Fulbright ပညာတော်သင်ထောက်ပံ့ကြေးတွေပေးတဲ့ အမေရိကန် နိုင်ငံတကာပညာရေးအဖွဲ့ Institute for International Education IIE ကို မလိုလားအပ်တဲ့အဖွဲ့အဖြစ်ရုရှားစိုးရကသတ်မှတ်ပြီး မတ်လထဲမှာ ရုရှားနိုင်ငံအတွင်းလုပ်ဆောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။
"ဂျပန်ကနေ ဆန်ကူညီထားတယ်လို့ ကြားတယ်။ ဒီကိုရောက်လာတဲ့ ဆန်က လူကယ်ပြန်ရဲ့ဆန်။ အဲဒီလူကယ်ပြန်က သူတို့အနေနဲ့ ဒီအတိုင်းဝင်လာတာ မဟုတ်ဘဲနဲ့ ဒေသဦးစီးနဲ့ ချိတ်ဆက်ပြီးတော့မှ ဝင်လာတာ။ ဂျပန်တွေ ထောက်ပံ့ထားတာက ဘယ်လိုတွေ သွားနေတယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ဆီဆိုင်ကိုတော့ ရောက်မလာသေးဘူး။" (မြို့ခံ)
စစ်ကောင်စီလက်ထက် ဒီနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ထားပြီး အောင်ချက်ရာခိုင်နှုန်းက ၅၇ ရာခိုင်နှုန်းကျော်ရှိတယ် ဖော်ပြထားပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၃၀,၀၀၀ နီးပါးသာရှိပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ အဆမတန်ကွာဟနေပါတယ်။
"အတင်းအဓမ္မ စစ်သား စုဆောင်းစရာမလိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက 'ဒီအပတ်စဉ်မှာလူပြည့်လို့ နောက်အပတ်စဉ်မှလာ' ဆိုပြီးလုပ်နေရတဲ့ အနေအထားမျိုးပါ။ ကျနော်တို့အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုပါ။" (ခိုင်သုခ- AA ပြောခွင့်ရ)
အိန္ဒိယရွေးကောက်ပွဲမှာဝန်ကြီးချုပ်နရင်ဒြာမိုဒီဦးဆောင်တဲ့တပ်ပေါင်းစုအနိုင်ရပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှီဘရှရစ်ကတော့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့တရုတ်ပြည်ကိုသွားပါတယ်။စစ်တမ်းတချို့အရဖိလစ်ပိုင်ပြည်သူအများစုကတရုတ်ဟာသူတို့ကိုခြိမ်းခြောက်နေတယ်လို့မြင်ပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
“အုပ်ချုပ်ရေးဌာနကနေပြီးတော့မှ အဓိက,ကတော့ နမ့်ဖတ်ကာပဲပေါ့နော်။ နမ့်ဖတ်ကာတွေ၊ အဲဒါတွေကတော့ အဓိက ဖြစ်မှာပါ။ ကျနော်တို့ သိမ်းပိုက်ထားတဲ့ ရွာတွေကို ကျနော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပြန်ချတာကိုပဲ ပြောတာပါ။ အရင် ကျနော်တို့ အုပ်ချုပ်တဲ့နေရာတွေပဲဖြစ်ပါတယ်။ ”(ဗိုလ်မှူးကြီး နော်ဘူ-KIA ပြန်ကြားရေးတာဝန်ခံ)
"သတင်းပေးရှိတာ။ ရန်သူနဲ့ပြိုင်ဘက်ဆိုတော့ ဒီလိုအခွင့်ရေးမျိုး သတင်းရတာနဲ့ ဒါမျိုးတွေကို တိုက်ခိုက်လိမ့်မယ်ပေါ့။ မင်္ဂလာဆောင် အခမ်းအနားဖြစ်တဲ့အခါကျတော့ ရက်အဝေးကြီးကတည်းက ကြိုတင်ပြီး စီစဉ်ထားတာဖြစ်တယ်။ ဖိတ်စာတွေကမ်းထားတာ ဖြစ်တော့ အဲ့ဖိတ်စာက သတင်းပေါက်ကြားတာ ဖြစ်နိုင်တာပေါ့။" (မင်းကင်းဒေသခံ)
ထိုင်ဝမ်ရေလက်ကြားတင်းမာမှုတွေရှိနေချိန်တရုတ်နဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးတွေစင်္ကာပူရှန်ဂရီလာညီလာခံပြင်ပမှာတွေ့ပါတယ်။ထိုင်ဝမ်လွတ်လပ်ရေးဆိုတာစစ်ပွဲဘဲဖြစ်လိမ့်မယ်လို့တရုတ်ကထပ်မံခြိမ်းခြောက်ပါတယ်။ တရုတ်၊ဂျပန်၊တောင်ကိုရီးယားထိပ်သီးအစည်းအဝေးဆိုလ်းမြို့တော်မှာပြုလုပ်ခဲ့ပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ထိုင်ဝမ်မှာသမ္မတအသစ် Lai Ching-te ကျမ်းသစ္စာကြိမ်ဆိုအပြီး၊ နောက်ရက်မှာဘဲ တရုတ်ကလွတ်လပ်ရေးလိုလားသူ လို့စွပ်စွဲကာ ထိုင်ဝမ်အနီး ကြည်းရေလေ စစ်ရေးလေ့ကျင့်ပါတယ်။ တရုတ်နဲ့ရေပိုင်နက်အငြင်းပွားနေတဲ့ ဖိလစ်ပိုင်က တော့လုံခြုံရေးဆိုင်ရာမဟာမိတ်တွေဆက်လက်တည်ဆောက်သွားမယ်လို့ဆိုပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်းက AA နဲ့ စစ်ကောင်စီအကြား စစ်ရေးပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တွေနဲ့ အပြန်အလှန် ပြစ်တင်နေပါတယ်။
ဝိုင်းမော်မြို့အနီးမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဝိုင်းမော်နဲ့ ဝိုင်းမော်အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ နောင်ချိန်းရွာဘက်နဲ့ မြစ်ကြီးနားဘက်ကို တိမ်းရှောင်နေကြပါတယ်။
"လက်ဖက်က ကျနော်တို့ကနပ်နေမှ မြန်မာပြည်ကလူတွေ ကြိုက်ကြတဲ့ အနေအထားမှာရှိတယ်ပေါ့နော်။ တရုတ်က အဲဒါကို ဆေးတင်ပစ်လိုက်တယ်။ သိတဲ့သူတွေကတော့ ဒါကို လက်ဖက်အတုမှန်းတော့ လူတိုင်းသိတယ်။ ဒါပေမဲ့ တရုတ်စျေးကွက်က ပိုပြီးဖောက်နိုင်တယ်။ စျေးပေါလို့ပေါ့နော်။ နောက်တခုက အမြင်လှတယ်ပေါ့နော်။"(လက်ဖက်ဈေးကွက်လေ့လာသူ)
“AA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီက စျေးတွေ၊ ဆေးရုံတွေ အဓိက သူတို့ ပစ်မှတ်ထားပြီး အခုနောက်ပိုင်း ပိုတိုက်ခိုက်လာတယ်။ .... ဆေးရုံတို့၊ စျေးတို့ဆိုတာက အများပြည်သူပိုင်ဆိုင်တဲ့နေရာတွေကိုဦးစားပေးပြီး တိုက်ခိုက်နေတာကိုတွေ့နေရတယ်။” (ကိုထွန်းကြည်-ရခိုင်အရေး တက်ကြွလှုပ်ရှားသူ)
အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားအမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းထားတဲ့အတွက် မူဆယ်ကနေတရုတ်သွားမဲ့ အဲဒီအသက်အရွယ်ကြားက အမျိုးသားတွေကို နယ်စပ်မှာစတင် စိစစ်နေပါတယ်။
“ ဘောလခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဖက်က ထိခိုက်နစ်နာ ကျဆုံးများတဲ့အတွက် ၅၆ ဦး လက်နက်ချခဲ့တာဖြစ်ပါတယ်။”(တာအယ်စိုး- (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ)
စစ်အင်အားတိုးချဲ့နေတဲ့တရုတ်ဟာတတိယမြောက်လေယဉ်တင်သေင်္ဘောကိုမေလ၁ရက်နေ့မှာစမ်းသပ်မောင်းနှင်ပါတယ်။အိန္ဒိယသမုဒ္ဒရာထဲအရေးပါတဲ့မော်လဒိုက်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုပါတယ်။တောင်ကိုရီးယားကအမေရိကန်နဲ့ဗြိတိန်ပါတဲ့AUKUS အော့ကပ်စ်အဖွဲ့ဝင်ဖို့စဉ်းစားနေပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
"ကပစ စက်ရုံဆိုတာ ကျည်ဆံတွေ၊ သေနတ်တွေထုတ်တဲ့စက်ရုံလေ။ အဲ့ဒီ့အတွက်ချဥ်းကပ်တဲ့ပုံစံဖြစ်တာပေါ့။ ချင်းပြည်နယ်အတွက်မဟုတ်ဘဲ တပြည်လုံးအတွက် တော်လှန်ရေးသမားအားလုံးအတွက် ထိရောက်မှုရှိပါလိမ့်မယ်။ အခုက ကပစရဲ့ လုံခြုံရေးတပ်ဖြစ်သွားတာပေါ့။” (ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦး)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့၃ရက်ကြာတရုတ်ခရီးစဉ်အတွင်းတိုးတက်မှုလက္ခဏာဆောင်တာတွေရှိခဲ့သလိုအပြန်အလှန်သတိပေးတာတွေလည်းရှိခဲ့ပါတယ်။ရုရှားနဲ့တရုတ်ကာကွယ်ရေးဝန်ကြီးတွေကာဇက်စတန်မှာတွေ့ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်ကိုမြောက်ကိုရီးယားကအလုပ်သမားစေလွှတ်ပါတယ်။ ကိုဇော်မိုးကျော် ကတင်ပြထားပါတယ်။
“စစ်တပ်ရဲ့ ဖိအားကြောင့် ရိုဟင်ဂျာတွေပဲ မီးရှို့ခဲ့တာပါ၊ မွတ်ဆလင်တွေကို ရိုဟင်ဂျာတွေကို တပ်ဖွဲ့ဝင်အဖြစ် သူတို့ကသုံးနေတယ်မလား။ စစ်တပ်က အဲဒီမှာ ဒီအိမ်တွေကို မီးရှို့ပေးရမယ်။ မီးမရှို့ဘူးဆိုရင် ခင်များတို့လည်း သစ္စာဖောက်ပဲ-လို့ ငါတို့သတ်မှတ်မယ်၊ အဲလိုပဲ သူတို့က မီးရှို့ခိုင်းတာ။” (ရိုဟင်ဂျာတဦး)
နောက်ထပ်ကြည့်ရှုရန်