သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရး အေျခအေနအေပၚ လုပ္ငန္းရွင္ေတြနဲ႔ အကဲခတ္ေတြအျမင္


A woman walks with a boy through a street market in Yangon on April 2, 2021. (Photo by STR / AFP)

{{Zawgyi/Unicode}}

ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေနာက္ဆက္တဲြ ႏိုင္ငံေရး အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ လုပ္ငန္းေတြ အျပည့္အဝ မလည္ပတ္ႏိုင္တာေၾကာင့္ ဝင္ေငြထိခိုက္ေနရသလို၊ သုံးစဲြႏိုင္အားလည္း သိသိသာသာ က်ဆင္းလာေနတယ္လို႔ လုပ္ငန္းရွင္ေတြနဲ႔ စီးပြားေရး ကၽြမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

ျမန္မာႏိုင္ငံက အက်ပ္အတည္းေတြေၾကာင့္ စီးပြားေရး ၿပိဳကဲြႏိုင္တဲ့ အေျခအေနအထိ ၾကံဳရမွာကို ျပည္တြင္းျပည္ပက စိုးရိမ္ေနခ်ိန္မွာ ျပဳျပင္ေျပာင္းလဲမႈေတြ အျမန္ဆုံး လုပ္ဖို႔ လိုအပ္ေၾကာင္းလည္း လုပ္ငန္းရွင္ေတြနဲ႔ ကၽြမ္းက်င္သူေတြက ျမင္ၾကပါတယ္။

ျမန္မာ့စီးပြားေရး အေျခအေနနဲ႔ ပတ္သက္လို႔ စီးပြားေရးေလ့လာသံုးသပ္သူ ဦးမင္းခင္၊ ျမန္မာႏိုင္ငံဖိနပ္ခ်ဳပ္လုပ္ငန္းရွင္မ်ားသင္း ဥကၠဌ ဦးေအာင္မင္းနဲ႔ အမည္မေဖာ္လိုသူ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့။ ဝင္ေငြနဲ႔ စီးပြားထိခိုက္ၿပီး သုံးစြဲမႈသိသိသာသာ က်ဆင္းလာတာကို ေရႊလင္ပန္းစက္မႈဇုံက အမည္မေဖာ္လိုသူ စက္မႈလုပ္ငန္းရွင္က ......

ေရႊလင္ပန္း စက္မႈဇုံက အမည္မေဖာ္လိုသူ စက္မႈလုပ္ငန္းရွင္ ။. ။ လူေတြရဲ႕ သုံးစြဲႏိုင္မႈက်တယ္။ ႏိုင္ငံျခားက သုံးစြဲႏိုင္မႈက်တယ္။ က်ေနာ္တို႔ဆို ဒီႏွစ္တႏွစ္လုံး အဝတ္စား မဝယ္သေလာက္ပဲ။ ေျပာခ်င္တာက လူေတြက ကိုဗစ္ေၾကာင့္ အျပင္သိပ္မထြက္ၾကဘူး။ အျပင္မထြက္ရင္ အဝတ္စားဝယ္စရာမလိုဘူးေပါ့ေနာ္။ လူေတြက စီးပြားေရး မေကာင္းတဲ့အတြက္ လိုအပ္မွပဲဝယ္မယ္။ လူေတြရဲ႕ Consumption Power က်သြားတယ္။ အကုန္ကိုက်တာ။ မေန႔က မိတ္ေဆြတေယာက္နဲ႔ စကားေျပာေတာ့ အခု ၾကက္သားေစ်းက က်တယ္။ ၾကက္သားေပါက္ထုတ္လုပ္ေရး လုပ္ငန္းေတြဆို ေတာ္ေတာ္ အခက္ခဲနဲ႔ရင္ဆိုင္ေနရတယ္။ ဘာလိုဆိုေတာ့ သူတို႔က ေန႔စဥ္ အေကာင္ေရ တခါတခါထြက္ရင္ ေသာင္းနဲ႔ခ်ီ ၿပီး ဝယ္မယ့္လူမရွိလို႔ Waste လုပ္လိုက္ရင္ ဒီအခ်ိန္္ကေတာ့ Survival ဘယ္လိုရွင္သန္ရမလဲဆိုတာကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနရတဲ့ အေနအထားမွာရွိပါတယ္။

ကိုဝင္းမင္း ။. ။ အလားတူ ဖိနပ္ခ်ဳပ္လုပ္ငန္းမွာလည္း အထည္ခ်ဳပ္လုပ္ငန္းေလာက္မဆိုးေပမယ့္ အမွာေတြက်လာၿပီး ရွင္သန္ေအာင္ ေတာင့္ခံထားရတယ္လို႔ ျမန္မာႏိုင္ငံ ဖိနပ္ခ်ဳပ္အသင္း ဥကၠဌ ဦးေအာင္မင္း ကဆိုပါတယ္။

ဦးေအာင္မင္း ။. ။ က်ေနာ္တို႔ႏိုင္ငံ ေတာ္ေတာ္ကို စီးပြားက်တယ္။ အားလုံးက ဘာလုပ္စားရမွန္းကို မသိၾကဘူး။ အဓိက ကိုဗစ္က အဓိက။ ကိုဗစ္က ပထမလိႈင္း၊ ဒုတိယလိႈင္း ၊ တတိယလိႈင္း ေတာ္ေတာ္ေလးခံလိုက္ရတယ္။ ေစ်းေရာင္မရဘူး ။ ေစ်းေတြပိတ္တယ္။ အမ်ုိးမ်ဳိးေပါ့ေလ။ ဘဏ္ျပသာနာေတြရွိတယ္ေပါ့ဗ်ာ။ ေငြေၾကးက ႀကိဳက္သေလာက္ထုတ္မရဘူး။ အထည္ခ်ဳပ္ေလာက္ေတာ့ က်ေနာ္တို႔က မဆိုးဘူး။ Order က်ရင္က်သြားမယ္။ အရင္တုံးက တလကို Container အလုံးတရာပို႔ႏိုင္မယ္ဆိုရင္ အခု ၇ဝ နဲ႔ ၆ဝ ေလာက္ေတာ့ ပို႔ႏိုင္ေသးတာေပါ့။ လုပ္ငန္းကေတာ့ လည္ပတ္ေနတုံးပဲ။ ေတာင့္ခံေနတုံးပဲေပါ့ေနာ္။

ကိုဝင္းမင္း ။. ။ အခုလိုေတာင့္ခံႏိုင္ေအာင္ အျမန္ျပဳျပင္ေျပာင္းမႈကိုေမးရာမွာ ေရႊလင္ပန္း စက္မႈဇုံက စီးပြားေရးလုပ္ငန္းရွင္က

ေရႊလင္ပန္းစက္မႈဇုံက စီးပြားေရးလုပ္ငန္းရွင္ ။. ။ အခုလက္ရွိအေျခေနမွာ ဘဏ္စနစ္နဲ႔ ေငြေၾကးစနစ္ေတြ ေဒၚလာေစ်းႏႈန္းေတြ ဘက္စုံေပါ့ေနာ္ အခက္ခဲေတြကို ေျဖရွင္းရမွာေပါ့ေနာ္။ ဥပမာ ေဒၚလာေစ်းတက္တယ္ဆိုတာ လိုအပ္ခ်က္မ်ားတယ္။ ဘာလို႔လုိအပ္ခ်က္မ်ားလဲဆုိရင္ ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံျခားကတင္သြင္းလဲဆုိရင္ ျပည္တြင္းမွာ ထုတ္ရခက္တာကို ။ ႏိုင္ငံျခားက ဝယ္သြင္းတာက ပိုၿပီးေတာ့ အျမတ္ရၿပီးေတာ့ တျခားအာစီယံႏိုင္ငံေတြၾကည့္ရင္ က်ေနာ္တို႔အထက္မွာရွိတယ္။ တျခားႏိုင္ငံေတြက investment လုပ္မယ္ဆိုရင္ ျမန္မာေရြးမလား၊ ကေမၻာဒီးယားေရြးမလား ၊ ဗီယက္နမ္ေရြးမလားဆုိရင္ တျခားသြားႏိုင္မယ့္အေနအထားကို ပိုၿပီးေရြးခ်ယ္ၾကမယ္။

ကိုဝင္းမင္း ။. ။ အခုလိုေျဖရွင္းဖို႔ ေနာက္အျမန္ေျဖရွင္းသင့္တာကိုလည္း ဦးေအာင္မင္း က

ဦးေအာင္မင္း ။. ။ လုပ္သာကုိင္သာရွိေအာင္ အကုန္ေျဖေလွ်ာ့လုိက္ဗ်ာ။ ဥပမာ ေျမမရွိဘူး။ ရွိတဲ့ေျမကလည္း စက္မႈဇုံမွ ေဆာက္လို႔ရမယ္။ ထုိင္းဆိုရင္ လယ္ကြင္းဝယ္လိုက္တယ္။ အဲဒီမွာ စက္ရုံေဆာက္တယ္။ ကန္႕ကြက္မယ့္လူမရွိရင္ စက္ရုံေဆာက္ရတယ္။ ျမန္မာႏိုင္ငံက ဒီတခုပဲ ေျမကြက္ခ်ေပးရင္ လက္ဦးမႈယူသြားၾကၿပီ။ တကယ္တန္း ႏိုင္ငံျခားက ရင္းႏွီျမဳတ္ႏွံခ်င္တဲ့သူလာလည္းလာေရာ ေျမမရွိေတာ့ဘူး။ ေျမကိုင္ထားသူေတြကလည္း မတရားေအာေတာ့တာပဲ ။ က်ေနာ္တို႔ႏိုင္ငံမွာ ေျမမရလို႔ဆိုၿပီး ကေမၻာဒီးယားေျပာင္းသြားတာတို႔၊ ဗီယက္နမ္ေျပာင္းသြားတာတို႔အမ်ားႀကီး။

ကိုဝင္းမင္း ။. ။ စီးပြားေရးေလ့လာသူ ဦးမင္းခင္ ကလည္း အရင္တုံးကလိုမမွားပဲ အခုဆက္ျပင္သင့္တာကို ...

ဦးမင္းခင္ (စီးပြားေရးေလ့လာသူ) ။. ။ က်ေနာ္တို႔က ကုိယ္နည္းကိုယ္ဟန္နဲ႔ ရပ္တည္ေရးအတြက္ လြန္ခဲ့တဲ့ ႏွစ္၃ဝအတြင္း အမ်ားႀကီး ဒုကၡေရာက္တယ္။ ကုိယ္နည္းကုိယ္ဟန္နဲ႔ စီးပြားေရးလုပ္တာက ကမၻာမွာ ဝင္မဆန္႔ဘူး။ အမ်ားနဲ႔ မလုပ္ႏိုင္ဘူး။ နယ္စပ္ကုန္သြယ္ေရးကိုပဲ ဥပမာေပးမယ္။ နယ္စပ္ကို ပစၥည္းေရာက္ၿပီး ဟိုဖက္က ဝယ္မွ က်ေနာ္္္္တို႔က ေရာင္းရမယ္။ ဟုိဖက္က မဝယ္ရင္မေရာင္းရဘူး။ ေနာက္ဆုံး ဟိုဖက္က ေပးတဲ့ေစ်းနဲပဲေရာင္းရတယ္။ နယ္စပ္ကပဲ ထြက္ထြက္ ပုံမွန္ကုန္သြယ္ေရးပုံစံနဲ႔ထြက္။ ဆိုလိုတာက က်ေနာ္တိို႔ ကုန္ပစၥည္းက ဘယ္ေနရာမွာပဲရွိေနေန သက္ဆိုင္ရာလမ္းေၾကာင္းကေန ပုံမွန္ကုန္သြယ္ေရးနည္းလမ္းနဲ႔အလုပ္လုပ္လို႔ရမယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ဒဏ္ခံရၿပီးသား စီးပြားေရးဟာ လက္ရွိစစ္အာဏာသိမ္းမႈေအာက္မွာ ပိုဆုတ္ယုတ္က်ေနတာမို႔ ျပန္နလန္ထူေရး စစ္ေကာင္စီဖက္ကလည္း ေငြေၾကးစိုက္ထုတ္ဖို႔လုိေနၿပီလို႔ စီးပြားေရး ပညာရွင္ေတြက ေထာက္ျပေနၾကပါတယ္ခင္ဗ်ာ။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်တာကြောင့် ဝင်ငွေထိခိုက်နေရသလို၊ သုံးစွဲနိုင်အားလည်း သိသိသာသာ ကျဆင်းလာနေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံက အကျပ်အတည်းတွေကြောင့် စီးပွားရေး ပြိုကွဲနိုင်တဲ့ အခြေအနေအထိ ကြုံရမှာကို ပြည်တွင်းပြည်ပက စိုးရိမ်နေချိန်မှာ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဖို့ လိုအပ်ကြောင်းလည်း လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။

မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးမင်းခင်၊ မြန်မာနိုင်ငံဖိနပ်ချုပ်လုပ်ငန်းရှင်များသင်း ဥက္ကဌ ဦးအောင်မင်းနဲ့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့။ ဝင်ငွေနဲ့ စီးပွားထိခိုက်ပြီး သုံးစွဲမှုသိသိသာသာ ကျဆင်းလာတာကို ရွှေလင်ပန်းစက်မှုဇုံက အမည်မဖော်လိုသူ စက်မှုလုပ်ငန်းရှင်က ......

ရွှေလင်ပန်း စက်မှုဇုံက အမည်မဖော်လိုသူ စက်မှုလုပ်ငန်းရှင် ။. ။ လူတွေရဲ့ သုံးစွဲနိုင်မှုကျတယ်။ နိုင်ငံခြားက သုံးစွဲနိုင်မှုကျတယ်။ ကျနော်တို့ဆို ဒီနှစ်တနှစ်လုံး အဝတ်စား မဝယ်သလောက်ပဲ။ ပြောချင်တာက လူတွေက ကိုဗစ်ကြောင့် အပြင်သိပ်မထွက်ကြဘူး။ အပြင်မထွက်ရင် အဝတ်စားဝယ်စရာမလိုဘူးပေါ့နော်။ လူတွေက စီးပွားရေး မကောင်းတဲ့အတွက် လိုအပ်မှပဲဝယ်မယ်။ လူတွေရဲ့ Consumption Power ကျသွားတယ်။ အကုန်ကိုကျတာ။ မနေ့က မိတ်ဆွေတယောက်နဲ့ စကားပြောတော့ အခု ကြက်သားဈေးက ကျတယ်။ ကြက်သားပေါက်ထုတ်လုပ်ရေး လုပ်ငန်းတွေဆို တော်တော် အခက်ခဲနဲ့ရင်ဆိုင်နေရတယ်။ ဘာလိုဆိုတော့ သူတို့က နေ့စဉ် အကောင်ရေ တခါတခါထွက်ရင် သောင်းနဲ့ချီ ပြီး ဝယ်မယ့်လူမရှိလို့ Waste လုပ်လိုက်ရင် ဒီအချိန်ကတော့ Survival ဘယ်လိုရှင်သန်ရမလဲဆိုတာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရတဲ့ အနေအထားမှာရှိပါတယ်။

ကိုဝင်းမင်း ။. ။ အလားတူ ဖိနပ်ချုပ်လုပ်ငန်းမှာလည်း အထည်ချုပ်လုပ်ငန်းလောက်မဆိုးပေမယ့် အမှာတွေကျလာပြီး ရှင်သန်အောင် တောင့်ခံထားရတယ်လို့ မြန်မာနိုင်ငံ ဖိနပ်ချုပ်အသင်း ဥက္ကဌ ဦးအောင်မင်း ကဆိုပါတယ်။

ဦးအောင်မင်း ။. ။ ကျနော်တို့နိုင်ငံ တော်တော်ကို စီးပွားကျတယ်။ အားလုံးက ဘာလုပ်စားရမှန်းကို မသိကြဘူး။ အဓိက ကိုဗစ်က အဓိက။ ကိုဗစ်က ပထမလှိုင်း၊ ဒုတိယလှိုင်း ၊ တတိယလှိုင်း တော်တော်လေးခံလိုက်ရတယ်။ ဈေးရောင်မရဘူး ။ ဈေးတွေပိတ်တယ်။ အမျိုးမျိုးပေါ့လေ။ ဘဏ်ပြသာနာတွေရှိတယ်ပေါ့ဗျာ။ ငွေကြေးက ကြိုက်သလောက်ထုတ်မရဘူး။ အထည်ချုပ်လောက်တော့ ကျနော်တို့က မဆိုးဘူး။ Order ကျရင်ကျသွားမယ်။ အရင်တုံးက တလကို Container အလုံးတရာပို့နိုင်မယ်ဆိုရင် အခု ၇ဝ နဲ့ ၆ဝ လောက်တော့ ပို့နိုင်သေးတာပေါ့။ လုပ်ငန်းကတော့ လည်ပတ်နေတုံးပဲ။ တောင့်ခံနေတုံးပဲပေါ့နော်။

ကိုဝင်းမင်း ။. ။ အခုလိုတောင့်ခံနိုင်အောင် အမြန်ပြုပြင်ပြောင်းမှုကိုမေးရာမှာ ရွှေလင်ပန်း စက်မှုဇုံက စီးပွားရေးလုပ်ငန်းရှင်က

ရွှေလင်ပန်းစက်မှုဇုံက စီးပွားရေးလုပ်ငန်းရှင် ။. ။ အခုလက်ရှိအခြေနေမှာ ဘဏ်စနစ်နဲ့ ငွေကြေးစနစ်တွေ ဒေါ်လာဈေးနှုန်းတွေ ဘက်စုံပေါ့နော် အခက်ခဲတွေကို ဖြေရှင်းရမှာပေါ့နော်။ ဥပမာ ဒေါ်လာဈေးတက်တယ်ဆိုတာ လိုအပ်ချက်များတယ်။ ဘာလို့လိုအပ်ချက်များလဲဆိုရင် တော်တော်များများ နိုင်ငံခြားကတင်သွင်းလဲဆိုရင် ပြည်တွင်းမှာ ထုတ်ရခက်တာကို ။ နိုင်ငံခြားက ဝယ်သွင်းတာက ပိုပြီးတော့ အမြတ်ရပြီးတော့ တခြားအာစီယံနိုင်ငံတွေကြည့်ရင် ကျနော်တို့အထက်မှာရှိတယ်။ တခြားနိုင်ငံတွေက investment လုပ်မယ်ဆိုရင် မြန်မာရွေးမလား၊ ကမ္ဘောဒီးယားရွေးမလား ၊ ဗီယက်နမ်ရွေးမလားဆိုရင် တခြားသွားနိုင်မယ့်အနေအထားကို ပိုပြီးရွေးချယ်ကြမယ်။

ကိုဝင်းမင်း ။. ။ အခုလိုဖြေရှင်းဖို့ နောက်အမြန်ဖြေရှင်းသင့်တာကိုလည်း ဦးအောင်မင်း က

ဦးအောင်မင်း ။. ။ လုပ်သာကိုင်သာရှိအောင် အကုန်ဖြေလျှော့လိုက်ဗျာ။ ဥပမာ မြေမရှိဘူး။ ရှိတဲ့မြေကလည်း စက်မှုဇုံမှ ဆောက်လို့ရမယ်။ ထိုင်းဆိုရင် လယ်ကွင်းဝယ်လိုက်တယ်။ အဲဒီမှာ စက်ရုံဆောက်တယ်။ ကန့်ကွက်မယ့်လူမရှိရင် စက်ရုံဆောက်ရတယ်။ မြန်မာနိုင်ငံက ဒီတခုပဲ မြေကွက်ချပေးရင် လက်ဦးမှုယူသွားကြပြီ။ တကယ်တန်း နိုင်ငံခြားက ရင်းနှီမြုတ်နှံချင်တဲ့သူလာလည်းလာရော မြေမရှိတော့ဘူး။ မြေကိုင်ထားသူတွေကလည်း မတရားအောတော့တာပဲ ။ ကျနော်တို့နိုင်ငံမှာ မြေမရလို့ဆိုပြီး ကမ္ဘောဒီးယားပြောင်းသွားတာတို့၊ ဗီယက်နမ်ပြောင်းသွားတာတို့အများကြီး။

ကိုဝင်းမင်း ။. ။ စီးပွားရေးလေ့လာသူ ဦးမင်းခင် ကလည်း အရင်တုံးကလိုမမှားပဲ အခုဆက်ပြင်သင့်တာကို ...

ဦးမင်းခင် (စီးပွားရေးလေ့လာသူ) ။. ။ ကျနော်တို့က ကိုယ်နည်းကိုယ်ဟန်နဲ့ ရပ်တည်ရေးအတွက် လွန်ခဲ့တဲ့ နှစ်၃ဝအတွင်း အများကြီး ဒုက္ခရောက်တယ်။ ကိုယ်နည်းကိုယ်ဟန်နဲ့ စီးပွားရေးလုပ်တာက ကမ္ဘာမှာ ဝင်မဆန့်ဘူး။ အများနဲ့ မလုပ်နိုင်ဘူး။ နယ်စပ်ကုန်သွယ်ရေးကိုပဲ ဥပမာပေးမယ်။ နယ်စပ်ကို ပစ္စည်းရောက်ပြီး ဟိုဖက်က ဝယ်မှ ကျနော်တို့က ရောင်းရမယ်။ ဟိုဖက်က မဝယ်ရင်မရောင်းရဘူး။ နောက်ဆုံး ဟိုဖက်က ပေးတဲ့ဈေးနဲပဲရောင်းရတယ်။ နယ်စပ်ကပဲ ထွက်ထွက် ပုံမှန်ကုန်သွယ်ရေးပုံစံနဲ့ထွက်။ ဆိုလိုတာက ကျနော်တို့ ကုန်ပစ္စည်းက ဘယ်နေရာမှာပဲရှိနေနေ သက်ဆိုင်ရာလမ်းကြောင်းကနေ ပုံမှန်ကုန်သွယ်ရေးနည်းလမ်းနဲ့အလုပ်လုပ်လို့ရမယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ဒဏ်ခံရပြီးသား စီးပွားရေးဟာ လက်ရှိစစ်အာဏာသိမ်းမှုအောက်မှာ ပိုဆုတ်ယုတ်ကျနေတာမို့ ပြန်နလန်ထူရေး စစ်ကောင်စီဖက်ကလည်း ငွေကြေးစိုက်ထုတ်ဖို့လိုနေပြီလို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြနေကြပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG