သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ Omicron ကူးစက္ထားသူ ၄၂ ေယာက္ထပ္ေတြ႕ 


ရန္ကုန္ ပန္းဆိုးတန္း ဆိပ္ခံေဘာတံတားေပၚက ကိုဗစ္ အသိပညာေပးဆိုင္းဘုတ္ ( ဓာတ္ပံု - AP)

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့၂၄ နာရီအတြင္း ကူးစက္ျမန္ ကိုဗစ္-19 မ်ိဳးဗီဇကြဲ Omicron ကူးစက္ေနသူ ၄၂ ဦးကို ဓါတ္ခြဲ စမ္းသပ္ ေတြ႕ရွိခဲ့ေၾကာင္း စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

ဒါဟာျဖင့္ လက္ရွိအခ်ိန္ထိဆိုရင္ Omicron ကူးစက္သူအေရအတြက္ ၂၄ နာရီအတြင္း အမ်ားဆုံးေတြ႕တာျဖစ္ပါတယ္။

အခု Omicron မ်ိဳးဗီဇကြဲ ကိုဗစ္-19 ကူးစက္ေနသူေတြဟာ ျမန္မာႏိုင္ငံသား ၄၀ ဦးနဲ႔ ႏိုင္ငံျခားသား ၂ ဦးတို႔ ျဖစ္ၾကၿပီး သူတို႔ဟာ Relief Flight နဲ႔ ျပန္ဝင္လာၾကတာမွာ အိႏၵိယက ျပန္လာသူ ၃၂ ဦး၊ ယူေအအီးက ျပန္လာသူ ၄ ဦး၊ မေလးရွားနဲ႔ ထိုင္းႏိုင္ငံတို႔က ျပန္လာသူ ၃ ဦးစီတို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

တခ်ိန္ထဲမွာဘဲ ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့၂၄ နာရီအတြင္း ကိုဗစ္-19 ကူးစက္သူ ၁၇၂ ဦး ေတြ႕ရွိခဲ့ေၾကာင္းနဲ႔ ေသဆုံးသူ ၁ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။ က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ အခု ခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 ကူးစက္ေနသူ စုစုေပါင္း၅၃၂,၇၂၅ ဦး ရွိခဲ့ၿပီးေသဆုံးသူကေတာ့ ၁၉,၂၉၈ ဦး ရွိခဲ့ၿပီျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ - ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ကိုဗစ္ 19 ေရာဂါ ကူးစက္မႈေၾကာင့္ ေဆး႐ုံတက္ ကုသသူ ၃၃ % တိုးလာသလို ေသဆုံးတဲ့ အေရအတြက္ဟာလည္း ၄၀ % ျပန္တိုးလာခဲ့တယ္လို႔ အေမရိကန္ ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန CDC က မေန႔ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ေျပာပါတယ္။

Omicron ဗီဇမ်ိဳးကြဲ ကို႐ိုနာဗိုင္းရပ္စ္ပိုးသစ္ ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတဝွမ္း ေဆး႐ုံေတြ ေတာ္ေတာ္မ်ားမ်ား ကုသေရးအတြက္ မႏိုင္မနင္း ျဖစ္ေနခ်ိန္မွာပဲ လာမယ့္ သီတင္းပတ္ေတြအတြင္း ေနာက္ထပ္ ကူးစက္မႈေတြ အျမင့္ဆုံး အေျခအေန ေရာက္ႏိုင္တယ္လို႔ CDC ဒါ႐ိုက္တာ ေဒါက္တာ Rochelle Walensky က သတင္းေထာက္ေတြကို ေျပာပါတယ္။

Omicron ဗိုင္းရပ္စ္ပိုး သစ္ ကူးစက္မႈမွာ Delta မ်ိဳးကြဲ ဗိုင္းရပ္စ္ပိုးသစ္ ကူးစက္မႈထက္ ပိုမ်ားၿပီး ကိုဗစ္ 19 ေရာဂါ ကူးစက္တဲ့ လူနာ သစ္ေတြရဲ႕ ၉၈ ဒႆမ ၃ % Omicron ဗိုင္းရပ္စ္ပိုး ကူးစက္တာလို႔လည္း CDC က က်န္းမာေရး ပညာရွင္ေတြက ေျပာပါတယ္။

........................................................................................

မြန်မာနိုင်ငံမှာ Omicron ကူးစက်ထားသူ ၄၂ ယောက်ထပ်တွေ့

(Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ကူးစက်မြန် ကိုဗစ်-19 မျိုးဗီဇကွဲ Omicron ကူးစက်နေသူ ၄၂ ဦးကို ဓါတ်ခွဲ စမ်းသပ် တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာဖြင့် လက်ရှိအချိန်ထိဆိုရင် Omicron ကူးစက်သူအရေအတွက် ၂၄ နာရီအတွင်း အများဆုံးတွေ့တာဖြစ်ပါတယ်။

အခု Omicron မျိုးဗီဇကွဲ ကိုဗစ်-19 ကူးစက်နေသူတွေဟာ မြန်မာနိုင်ငံသား ၄၀ ဦးနဲ့ နိုင်ငံခြားသား ၂ ဦးတို့ ဖြစ်ကြပြီး သူတို့ဟာ Relief Flight နဲ့ ပြန်ဝင်လာကြတာမှာ အိန္ဒိယက ပြန်လာသူ ၃၂ ဦး၊ ယူအေအီးက ပြန်လာသူ ၄ ဦး၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူ ၃ ဦးစီတို့ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာဘဲ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ကိုဗစ်-19 ကူးစက်သူ ၁၇၂ ဦး တွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခု ချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-19 ကူးစက်နေသူ စုစုပေါင်း၅၃၂,၇၂၅ ဦး ရှိခဲ့ပြီးသေဆုံးသူကတော့ ၁၉,၂၉၈ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ - ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုဗစ် 19 ရောဂါ ကူးစက်မှုကြောင့် ဆေးရုံတက် ကုသသူ ၃၃ % တိုးလာသလို သေဆုံးတဲ့ အရေအတွက်ဟာလည်း ၄၀ % ပြန်တိုးလာခဲ့တယ်လို့ အမေရိကန် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC က မနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

Omicron ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုတွေကြောင့် နိုင်ငံတဝှမ်း ဆေးရုံတွေ တော်တော်များများ ကုသရေးအတွက် မနိုင်မနင်း ဖြစ်နေချိန်မှာပဲ လာမယ့် သီတင်းပတ်တွေအတွင်း နောက်ထပ် ကူးစက်မှုတွေ အမြင့်ဆုံး အခြေအနေ ရောက်နိုင်တယ်လို့ CDC ဒါရိုက်တာ ဒေါက်တာ Rochelle Walensky က သတင်းထောက်တွေကို ပြောပါတယ်။

Omicron ဗိုင်းရပ်စ်ပိုး သစ် ကူးစက်မှုမှာ Delta မျိုးကွဲ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုထက် ပိုများပြီး ကိုဗစ် 19 ရောဂါ ကူးစက်တဲ့ လူနာ သစ်တွေရဲ့ ၉၈ ဒဿမ ၃ % Omicron ဗိုင်းရပ်စ်ပိုး ကူးစက်တာလို့လည်း CDC က ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

XS
SM
MD
LG