အမေရိကန်နဲ့တရုတ်ဘယ်လိုစစ်ပွဲမျိုးမှမဖြစ်သင့်ဘူးလို့တရုတ်ကပြောဆိုပါတယ်။အိန္ဒိယနဲ့ ဥရောပသမဂ္ဂလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလူသားတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့တရားစွဲမယ်လို့ ကြားဖြတ်အစိုးရကပြောပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ထိုင်းကဝီဂါမွတ်ဆလင်တွေကိုတရုတ်ကိုပြန်ပို့တာကိုအမေရိကန်အစိုးရကကန့်ကွက်ပါတယ်။ ထိုင်းနိုင်ငံမှာဝန်ကြီးချုပ်ပေတုန်တန်ရှိနာဝပ်ကို လွှတ်တော်မှာအယုံအကြည်မရှိဆိုတင်ပါတယ်။ ဗီယက်နမ်ကတော့ နယူးဇီလန်နဲ့ မဟာဗျူဟာမြောက်သံတမန်အဆင့်ကိုတိုးမြှင့်လိုက်ပါတယ်။ ကိုဇော်မိုးကျော်တင်ပြထားပါတယ်။
မြဝတီရွှေကုက္ကိုလ်ဒေသတဝိုက် ကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကနေ ဖမ်းမိထားသူ ၇,၀၀၀ ကျော်ရှိပြီး၊ ပြန်ပို့ဖို့အသင့်ဖြစ်နေသူ ၅၁၆ ဦးကို မြဝတီအားကစားကွင်းမှာ ပို့ထားတာပါ။ ထိုင်းနဲ့တရုတ်ဘက်က ပြန်လက်ခံဖို့ ကြန့်ကြာနေတယ်လို့ BGF/DKBA တာဝန်ရှိသူတွေကပြောပါတယ်။ ကိုဇော်မိုးကျော် မေးမြန်းထားပါတယ်။
အိန္ဒိယနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေG20အစည်းဝေးပြင်ပမှာတွေ့ဆုံခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ထဲကBarque Canada Reef ကျွန်းပေါ်မှာဗီယက်နမ်ကတည်ဆောက်ရေးလုပ်နေတာကိုတရုတ်ကကန့်ကွက်ပါတယ်။ သြစတြေးလျားအနီးတရုတ်ရေတပ်စစ်ရေးလေ့ကျင့်တဲ့အပေါ် သြစတြေးလျားကစိုးရိမ်ပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီပြင်သစ်နဲ့အမေရိကန်သွားခဲ့ပြီးကုန်သွယ်ရေးနဲ့ကာကွယ်ရေးကိစ္စတွေဆွေးနွေးခဲ့ပါတယ်။သမ္မတထရန့်ရဲ့သွင်းကုန်ခွန်မူဝါဒထိုင်းအပေါ်သက်ရောက်နိုင်မှုလေ့လာဖို့ထိုင်းဝန်ကြီးချုပ်ညွှန်ကြားပါတယ်။အမေရိကန်နဲ့ဂျပန်ရဲ့ထိုင်ဝမ်အပေါ်သဘောထားတရုတ်ကကန့်ကွက်လိုက်ပါတယ်။ကိုဇော်မိုးကျော်တင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့တရုတ်သမ္မတတွေ့ဆုံခဲ့ပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေးဆွေးနွေးခဲ့ပါတယ်ဂျပန်ဝန်ကြီးချုပ်Ishibaဟာသမ္မတထရန့်နဲ့စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေဆွေးနွေးပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့လာမယ့်ရက်အတွင်းသမ္မတထရန့်နဲ့တွေ့ဆုံဖို့ ရှိပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
“တချို့ ရှုပ်ထွေးတဲ့ ရောဂါမျိုးတွေကို ဒုက္ခသည်စခန်းက ဆေးမှုတွေအနေနဲ့ ကုသပေးဖို့၊ ဒါမှမဟုတ် ပစ္စည်းကရိယာ မလုံလောက်တာစတဲ့အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နေ့က ဒုက္ခသည်စခန်းမှာ အရေးပေါ်လူနာတင်ယဉ်တစီးထားပေးဖို့ဆွေးနွေးပြီးစီစဉ်ပေးထားပါတယ်။”(ဒေါက်တာ တဝချိုင် ယဉ်တဝီဆတ် -ဆေးရုံရဲ့ညွန်ကြားရေးမှူး)
အမေရိကန်ပြည်ထောင်စုကနေပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အကူအညီလိုတဲ့ မြန်မာတွေကို ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အခက်ကြုံနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကိုအခြေခံပြီး၊ ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
တရုတ်နဲ့အိန္ဒိယအကြားနွေးထွေးကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့နှစ်ဘက်ဆွေးနွေခဲ့ကြပါတယ်။အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စအပါအဝင်နှစ်နိုင်ငံဆက်ဆံရေးအတွက်ထိုင်းဝန်ကြီးချုပ်တရုတ်ပြည်ကိုသွားဖို့ရှိပါတယ်။အင်ဒိုနီးရှားနဲ့အိန္ဒိယကာကွယ်ရေးအပါအဝင်ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်လိုက်ပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်အမေရိကန်ကုန်သွယ်ရေးမှာမျှတမှုရှိဖို့လိုတယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုတွေပိုလုပ်ရမယ်လို့တရုတ်ကပြောပါတယ်။အာရှပစ္စဖိတ်လုံခြုံရေးအတွက်အမေရိကန်ဆက်လက်ရပ်တည်ပေးဖို့ဂျပန်ကတိုက်တွန်းပါတယ်။ ဗီယက်နမ်ကတော့အမေရိကန်နဲ့တရုတ်အကြားမျှတအောင်ဆက်ဆံသွားမယ်ဆိုပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
သီရိလင်္ကာသမ္မတတရုတ်ပြည်သွားရောက်ခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်။တရုတ်ကအလွန်ကြီးမားတဲ့ကမ်းခြေစောင့်သင်္ဘောထပ်မံစေလွှတ်ခဲ့တဲ့အတွက်ဖိလစ်ပိုင်နဲ့တင်းမာမှုတွေတိုး။ဂျပန်နိုင်ငံခြားရေးဝန်ကြီးကဖိလစ်ပိုင်ပင်လယ်ပြင်လုံခြုံရေးကူညီသွားမယ်လို့ပြောပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အင်ဒိုနီးရှားဟာပထမဆုံးအရှေ့တောင်အာရှနိုင်ငံအနေနဲ့BRICSအဖွဲ့ဝင်ဖြစ်သွားပါတယ်။မလေးရှားက၂၀၂၅မှာလျပ်ကူးပစ္စည်းထုတ်လုပ်ရေးအပါအဝင်စီးပွားရေးအရှိန်မြှင့်ဖို့ပြင်ဆင်နေပါတယ်။၂၀၂၅ခုနှစ်ASEANရဲ့စီးပွားရေးဖွင့်ဖြိုးတိုးတက်မှုနှုန်းဟာ၄.၇ရှိမယ်လို့ ADB ကခန့်မှန်းထားပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တောင်ကိုရီးယားမှာရပ်ဆိုင်းခံသမ္မတယွန်စွတ်ယိုးကိုဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူးနိုင်ငံတကာအခြေအနေတွေကြောင့်ထိုင်ဝမ်ကာကွယ်ရေးတိုးမြှင့်သွားမယ်လို့သမ္မတလိုင်ချင်တေကပြောပါတယ်တရုတ်အနေနဲ့စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မှာဖြစ်တယ်လို့သမ္မတရှီကျင်းပင်ကပြောပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
အာရှနိုင်ငံရေး ၂၀၂၄ နှစ်ချုပ်အစီစဉ် ၂၀၂၄ ခုနှစ်အတွင်းအာရှနိုင်ငံတွေမှာရွေးကောက်ပွဲတွေလုပ်ခဲ့ပြီး၊ နိုင်ငံရေတည်ငြိမ်မှုအားနည်းကာဒီမိုကရေစီကျဆင်းခဲ့တယ်လို့သုံးသပ်ကြပါတယ်။ ဒေသတွင်လုံခြုံရေးတင်းမာမှုတွေနဲ့အတူစစ်ပွဲတွေလည်းပြင်းထန်ခဲ့ပါတယ်။ ကိုဇော်မိုးကျော်က ၂၀၂၄ နှစ်ချုပ်အစီစဉ်မှာတင်ပြထားပါတယ်။
ဆီးရီးယားစစ်ပြေးဒုက္ခသည် တွေနေရပ်ကိုစတင်ပြန်နေကြပါပြီ။ နှစ်နိုင်ငံကုန်သွယ်ရေးကို နိုင်ငံရေးပြဿနာမလုပ်ဖို့ တရုတ်ကအမေရိကန်ပြောပါတယ်။ အစ္စရေးဟားမတ်အပစ်ရပ်နိုင်ရေးမျော်လင့်ဆဲဖြစ်တယ်လို့ဝန်ကြိးBlinken ကပြောပါတယ်။ ကိုဇော်မိုးကျော်ကစု စည်းတင်ပြထားပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ သမ္မတယွန်ဆွတ်ယိုးကို ရာထူးကနေနှုတ်ထွက်ပေးဖို့ အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ဆန္ဒပြပြည်သူတွေကတောင်းဆိုနေပါတယ်။ ။ အာဏာရပါတီခေါင်းဆောင်ကိုယ်တိုင် နှုတ်ထွက်စေ့ချင်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချင်းတေအမေရိကန်ပြည်ထောင်စုမှာ ခေတ္တရပ်နားမယ့်ကိစ္စတရုတ်ကအပြင်းအထန်ကန့်ကွက်ပါတယ်။တရုတ်ရုရှားစစ်လေယဉ်တွေ လည်းဂျပန်ပင်လယ်ထဲကင်းလှည့်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအပစ်ဖို့သဘောတူလိုက်တဲ့အတွက်အိုးအိမ်စွန့်ခွါရသူတွေပြန်လာနေကြပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အာရှပစ္စဖိတ်ဒေသတွင်းတင်းမာမှုတွေရှိနေချိန် တရုတ်၊ဂျပန်၊အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေASEANအစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ဗီယက်နမ်နဲ့မလေးရှားဆက်ဆံရေးတိုးမြှင့်လိုက်ပါတယ်။မြန်မာပြည်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ဗဟိုချက်မကိုရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီလို့ တရုတ်အစိုးရကကြေငြာပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
သမ္မတဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အပေါ်တရုတ်သမ္မတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလား၊ကိုရီးယားအရေး၊အင်ဒိုပစ္စဖိတ်လုံခြုံရေးနဲ့ အစ္စရေးပါလက်စတိုင်းအရေးတွေကိုရိုက်ခတ်လာမလားစိုးရိမ်ကြပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာအောင်ပွဲရသည်အထိရုရှားဘက်ကရပ်တည်သွားမယ်လို့ပြောဆိုပါတယ်။ ကာကွယ်ရေးအပါအဝင်အီရန်နဲ့ ရုရှားဘက်ပေါင်းစုံမဟာမိတ်ပြုလိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတအသစ် Prabowo Subianto ဟာတရုတ်နဲ့အမေရီးကားကိုသွားရောက်ဖို့ရှိနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်