သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်မျိုးကွဲသစ် Omicron စတင်ကြီးစိုးလာမူ


HEALTH-CORONAVIRUS/OMICRON-STUDY
HEALTH-CORONAVIRUS/OMICRON-STUDY
တိုက်ရိုက် လင့်ခ်

ကိုဗစ်-19 မျိုးကွဲသစ် Omicron ဟာ ကမ္ဘာ့နိုင်ငံကြီးတချို ့မှာ အဓိကကူးစက်တဲ့ မျိုးကွဲအဖြစ် စတင်ကြီးစိုးလာတာဟာ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ကိုဗစ်ဖြစ်ပွားမူရဲ့ (၁)% အရေအတွက်သာ Omicron မျိုးကွဲအဖြစ် တွေ့ခဲ့ရာကနေ၊ အခုအပတ်မှာတော့ (၇၅)% အထိ ထိုးတက်သွားတာကို အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနအနေနဲ့ ထုတ်ပြန်ပေးလိုက်တာက ကူးစက်မှု မတရားမြန်လွန်းတာကို လက်တွေ့ပြလိုက်တာပါ။ အခုလို အမေရိကန်မှာ Omicron ကူးစက်မူ ရုတ်တရက် တဟုန်ထိုးတိုးများလာတာကြောင့် တခြားနိုင်ငံတွေမှာလည်း အလားတူ ကူးစက်မူမြန်လာတာကို ဆက်တွေ့လာနိုင်ပါတယ်။ အကြောင်းက အရင်မျိုးကွဲသစ် Delta အိန္ဒိယမှာစတွေ့အပြီး (၂) လကျော်မှ အမေရိကန်မှာ တွေ့ခဲ့ရာကနေ၊ အခုမျိုးကွဲသစ် Omicron ကတော့ (၃) ပတ်ခွဲအတွင်း စဖြစ်ခဲ့တဲ့ တောင်အာဖရိကအဝင်ကို ပိတ်ဆို့တာ (Lockdown) လုပ်ထားတဲ့ ကြားကနေ၊ အခုလို ခဏတွင်း အများကြီးပျံနှံ့လာရတာကြောင့်ပါ။ အလားတူ ဗြိတိန် (UK) နဲ့ အခြား ဥရောပနိုင်ငံကြီးတချို့မှာလည်း တောင်အာဖရိကအဝင်ကို Lockdown လုပ်ပေမဲ့၊ မတားနိုင်ဘဲ Omicron မျိုးကွဲသစ် စတင်ကြီးစိုးသွားပါပြီ။

အရင် ကိုဗစ်လှိုင်းတွေဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ အမေရိကန်ရဲ့ လူနေထူထပ်၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် အများစုသုံးရတဲ့ နယူးယောက်မြို့မှာဆိုရင်လည်း အခု Omicron မျိုးကွဲသစ်ကို တစ်နေ့ သောင်းဂဏန်းအထိ စတွေ့လာနေပြီး၊ အခြားလူနေထူထပ်တဲ့ အမေရိကန်မြို့ကြီးတွေမှာလည်း အလားတူ တက်လာနေတာကြောင့်၊ မကြာခင် နိုင်ငံတွင်း တနေ့လျှင် သိန်းဂဏန်းနဲ့ချီ တက်လာတော့မှာပါ။ ဒါ့အပြင် နယူးယောက်ပြည်နယ်မှာ ဒီတစ်ခေါက် မျိုးကွဲသစ် Omicron ထူးခြားမူက အရင်ကိုဗစ် အဖြစ်နည်းခဲ့တဲ့ ဒေသတွေမှာနဲ့ လူငယ်ကလေးတွေမှာပါ ပိုကူးစက်လာတာပါ။ လူငယ်ကျောင်းသားတွေများတဲ့ Cornell တက္ကသိုလ်ကြီးရှိရာ New York ပြည်နယ်မြောက်ပိုင်း (Upstate) က Finger Lakes ဒေသနဲ့ နယူးယောက်မြို့နဲ့ ကပ်နေပြီး သက်ကြီးတွေများတဲ့ Long Island ဒေသတွေမှာ အခုလိုပိုတွေ့လာရတာပါ။ ဒီဒေသတွေမှာ အရင်တုန်းက ကာကွယ်ဆေးထိုးဖို့နဲ့ Mask တပ်ဖို့တွေကို ပေါ့ဆခဲ့ကြရာကနေ၊ အခုမျိုးကွဲသစ်တက်လာချိန်မှ Mask တပ်ဖို့ ကာကွယ်ရေး အကြီးအကျယ်လုပ်ကာ၊ ခရစ်စမတ်ချိန်နဲ့အကိုက် ကျောင်းတွေပါပိတ်ချလိုက်ပေမဲ့ နောက်ကျသွားခဲ့ရတာကလည်း သင်ခန်းစာယူစရာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အခုမျိုးကွဲသစ် Omicron ကို အများကြီး စမတွေ့သေးချိန် အမြန်ပြင်ဆင်နိုင်သေးပုံ ရနေပါတယ်။

အခုလိုအချိန်မှာ မြန်မာနိုင်ငံမှာလည်း အနောက်နိုင်ငံတွေမှာ အဓိကလုပ်တဲ့ ခရစ်စမတ်ပွဲကြီးနည်းတူ တခြားပွဲလမ်းသဘင်တွေနဲ့ နှစ်သစ်ကူးပွဲတွေ ရှိနေတာမို့ အထူး သတိပြုဆင်ခြင်သင့်ချိန်ပါ။ နယူးယောက်မှာဆိုရင် နာမည်ကြီးပြဇတ် (Broadway Show) တွေကို အခု ချက်ချင်းပယ်ဖျက်လိုက်တာအပြင်၊ ခရစ်စမတ်ပွဲတွေကိုပါ လူအများ အလုပ်တွေမှာစုလုပ်တာနဲ့ ဘုရားကျောင်းကြီးတွေမှာ ဆုတောင်းတာတွေကို ပိတ်ပင်လိုက်ပြီး၊ အွန်လိုင်း (Online) ကနေလုပ်ဖို့သာ အမြန်အပြောင်းအလဲ လုပ်လိုက်ရပါပြီ။ UK နဲ့ ဥရောပနိုင်ငံတချို့မှာလည်း ထမင်းဆိုင်တွေ၊ ဘားတွေမှာ ဖွင့်ချိန်နဲ့ အထဲဝင်ခွင့် (ကာကွယ်ဆေး မထိုးထားသူ ဝင်ခွင့်မရတာ) တွေကို ကန့်သတ်လိုက်ပြီ။ အကြောင်းက ဒီမျိုးကွဲသစ် အခုထက် ပိုအကြီးအကျယ်ပျံ့သွားလျှင် မထိန်းနိုင်တဲ့ အနေအထားရောက်ပြီး လူအများအသက်ဆုံးရုံးမှာ စိုးရိမ်လာရတာကြောင့်ဖြစ်ကာ၊ အဆင့်မြင့်တာဝန်ရှိသူတွေ ကိုယ်တိုင်ပါ ဒီကန့်သတ်ပိတ်ဆို့ရမူတွေကို အရေးတယူ ထွက်ရှင်းပြနေကြပါတယ်။ အလားတူ မြန်မာနိုင်ငံမှာလည်း လက်ထပ်မင်္ဂလာပွဲတွေ၊ အလှူတွေ၊ ထမင်းစားပွဲတွေ၊ နှစ်သစ်ကူးပွဲတွေစတဲ့ လူအများစုတဲ့ပွဲတွေအပြင် လူငယ်အများအပြား လူချင်းကပ် ကခုန်အော်ဟစ်နေတဲ့ Night Club တွေကိုပါ ကန့်သတ်ဖို့ အထူးအရေးကြီးလာနေပါပြီ။ အကြောင်းက အလုံပိတ်အခန်းတွေထဲမှာအပြင် လူချင်းသိပ်ကပ်နေတဲ့ လေဟာပြင် စုဝေးမူတွေမှာ ပါးစပ်နဲ့နှာခေါင်းစည်း Mask တောက်လျှောက်အမြဲမတတ်ထားနိုင်တာ (ဥပမာ - စားသောက်ချိန်တွင်း လေကတဆင့်ပိုးကိုရူရှိုက်မိနိုင်တာ) နဲ့၊ ကာကွယ်ဆေးထိုးနှုန်းကလည်းသိပ်မများသေးချိန်မှာ၊ အထူးသဖြင့် ကာကွယ်ဆေးအများစု ထိုးထားတဲ့ တခြားနိုင်ငံကြီးတွေမှာတောင် ဒီမျိုးကွဲသစ်ကို မကာကွယ်နိုင်တော့ချိန် ရောက်လာနေတာမို့ပါ။ အရင် Delta မျိုးကွဲသစ်လို မြန်မာနိုင်ငံထဲ အများကို ကူးစက်သွားချိန်ရောက်မှ ဘာမှသိပ်မလုပ်နိုင်တော့ဘဲ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးမျိုး ထပ်မကြုံရအောင်၊ အခု အချိန်မီနိုင်သေးချိန် စကာကွယ်ဖို့ အထူးအရေးကြီးနေပါပြီ။ ဒါကြောင့် ပြည်သူအားလုံးအနေနဲ့ ပါးစပ်နဲ့နှာခေါင်းစည်း ပိုတတ်ကာ၊ လက်ပိုဆေး၊ လူစုလူဝေးပိုရှောင်ပြီး၊ အခုအချိန်မှာ ဖျားနာလာလျှင်လည်း အလုပ်မသွားဘဲ အိမ်မှာ လုံးဝသီးသန့်ခွဲနေသင့်ပါပြီ။ မျိုးကွဲသစ် စကူးစက်ခံရနိုင်တဲ့ လူငယ်တွေအနေနဲ့လည်း သက်ကြီးတွေကို လူကိုယ်တိုင် သွားတွေ့တာကို ဖြစ်နိုင်လျှင် ခေတ္တဆိုင်းငံံံ့ထားသင့်ပြီး၊ ဖုန်းနဲ့အင်တာနက်ကတဆင့်သာ ဆက်သွယ်သင့်ပါတယ်။ အလားတူ အခုနှစ်သစ်ကူးပွဲကိုလည်း လူတွေမစုဘဲ အွန်လိုင်းကဖြစ်နိုင်လျှင် ကျင်းပတာနဲ့၊ အင်တာနက်အွန်လိုင်း မရှိရင်လဲ နှစ်သစ်ကူးပွဲဆိုတာက နှစ်စဉ်လာမှာမို့ ဒီနှစ်မှာ ကျန်းမာရေးဦးစားပေးပြီး ကိုယ်နဲ့နီးစပ်သူတွေနဲ့ ကိုယ့်နိုင်ငံသားတွေ အသက်တွေမဆုံးရှုံးစေဘဲ၊ တစ်နိုင်ငံလုံး နောက်နှစ်တွေမှာ ပိုကျန်းမာပျှော်ရွင်စွာ ကျင်းပနိုင်အောင် ပြည်သူတစ်ဦးချင်း တာဝန်ယူကာ စောင့်ဆိုင်းပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။


==Unicode ==






XS
SM
MD
LG