Zawgyi/Unicode
ျမန္မာႏုိင္ငံရဲ႕ ဆုတ္ယုတ္ေနတဲ့ စီးပြားေရးျပႆနာကို ေျဖရွင္းႏိုင္မယ့္အလားအလာ နည္းတယ္လုိ႔ စီးပြားေရးနဲ႔ နီးစပ္သူေတြကျမင္ၾကပါတယ္။ စစ္တပ္အာဏာသိမ္းအၿပီး စက္ရံုအလုပ္ရံုေတြ ရပ္ဆိုင္းပိတ္သိမ္းတာ ပိုမ်ားလာသလို အလုပ္လက္မဲ့တိုးၿပီး စီးပြားေရးပိုၿပီး ဆုတ္ယုတ္လာေနတဲ့အေပၚ အခုလိုသံုးသပ္ၾကတာပါ။ ဒီအေျခအေနေတြနဲ႔ပတ္သက္လို႔ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက ေျပာျပပါမယ္။
အခုလို စက္႐ံုအလုပ္႐ံုေတြ ပိတ္သိမ္းေနရတဲ့အေနအထားနဲ႔ပတ္သက္ၿပီး ေရႊလင္ပန္းစက္မႈဇုန္က အမည္မေဖာ္လိုတဲ့ စီးပြါးေရးလုပ္ငန္းရွင္က အခုလို ေျပာပါတယ္။
“လက္ရွိမွာေတာ့ က်ေနာ္တို႔စက္မႈဇုန္အပါအဝင္ေပါ့ေနာ္-လုပ္ငန္းေတြအားလံုးက ဒီကာလမွာ အခက္အခဲေတြေတာ့ အမ်ားႀကီးႀကံဳေတြ႔ေနၾကတယ္။ အထူးသျဖင့္ ဘဏ္နဲ႔ေငြေၾကးအခက္အခဲ။ ဘဏ္ကေငြထုတ္လုိ႔မရတာတို႔၊ ကုန္ၾကမ္းမရတာတို႔၊ေအာ္ဒါရရွိမႈအခက္အခဲေပါ့။ ဒီလိုမ်ဳိးအေၾကာင္းအရာေတြစံုပါတယ္။ ေနာက္ၿပီးေတာ့ ကိုဗစ္တတိယလိႈင္းျပင္းထန္မႈအခက္အခဲေပါ့။ အခက္အခဲေပါင္းမ်ားစြာေၾကာင့္ မို႔လို႔ေပါ့ေနာ္။ လက္ရွိမွာေတာ့ ပိတ္သိမ္းသြားတဲ့စက္႐ံုက ၁၅ ႐ံုနဲ႔၂၀ ေလာက္ အၿပီး ပိတ္သိမ္းသြားတာရွိပါတယ္။ ယာယီပိတ္သိမ္းခြင့္တင္တာကေတာ့ ႐ံု ၃၀ ေလာက္ရွိပါတယ္။ စုစုေပါင္းဆိုရင္ေတာ့ အ႐ံု ၅၀ နီးပါးေလာက္ရွိတယ္ေပါ့ေနာ္။ အ႐ံု ၅၀ နီးပါးေလာက္မွာ အလုပ္သမားနဲ႔ ဝန္ထမ္းဦးေရစုစုေပါင္း -၂ ေသာင္းေက်ာ္ေလာက္ေပါ့ေနာ္။ ပါမစ္နဲင့္ဝန္ထမ္းဦးေရ ၂ ေသာင္းေက်ာ္ေလာက္ေတာ့ စာရင္းေလ်ာ့သြားတာ ေတြ႔ရတယ္။
ဒါ့အျပင္ မၾကာေသးခင္က ပိတ္လုိက္ရတဲ့ ျမန္မာယူနစ္ အထည္ခ်ဳပ္စက္႐ံုက အလုပ္သမားေခါင္းေဆာင္တဦးကလည္း အခုလို ေျပာပါတယ္။
“စက္႐ံုပိတ္ရတာကေတာ့ သူတို႔ေအာ္ဒါေတြမရလို႔ေပါ့ေနာ္။ ေျပာမယ္ဆိုရင္ေတာ့ ယာယီပိတ္သြားတာေပါ့။ အဲလိုမ်ဳိး။ ႏုိင္ငံေရးေတြ၊ ေရာဂါေဘးေတြ ၿပီးသြားလို႔အေျခအေနေကာင္းတယ္ဆိုလုိ႔ရွိရင္ေတာ့ ၿပီးေတာ့ ေအာ္ဒါေတြလည္း ျပန္ရမယ္ဆိုလို႔ရွိရင္ေတာ့ ခ်က္ျခင္း ၿပီးတာနဲ႔ အကုန္ျပန္ဖြင့္မယ္လို႔ေတာ့ ေျပာပါတယ္။ ဒါေပမယ့္ ျပန္ဖြင့္တယ္ဆိုလို႔ရွိရင္ေတာ့ ဒီလူေတြကို ျပန္ေခၚမေခၚကေတာ့ သူတို႔အေပၚမွာပဲ မူတည္တာေပါ့ေနာ္။
အလုပ္လက္မဲ့ေတြအမ်ားႀကီး က်မတို႔ ဒုကၡေရာက္သြားတာ။ စက္႐ံုစၿပီးေတာ့ လည္ပတ္တာ (လူ) ၉၀၀ ေက်ာ္ေလာက္ရွိတယ္ေပါ့ေနာ္။ ၉၀၀ ေက်ာ္ေလာက္ရွိၿပီးေတာ့ ဒီေရာဂါေၾကာင့္၊ေအာ္ဒါေတြမရတာနဲ႔ ေလွ်ာ့တာ ေလွ်ာ့တာနဲ႔ ပထမ ႏွစ္သုတ္ေလွ်ာ့ၿပီးသြားမွ ေနာက္ဆံုးပိတ္လိုက္တဲ့အခ်ိန္မွာ ၃၈၅ ေယာက္ပဲ က်န္ေတာ့တယ္။ အခု က်မတို႔အနားမွာပဲ ေလာေလာဆယ္ ေလး႐ံုေလာက္ တၿပိဳင္တည္းပိတ္သြားတယ္။
လိႈင္သာယာစက္မႈဇုန္ ၁ ကေန ဇုန္ ၅ အထိဆိုရင္ အနည္းဆံုး ႐ံုေပါင္း ေလး-ငါးဆယ္ေလာက္ကိုရွိမယ္။”
လက္ရွိ စီးပြါးေရးအေျခအေနဆုတ္ယုတ္လာတဲ့အေပၚ စီးပြါးေရးေလ့လာသံုးသပ္သူ ဦးမင္းခင္က အခုလို သံုးသပ္ျပပါတယ္။
“အခုေတာ့ဗ်ာ၊ အားလံုးသိတဲ့အတိုင္း ဒီ ကိုဗစ္ေရာဂါ ေဘးေၾကာင့္ေရာ၊ ႏုိင္ငံေရးအေျပာင္းအလဲေတြေၾကာင့္ေရာ ဆုတ္ယုတ္သြားတာေပါ့ေနာ္။ တုိင္းျပည္ရဲ႕အေျခအေနေတြက အႏုတ္ျပသြားၿပီးေတာ့ အႏုတ္ ၁၈ % ၊၂၀ % ေလာက္အထိ က်သြားၿပီဆိုေတာ့ စီးပြါးေရးေတာ္ေတာ္ဆုတ္ယုတ္သြားတယ္လို႔ေျပာရမယ္။ လက္ရွိမွာလည္း ရင္းႏွီးျမွဳပ္ႏွံတာေတြ ထြက္ကုန္တယ္။ လုပ္ငန္းေတြ ေလးကုန္တယ္။ ေအာက္ေျခအထိ စီးပြါးေရးလုပ္ငန္းေတြ မလည္ပတ္တာရွိတယ္။ ...ဆိုေတာ့ ...စီးပြါးေရးအေတာ္က်သြားၿပီးေတာ့ ေရွ႕အလားအလာေကာင္းဖို႔ကို ေမွ်ာ္လင့္စရာမရွိသေလာက္ အေျခအေနမ်ဳိးေတာ့ ျဖစ္သြားတာေပါ့ေနာ္။”
ဒါ့အျပင္ တျခားႀကံဳေနရတဲ့ စီးပြါးေရးျပႆနာအက်ပ္အတည္းေတြကိုလည္း စီးပြါးေရးလုပ္ငန္းရွင္က အခုလို ေျပာပါတယ္။
“အဓိကက က်ေနာ္တို႔က export ကလည္း အမ်ားႀကီးမပို႔ႏုိင္ဘူး။ import က်ေတာ့လည္း မက်ဘူးေပါ့ေနာ္။ import ကလည္း လိုသေလာက္သြင္းေနရတဲ့အခါမွာ ဒီေန႔ဆိုရင္ဆီေစ်းတက္သြားတာ ၁၃၀၀ ေက်ာ္တယ္။ မေန႔က ၁၂၀၀ ေက်ာ္ပဲ။ ေဒၚလာေစ်းကလည္း ၂၁၀၀ အထိ တက္သြားတဲ့အခါမွာ ဒီေန႔ ဆီေစ်း လက္လီေစ်း ၿပီးခဲ့တဲ့ ၂ ရက္မွာတင္ ၁၂၀၀ ေက်ာ္ေစ်းကေန ဒီေန႔ လက္လီေစ်း ၁၃၀၀ ေက်ာ္ေရာင္းေနၾကတာ တလီတာကို။
...ဆိုတဲ့အခါက်ေတာ့ ဆီေစ်းတက္တယ္၊ စားတဲ့ဆီေစ်းတက္တယ္။ ေနာက္ၿပီးေတာ့ စက္သံုးဆီေစ်းတက္တယ္။ အင္ဂ်င္ဝိုင္လို...ေနာက္ၿပီးေတာ့ လူသံုးကုန္ေဆးဝါး အေထြေထြ အဲဒီလို ေစ်းတက္တဲ့အခါမွာ လူေတြရဲ႕အလုပ္အကိုင္ အခြင့္အလမ္းေတြကလည္း အရင္လို မေပါမ်ားဘူး။ မေပါမ်ားတဲ့အခါမွာ ဘာျဖစ္လဲဆိုရင္ ၂ ခုေပါ့ေနာ္၊ ဝင္ေငြတိုးမလာဘူး၊အပိုစရိတ္ေတြတက္လာတယ္။ အဲဒီမညီမွ်မႈႏွစ္ခု ၾကားမွာ အခက္အခဲေတြ အမ်ားႀကီးႀကံဳရတယ္ေပါ့ေနာ္။ တခ်ုိ႕ဆိုရင္လည္း ဒီအခ်ိနမွာ ပစၥည္းသြင္းတဲ့သူေတြဆိုရင္ ဘာမွ မေရာင္းဘဲ ငုပ္တုပ္ထုိင္ေနတဲ့အေနအထားမွာရွိတယ္။ ဘာေၾကာင့္လဲဆိုရင္ ေရာင္းၿပီးျပန္ဝယ္လို႔မရဘူးဆိုေတာ့ လက္ရွိ ေငြေစ်းမတည္ၿငိမ္မႈက စီးပြါးေရးအတြက္ စိန္ေခၚမႈအမ်ားႀကီး ျဖစ္ေစတာေပါ့ေနာ္။”
အခုလို စီးပြါးေရးဆုတ္ယုတ္က်ဆင္းလာမႈကို ေျဖရွင္းႏုိင္ဖို႔ ဘယ္လိုအႀကံျပဳခ်င္ပါသလဲလို႔ ေမးရာမွာ ဦးမင္းခင္က အခုလို ေျပာပါတယ္။
“အရင္တုန္းက ၿပီးခဲ့တဲ့ဆယ္ႏွစ္မတုိင္ခင္က စဥ္းစားပံု၊ အဲဒီမတိုင္ခင္က စီမံခန္႔ခြဲပံုေတြကို က်ေနာ္တုိ႔ ျပန္သြားရမယ့္ပံုစံ ျပန္ျမင္ေနရတယ္။ အဲဒါေတြကိုထည့္တြက္ရင္ က်ေနာ္တို႔အေနနဲ႔က လံုေလာက္တဲ့အေျပာင္းအလဲအေျခအေနတခု ထပ္ျဖစ္မလာဘဲနဲ႔ေတာ့ အေကာင္းဘက္ကိုသြားႏုိင္တဲ့လမ္း အလားအလာ အေျခအေနမ်ဳိး မျမင္ရဘူး။”
တကယ္ေတာ့ ကမၻာ့ဘဏ္ကလည္း ျမန္မာ့စီးပြါးေရးဟာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ၁၈ % က်ဆင္းသြားတယ္လို႔ သံုးသပ္ထားပါတယ္ခင္ဗ်ာ။
-----------
Unicode
မြန်မာ့စီးပွားရေး ပြန်ပြီးနာလန်ထူဖို့ လမ်းစဝေးနေ
မြန်မာနိုင်ငံရဲ့ ဆုတ်ယုတ်နေတဲ့ စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်မယ့်အလားအလာ နည်းတယ်လို့ စီးပွားရေးနဲ့ နီးစပ်သူတွေကမြင်ကြပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး စက်ရုံအလုပ်ရုံတွေ ရပ်ဆိုင်းပိတ်သိမ်းတာ ပိုများလာသလို အလုပ်လက်မဲ့တိုးပြီး စီးပွားရေးပိုပြီး ဆုတ်ယုတ်လာနေတဲ့အပေါ် အခုလိုသုံးသပ်ကြတာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက ပြောပြပါမယ်။
အခုလို စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းနေရတဲ့အနေအထားနဲ့ပတ်သက်ပြီး ရွှေလင်ပန်းစက်မှုဇုန်က အမည်မဖော်လိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်က အခုလို ပြောပါတယ်။
“လက်ရှိမှာတော့ ကျနော်တို့စက်မှုဇုန်အပါအဝင်ပေါ့နော်-လုပ်ငန်းတွေအားလုံးက ဒီကာလမှာ အခက်အခဲတွေတော့ အများကြီးကြုံတွေ့နေကြတယ်။ အထူးသဖြင့် ဘဏ်နဲ့ငွေကြေးအခက်အခဲ။ ဘဏ်ကငွေထုတ်လို့မရတာတို့၊ ကုန်ကြမ်းမရတာတို့၊အော်ဒါရရှိမှုအခက်အခဲပေါ့။ ဒီလိုမျိုးအကြောင်းအရာတွေစုံပါတယ်။ နောက်ပြီးတော့ ကိုဗစ်တတိယလှိုင်းပြင်းထန်မှုအခက်အခဲပေါ့။ အခက်အခဲပေါင်းများစွာကြောင့် မို့လို့ပေါ့နော်။ လက်ရှိမှာတော့ ပိတ်သိမ်းသွားတဲ့စက်ရုံက ၁၅ ရုံနဲ့၂၀ လောက် အပြီး ပိတ်သိမ်းသွားတာရှိပါတယ်။ ယာယီပိတ်သိမ်းခွင့်တင်တာကတော့ ရုံ ၃၀ လောက်ရှိပါတယ်။ စုစုပေါင်းဆိုရင်တော့ အရုံ ၅၀ နီးပါးလောက်ရှိတယ်ပေါ့နော်။ အရုံ ၅၀ နီးပါးလောက်မှာ အလုပ်သမားနဲ့ ဝန်ထမ်းဦးရေစုစုပေါင်း -၂ သောင်းကျော်လောက်ပေါ့နော်။ ပါမစ်နဲင့်ဝန်ထမ်းဦးရေ ၂ သောင်းကျော်လောက်တော့ စာရင်းလျော့သွားတာ တွေ့ရတယ်။
ဒါ့အပြင် မကြာသေးခင်က ပိတ်လိုက်ရတဲ့ မြန်မာယူနစ် အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တဦးကလည်း အခုလို ပြောပါတယ်။
“စက်ရုံပိတ်ရတာကတော့ သူတို့အော်ဒါတွေမရလို့ပေါ့နော်။ ပြောမယ်ဆိုရင်တော့ ယာယီပိတ်သွားတာပေါ့။ အဲလိုမျိုး။ နိုင်ငံရေးတွေ၊ ရောဂါဘေးတွေ ပြီးသွားလို့အခြေအနေကောင်းတယ်ဆိုလို့ရှိရင်တော့ ပြီးတော့ အော်ဒါတွေလည်း ပြန်ရမယ်ဆိုလို့ရှိရင်တော့ ချက်ခြင်း ပြီးတာနဲ့ အကုန်ပြန်ဖွင့်မယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ပြန်ဖွင့်တယ်ဆိုလို့ရှိရင်တော့ ဒီလူတွေကို ပြန်ခေါ်မခေါ်ကတော့ သူတို့အပေါ်မှာပဲ မူတည်တာပေါ့နော်။
အလုပ်လက်မဲ့တွေအများကြီး ကျမတို့ ဒုက္ခရောက်သွားတာ။ စက်ရုံစပြီးတော့ လည်ပတ်တာ (လူ) ၉၀၀ ကျော်လောက်ရှိတယ်ပေါ့နော်။ ၉၀၀ ကျော်လောက်ရှိပြီးတော့ ဒီရောဂါကြောင့်၊အော်ဒါတွေမရတာနဲ့ လျှော့တာ လျှော့တာနဲ့ ပထမ နှစ်သုတ်လျှော့ပြီးသွားမှ နောက်ဆုံးပိတ်လိုက်တဲ့အချိန်မှာ ၃၈၅ ယောက်ပဲ ကျန်တော့တယ်။ အခု ကျမတို့အနားမှာပဲ လောလောဆယ် လေးရုံလောက် တပြိုင်တည်းပိတ်သွားတယ်။
လှိုင်သာယာစက်မှုဇုန် ၁ ကနေ ဇုန် ၅ အထိဆိုရင် အနည်းဆုံး ရုံပေါင်း လေး-ငါးဆယ်လောက်ကိုရှိမယ်။”
လက်ရှိ စီးပွါးရေးအခြေအနေဆုတ်ယုတ်လာတဲ့အပေါ် စီးပွါးရေးလေ့လာသုံးသပ်သူ ဦးမင်းခင်က အခုလို သုံးသပ်ပြပါတယ်။
“အခုတော့ဗျာ၊ အားလုံးသိတဲ့အတိုင်း ဒီ ကိုဗစ်ရောဂါ ဘေးကြောင့်ရော၊ နိုင်ငံရေးအပြောင်းအလဲတွေကြောင့်ရော ဆုတ်ယုတ်သွားတာပေါ့နော်။ တိုင်းပြည်ရဲ့အခြေအနေတွေက အနုတ်ပြသွားပြီးတော့ အနုတ် ၁၈ % ၊၂၀ % လောက်အထိ ကျသွားပြီဆိုတော့ စီးပွါးရေးတော်တော်ဆုတ်ယုတ်သွားတယ်လို့ပြောရမယ်။ လက်ရှိမှာလည်း ရင်းနှီးမြှုပ်နှံတာတွေ ထွက်ကုန်တယ်။ လုပ်ငန်းတွေ လေးကုန်တယ်။ အောက်ခြေအထိ စီးပွါးရေးလုပ်ငန်းတွေ မလည်ပတ်တာရှိတယ်။ ...ဆိုတော့ ...စီးပွါးရေးအတော်ကျသွားပြီးတော့ ရှေ့အလားအလာကောင်းဖို့ကို မျှော်လင့်စရာမရှိသလောက် အခြေအနေမျိုးတော့ ဖြစ်သွားတာပေါ့နော်။”
ဒါ့အပြင် တခြားကြုံနေရတဲ့ စီးပွါးရေးပြဿနာအကျပ်အတည်းတွေကိုလည်း စီးပွါးရေးလုပ်ငန်းရှင်က အခုလို ပြောပါတယ်။
“အဓိကက ကျနော်တို့က export ကလည်း အများကြီးမပို့နိုင်ဘူး။ import ကျတော့လည်း မကျဘူးပေါ့နော်။ import ကလည်း လိုသလောက်သွင်းနေရတဲ့အခါမှာ ဒီနေ့ဆိုရင်ဆီဈေးတက်သွားတာ ၁၃၀၀ ကျော်တယ်။ မနေ့က ၁၂၀၀ ကျော်ပဲ။ ဒေါ်လာဈေးကလည်း ၂၁၀၀ အထိ တက်သွားတဲ့အခါမှာ ဒီနေ့ ဆီဈေး လက်လီဈေး ပြီးခဲ့တဲ့ ၂ ရက်မှာတင် ၁၂၀၀ ကျော်ဈေးကနေ ဒီနေ့ လက်လီဈေး ၁၃၀၀ ကျော်ရောင်းနေကြတာ တလီတာကို။
...ဆိုတဲ့အခါကျတော့ ဆီဈေးတက်တယ်၊ စားတဲ့ဆီဈေးတက်တယ်။ နောက်ပြီးတော့ စက်သုံးဆီဈေးတက်တယ်။ အင်ဂျင်ဝိုင်လို...နောက်ပြီးတော့ လူသုံးကုန်ဆေးဝါး အထွေထွေ အဲဒီလို ဈေးတက်တဲ့အခါမှာ လူတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း အရင်လို မပေါများဘူး။ မပေါများတဲ့အခါမှာ ဘာဖြစ်လဲဆိုရင် ၂ ခုပေါ့နော်၊ ဝင်ငွေတိုးမလာဘူး၊အပိုစရိတ်တွေတက်လာတယ်။ အဲဒီမညီမျှမှုနှစ်ခု ကြားမှာ အခက်အခဲတွေ အများကြီးကြုံရတယ်ပေါ့နော်။ တချို့ဆိုရင်လည်း ဒီအချိနမှာ ပစ္စည်းသွင်းတဲ့သူတွေဆိုရင် ဘာမှ မရောင်းဘဲ ငုပ်တုပ်ထိုင်နေတဲ့အနေအထားမှာရှိတယ်။ ဘာကြောင့်လဲဆိုရင် ရောင်းပြီးပြန်ဝယ်လို့မရဘူးဆိုတော့ လက်ရှိ ငွေဈေးမတည်ငြိမ်မှုက စီးပွါးရေးအတွက် စိန်ခေါ်မှုအများကြီး ဖြစ်စေတာပေါ့နော်။”
အခုလို စီးပွါးရေးဆုတ်ယုတ်ကျဆင်းလာမှုကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲလို့ မေးရာမှာ ဦးမင်းခင်က အခုလို ပြောပါတယ်။
“အရင်တုန်းက ပြီးခဲ့တဲ့ဆယ်နှစ်မတိုင်ခင်က စဉ်းစားပုံ၊ အဲဒီမတိုင်ခင်က စီမံခန့်ခွဲပုံတွေကို ကျနော်တို့ ပြန်သွားရမယ့်ပုံစံ ပြန်မြင်နေရတယ်။ အဲဒါတွေကိုထည့်တွက်ရင် ကျနော်တို့အနေနဲ့က လုံလောက်တဲ့အပြောင်းအလဲအခြေအနေတခု ထပ်ဖြစ်မလာဘဲနဲ့တော့ အကောင်းဘက်ကိုသွားနိုင်တဲ့လမ်း အလားအလာ အခြေအနေမျိုး မမြင်ရဘူး။”
တကယ်တော့ ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွါးရေးဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၈ % ကျဆင်းသွားတယ်လို့ သုံးသပ်ထားပါတယ်ခင်ဗျာ။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup
#MyanmarEconomy #voaburmese #စစ်အာဏာသိမ်းမှု #မြန်မာ့စီးပွားရေး #ဗွီအိုအေမြန်မာပိုင်း