သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးအထိခိုက္ဆုံး အာရွပစိဖိတ္ႏိုင္ငံေတြထဲ ျမန္မာပါဝင္


၂၀၂၁ ခုႏွစ္ အာရွပစိဖိတ္ဆုိင္ရာ ကမၻာ့ဘဏ္အစီရင္ခံစာ

Zawgyi/Unicode

အေရွ႕အာရွနဲ႔ Pacific ေဒသမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့တဲ့ စီးပြားေရး ျပန္လည္ ဦးေမာ့လာႏိုင္ေရးဟာ ကူးစက္ျမန္ Delta ကိုဗစ္ေရာဂါပိုးေၾကာင့္ ထိခိုက္ေနတယ္လို႔ ကမာၻ႔ဘဏ္က ေျပာၾကားလိုက္ပါတယ္။ Delta ေရာဂါပိုး ကူးစက္ ပ်ံ႕ႏွံ႔မႈေၾကာင့္ စီးပြားေရးတိုးတက္မႈ ေႏွးေကြးေနၿပီး ေဒသတြင္း မညီမွ်မႈ အေျခအေန ပိုဆိုးေနပံုရတယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ အေရွ႕အာရွနဲ႔ Pacific ေဒသအတြက္ ၂၀၂၁ ခုႏွစ္ ေဆာင္းဦးေပါက္ကာလ ခန္႔မွန္းခ်က္ အစီရင္ခံစာထဲမွာ ေျပာထားပါတယ္။
၂၀၂၁ ခုႏွစ္ ဒုတိယ ၃ လပတ္ကစၿပီး စီးပြားေရးလုပ္ငန္းေတြ အရွိန္ေႏွးလာတာေတြ႔ရတယ္လို႔ ကမာၻ႔ဘဏ္က ေျပာသလို ေဒသတြင္း စီးပြားေရးတိုးတက္မႈ ခန္႔မွန္းခ်က္ကို ႏိုင္ငံအမ်ားစုအတြက္ ေလွ်ာ့ခ်ခဲ့ပါတယ္။ စီးပြားေရးအထိခိုက္ဆံုးလို႔ ကမာၻ႔ဘဏ္က ေျပာတဲ့ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံပါဝင္ၿပီး ျမန္မာႏိုင္ငံစီးပြားေရး ၁၈% က်ဳံ႕သြားမယ္လို႔ ခန္႔မွန္းပါတယ္။ အေရွ႕အာရွနဲ႔ Pacific ေဒသတြင္းမွာ ျမန္မာႏိုင္ငံက အလုပ္လက္မဲ့ႏႈန္း အမ်ားဆံုးျဖစ္လာတာ ေတြ႔လာရမွာျဖစ္ၿပီး ဆင္းရဲ ႏြမ္းပါးသူေတြလည္း ပိုမ်ားလာလိမ့္မယ္လို႔ ကမာၻ႔ဘဏ္က ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ခဲ့ရတယ္ ဆိုတာ သံသယျဖစ္စရာမရွိသလို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့လႈပ္ရွားမႈေတြေၾကာင့္ လုပ္ငန္းခြင္ဝင္သူေတြ နည္းသြားတယ္လို႔ အေရွ႕အာရွနဲ႔ Pacific ေဒသဆိုင္ရာ ကမာၻ႔ဘဏ္ရဲ႕ စီးပြားေရး အႀကံေပးခ်ဳပ္ Aaditya Mattoo ကေျပာပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕ က်ပ္ေငြတန္ဖိုး စံခ်ိန္တင္ေအာင္ က်ဆင္းေနပါတယ္။ ဒီေန႔ စက္တင္ဘာ ၂၈ ရက္ေန႔မွာ ဗဟိုဘဏ္သတ္မွတ္တဲ့ ေဒၚလာ ေငြလဲႏႈန္းက အေမရိကန္ တေဒၚလာကို ျမန္မာက်ပ္ေငြ ၁၇၅၅ က်ပ္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ ျပင္ပ တရားဝင္ေငြလဲေကာင္တာေတြမွာ အဝယ္ေစ်းက ၁ ေဒၚလာကို ၂၃၅၀ က်ပ္ျဖစ္ၿပီး အေရာင္းေစ်းက ၂၄၅၀ အထိ ေစ်းေပါက္ပါတယ္။ ေရႊေစ်းကေတာ့ အေခါက္ေ႐ႊ တက်ပ္သားကိုရန္ကုန္ မွာ၂၂ သိန္း၊ ၁ ေသာင္း၊ ၃ ေထာင္က်ပ္ေစ်းျဖစ္ေနပါတယ္။
အေရွ႕အာရွနဲ႔ Pacific ေဒသတြင္း စီးပြားေရး ျပန္လည္ဦးေမာ့လာမယ့္အေျခအေနဟာ Delta ကိုဗစ္ေရာဂါပိုးေၾကာင့္ ကံမေကာင္းစြာပဲ ေနာက္ေၾကာင္း ျပန္လွည့္ေနတယ္လို႔ ေဒသအတြက္ ေနာက္ဆံုးခန္႔မွန္းခ်က္မွာ ေျပာထားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္ေနၿပီး ႀကိဳတင္ျမင္ႏိုင္တဲ့ အနာဂါတ္မွာ အေျခအေနေကာင္းလာဖို႔ မျမင္ေသးဘူးလို႔ ကမာၻ႔ဘဏ္က ခန္႔မွန္းပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

စီးပွားရေးအထိခိုက်ဆုံး အာရှပစိဖိတ်နိုင်ငံတွေထဲ မြန်မာပါဝင်

အရှေ့အာရှနဲ့ Pacific ဒေသမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေးဟာ ကူးစက်မြန် Delta ကိုဗစ်ရောဂါပိုးကြောင့် ထိခိုက်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။ Delta ရောဂါပိုး ကူးစက် ပျံ့နှံ့မှုကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး ဒေသတွင်း မညီမျှမှု အခြေအနေ ပိုဆိုးနေပုံရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ Pacific ဒေသအတွက် ၂၀၂၁ ခုနှစ် ဆောင်းဦးပေါက်ကာလ ခန့်မှန်းချက် အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဒုတိယ ၃ လပတ်ကစပြီး စီးပွားရေးလုပ်ငန်းတွေ အရှိန်နှေးလာတာတွေ့ရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောသလို ဒေသတွင်း စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို နိုင်ငံအများစုအတွက် လျှော့ချခဲ့ပါတယ်။ စီးပွားရေးအထိခိုက်ဆုံးလို့ ကမ္ဘာ့ဘဏ်က ပြောတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံစီးပွားရေး ၁၈% ကျုံ့သွားမယ်လို့ ခန့်မှန်းပါတယ်။ အရှေ့အာရှနဲ့ Pacific ဒေသတွင်းမှာ မြန်မာနိုင်ငံက အလုပ်လက်မဲ့နှုန်း အများဆုံးဖြစ်လာတာ တွေ့လာရမှာဖြစ်ပြီး ဆင်းရဲ နွမ်းပါးသူတွေလည်း ပိုများလာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရတယ် ဆိုတာ သံသယဖြစ်စရာမရှိသလို အကြမ်းမဖက် အာဏာဖီဆန်တဲ့လှုပ်ရှားမှုတွေကြောင့် လုပ်ငန်းခွင်ဝင်သူတွေ နည်းသွားတယ်လို့ အရှေ့အာရှနဲ့ Pacific ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး အကြံပေးချုပ် Aaditya Mattoo ကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုး စံချိန်တင်အောင် ကျဆင်းနေပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ဗဟိုဘဏ်သတ်မှတ်တဲ့ ဒေါ်လာ ငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၅၅ ကျပ်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ ပြင်ပ တရားဝင်ငွေလဲကောင်တာတွေမှာ အဝယ်ဈေးက ၁ ဒေါ်လာကို ၂၃၅၀ ကျပ်ဖြစ်ပြီး အရောင်းဈေးက ၂၄၅၀ အထိ ဈေးပေါက်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကိုရန်ကုန် မှာ၂၂ သိန်း၊ ၁ သောင်း၊ ၃ ထောင်ကျပ်ဈေးဖြစ်နေပါတယ်။
အရှေ့အာရှနဲ့ Pacific ဒေသတွင်း စီးပွားရေး ပြန်လည်ဦးမော့လာမယ့်အခြေအနေဟာ Delta ကိုဗစ်ရောဂါပိုးကြောင့် ကံမကောင်းစွာပဲ နောက်ကြောင်း ပြန်လှည့်နေတယ်လို့ ဒေသအတွက် နောက်ဆုံးခန့်မှန်းချက်မှာ ပြောထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေပြီး ကြိုတင်မြင်နိုင်တဲ့ အနာဂါတ်မှာ အခြေအနေကောင်းလာဖို့ မမြင်သေးဘူးလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်ရှင်။

#MyanmarEconomy #MyanmarWorldBank #AsiaPacificEconomy #VOABurmese#အာရှပစိဖိတ်#မြန်မာ#စီးပွါးရေးအထိခိုက်ဆုံး#ဗဟိုဘဏ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG