သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်မျိုးကွဲသစ် Omicron ပြင်းထန်နိုင်မူ


omicron
omicron
တိုက်ရိုက် လင့်ခ်

ကိုဗစ်-19 မျိုးကွဲသစ် Omicron ဟာ ကူးစက်မြန်လွန်းတာအပြင် ကိုဗစ်ကာကွယ်ဆေး အပြည့်မထိုးထားသူနဲ့ ကိုယ်ခံအားနည်းနေသူတွေအတွက် ပြင်းထန်နိုင်တယ်လို့ နိုင်ငံတကာက ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမျိုးကွဲသစ် စကူးသူ (၄) ဦးစတွေ့လာချိန်မှာ၊ ကူးစက်မူများလွန်းလာတဲ့ နိုင်ငံတချို့မှာလည်း အခုလို ပြင်းထန်တာစတွေ့လာတာကြောင့်၊ မြန်မာပြည်သူတွေနဲ့ တာဝန်ရှိသူတွေ ကြိုသိပြင်ဆင်စရာတွေ အရေးကြီးလာပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီမျိုးကွဲသစ်ကို အားလုံးမှာ မစစ်နိုင်ချိန်မှာ၊ လက်ရှိ နေ့စဉ်ကူးစက်သူ (၁) သန်းကျော် စံချိန်စတင်ခဲ့ပြီး၊ အရင် ကိုဗစ်စဖြစ်ချိန် ၂၀၂၀ ခုနှစ်တုံးက အပြင်းအထန်ခံခဲ့ရတဲ့ နယူးယောက်မြို့ကြီးမှာလည်း ဆေးရုံတင်ရနှုန်းက စိုးရိမ်ရေမှတ်နားရောက်လာနေပါပြီ။ အဓိကက အမေရိကန်မှာ အဆင့်မြင့်နည်း (Messenger RNA) နဲ့ ထုတ်ထားတဲ့ ကာကွယ်ဆေး (၂) လုံး မဟုတ်တော့ဘဲ၊ (၃) လုံးအပြည့်ထိ မထိုးထားသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေ (ဥပမာ ကင်ဆာ နဲ့ HIV ကိုယ်ခံအားကျ ရောဂါတွေရှိသူ၊ အသည်းရေဖျင်းစွဲနေသူ၊ ကျောက်ကပ်ဆေးနေရသူတွေ) မှာ ဒီမျိုးကွဲက အရင်မျိုးကွဲတွေနည်းတူ ပြင်းထန်နေလို့ပါ။ ဒါပေမဲ့ အရင် ပြင်ဆင်မူအားနည်းခဲ့တဲ့ အမေရိကန်မှာ အခုတော့ ပြင်ဆင်မူတွေရှိလာတာအပြင်၊ ပြင်းထန်မူသက်သာစေမဲ့ ဆေး (Monoclonal Antibody နဲ့ Anti-Viral) တွေလည်း သုံးနိုင်တာကြောင့် သေဆုံးမူကိုတော့ အရင်လို မဆိုးအောင် ထိန်းထားနိုင်ပါသေးတယ်။ ဒါပေမဲ့ မြန်မာအပါအဝင် ဒီနောက်ဆုံးပေါ်ဆေးတွေ မသုံးနိုင်တဲ့ နိုင်ငံတွေမှာတော့ ပြင်းထန်မူတွေကြုံလာမှာ စိုးရိမ်နေရပါသေးတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ လူအများ အဓိကသုံးတဲ့ တရုတ်နိုင်ငံထုတ် ရှေးရိုးနည်း (Killed Virus) သုံးထုတ်တဲ့ ကာကွယ်ဆေးတွေက အခု မျိုးကွဲသစ် Omicron အတွက် ကိုယ်ခံစွမ်းအားပစ္စည်း (Antibody) ထုတ်လုပ်နိုင်မူ အားနည်းနေတာကို စတွေ့ရှိလာချိန်မှာ၊ ပြည်သူတွေကိုယ်တိုင် ကာကွယ်ရေး ပိုလုပ်ဖို့လိုလာပါတယ်။ အိန္ဒိယထုတ် Covishield ကာကွယ်ဆေးကတော့ တစုံတရာ အာနိသင် ရှိနေပါသေးတယ်။ အဓိက အရေးကြီးလာတာက မြန်မာနိုင်ငံထဲ ကာကွယ်ဆေး ထိုးနည်းနေသေးချိန်မှာ ကာကွယ်ဆေးထိုးပြီးလျှင်တောင် မပေါ့ဆဘဲ၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာနဲ့ လူစုလူဝေးရှောင်တာ၊ ဆိုင်အပြင်လေဟာပြင်မှာ စားသောက်တာတွေအပြင်၊ ဖျားနာလာလျှင်လည်း ကိုဗစ်လို့ မှတ်ယူပြီး သီးသန့်ခွဲ နေထိုင်စားသောက်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးထားပါတယ်။

==Unicode ==






XS
SM
MD
LG