အစ္စရေးကအီရန်ကိုလက်စားခြေပစ်ခတ်လိုက်တဲ့အတွက်အရှေ့အလယ်ပိုင်းပိုမိုတင်းမာလာပါတယ်အစ္စရေးရဲ့ထိုးစစ်ကြောင့်ဂါဇာဟာလူ့သားခြင်းစာနာမှုဆိုင်ရာငရဲဘုံတခုလိုဖြစ်လာနေတယ်လို့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကပြောပါတယ်မြဝတီတိုက်ပွဲဖြစ်ပြီးနောက်အပစ်အခတ်ရပ်ကြဖို့အာဆီယံနဲ့တရုတ်ကတိုက်တွန်းပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
မြဝတီကိုစစ်ကောင်စီဘက်ကလက်တုန့်ပြန်မတိုက်ခိုက်ဖို့နဲ့ဆွေးနွေးဖို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတိုက်တွန်းပါတယ်။အစ္စရေးဟားမတ်စ်ပဋိပက္ခဆက်လက်ပြင်းထန်နေပြီးသေဆုံးသူဦးရေတိုးလာပါတယ်။ဂျပန်ဖိလစ်ပိုင်အမေရိကန်ထိပ်သီးတွေ့ဆုံချိန်မှာတရုတ်ရုရှားမြောက်ကိုရီးယားတို့လည်းတွေ့ဆုံခဲ့ကြပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
စစ်ပြေးဒုက္ခသည်တွေဟာ လုံခြုံမယ်လို့ထင်ရတဲ့ နေရာတွေမှာ ကိုယ့်အစီအစဉ်နဲ့ တဲထိုးနေထိုင်ကြတာတွေရှိသလို၊ ပိုက်ဆံတတ်နိုင်တဲ့ သူတချို့ကတော့ အိမ်ငှားနေထိုင်တာတွေရှိတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး တာဝန်ရှိသူတဦး ကပြောပါတယ်။
“နွေရာသီရောက်လို့ အပူချိန်မြင့်တာရယ်၊ အယ်နီညိုကြောင့် မိုးရွာသွန်းမှုတွေ လျော့နည်းလို့ လာမယ့်ရက်တွေလည်း နည်းနည်းစီလောက်တော့ ထပ်တိုးအုံးမှာပေါ့။ အပူပျံတဲ့ မိုးတိမ်တောင်တွေဖြစ်တယ်။ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးထစ်ချုန်းရွာတာတွေ အပူနဲ့ဆက်စပ်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေပေါ့။”
မြန်မာနိုင်ငံကစစ်ပြေးဒုက္ခသည်တွေအတွက်ထိုင်းနိုင်ငံကလူသားခြင်းစာနာမှုအထောက်အပံ့တွေပေးပို့ပါတယ်မြန်မာစစ်ကောင်စီနဲ့ရုရှားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ရှိနေပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီမြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့ကို ရုရှားကဗွီဒိုအာဏာသုံးပါယ်ချခဲ့ပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
“လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ ဒီကနေ့ မနက် ၈ နာရီ ၁ဝ မိနစ်မှာပေါ့နော်၊ သေဆုံး တာကတော့ ကလေးက ၄ ယောက်ပါတယ် အမျိုးသမီးတယောက် ပါတယ်၊ ဒဏ်ရာရတာကတော့ အားလုံးပေါင်း ၉ ယောက်ပါခင်ဗျာ။ လက်နက်ကြီးက ရွာထဲကို ကျတာပါခင်မျာ။ လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူတွေကိုတော့ တိမ်ညိုဆေးရုံပို့ပြီးတော့ ဆေးကုသမှု ခံယူနေပါတယ်။”(ဒေသခံ)
အဝေးရောက်တိဗက်တွေ၆၅နှစ်မြောက်တော်လှန်ရေးနေ့နယူးဒေလီမှာချီတက်ခဲ့ပါတယ်နယ်နိမိတ်အငြင်းပွားနေတဲ့အိန္ဒိယအရူနာချယ်ပရာဒစ်ရှ် ပြည်နယ်ကိုအသိအမှတ်မပြုဘူးလို့ တရုတ်ကပြောဆိုပါတယ်တောင်ကိုရီးယားနဲ့အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်သလို၊တရုတ်ရုရှားအီရန်တို့လည်းပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ဖိလစ်ပိုင်ထိပ်တိုက်တိုးပြီး တင်းမာမှုတွေမြင့်တက်လာနေသလို၊ တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ဖို့ ဒေသတွင်းစုဖွဲ့မှုတွေလုပ်လာပါတယ်။ အိန္ဒိယ၊တောင်ကိုရီးယားဂျပန်တို့ လုံခြုံရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လိုက်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့ များပြားလာနေပြီး စားဝတ်နေ ရေးအပြင် ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
သမ္မတရွေးကောက်ပွဲရှိတဲ့ ဒီနှစ်မှာတော့ မတ်လမှာ ပထမဆုံးသီတင်းပတ်ရဲ့အင်္ဂါနေ့ဟာ အမေရိကန်အတွက် အရေးပါတဲ့ အင်္ဂါနေ့ (Super Tuesday) ခေါ်ဆိုကြပြီး ဒီနေ့ ရွေးချယ်ပွဲဟာ သမ္မတကိုယ်စားလှယ်လောင်းတွေအတွက် အရေးပါတဲ့ ခြေလှမ်းတခုလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာလူ့အခွင့်အရေးချိုးဖေါက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ရွေးကောက်ပွဲအနိုင်ရပရာဗိုဝိုဆူဘီရန်တိုကိုကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးရာထူးတိုးပေးလိုက်တဲ့အပေါ်ဝေဘန်ကြပါတယ်။ ဖိလစ်ပိုင်သမတမားကို့စ် သြစတြေးလျနိုင်ငံကိုသွားပါတယ်။ ဂျပန်နဲ့အိန္ဒိယစစ်ရေးလေ့ကျင့်ပါတယ်။ကိုဇော်မိုးကျော်ကစုစည်းတင်ပြထားပါတယ်
ထိုင်ဝမ်မှာအသစ်ရွေးချယ်ခံထားရတဲ့ သမ္မတနဲ့ဒုသမ္မတလောင်းတွေကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံပါတယ်။ အိန္ဒိယမှာတော့ရွေးကောက်ပွဲနီးလာချိန်မှာ လယ်သမားတွေဆန္ဒပြနေကြပါတယ်။ ရုရှားခရီးသွားဧည့်သည်တွေမြောက်ကိုရီးယားမှာသွားရောက်လည်ပတ်ပါတယ်။ ကိုဇော်မိုးကျော်က စုစည်းတင်ပြထားပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု ၃ နှစ်ထဲရောက်လာချိန်မှာ ယူကရိန်းအရှေ့ဘက် စစ်မျက်နှာမှာ အပြင်းအထန်တိုက်ခိုက်နေရပြီး ရုရှားက နိုင်ငံအနှံ့ ဒုံးလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ထိုင်းမှာဘုရင်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူအသက်၂၂အရွယ်ကျောင်းသူတန်တဝမ်ကိုဖမ်းဆီးလိုက်ပါတယ် အိန္ဒိယဝန်ကြီးချုပ်မိုဒီUAEမှာပထမဆုံးဟိန္ဒူဘုရားကျောင်းဖွင့်လှစ်ပေးလိုက်ပါတယ်မြောက်ကိုရီးယားနဲ့ဂျပန်တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းချက်တွေထွက်ပေါ်လာပေမယ့်လည်းတင်းမာနေဆဲဖြစ်ပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ပါကစ္စတန်မှာနိုင်ငံရေးအကြမ်းဖက်မှုတွေကြားကဘဲဖေဖေါ်ဝါရီလ၈ရက်နေ့မှာရွေးကောက်ပွဲကျင်းပပါတယ်အင်ဒိုနီးရှားမှာရှေ့တပတ်ထဲသမတရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီးဗိုလ်ချုပ်ဟောင်းဆူဘီယံတိုအလားလာရှိနေပါတယ်ထိုင်းတောင်ပိုင်းမွတ်ဆလင်ခွဲထွက်ရေးအဖွဲ့နဲ့ထိုင်းအစိုးရမလေးရှားမှာဆွေးနွေးပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ဂျော်ဒန်နိုင်ငံမှာ အမေရိကန်စစ်သား ၃ ဦးသေဆုံးခဲ့ရတဲ့ပေါ် အမေရိကန်ကလက်တုန့်ပြန်သွားမယ်လို့ပြောဆိုပြီး ပစ်မှတ်တချို့ကိုတိုက်ခိုက်ပါတယ်။ မြောက်ကိုရီးယားကတော့စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ဂျပန်နဲ့အမေရိကန်ဖိလစ်ပိုင်ပင်လယ်ထဲမှာပူးတွဲစစ်ရေး လေ့ကျင့်ပါတယ်။ ကိုဇော်မိုးကျော်ကစုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တကြော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေဟာလည်း ဒီကနေ့အထိ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။
ထိုင်ဝမ်ရွေးကောက်ပွဲမှာလွတ်လပ်ရေးလိုလားတယ်လို့သတ်မှတ်ခံထားရတဲ့DPPပါတီက Lai Ching-te အနိုင်ရခဲ့ပြီးနောက်ဘယ်လိုအလားလာတွေရှိပါသလဲ။ တရုတ်ကတိဗက်ဒေသမှာစစ်ရေးတည်ဆောက်မှုတွေတိုး မြှင့်ဖို့ပြင်ဆင်နေပါတယ်။မထင်မှတ်ဘဲ ပါကစ္စတန်နဲ့အီရန်အကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ကိုဇော်မိုး ကျော်ကစုစည်းတင်ပြထားပါတယ်
“ဒေါ်နယ်ထရန့်မှာ အဲလောက်ကြီးမားတဲ့ရာဇဝတ်မှုကြီးတွေကို ကျော်လွှားဖို့အတွက် သမ္မတရာထူးရမှပဲဖြစ်မယ့်အတွက် သူ့ဘက်ကလည်း ဗျူဟာကျကျ ထပ်ပြီးတော့စီစဉ်ပါတယ်ခင်ဗျ၊ ဒီနေရာမှာ အဆုံးအဖြတ်ကတော့ မဲပေးမယ့် သူတွေလို့ပဲ မြင်ပါတယ်ခင်ဗျ။” (ဒေါက်တာတင့်ဆွေ-နိုင်ငံရေးလေ့လာသုံးသပ်သူ)
စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုးနေတဲ့ ခင်ဦးမြို့နယ်ထဲမှာ အရပ်သား ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ သတ်ဖြတ်ခံရသူတွေထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်းပါဝင်တယ်လို့သေခံတွေကပြောပါတယ်။ ခင်ဦးမြို့နယ်ထဲက အခြေအနေတွေသတင်းပေးပို့ထားတာပကို- ကိုဇော်မိုးကျော်က ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်