သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗဟိုဘဏ္ရဲ႕ ကိုင္တြယ္မႈ တိုင္းျပည္စီးပြားေရး က်ဆင္းေစသလား


တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ဇြန္လ ၁၆ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ စစ္ေကာင္စီလက္ေအာက္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ရဲ႕ ဘဏ္အသီးသီးအတြက္ ၫႊန္ၾကားလႊာေၾကာင့္ ဘဏ္ေတြ၊ စီးပြားေရး လုပ္ငန္းေတြတင္မက ဘဏ္စာရင္းရွိတဲ့ သာမန္ျပည္သူေတြအၾကားမွာပါ အေတာ္ေလး လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြားေစခဲ့ပါတယ္။ “ ေငြသားစီမံခန႔္ခြဲမႈ ေကာင္းမြန္ေစရန္ႏွင့္ Digital Payment မ်ားျဖင့္ ေဆာင္႐ြက္ရန္ ကိစၥ” လို႔ ေခါင္းစဥ္တပ္ထားတဲ့ အဲဒီ ၫႊန္ၾကားလႊာေၾကာင့္ ဘဏ္ေတြကေန ေငြသား ထုတ္ယူမႈ ပိုၿပီး ခက္ခဲေစမွာ ျဖစ္လို႔ စီးပြားေရး သမားေတြေရာ၊ ျပည္သူေတြပါ အေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္သြားၾကတာပါ။ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္မွာ ဘာေတြ ေဖာ္ျပထားသလဲ၊ အဲဒီ ၫႊန္ၾကားခ်က္ေတြဟာ ဘဏ္ေတြနဲ႔ ေငြေၾကးအပ္ႏွံသူေတြၾကား သေဘာတူညီထားၾကတဲ့ ပဋိဉာဥ္ေတြနဲ႔ေရာ ကိုက္ညီမႈ ရွိပါရဲ႕လား၊ ဗဟိုဘဏ္ရဲ႕ အဲဒီၫႊန္ၾကားခ်က္ေၾကာင့္ လက္ေတြ႕ ေငြေရးေၾကးေရးက႑နဲ႔ စီးပြားေရး က႑မွာ ဘယ္လို သက္ေရာက္မႈေတြ ျဖစ္ေပၚေနသလဲ ဆိုတဲ့ ကိစၥ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ထဲမွာ ဘဏ္ထဲ ေငြေၾကးအပ္ႏွံထားတဲ့ ျပည္သူေတြကိစၥ အဓိက ပါဝင္ပါတယ္။ ၫႊန္ၾကားခ်က္ နိဒါန္းမွာ ဘဏ္ေတြအေနနဲ႔ ေငြစုဘဏ္ အပ္ေငြေတြ၊ အခ်ိန္ပိုင္း အပ္ေငြေတြနဲ႔ ပတ္သက္ၿပီး မိမိတို႔ရဲ႕ Customers ေတြကို ဝန္ေဆာင္မႈေပးရာမွာ အဲဒီအပ္ေငြေတြဟာ ခ်က္ျခင္းေပးရမယ့္ စာရင္းရွင္ အပ္ေငြသေဘာမ်ိဳး ျဖစ္ေနတာေၾကာင့္ ေငြစုဘဏ္နဲ႔ အခ်ိန္ပိုင္း အပ္ေငြေတြရဲ႕ ရည္႐ြယ္ခ်က္ကို အေကာင္အထည္ မေဖာ္ႏိုင္တဲ့အျပင္ မိမိတို႔ဘဏ္ရဲ႕ ေငြေၾကးလြယ္ကူမႈနဲ႔ Assets and Liabilities Management ထိန္းေက်ာင္းမႈ အားနည္းတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အဲဒီ ေငြစုဘဏ္စာရင္း Saving account ကေန ေငြလာထုတ္ရင္ စာရင္းရွင္ အပ္ေငြ Current account ေတြလို ခ်က္ျခင္း ထုတ္ေပးျခင္း မျပဳဖို႔၊ အဲဒီ ေငြစုဘဏ္ စာရင္းထဲကေငြေတြကို အတိုင္းအတာ ပမာဏ တစ္ခု သတ္မွတ္ၿပီး Current account ထဲကို ေျပာင္းထည့္၊ အဲဒီ Current account ထဲကမွ တစ္ပတ္ကို တစ္ႀကိမ္ ATM ကဒ္နဲ႔ ျဖစ္ေစ၊ အျခား Pay ေတြ၊ Wallet ေတြနဲ႔ ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးဖို႔၊ အခ်ိန္ပိုင္း အပ္ေငြေတြနဲ႔ ပတ္သက္လို႔ကေတာ့ သူ႔ သက္တမ္း ေစ့ေရာက္မွသာ ေငြထုတ္ေပးဖို႔ ဆိုၿပီး ေဖာ္ျပထား ပါတယ္။ လိုရင္း အဓိပၸါယ္ကေတာ့ Saving account နဲ႔ Time Deposits ေတြကို ေအတီအမ္ကေန ျဖစ္ေစ၊ ဘဏ္စာအုပ္နဲ႔ျဖစ္ေစ ေငြစကၠဴ ထုတ္မေပးဖို႔ ၫႊန္ၾကားလိုက္တာပါပဲ။ လက္ရွိ ဘဏ္ေတြမွာ ေငြေၾကးအပ္ႏွံထားတဲ့ သန္းနဲ႔ခ်ီတဲ့ ျပည္သူအမ်ားစုႀကီးဟာ ေငြစုဘဏ္စာအုပ္လို႔ ေခၚတဲ့ Saving account ေတြဖြင့္လွစ္ထားတာမို႔ ဗဟိုဘဏ္ရဲ႕ အဲဒီ ၫႊန္ၾကားခ်က္ ႐ိုက္ခတ္မႈ ႀကီးမား က်ယ္ျပန႔္တာ ျဖစ္ပါတယ္။
ဒီေနရာမွာ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ဟာ ျပည္သူေတြက ဘဏ္ေတြမွာ ေငြေၾကးအပ္ႏွံၿပီး ဖြင့္လွစ္ထားတဲ့ account ေတြရဲ႕ ကာစတန္မာနဲ႔ ဘဏ္ သေဘာတူညီခ်က္ ပဋိဉာဥ္ တနည္း စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုက္ညီပါရဲ႕လား ဆိုတာ အရင္ၾကည့္ဖို႔ လိုပါတယ္။

ျပည္သူေတြဟာ ဘဏ္ေတြမွာ ေငြေၾကးအပ္ႏွံၿပီး account ဖြင့္တဲ့အခါ ဘယ္လို account အမ်ိဳးအစားကို ဖြင့္မလဲ၊ အဲဒီ account အမ်ိဳးအစားမွာ ဘယ္လို စည္းကမ္းခ်က္ေတြပါၿပီး ကိုယ္က ဘာေတြ အက်ိဳးခံစားခြင့္ရွိမလဲ ဆိုတာ လက္ကမ္းစာေစာင္ေလးေတြနဲ႔ အသိေပးေလ့ရွိပါတယ္။ ဒါတင္မက ဘဏ္ေတြရဲ႕ ဝက္ဘ္ဆိုက္ေတြထဲမွာလည္း ဝင္ၾကည့္လို႔ရပါတယ္။

နမူနာအားျဖင့္ ကေမာၻဇဘဏ္ရဲ႕ ဝက္ဘ္ဆိုက္ ေဖာ္ျပခ်က္အရ ေငြစုဘဏ္စာအုပ္ Saving account ဖြင့္ခ်င္သူေတြ အေနနဲ႔ ကနဦးအပ္ေငြ အနည္းဆုံး က်ပ္ ၁၀၀၀၀ ရွိရမွာျဖစ္ၿပီး ဘဏ္စာအုပ္ထဲမွာ လက္က်န္ အနည္းဆုံး က်ပ္ ၁၀၀၀၀ က်န္ရမယ္လို႔ ေဖာ္ျပထားပါတယ္။ အတိုးႏႈန္း တစ္ႏွစ္ ၅% ရမွာျဖစ္ၿပီး ေငြသြင္းတာကို ကန႔္သတ္ခ်က္မရွိ အႀကိမ္ႀကိမ္ သြင္းႏိုင္ေပမယ့္ ေငြထုတ္ယူတာကိုေတာ့ တပတ္ကို တစ္ႀကိမ္ “ေငြပမာဏ ကန႔္သတ္ခ်က္မရွိ” ထုတ္ယူႏိုင္တယ္လို႔ ဆိုထားပါတယ္။ ဒါတင္မက အရင္ ပုံမွန္ အေျခအေနတုန္းက အဲဒီ ေငြစာရင္းကို ဘဏ္ကဒ္နဲ႔ ခ်ိတ္ဆက္ၿပီး ATM စက္ေတြမွာ တစ္ေန႔ကို အမ်ားဆုံး က်ပ္ ၁၀ သိန္းအထိ ရက္အကန႔္အသတ္မရွိ ထုတ္ယူႏိုင္ခဲ့တာပါ။

Time Deposits စာရင္းေသ အပ္ေငြ ကေတာ့ ကိုယ္က ၆ လ တစ္ႏွစ္ အပ္ထားရင္ အဲဒီအခ်ိန္ ေစ့ေရာက္ရင္ အပ္ေငြေရာ အတိုးကိုပါ ထုတ္ယူႏိုင္သလို၊ အဲဒီအခ်ိန္ မေစ့ေရာက္ပဲ ဘယ္အခ်ိန္မွာမဆို အခ်ိန္မေ႐ြး ေငြေတြ ျပန္ ထုတ္ယူႏိုင္တယ္၊ ဒါေပမယ့္ သတ္မွတ္ကာလ မျပည့္ရင္ အတိုးေတာ့ မရဘူးလို႔ ဆိုထားပါတယ္။ တကယ္ေတာ့ ဘဏ္ေတြမွာ ေငြေၾကး အပ္ႏွံထားတဲ့ အေကာင့္န္ အမ်ိဳးအစား အားလုံးဟာ ရႏိုင္တဲ့ အတိုးႏႈန္း ရာခိုင္ႏႈန္း၊ အတိုးေပးတဲ့ပုံစံ ကြဲျပားတာကလြဲၿပီး ကိုယ့္ေငြကိုယ္ ျပန္ထုတ္တာကိုေတာ့ ပမာဏ အကန႔္အသတ္မရွိ အခ်ိန္မေ႐ြး ထုတ္ယူလို႔ ရႏိုင္တာခ်ည္းပါ။ ဒါတင္မက ကိုယ့္အေကာင့္န္ကို ကိုယ္ ျပန္ပိတ္သိမ္းတယ္ဆိုရင္လည္း သြင္းထားသမွ် အားလုံး တစ္ႀကိမ္တည္း ျပန္ထုတ္လို႔ ရပါတယ္။ ဒါဟာ ကာစတန္မာေတြနဲ႔ ဘဏ္ေတြၾကား သေဘာတူညီၿပီး၊ အတိအလင္း ထုတ္ျပန္ထားတဲ့ ပဋိဉာဥ္ စည္းကမ္းျဖစ္သလို အဲဒီ ပဋိဉာဥ္ေၾကာင့္ပဲ ျပည္သူေတြဟာ ဘဏ္ေတြမွာ ေငြေၾကး အပ္ႏွံၾကတာ ျဖစ္ပါတယ္။ ႏွစ္ဦး သေဘာတူ စည္းမ်ဥ္းစည္းကမ္းေတြ ျဖစ္တာေၾကာင့္ ကာစတန္မာေတြ ဘက္ကေရာ၊ ဘဏ္ေတြဘက္ကပါ အဲဒီ စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာဖို႔ လိုပါတယ္။ အခုေတာ့ ဗဟိုဘဏ္ဟာ ကာစတန္မာ ျပည္သူေတြနဲ႔ ဘဏ္ေတြအၾကား ထားရွိတဲ့ ပဋိဉာဥ္ေတြခ်ိဳးေဖါက္ဖို႔၊ အပ္ထားတဲ့ေငြေတြ ျပန္ထုတ္မေပးဖို႔ ဘဏ္ေတြကို ေျပာင္ေျပာင္တင္းတင္း ၫႊန္ၾကားလိုက္တဲ့ သေဘာ သက္ေရာက္ေနတာ ေတြ႕ရပါတယ္။ ဒါဟာ ဒီမိုကေရစီနဲ႔ ေဈးကြက္စီးပြားေရး စနစ္ရွိတဲ့ ႏိုင္ငံေတြမွာဆို သန္းနဲ႔ခ်ီတဲ့ ကာစတန္မာေတြဟာ ဘဏ္ေတြကို တရားစြဲ၊ ကိုယ့္ေငြကိုယ္ ျပန္ရဖို႔တင္မက ေလ်ာ္ေၾကးေတြပါ ေပးဖို႔ ေတာင္းဆိုႏိုင္တဲ့ အေနအထားမ်ိဳးပါ။

ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ဟာ အဲေလာက္ မကေသးပါဘူး။ ၫႊန္ၾကားခ်က္ နံပတ္၂ အပိုဒ္ (ဂ)မွာ အစိုးရတင္ဒါေအာင္သူေတြ အတြက္ ဘဏ္ေတြကေန ေငြသား ထုတ္မေပးပဲ ဘဏ္အေကာင့္န္ထဲကို စာရင္းလြဲွေျပာင္းေပးတာ၊ ခ်က္လက္မွတ္နဲ႔ပဲ ထုတ္ေပးပါလို႔ ဆိုထားပါတယ္။ ဒီအေျခအေနေၾကာင့္ လက္ရွိ အစိုးရတင္ဒါေအာင္ၿပီး လမ္းတံတား၊ ေဆး႐ုံ၊ ေက်ာင္း အပါအဝင္ တည္ေဆာက္ေရး လုပ္တဲ့သူေတြဟာ ကုန္ၾကမ္းနဲ႔ လုပ္အားခေတြ ေပးေခ်ဖို႔ ဘဏ္ေတြကေန ေငြသား ထုတ္ယူမရတာေၾကာင့္ အႀကီးအက်ယ္ အခက္အခဲ ႀကဳံေနရပါၿပီ။ ဒါတင္မက ကုမၸဏီေတြ လုပ္ငန္းေတြကိုလည္း မျဖစ္မေန ကိစၥမွ အပ က်န္တာေတြကို ေငြသားထုတ္မေပးပဲ ဘဏ္စာရင္းလြဲွေျပာင္းမႈ၊ ဒီဂ်စ္တယ္ေပးမင့္ေတြနဲ႔ပဲ ေပးဖို႔၊ ကုန္ပစၥည္းေရာင္းခ်တဲ့ စတိုးဆိုင္ႀကီးေတြနဲ႔ လုပ္ငန္းေတြကိုလည္း တလအတြင္း ေရာင္းခ်ရေငြရဲ႕ ၅၀% ေအာက္ကိုပဲ ေငြသားထုတ္ေပးဖို႔ ၫႊန္ၾကားထားတာ ေတြ႕ရပါတယ္။

လက္ရွိ ဗဟိုဘဏ္ရဲ႕ ဘဏ္ဆိုင္ရာ၊ ေငြေရးေၾကးေရး က႑ဆိုင္ရာ ကိုင္တြယ္ပုံေတြကို ၾကည့္ရင္ စစ္ေကာင္စီ လက္ထက္မွာ ဘဏ္ေတြ မၿပိဳလဲေစရ ဆိုတဲ့ ရည္မွန္းခ်က္ တစ္ခုအတြက္ ကာစတန္မာ ျပည္သူေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြ၊ ဘဏ္နဲ႔ အလုပ္လုပ္ေနသူေတြရဲ႕ ရပိုင္ခြင့္ အမ်ိဳးမ်ိဳး ခ်ိဳးေဖါက္ေနတဲ့သေဘာ ျမင္ေတြ႕ေနရပါတယ္။ ဒီလို ကိုင္တြယ္မႈေၾကာင့္ ေငြေရးေၾကးေရး နဲ႔ စီးပြားေရး က႑၊ အဲဒါနဲ႔ ဆက္ႏႊယ္တဲ့ အျခားေသာ က႑အသီးသီးကို ဆိုးက်ိဳးေတြ ႐ိုက္ခတ္ေနၿပီး ဘဏ္ေတြအေပၚ ျပည္သူေတြရဲ႕ ယုံၾကည္မႈကလည္း တစ္ေန႔ထက္တစ္ေန႔ ပိုပိုၿပီး က်ဆင္းလာေနတာ ေတြ႕ျမင္ၾကရပါတယ္။ ဒီလို အေျခအေနေအာက္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း က်ဆင္းသြားတဲ့ ႏိုင္ငံ့စီးပြားေရး ျပန္လည္ နာလံထူမယ့္ အရိပ္လကၡဏာ မ်ိဳးကိုေတာ့ မျမင္မေတြ႕ရေသးေၾကာင္းပါ။

---------------------

ဗဟိုဘဏ်ရဲ့ ကိုင်တွယ်မှု တိုင်းပြည်စီးပွားရေး ကျဆင်းစေသလား
စည်သူအောင်မြင့်

ပြီးခဲ့တဲ့ ဇွန်လ ၁၆ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဘဏ်အသီးသီးအတွက် ညွှန်ကြားလွှာကြောင့် ဘဏ်တွေ၊ စီးပွားရေး လုပ်ငန်းတွေတင်မက ဘဏ်စာရင်းရှိတဲ့ သာမန်ပြည်သူတွေအကြားမှာပါ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ်။ “ ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေရန်နှင့် Digital Payment များဖြင့် ဆောင်ရွက်ရန် ကိစ္စ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ ညွှန်ကြားလွှာကြောင့် ဘဏ်တွေကနေ ငွေသား ထုတ်ယူမှု ပိုပြီး ခက်ခဲစေမှာ ဖြစ်လို့ စီးပွားရေး သမားတွေရော၊ ပြည်သူတွေပါ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားကြတာပါ။ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်မှာ ဘာတွေ ဖော်ပြထားသလဲ၊ အဲဒီ ညွှန်ကြားချက်တွေဟာ ဘဏ်တွေနဲ့ ငွေကြေးအပ်နှံသူတွေကြား သဘောတူညီထားကြတဲ့ ပဋိဉာဉ်တွေနဲ့ရော ကိုက်ညီမှု ရှိပါရဲ့လား၊ ဗဟိုဘဏ်ရဲ့ အဲဒီညွှန်ကြားချက်ကြောင့် လက်တွေ့ ငွေရေးကြေးရေးကဏ္ဍနဲ့ စီးပွားရေး ကဏ္ဍမှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်ပေါ်နေသလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထဲမှာ ဘဏ်ထဲ ငွေကြေးအပ်နှံထားတဲ့ ပြည်သူတွေကိစ္စ အဓိက ပါဝင်ပါတယ်။ ညွှန်ကြားချက် နိဒါန်းမှာ ဘဏ်တွေအနေနဲ့ ငွေစုဘဏ် အပ်ငွေတွေ၊ အချိန်ပိုင်း အပ်ငွေတွေနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ Customers တွေကို ဝန်ဆောင်မှုပေးရာမှာ အဲဒီအပ်ငွေတွေဟာ ချက်ခြင်းပေးရမယ့် စာရင်းရှင် အပ်ငွေသဘောမျိုး ဖြစ်နေတာကြောင့် ငွေစုဘဏ်နဲ့ အချိန်ပိုင်း အပ်ငွေတွေရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်တဲ့အပြင် မိမိတို့ဘဏ်ရဲ့ ငွေကြေးလွယ်ကူမှုနဲ့ Assets and Liabilities Management ထိန်းကျောင်းမှု အားနည်းတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ ငွေစုဘဏ်စာရင်း Saving account ကနေ ငွေလာထုတ်ရင် စာရင်းရှင် အပ်ငွေ Current account တွေလို ချက်ခြင်း ထုတ်ပေးခြင်း မပြုဖို့၊ အဲဒီ ငွေစုဘဏ် စာရင်းထဲကငွေတွေကို အတိုင်းအတာ ပမာဏ တစ်ခု သတ်မှတ်ပြီး Current account ထဲကို ပြောင်းထည့်၊ အဲဒီ Current account ထဲကမှ တစ်ပတ်ကို တစ်ကြိမ် ATM ကဒ်နဲ့ ဖြစ်စေ၊ အခြား Pay တွေ၊ Wallet တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးဖို့၊ အချိန်ပိုင်း အပ်ငွေတွေနဲ့ ပတ်သက်လို့ကတော့ သူ့ သက်တမ်း စေ့ရောက်မှသာ ငွေထုတ်ပေးဖို့ ဆိုပြီး ဖော်ပြထား ပါတယ်။ လိုရင်း အဓိပ္ပါယ်ကတော့ Saving account နဲ့ Time Deposits တွေကို အေတီအမ်ကနေ ဖြစ်စေ၊ ဘဏ်စာအုပ်နဲ့ဖြစ်စေ ငွေစက္ကူ ထုတ်မပေးဖို့ ညွှန်ကြားလိုက်တာပါပဲ။ လက်ရှိ ဘဏ်တွေမှာ ငွေကြေးအပ်နှံထားတဲ့ သန်းနဲ့ချီတဲ့ ပြည်သူအများစုကြီးဟာ ငွေစုဘဏ်စာအုပ်လို့ ခေါ်တဲ့ Saving account တွေဖွင့်လှစ်ထားတာမို့ ဗဟိုဘဏ်ရဲ့ အဲဒီ ညွှန်ကြားချက် ရိုက်ခတ်မှု ကြီးမား ကျယ်ပြန့်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ဟာ ပြည်သူတွေက ဘဏ်တွေမှာ ငွေကြေးအပ်နှံပြီး ဖွင့်လှစ်ထားတဲ့ account တွေရဲ့ ကာစတန်မာနဲ့ ဘဏ် သဘောတူညီချက် ပဋိဉာဉ် တနည်း စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီပါရဲ့လား ဆိုတာ အရင်ကြည့်ဖို့ လိုပါတယ်။

ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေကြေးအပ်နှံပြီး account ဖွင့်တဲ့အခါ ဘယ်လို account အမျိုးအစားကို ဖွင့်မလဲ၊ အဲဒီ account အမျိုးအစားမှာ ဘယ်လို စည်းကမ်းချက်တွေပါပြီး ကိုယ်က ဘာတွေ အကျိုးခံစားခွင့်ရှိမလဲ ဆိုတာ လက်ကမ်းစာစောင်လေးတွေနဲ့ အသိပေးလေ့ရှိပါတယ်။ ဒါတင်မက ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်တွေထဲမှာလည်း ဝင်ကြည့်လို့ရပါတယ်။

နမူနာအားဖြင့် ကမ္ဘောဇဘဏ်ရဲ့ ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ငွေစုဘဏ်စာအုပ် Saving account ဖွင့်ချင်သူတွေ အနေနဲ့ ကနဦးအပ်ငွေ အနည်းဆုံး ကျပ် ၁၀၀၀၀ ရှိရမှာဖြစ်ပြီး ဘဏ်စာအုပ်ထဲမှာ လက်ကျန် အနည်းဆုံး ကျပ် ၁၀၀၀၀ ကျန်ရမယ်လို့ ဖော်ပြထားပါတယ်။ အတိုးနှုန်း တစ်နှစ် ၅% ရမှာဖြစ်ပြီး ငွေသွင်းတာကို ကန့်သတ်ချက်မရှိ အကြိမ်ကြိမ် သွင်းနိုင်ပေမယ့် ငွေထုတ်ယူတာကိုတော့ တပတ်ကို တစ်ကြိမ် “ငွေပမာဏ ကန့်သတ်ချက်မရှိ” ထုတ်ယူနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မက အရင် ပုံမှန် အခြေအနေတုန်းက အဲဒီ ငွေစာရင်းကို ဘဏ်ကဒ်နဲ့ ချိတ်ဆက်ပြီး ATM စက်တွေမှာ တစ်နေ့ကို အများဆုံး ကျပ် ၁၀ သိန်းအထိ ရက်အကန့်အသတ်မရှိ ထုတ်ယူနိုင်ခဲ့တာပါ။

Time Deposits စာရင်းသေ အပ်ငွေ ကတော့ ကိုယ်က ၆ လ တစ်နှစ် အပ်ထားရင် အဲဒီအချိန် စေ့ရောက်ရင် အပ်ငွေရော အတိုးကိုပါ ထုတ်ယူနိုင်သလို၊ အဲဒီအချိန် မစေ့ရောက်ပဲ ဘယ်အချိန်မှာမဆို အချိန်မရွေး ငွေတွေ ပြန် ထုတ်ယူနိုင်တယ်၊ ဒါပေမယ့် သတ်မှတ်ကာလ မပြည့်ရင် အတိုးတော့ မရဘူးလို့ ဆိုထားပါတယ်။ တကယ်တော့ ဘဏ်တွေမှာ ငွေကြေး အပ်နှံထားတဲ့ အကောင့်န် အမျိုးအစား အားလုံးဟာ ရနိုင်တဲ့ အတိုးနှုန်း ရာခိုင်နှုန်း၊ အတိုးပေးတဲ့ပုံစံ ကွဲပြားတာကလွဲပြီး ကိုယ့်ငွေကိုယ် ပြန်ထုတ်တာကိုတော့ ပမာဏ အကန့်အသတ်မရှိ အချိန်မရွေး ထုတ်ယူလို့ ရနိုင်တာချည်းပါ။ ဒါတင်မက ကိုယ့်အကောင့်န်ကို ကိုယ် ပြန်ပိတ်သိမ်းတယ်ဆိုရင်လည်း သွင်းထားသမျှ အားလုံး တစ်ကြိမ်တည်း ပြန်ထုတ်လို့ ရပါတယ်။ ဒါဟာ ကာစတန်မာတွေနဲ့ ဘဏ်တွေကြား သဘောတူညီပြီး၊ အတိအလင်း ထုတ်ပြန်ထားတဲ့ ပဋိဉာဉ် စည်းကမ်းဖြစ်သလို အဲဒီ ပဋိဉာဉ်ကြောင့်ပဲ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေကြေး အပ်နှံကြတာ ဖြစ်ပါတယ်။ နှစ်ဦး သဘောတူ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်တာကြောင့် ကာစတန်မာတွေ ဘက်ကရော၊ ဘဏ်တွေဘက်ကပါ အဲဒီ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ လိုပါတယ်။ အခုတော့ ဗဟိုဘဏ်ဟာ ကာစတန်မာ ပြည်သူတွေနဲ့ ဘဏ်တွေအကြား ထားရှိတဲ့ ပဋိဉာဉ်တွေချိုးဖေါက်ဖို့၊ အပ်ထားတဲ့ငွေတွေ ပြန်ထုတ်မပေးဖို့ ဘဏ်တွေကို ပြောင်ပြောင်တင်းတင်း ညွှန်ကြားလိုက်တဲ့ သဘော သက်ရောက်နေတာ တွေ့ရပါတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး စနစ်ရှိတဲ့ နိုင်ငံတွေမှာဆို သန်းနဲ့ချီတဲ့ ကာစတန်မာတွေဟာ ဘဏ်တွေကို တရားစွဲ၊ ကိုယ့်ငွေကိုယ် ပြန်ရဖို့တင်မက လျော်ကြေးတွေပါ ပေးဖို့ တောင်းဆိုနိုင်တဲ့ အနေအထားမျိုးပါ။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ဟာ အဲလောက် မကသေးပါဘူး။ ညွှန်ကြားချက် နံပတ်၂ အပိုဒ် (ဂ)မှာ အစိုးရတင်ဒါအောင်သူတွေ အတွက် ဘဏ်တွေကနေ ငွေသား ထုတ်မပေးပဲ ဘဏ်အကောင့်န်ထဲကို စာရင်းလွဲှပြောင်းပေးတာ၊ ချက်လက်မှတ်နဲ့ပဲ ထုတ်ပေးပါလို့ ဆိုထားပါတယ်။ ဒီအခြေအနေကြောင့် လက်ရှိ အစိုးရတင်ဒါအောင်ပြီး လမ်းတံတား၊ ဆေးရုံ၊ ကျောင်း အပါအဝင် တည်ဆောက်ရေး လုပ်တဲ့သူတွေဟာ ကုန်ကြမ်းနဲ့ လုပ်အားခတွေ ပေးချေဖို့ ဘဏ်တွေကနေ ငွေသား ထုတ်ယူမရတာကြောင့် အကြီးအကျယ် အခက်အခဲ ကြုံနေရပါပြီ။ ဒါတင်မက ကုမ္ပဏီတွေ လုပ်ငန်းတွေကိုလည်း မဖြစ်မနေ ကိစ္စမှ အပ ကျန်တာတွေကို ငွေသားထုတ်မပေးပဲ ဘဏ်စာရင်းလွဲှပြောင်းမှု၊ ဒီဂျစ်တယ်ပေးမင့်တွေနဲ့ပဲ ပေးဖို့၊ ကုန်ပစ္စည်းရောင်းချတဲ့ စတိုးဆိုင်ကြီးတွေနဲ့ လုပ်ငန်းတွေကိုလည်း တလအတွင်း ရောင်းချရငွေရဲ့ ၅၀% အောက်ကိုပဲ ငွေသားထုတ်ပေးဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်။

လက်ရှိ ဗဟိုဘဏ်ရဲ့ ဘဏ်ဆိုင်ရာ၊ ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာ ကိုင်တွယ်ပုံတွေကို ကြည့်ရင် စစ်ကောင်စီ လက်ထက်မှာ ဘဏ်တွေ မပြိုလဲစေရ ဆိုတဲ့ ရည်မှန်းချက် တစ်ခုအတွက် ကာစတန်မာ ပြည်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဘဏ်နဲ့ အလုပ်လုပ်နေသူတွေရဲ့ ရပိုင်ခွင့် အမျိုးမျိုး ချိုးဖေါက်နေတဲ့သဘော မြင်တွေ့နေရပါတယ်။ ဒီလို ကိုင်တွယ်မှုကြောင့် ငွေရေးကြေးရေး နဲ့ စီးပွားရေး ကဏ္ဍ၊ အဲဒါနဲ့ ဆက်နွှယ်တဲ့ အခြားသော ကဏ္ဍအသီးသီးကို ဆိုးကျိုးတွေ ရိုက်ခတ်နေပြီး ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကျဆင်းလာနေတာ တွေ့မြင်ကြရပါတယ်။ ဒီလို အခြေအနေအောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ကျဆင်းသွားတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည် နာလံထူမယ့် အရိပ်လက္ခဏာ မျိုးကိုတော့ မမြင်မတွေ့ရသေးကြောင်းပါ။

XS
SM
MD
LG