သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်လႊတ္ေတာ္အတြင္း ျမန္မာ့အေရး ၾကားနာပြဲျပဳလုပ္


ၾသစေၾတးလ်လႊတ္ေတာ္တြင္း ျမန္မာ့အေရး ၾကားနာပြဲ တက္ေရာက္သူတခ်ိဳ႕။ (ဧၿပီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ၿပီး ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ႏွိမ္နင္းေနတာေၾကာင့္ ႏုိင္ငံတကာရဲ ႔ စိုးရိမ္မႈေတြ ျမင့္တက္လာခ်ိန္မွာ ၾသစေၾတးလ်လႊြတ္ေတာ္မွာလည္း ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ၾကားနာပြဲ တရပ္က်င္းပခဲ့ပါတယ္။ ၾသစေၾတးလ်ႏုိင္ငံရဲ ႔ႏုိင္ငံျခားေရး၊ ကာကြယ္ေရးနဲ႔ ကုန္သြယ္ေရး ပူးတြဲအၿမဲတမ္းေကာ္မတီက ဦးစီးၿပီး ဧၿပီလ ၁၃ ရက္္ေန႔မွာ က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီၾကားနာပြဲကိုေတာ့ ၾသစေၾတးလ်ေရာက္ ျမန္မာလူမ်ိဳးစုေပါင္စုံပါ၀င္တဲ့ ကိုယ္စားလွယ္ေတြ တက္ေရာက္ၿပီး ျမန္မာ့လက္ရွိအေျခအေနကို တင္ျပခဲ့ၾကပါတယ္။ ဒီကေန႔က်င္းပတဲ့ လႊတ္ေတာ္ၾကားနာပြဲကို ကိုယ္တိုင္တက္ေရာက္ေဆြးေႏြးခဲ့သူေတြကို နန္းေလာင္၀္က ေမးျမန္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီနည္းက်ေရြးခ်ယ္ထားတဲ့ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတာကို လက္မခံတဲ့ ဆႏၵျပျပည္သူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက အၾကမ္းဖက္ႏွိမ္နင္းသတ္ျဖတ္ေနတာေၾကာင့္ ႏုိ္င္ငံတကာရဲ ႔စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။ ဒီအခ်ိန္မွာပဲ ၾသစေၾတးလ်ႏုိင္ငံၿမိဳ ႔ေတာ္ Canberra က လႊတ္ေတာ္မွာ ျမန္မာ့အေရးကို ဧၿပီလ ၁၃ ရက္ ဒီကေန႔မွာ ေဆြးေႏြးခဲ့ၾကတာပါ။ ၾသစေၾတးလ်ေရာက္ျမန္မာႏုိင္ငံက တုိင္းရင္းသားေတြ၊ ႏုိင္ငံေရး အသိုင္းအ၀ိုင္းက လူေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြလည္း ၾကားနားပြဲကို တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီကေန႔က်င္းပတဲ့ ျမန္မာ့အေရး လႊတ္ေတာ္ ၾကားနာပြဲမွာ ကုိယ္တိုင္တက္ ထြက္ဆိုခဲ့တဲ့ ၈၈ မ်ိဳးဆက္ ကိုႏုိင္က ခုလိုရွင္းျပပါတယ္။

“အဓိကကေတာ့ သူတို႔အေနနဲ႔ ဒီၾသစေၾတးလ်မွာ ရွိတဲ့ ျမန္မာ လူမႈအသိုင္းအ၀ိုင္း အားလုံးကို ဖိတ္ေခၚၿပီး ၾသစေၾတးလ်အစိုးရအေနနဲ႔ ဘယ္လိုလုပ္ေဆာင္ေပးလို႔ရမလဲဆိုတာ အဓိကအေလးထားၿပီးေတာ့ ေမးပါတယ္ခင္ဗ်။ ဒီပါလီမန္ၾကားနာပြဲက ပုံမွန္ဆိုရင္ တျခားႏုိင္ငံေတြရဲ ႔အေရးကိုပါထည့္ၿပီးေတာ့ ေဆြးေႏြးေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီေန႔မွာလုပ္လိုက္တာကေတာ့ အင္မတန္ထူးျခားပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ျမန္မာနုိ္င္ငံအေရးတခုထဲကိုပဲ ဘက္ေပါင္းစုံက တုိင္းရင္းသားလူမႈအသိုင္းအ၀ုိင္းေတြကအစ၊ NGO၊ Human Rights အဖြဲ႔အစည္းအားလုံးကို ဖိတ္ေခၚၿပီးေတာ့ ျမန္မာ့အေရးတခုထဲကိုပဲ ေဆြးေႏြးတာျဖစ္ပါတယ္ခင္ဗ်။”

ၾကားနာပြဲကို တက္ေရာက္လာသူေတြထဲမွာ ျမန္မာႏုိင္ငံတြင္းက ခ်င္း၊ ကခ်င္၊ ရွမ္း တုိင္းရင္းသားေပါင္းစုံပါ၀င္သလို Youth Organization လူငယ္အဖြဲ႔အစည္းေတြ၊ ၈၈ မ်ိဳးဆက္ေတြ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီ NLD အမတ္ေဟာင္းေတြ ပါ၀င္တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ အမ်ားျပည္သူကိုထုတ္လႊင့္ျပသတဲ့ ဒီလိုၾကားနာပြဲကို လူတဦးခ်င္းအလိုက္ေရာ အဖြဲ႔အစည္းအလိုက္ပါ တင္ျပခြင့္ျပဳထားတာျဖစ္ပါတယ္။ တုိင္းရင္းသားေပါင္းစုံပါ၀င္တဲ့ ကိုယ္စားလွယ္ေတြကေတာ့ အျပည္ျပည္ဆုိင္ရာ လႊတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI အေနနဲ႔ ၾကားနာပြဲကို တက္ေရာက္ၿပီး ျမန္မာအသိုင္းအ၀ုိင္းကိုယ္စား တင္ျပေဆြးေႏြးခဲ့တာျဖစ္တယ္လို႔ ကိုႏုိင္ကေျပာပါတယ္။

“က်ေနာ္တို႔တုိင္းရင္းသားေတြအပါ .. အတူတူေပါ့ေနာ္၊ ပါ၀င္ေဆြးေႏြးခဲ့ၾကတဲ့အဓိကအခ်က္ေတြကေတာ့ CRPH ကိုအသိ္အမွတ္ျပဳဖို႔၊ ၿပီးေတာ့စစ္ေကာင္စီရဲ ႔ လုပ္ေဆာင္ေနမႈေတြကို ျပစ္တင္ရႈတ္ခ်ဖို႔၊ ၿပီးေတာ့ Civil Service Aid ျပည္သူလူထုအတြက္ အကူအညီေတြေပးဖို႔၊ စစ္ေဘးေရွာင္ျပည္သူေတြကိုေထာက္ပံ႔ေပးဖို႔၊ အဲဒါေတြကိုအဓိက အေလးထားၿပီးေျပာပါတယ္။ အဲဒီမွာ က်ေနာ္တို႔ ဘာကိုသြားၿပီး သတိထားမိလည္းဆိုေတာ့ ၾသစေၾတးလ်အစိုးရက CRPH ကို ေတာ္ေတာ္ေလးကို စိတ္၀င္စားၿပီး ေမးခြန္းေတြေမးပါတယ္ခင္ဗ်။ သူတို႔ဘယ္လိုဆက္သြယ္လို႔ရမလဲ၊ ဘယ္လိုဆက္သြယ္ၿပီးစကားေျပာလို႔ရမလဲ၊ UN က အၿမဲတမ္းကိုယ္စားလွယ္နဲ႔ ဆက္သြယ္ၿပီးစကားေျပာလို႔ရမလား။ ၿပီးေတာ့ ျပည္တြင္းက CRPH အဖြဲ႔၀င္ေတြကို ဘယ္လိုလမ္းေၾကာင္းေတြနဲ႔ဆက္သြယ္စကားေျပာလို႔ရမလဲ။ အဲဒီလိုေမးခြန္းေတြ က်ေနာ္တို႔ကိုေမးပါတယ္ခင္ဗ်။"

ျမန္မာအေပၚၾသဇာေညာင္းတဲ့ တ႐ုတ္ႏို္င္ငံရဲ ႔ အဓိက ကုန္သြယ္ေရးမဟာမိတ္ျဖစ္တဲ့ ၾသစေၾတးလ်အစိုးရအေနနဲ႔ ျမန္မာစစ္တပ္ရဲ ႔လုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ တုံ႔ျပန္ေဆာင္ရြက္မႈေႏွာင့္ေႏွးေနတဲ့အတြက္ လႊတ္ေတာ္အမတ္ေတြနဲ႔ ႏုိင္ငံေရးအသိုင္းအ၀ိုင္းၾကား စိတ္အေနွာင့္အယွက္ျဖစ္ေနပုံရတယ္လို႔လည္း သုံးသပ္မႈေတြ ရွိပါတယ္။

စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြ၊ စစ္တပ္နဲ႔ဆက္စပ္ပတ္သက္ေနတဲ့ စီးပြါးေရးလုပ္ငန္းေတြကို အေမရိိကန္၊ ၿဗိတိန္၊ ကေနဒါနဲ႔ ဥေရာပသမဂၢတို႔က အေစာပိုင္းကတည္းက ဒဏ္ခတ္ပိတ္ဆို႔ထားၿပီးပါၿပီ။ ၾသစေၾတးလ်အစိုးရကေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ သိပ္ၿပီးတက္တက္ၾကြၾကြမရွိတဲ့အတြက္ လႊတ္ေတာ္အမတ္ေတြနဲ႔ ႏုိင္ငံေရးအသိုင္းအ၀ိုင္းက ဒီကိစၥကို သံတမန္ေရးနည္းလမ္းေတြနဲ႔ ေဆာင္ရြက္လာတာလို႔လည္း ၾကားနာပြဲတက္ေရာက္သူေတြက ျမင္ၾကပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ဖမ္းဆီးခံထားရတဲ့ စီးပါြးေရးအႀကံေပး၊ ၾသစေၾတးလ်ႏို္င္ငံသား Sean Turnell ေၾကာင့္လည္း ျမန္မာအေပၚ ၾသစေၾတးလ်က သတိထားဆက္ဆံေနတာလို႔ လႊတ္ေတာ္ၾကားနာပြဲတက္ေရာက္ခဲ့သူေတြက သုံးသပ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီိိဖိုးနီးယားျပည္နယ္အေျခစိုက္တဲ့ Global Movement for Myanmar Democracy (GM for Myanmar) အဖြဲ႔ကိုယ္စားလွယ္အျဖစ္ ဒီကေန႔ ၾကားနာပြဲကိုတက္ေရာက္ခဲ့တဲ့ မထက္ယမုံေအာင္ကလည္း သူ႔အျမင္ကို ဗြီအိုေအကို ခုလိုေျပာပါတယ္။

“အားရေက်နပ္မႈရွိပါတယ္။ အဓိကက ေထာက္ျပႏုိင္ခဲ့တာက ၾသစေၾတးလ်က တျခားႏုိင္ငံေတြနဲ႔စာရင္ သူကေနာက္က်ေနတာေပါ့ေနာ္။ ထိထိေရာက္ေရာက္နဲ႔ အေရးယူမႈေတြဘာမွမလုပ္ေသးလို႔.. သူတို႔အေနနဲ႔ ဘယ္လိုအေရးယူမႈေတြေတာ့ လုပ္သင့္ပါတယ္။ ေနာက္က်ေနတယ္ဆိုတာကို ေထာက္ျပႏုိင္ခဲ့လို႔ အားရေၾကနပ္မႈ အတုိင္းအတာတခုေတာ့ ရွိပါတယ္။ ဒါေပမဲ့ ဒါကလည္း ပထမေျခလွမ္းေတြထဲက တခုလို႔ပဲ ျမင္ပါတယ္။ ေအာ္စီက ျမန္မာေတြလည္း ထပ္ၿပီးၾကိဳးပမ္းသြားဖို႔ရွိပါတယ္။”

ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနတဲ့ Crime against Humanity issue (လူသားထုအေပၚက်ဴးလြန္တဲ့ရာဇ၀တ္မႈ)နဲ႔ ပတ္သက္ၿပီး တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္မယ္ဆိုရင္ ျမန္မာကိုတရုတ္နုိင္ငံလက္ထဲ ၀ကြက္အပ္လိုက္သလိုျဖစ္သြားႏုိင္တာေၾကာင့္ သတိနဲ႔ ခ်ည္းကပ္ေနတယ္လို႔ ရႈျမင္ေနၾကတာလည္းျဖစ္ပါတယ္။ ႏုိင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကလည္း ျမန္မာႏုိင္ငံမွာေပၚေပါက္ေနတဲ့ စစ္တပ္ရဲ ႔အၾကမ္းဖက္သတ္ျဖတ္မႈေတြဟာ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေျမာက္တယ္လို႔ မၾကာေသးခင္ရက္ပိုင္းကပဲ ေၾကျငာခ်က္ထုတ္ျပန္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သြစတြေးလျလွှတ်တော်အတွင်း မြန်မာ့အရေး ကြားနာပွဲပြုလုပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ သြစတြေးလျလွှွတ်တော်မှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြားနာပွဲ တရပ်ကျင်းပခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေး ပူးတွဲအမြဲတမ်းကော်မတီက ဦးစီးပြီး ဧပြီလ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီကြားနာပွဲကိုတော့ သြစတြေးလျရောက် မြန်မာလူမျိုးစုပေါင်စုံပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး မြန်မာ့လက်ရှိအခြေအနေကို တင်ပြခဲ့ကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ လွှတ်တော်ကြားနာပွဲကို ကိုယ်တိုင်တက်ရောက်ဆွေးနွေးခဲ့သူတွေကို နန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာကို လက်မခံတဲ့ ဆန္ဒပြပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်နေတာကြောင့် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ဒီအချိန်မှာပဲ သြစတြေးလျနိုင်ငံမြို့တော် Canberra က လွှတ်တော်မှာ မြန်မာ့အရေးကို ဧပြီလ ၁၃ ရက် ဒီကနေ့မှာ ဆွေးနွေးခဲ့ကြတာပါ။ သြစတြေးလျရောက်မြန်မာနိုင်ငံက တိုင်းရင်းသားတွေ၊ နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ကြားနားပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ မြန်မာ့အရေး လွှတ်တော် ကြားနာပွဲမှာ ကိုယ်တိုင်တက် ထွက်ဆိုခဲ့တဲ့ ၈၈ မျိုးဆက် ကိုနိုင်က ခုလိုရှင်းပြပါတယ်။

“အဓိကကတော့ သူတို့အနေနဲ့ ဒီသြစတြေးလျမှာ ရှိတဲ့ မြန်မာ လူမှုအသိုင်းအဝိုင်း အားလုံးကို ဖိတ်ခေါ်ပြီး သြစတြေးလျအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးလို့ရမလဲဆိုတာ အဓိကအလေးထားပြီးတော့ မေးပါတယ်ခင်ဗျ။ ဒီပါလီမန်ကြားနာပွဲက ပုံမှန်ဆိုရင် တခြားနိုင်ငံတွေရဲ့အရေးကိုပါထည့်ပြီးတော့ ဆွေးနွေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာလုပ်လိုက်တာကတော့ အင်မတန်ထူးခြားပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံအရေးတခုထဲကိုပဲ ဘက်ပေါင်းစုံက တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းတွေကအစ၊ NGO၊ Human Rights အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ပြီးတော့ မြန်မာ့အရေးတခုထဲကိုပဲ ဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျ။”

ကြားနာပွဲကို တက်ရောက်လာသူတွေထဲမှာ မြန်မာနိုင်ငံတွင်းက ချင်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံပါဝင်သလို Youth Organization လူငယ်အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD အမတ်ဟောင်းတွေ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အများပြည်သူကိုထုတ်လွှင့်ပြသတဲ့ ဒီလိုကြားနာပွဲကို လူတဦးချင်းအလိုက်ရော အဖွဲ့အစည်းအလိုက်ပါ တင်ပြခွင့်ပြုထားတာဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကိုယ်စားလှယ်တွေကတော့ အပြည်ပြည်ဆိုင်ရာ လွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အနေနဲ့ ကြားနာပွဲကို တက်ရောက်ပြီး မြန်မာအသိုင်းအဝိုင်းကိုယ်စား တင်ပြဆွေးနွေးခဲ့တာဖြစ်တယ်လို့ ကိုနိုင်ကပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားတွေအပါ .. အတူတူပေါ့နော်၊ ပါဝင်ဆွေးနွေးခဲ့ကြတဲ့အဓိကအချက်တွေကတော့ CRPH ကိုအသိအမှတ်ပြုဖို့၊ ပြီးတော့စစ်ကောင်စီရဲ့ လုပ်ဆောင်နေမှုတွေကို ပြစ်တင်ရှုတ်ချဖို့၊ ပြီးတော့ Civil Service Aid ပြည်သူလူထုအတွက် အကူအညီတွေပေးဖို့၊ စစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့ပေးဖို့၊ အဲဒါတွေကိုအဓိက အလေးထားပြီးပြောပါတယ်။ အဲဒီမှာ ကျနော်တို့ ဘာကိုသွားပြီး သတိထားမိလည်းဆိုတော့ သြစတြေးလျအစိုးရက CRPH ကို တော်တော်လေးကို စိတ်ဝင်စားပြီး မေးခွန်းတွေမေးပါတယ်ခင်ဗျ။ သူတို့ဘယ်လိုဆက်သွယ်လို့ရမလဲ၊ ဘယ်လိုဆက်သွယ်ပြီးစကားပြောလို့ရမလဲ၊ UN က အမြဲတမ်းကိုယ်စားလှယ်နဲ့ ဆက်သွယ်ပြီးစကားပြောလို့ရမလား။ ပြီးတော့ ပြည်တွင်းက CRPH အဖွဲ့ဝင်တွေကို ဘယ်လိုလမ်းကြောင်းတွေနဲ့ဆက်သွယ်စကားပြောလို့ရမလဲ။ အဲဒီလိုမေးခွန်းတွေ ကျနော်တို့ကိုမေးပါတယ်ခင်ဗျ။"

မြန်မာအပေါ်သြဇာညောင်းတဲ့ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးမဟာမိတ်ဖြစ်တဲ့ သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ဆောင်ရွက်မှုနှောင့်နှေးနေတဲ့အတွက် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကြား စိတ်အနှောင့်အယှက်ဖြစ်နေပုံရတယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က အစောပိုင်းကတည်းက ဒဏ်ခတ်ပိတ်ဆို့ထားပြီးပါပြီ။ သြစတြေးလျအစိုးရကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သိပ်ပြီးတက်တက်ကြွကြွမရှိတဲ့အတွက် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဒီကိစ္စကို သံတမန်ရေးနည်းလမ်းတွေနဲ့ ဆောင်ရွက်လာတာလို့လည်း ကြားနာပွဲတက်ရောက်သူတွေက မြင်ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ စီးပါွးရေးအကြံပေး၊ သြစတြေးလျနိုင်ငံသား Sean Turnell ကြောင့်လည်း မြန်မာအပေါ် သြစတြေးလျက သတိထားဆက်ဆံနေတာလို့ လွှတ်တော်ကြားနာပွဲတက်ရောက်ခဲ့သူတွေက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက်တဲ့ Global Movement for Myanmar Democracy (GM for Myanmar) အဖွဲ့ကိုယ်စားလှယ်အဖြစ် ဒီကနေ့ ကြားနာပွဲကိုတက်ရောက်ခဲ့တဲ့ မထက်ယမုံအောင်ကလည်း သူ့အမြင်ကို ဗွီအိုအေကို ခုလိုပြောပါတယ်။

“အားရကျေနပ်မှုရှိပါတယ်။ အဓိကက ထောက်ပြနိုင်ခဲ့တာက သြစတြေးလျက တခြားနိုင်ငံတွေနဲ့စာရင် သူကနောက်ကျနေတာပေါ့နော်။ ထိထိရောက်ရောက်နဲ့ အရေးယူမှုတွေဘာမှမလုပ်သေးလို့.. သူတို့အနေနဲ့ ဘယ်လိုအရေးယူမှုတွေတော့ လုပ်သင့်ပါတယ်။ နောက်ကျနေတယ်ဆိုတာကို ထောက်ပြနိုင်ခဲ့လို့ အားရကြေနပ်မှု အတိုင်းအတာတခုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါကလည်း ပထမခြေလှမ်းတွေထဲက တခုလို့ပဲ မြင်ပါတယ်။ အော်စီက မြန်မာတွေလည်း ထပ်ပြီးကြိုးပမ်းသွားဖို့ရှိပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ Crime against Humanity issue (လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု)နဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်မယ်ဆိုရင် မြန်မာကိုတရုတ်နိုင်ငံလက်ထဲ ဝကွက်အပ်လိုက်သလိုဖြစ်သွားနိုင်တာကြောင့် သတိနဲ့ ချည်းကပ်နေတယ်လို့ ရှုမြင်နေကြတာလည်းဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း မြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ မကြာသေးခင်ရက်ပိုင်းကပဲ ကြေငြာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG