမွာေပါ့။ သို႔မဟုတ္ရင္ အဲဒီေန႔ ႐ံုးခ်ိန္းက်မွ ေရွ႕ေနကို ကိုယ္စားလွယ္စာ ေပးရင္လည္း ရေတာ့လည္း ရပါတယ္။ အဲဒါကိုေတာ့ ဘယ္လိုလုပ္ၾက မလဲ က်ေနာ္မသိဘူး။ ေလွ်ာက္လဲခ်က္ ႏွစ္ဘက္ၾကားနာၿပီးေတာ့…ဒီဘက္ကေနၿပီးေတာ့မ်ား ေျပာင္းတာကို ကန္႔ကြက္စရာမရွိပါဘူး-ဆိုရင္ေတာ့ တခါတည္းျပတ္မွာေပါ့ဗ်ာ။ အဲဒီေန႔ တခါတည္း အမိန္႔က်ရင္လည္းက်မယ္။ သို႔မဟုတ္ ရက္ပိုင္းအတြင္း က်ရင္လည္းခ်မယ္။ အဲဒါမေျပာင္းခင္ၾကား ေျပာင္းမေျပာင္း…..။ အခုကေတာ့ ေျပာင္းဖို႔လုပ္တာပဲ။ ေျပာင္းဖို႔လုပ္တယ္ဆိုရင္ေတာ့ ဒီဘက္ကို အခြင့္အေရးေပးတာနဲ႔ ႔ ဥပေဒနဲ႔အညီလုပ္တယ္ဆိုတာမ်ဳိး ပြင့္လင္းျမင္သာရွိတဲ့အခါက်ေတာ့ ဥပေဒပါ အခြင့္အေရးေတာ့ အျပည့္အဝမရဘူးလို႔ …က်ေနာ္တို႔က ေျပာရမွာပဲ။”

ေနျပည္ေတာ္မွာ စြဲထားတဲ့ အမႈေတြအတြက္ ဇြန္ ၇ ရက္႐ံုးခ်ိန္မွာစတင္ စစ္ေဆးမလားဆိုတာ မသိရေသးပါဘူး။ စစ္ေကာင္စီက စီစဥ္ထားတဲ့ သီးသန္႔ တရား႐ံုးမွာ ပထမဆံုး ေဒၚေအာင္ဆန္း စုၾကည္ကို လူကိုယ္တုိင္ ႐ံုးထုတ္တဲ့ မတ္လ ၂၄ ရက္ေန႔ကေတာ့ ၾကားနာပဲြ မစခင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေ႐ွ႕ေနေတြ မိနစ္ ၃၀ ေလာက္ ေတြ႔ဆံုခြင့္ ရခ့ဲ့ေပမဲ့ အမႈအားလုံးအတြက္ ေဆြးေႏြးဖို႔ အခ်ိန္ မလံုေလာက္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်ပြောင်းရေး ဇွန် ၂၃ ကြားနာမည်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲထားတဲ့အမှုအတွက် နေပြည်တော်မှာ ပြောင်းရွှေ့ စစ်ဆေးမလားဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အမှုတွေအတွက် နေပြည်တော်မှာ သီးသန့်လုပ်ထားတဲ့ တရားရုံးမှာ ဇွန်လ ၂၃ ရက်နေ့မှာ ကြားနာသွားမှာဖြစ်ပါတယ်။ အဲဒီကြားနာပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်တရားလွှတ်တော် ချုပ်က ထုတ်ပြန်တဲ့ အမှုစာရင်းထွက်လာမှ သိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကိုမစုမြတ်မွန်ကတင်ပြပါမယ်။

Australia နိုင်ငံသား စီးပွားရေးအကြံပေး Sean Turnell ဆီမှာ တေ့ွရှိတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်နွယ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်တရားစွဲထားတာပါ။ ဒါပေမဲ့ ဒီအမှုကို လွန်ခဲ့တဲ့ သီတင်း ၄ ပါတ်ကျော်ထဲက ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ယူသွားတဲ့အတွက် ဒီအမှုကိစ္စ ဘယ်လိုရှေ့ဆက်မလဲဆိုတာ တိတိကျကျ မသိနိုင်ဖြစ်နေတာပါ။ ဇွန်လ ၂၃ ရက်နေ့ကျရင်တော့ နေပြည်တော်မှာ ဒီအမှုကို ပြောင်းယူ စစ်ဆေးမလားဆိုတာ အထူးတရားရုံးမှာ ကြားနာဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဆိုလိုတာကတော့ ဒီအမှုကို ရှေ့နေချုပ်ရုံးကနေပြီးတော့မှ အစိုးရကိုယ်စား တရားလွှတ်တော်ချုပ်မှာ ရုံးပြောင်းဖို့ လျှောက်တယ်ပေါ့ဗျာ။ လျှောက်တာကို ရုံးက ပထမတဆင့်လက်ခံလိုက်တယ်။ လက်ခံပြီ းတော့မှ နှစ်ဘက်လျှောက်လဲချက်ပေါ့-ပြောင်းသင့်သလား၊ မပြောင်းသင့်ဘူးလား။ လျှောက်ထားခံရ သူတွေကလည်းပဲ ပြောင်းသင့်တယ်၊ မပြောင်းသင့်ဘူးဆိုတာ ငြင်းမယ်ဆိုရင်ငြင်းဖို့။ အဲဒီနေရာမှာ ထူးခြားတာတခုက လျှောက်ထားခံရသူဘက်က ကိုယ်တိုင်-ဆိုပြီး ပါနေတယ်။ သာမန်အမှုတွေမှာ ဆိုလို့ရှိရင် အမှုတခုကို တရားလွှတ်တော်ချုပ်ကလက်ခံလိုက်ပြီဆိုရင် အလျှောက်ခံရသူကို လှမ်းပြီး တော့ အကြောင်းကြားတယ်။ ခေါ်တဲ့အခါကျရင် လျှောက်ထားသူက သူကိုယ်တိုင်သွားရင်သွားမယ်။ အဲဒီအခါကျရင် ဟိုမှာ “ကိုယ်တိုင်” ဆိုပြီးတော့ မှတ်တမ်းတင်တယ်။ ဒါမှမဟုတ် သူကနေပြီးတော့မှ ရှေ့နေကိုလွှတ်မယ်။ အဲဒါဆိုရင် ရှေ့နေနာမည် ဘယ်သူဆိုပြီးတော့မှ အခုအဆင့်ကို ရောက်တယ် ပေါ့ဗျာ။ …လျှောက်ထားခံရသူကို ဆင့်တဲ့အဆင့်၊ အဲဒီ ဆင့်တဲ့အဆင့်ကို ကျော်သွားတာပေါ့ဗျာ။ ကျနော်တို့ မသိလိုက်ဘူး။”

အမှု ၆ မှုနဲ့ နေပြည်တော်မှာ တရားစွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို စစ်ဆေးဖို့ သီးသန့် လုပ်ထားတဲ့ အထူးတရားရုံးမှာ ဇွန်လ ၂၃ ရက်နေ့ ကြားနာမှာဖြစ်ပါတယ်။ နေပြည်တော်က အမှု ၆ မှုအတွက် ဇွန်လ ၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့အခါ ရန်ကုန်အမှုအတွက် ရှေ့နေကိစ္စကို ရှင်းရှင်းသိရမယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့သိမသိတော့ ကျနော်လည်းမသိဘူး။ ဘာလို့လဲဆိုတော့ သူတို့နဲ့ကျနော်တို့က ပြီးခဲ့တဲ့ရုံးချိန်းကတည်းက အဆက်ပြတ်နေတာ။ ၇ ရက်နေ့ကျမှ မေးရမှာ။ အဲဒီတော့ အခုအဆင့်ကတော့ အဲဒီ “ကိုယ်တိုင်” ဆိုပြီးတော့ ဖြစ်နေတာပေါ့ဗျာ။ ကိုယ်တိုင်ဆိုရင် ၂၃ ရက်နေ့ကို ရုံးချိန်း။ ကိုယ်တိုင်သွားပြီး လျှောက်လဲချက်ပေးရမှာပေါ့။ သို့မဟုတ်ရင် အဲဒီနေ့ ရုံးချိန်းကျမှ ရှေ့နေကို ကိုယ်စားလှယ်စာ ပေးရင်လည်း ရတော့လည်း ရပါတယ်။ အဲဒါကိုတော့ ဘယ်လိုလုပ်ကြ မလဲ ကျနော်မသိဘူး။ လျှောက်လဲချက် နှစ်ဘက်ကြားနာပြီးတော့…ဒီဘက်ကနေပြီးတော့များ ပြောင်းတာကို ကန့်ကွက်စရာမရှိပါဘူး-ဆိုရင်တော့ တခါတည်းပြတ်မှာပေါ့ဗျာ။ အဲဒီနေ့ တခါတည်း အမိန့်ကျရင်လည်းကျမယ်။ သို့မဟုတ် ရက်ပိုင်းအတွင်း ကျရင်လည်းချမယ်။ အဲဒါမပြောင်းခင်ကြား ပြောင်းမပြောင်း…..။ အခုကတော့ ပြောင်းဖို့လုပ်တာပဲ။ ပြောင်းဖို့လုပ်တယ်ဆိုရင်တော့ ဒီဘက်ကို အခွင့်အရေးပေးတာနဲ့ ဥပဒေနဲ့အညီလုပ်တယ်ဆိုတာမျိုး ပွင့်လင်းမြင်သာရှိတဲ့အခါကျတော့ ဥပဒေပါ အခွင့်အရေးတော့ အပြည့်အဝမရဘူးလို့ …ကျနော်တို့က ပြောရမှာပဲ။”

နေပြည်တော်မှာ စွဲထားတဲ့ အမှုတွေအတွက် ဇွန် ၇ ရက်ရုံးချိန်မှာစတင် စစ်ဆေးမလားဆိုတာ မသိရသေးပါဘူး။ စစ်ကောင်စီက စီစဉ်ထားတဲ့ သီးသန့် တရားရုံးမှာ ပထမဆုံး ဒေါ်အောင်ဆန်း စုကြည်ကို လူကိုယ်တိုင် ရုံးထုတ်တဲ့ မတ်လ ၂၄ ရက်နေ့ကတော့ ကြားနာပွဲ မစခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ မိနစ် ၃၀ လောက် တွေ့ဆုံခွင့် ရခဲ့ပေမဲ့ အမှုအားလုံးအတွက် ဆွေးနွေးဖို့ အချိန် မလုံလောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

#DawAungSanSuuKyi #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG