သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ိဳးကြဲသစ္ Omicron ကာကြယ္ေရး


FILE - Syringes with needles are seen in front of a displayed stock graph and words "Omicron SARS-CoV-2" in this illustration taken, Nov. 27, 2021.
ကိုဗစ္မ်ိဳးကြဲသစ္ Omicron ကာကြယ္ေရး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 မ်ိဳးကြဲသစ္ Omicron ကို ေတာင္အာဖရိကႏိုင္ငံမွာ စေတြ႔ခဲ့ရာကေန၊ အခုေတာ့ ႏိုင္ငံေပါင္း (၅၀) ေက်ာ္မွာ ဆက္ေတြ႔လာေနၿပီး၊ ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ ႔မွာပါ ေတြ႔လာပါၿပီ။

ကမာၻ႔ႏိုင္ငံေတြ အထူးစိုးရိမ္ေနလာၾကတဲ့ ဒီမ်ိဳးကြဲသစ္ပိုးကို ျမန္မာႏိုင္ငံမွာလည္း ကာကြယ္ေရးအတြက္၊ ျပည္သူတစ္ဦးတစ္ေယာက္ခ်င္း ကာကြယ္ၾကဖို႔အျပင္ လူမူအသိုင္းအဝိုင္းတစ္ခုလုံးနဲ႔ တာဝန္ရွိသူေတြအာလုံး ဝိုင္းဝန္းပင္ဆင္လုပ္ၾကကိုင္ဖို႔ အေရးႀကီးပါတယ္။ ျပည္သူတစ္ဦးခ်င္းအေနနဲ႔ အေျခခံကာကြယ္နည္းေတြျဖစ္တဲ့ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္တာ၊ လက္ေဆးတာ၊ ခပ္ခြာခြာေနၿပီး လူစုလူေဝးေရွာင္တာေတြအျပင္၊ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာေတြမွာလည္း ေနထိုင္တာ (အလုံပိတ္အခန္းေတြထဲ ေရာက္ေနလွ်င္လည္း အထူးပိုသတိထား ကာကြယ္တာနဲ႔ ကာကြယ္ေဆး ရလွ်င္လည္း မျဖစ္မေန ထိုးသင့္ပါတယ္။ ဒါ့အျပင္ ကိုဗစ္ေရာဂါ သံသယလကၡဏာေတြ ေပၚလာတာ၊ ဖ်ားနာလာတာေတြ ျဖစ္လွ်င္ေတာ့၊ နီးစပ္ရာက်န္းမာေရးဌာနကို အေၾကာင္းၾကားၿပီး၊ အလုပ္၊ ေက်ာင္း မသြားဘဲ အိမ္မွာလည္း တျခားသူေတြကို မကူးေအာင္ သီးသန႔္ခြဲေနစားသုံးသင့္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔လည္း ျပည္သူအၾကား အထက္ပါ အသိအျမင္ေတြကို ျဖန႔္ျဖဴးေပးလွ်က္ရွိရွိရာမွာ၊ ကာကြယ္ေဆးထိုးဖို႔ကို အဓိကထားၿပီး၊ ကာကြယ္ေဆးထိုးၿပီးလွ်င္ေတာင္ အေျခခံကာကြယ္ေရးနည္းလမ္းေတြ ဆက္က်င့္သုံးဖို႔အျပင္၊ ေဒသအလိုက္ ကိုဗစ္ဆိုင္ရာ စည္းကမ္းေတြ လိုက္နာဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြမွာ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကဖို႔ တိုက္တြန္းေနပါတယ္။ အရင္ ကိုဗစ္လႈိင္းေတြ အေတြ႕အႀကဳံအရ နယ္စပ္ေဒသကုန္းတြင္း ဝင္ေပါက္ေတြနဲ႔ ႏိုင္ငံတကာေလေၾကာင္းလမ္း ဝင္ေပါက္ေတြမွာ အဓိကထား ေစာင့္ၾကည့္စစ္ေဆးေနၿပီး၊ လုံေလာက္တဲ့ သီးသန႔္ခြဲ (Quarantine) ကာလထားၿပီးမွ ျပည္တြင္းကို ဝင္ခြင့္ျပဳပါတယ္။ ဒီဝင္ေပါက္ေတြက ထူးျခားတဲ့ ကူးစက္မူေတြကိုလည္း ဓာတ္ခြဲနမူနာယူၿပီး မ်ိဳး႐ိုးဗီဇ ေျပာင္းလဲမူျဖစ္စဥ္ (Genome Sequencing/ Surveillance) အတြက္ အထူးအေလးထား စစ္ေဆးေနပါတယ္။ ဒါ့အျပင္ သီးသန႔္ခြဲေဆာင္ (Quarantine Centre) ေတြ၊ ေဆး႐ုံေဆးခန္းေတြ၊ ေအာက္ဆီဂ်င္နဲ႔ ေဆးပစၥည္းေတြ၊ ေနာက္ ေဆးဝန္ထမ္းအင္အား (HR) ေတြကိုပါ အတတ္ႏိုင္ဆုံး ျပင္ဆင္ထားပါတယ္။

လတ္တေလာမွာ ကိဗစ္ပိုးကူးစက္မူေတြ႕တာ က်ဆင္းလာေနၿပီး၊ ဒီပိုးမ်ိဳးကြဲသစ္ကိုလည္း စစ္ေဆးေတြ႕ရွိမူ မရွိေသးေပမဲ့၊ ေနာက္ထပ္ျဖစ္လာမွာအတြက္ ႀကိဳျပင္ထားတဲ့သေဘာ ျဖစ္ပါတယ္။ အေစာပိုင္းျဖစ္ခဲ့တဲ့ ကိုဗစ္ ပထမ၊ ဒုတိယနဲ႔ တတိယလႈိင္းေတြမွာ အထက္ပါ ျပင္ဆင္ခဲ့မူေတြကလည္း၊ အရင္လိုပဲ ဒီတစ္ေခါက္အတြက္လည္း၊ ျဖစ္လာခဲ့လွ်င္ အေထာက္အကူ ျဖစ္ႏိုင္ပါတယ္။ လက္ရွိ ပိုးကူးစက္မူက ႏိုင္ငံမ်ားစြာကို ခပ္ျမန္ျမန္ပ်ံ ႔ႏွံ႔သြားေပမဲ့ ျပင္ထန္းမူ မေတြ႕ေသးခ်ိန္မွာ၊ အရင္ Delta မ်ိဳးကြဲလိုပဲ၊ အစပိုင္းကာလ လူငယ္ေတြနဲ႔ ကာကြယ္ေဆးထိုးတားၿပီးသူေတြ စျဖစ္ခ်ိန္မို႔၊ အတိအက် မေျပာႏိုင္ေသးဘဲ ေစာင့္ၾကည့္ရဦးမွာပါ။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကလည္း အထူးေစာင့္ၾကည့္ေနရာမွာ၊ အရင္ Delta မ်ိဳးကြဲလိုမ်ိဳး ေနာက္ပိုင္း လူမူအသိုင္းအဝန္းအတြင္း (Community) ကူးစက္မူတိုးလာၿပီး ပိုးပမာဏမ်ားလာကာ သက္ႀကီးနဲ႔ အႏၲရာယ္ႀကီးသူ (ကာကြယ္ကြယ္ေဆး မထိုးတားတဲ့ ေရာဂါအခံရွိသူ) ေတြကိုပါ ကူးစက္ၿပီး ျပင္းျပင္းထန္ထန္ျဖစ္ကာ၊ အရင္လို ေဆး႐ုံေတြ မႏိုင္မနင္းျဖစ္လာမွာကို ထည့္တြက္ထားရပါတယ္။

ဒီအေၾကာင္း ပိုမိုနားလည္သိရိွႏုိင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုး, ကို ဆက္သြယ္ေမးထားပါတယ္။

== Unicode ==

ကိုဗစ်-19 မျိုးကွဲသစ် Omicron ကို တောင်အာဖရိကနိုင်ငံမှာ စတွေ့ခဲ့ရာကနေ၊ အခုတော့ နိုင်ငံပေါင်း (၅၀) ကျော်မှာ ဆက်တွေ့လာနေပြီး၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတချို့မှာပါ တွေ့လာပါပြီ။

ကမ္ဘာ့နိုင်ငံတွေ အထူးစိုးရိမ်နေလာကြတဲ့ ဒီမျိုးကွဲသစ်ပိုးကို မြန်မာနိုင်ငံမှာလည်း ကာကွယ်ရေးအတွက်၊ ပြည်သူတစ်ဦးတစ်ယောက်ချင်း ကာကွယ်ကြဖို့အပြင် လူမူအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ တာဝန်ရှိသူတွေအာလုံး ဝိုင်းဝန်းပင်ဆင်လုပ်ကြကိုင်ဖို့ အရေးကြီးပါတယ်။ ပြည်သူတစ်ဦးချင်းအနေနဲ့ အခြေခံကာကွယ်နည်းတွေဖြစ်တဲ့ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေပြီး လူစုလူဝေးရှောင်တာတွေအပြင်၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာလည်း နေထိုင်တာ (အလုံပိတ်အခန်းတွေထဲ ရောက်နေလျှင်လည်း အထူးပိုသတိထား ကာကွယ်တာနဲ့ ကာကွယ်ဆေး ရလျှင်လည်း မဖြစ်မနေ ထိုးသင့်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ သံသယလက္ခဏာတွေ ပေါ်လာတာ၊ ဖျားနာလာတာတွေ ဖြစ်လျှင်တော့၊ နီးစပ်ရာကျန်းမာရေးဌာနကို အကြောင်းကြားပြီး၊ အလုပ်၊ ကျောင်း မသွားဘဲ အိမ်မှာလည်း တခြားသူတွေကို မကူးအောင် သီးသန့်ခွဲနေစားသုံးသင့်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူအကြား အထက်ပါ အသိအမြင်တွေကို ဖြန့်ဖြူးပေးလျှက်ရှိရှိရာမှာ၊ ကာကွယ်ဆေးထိုးဖို့ကို အဓိကထားပြီး၊ ကာကွယ်ဆေးထိုးပြီးလျှင်တောင် အခြေခံကာကွယ်ရေးနည်းလမ်းတွေ ဆက်ကျင့်သုံးဖို့အပြင်၊ ဒေသအလိုက် ကိုဗစ်ဆိုင်ရာ စည်းကမ်းတွေ လိုက်နာဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနေပါတယ်။ အရင် ကိုဗစ်လှိုင်းတွေ အတွေ့အကြုံအရ နယ်စပ်ဒေသကုန်းတွင်း ဝင်ပေါက်တွေနဲ့ နိုင်ငံတကာလေကြောင်းလမ်း ဝင်ပေါက်တွေမှာ အဓိကထား စောင့်ကြည့်စစ်ဆေးနေပြီး၊ လုံလောက်တဲ့ သီးသန့်ခွဲ (Quarantine) ကာလထားပြီးမှ ပြည်တွင်းကို ဝင်ခွင့်ပြုပါတယ်။ ဒီဝင်ပေါက်တွေက ထူးခြားတဲ့ ကူးစက်မူတွေကိုလည်း ဓာတ်ခွဲနမူနာယူပြီး မျိုးရိုးဗီဇ ပြောင်းလဲမူဖြစ်စဉ် (Genome Sequencing/ Surveillance) အတွက် အထူးအလေးထား စစ်ဆေးနေပါတယ်။ ဒါ့အပြင် သီးသန့်ခွဲဆောင် (Quarantine Centre) တွေ၊ ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်နဲ့ ဆေးပစ္စည်းတွေ၊ နောက် ဆေးဝန်ထမ်းအင်အား (HR) တွေကိုပါ အတတ်နိုင်ဆုံး ပြင်ဆင်ထားပါတယ်။

လတ်တလောမှာ ကိဗစ်ပိုးကူးစက်မူတွေ့တာ ကျဆင်းလာနေပြီး၊ ဒီပိုးမျိုးကွဲသစ်ကိုလည်း စစ်ဆေးတွေ့ရှိမူ မရှိသေးပေမဲ့၊ နောက်ထပ်ဖြစ်လာမှာအတွက် ကြိုပြင်ထားတဲ့သဘော ဖြစ်ပါတယ်။ အစောပိုင်းဖြစ်ခဲ့တဲ့ ကိုဗစ် ပထမ၊ ဒုတိယနဲ့ တတိယလှိုင်းတွေမှာ အထက်ပါ ပြင်ဆင်ခဲ့မူတွေကလည်း၊ အရင်လိုပဲ ဒီတစ်ခေါက်အတွက်လည်း၊ ဖြစ်လာခဲ့လျှင် အထောက်အကူ ဖြစ်နိုင်ပါတယ်။ လက်ရှိ ပိုးကူးစက်မူက နိုင်ငံများစွာကို ခပ်မြန်မြန်ပျံ့နှံ့သွားပေမဲ့ ပြင်ထန်းမူ မတွေ့သေးချိန်မှာ၊ အရင် Delta မျိုးကွဲလိုပဲ၊ အစပိုင်းကာလ လူငယ်တွေနဲ့ ကာကွယ်ဆေးထိုးတားပြီးသူတွေ စဖြစ်ချိန်မို့၊ အတိအကျ မပြောနိုင်သေးဘဲ စောင့်ကြည့်ရဦးမှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အထူးစောင့်ကြည့်နေရာမှာ၊ အရင် Delta မျိုးကွဲလိုမျိုး နောက်ပိုင်း လူမူအသိုင်းအဝန်းအတွင်း (Community) ကူးစက်မူတိုးလာပြီး ပိုးပမာဏများလာကာ သက်ကြီးနဲ့ အန္တရာယ်ကြီးသူ (ကာကွယ်ကွယ်ဆေး မထိုးတားတဲ့ ရောဂါအခံရှိသူ) တွေကိုပါ ကူးစက်ပြီး ပြင်းပြင်းထန်ထန်ဖြစ်ကာ၊ အရင်လို ဆေးရုံတွေ မနိုင်မနင်းဖြစ်လာမှာကို ထည့်တွက်ထားရပါတယ်။

ဒီအကြောင်း ပိုမိုနားလည်သိရှိနိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး, ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG