သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး စီမံမှု


A medical worker administers a dose of the "Cominarty" Pfizer-BioNTech coronavirus disease
A medical worker administers a dose of the "Cominarty" Pfizer-BioNTech coronavirus disease
ကိုဗစ်ကာကွယ်ဆေး စီမံမှု
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ်-19 ကာကွယ်ဆေး ထိရောက်အောင် လူအများစု ကိုယ်ခံအားရဖို့အတွက်၊ မလိုသူတွေ မထိုးသေးဘဲ လိုနေသူတွေကို ဦးစားပေး ထိုးသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။ ကာကွယ်ဆေး စမထိုးရသေးတဲ့ အဓိကလိုနေသူအတွက် ဦးစားပေထိုးနိုင်ဖို့ အခုလို ကြိုးပမ်းနေချိန်မှာ၊ အရင်ကာကွယ်ဆေး အပြည့်ထိုးပြီးပေမဲ့ နောက် (၆) လအကြာမှ အားဖြည့်ကာကွယ်ဆေး (Booster) ထိုးဖို့ လိုသူတွေဖြစ်တဲ့ အသက် (၆၅) နှစ်အထက်တွေ၊ ကင်ဆာလို အခြားရောဂါအခံရှိသူတွေ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားရှိသူတွေကို ယေဘူယျအားဖြင့် ဦးစားပေး ထိုးသင့်ပါတယ်။ ဒါ့အပြင် ကိုဗစ် ဖြစ်ထားပြီးသူတွေမှာ အလိုအလျှောက် သဘာဝကိုယ်ခံအား (Natural Immunity) ရထားပြီးတာမို့၊ ယေဘူယျအားဖြင့် နောက်အနည်းဆုံး (၃) လကြာမှ ကာကွယ်ဆေး စထိုးသင့်ပါတယ်။ ဒီရောဂါဖြစ်ပြီးသူတွေအတွက်လည်း ကာကွယ်ဆေးပေါ် မူတည်ပြီး အားဖြည့်သဘောမျိုး တစ်လုံးတည်းနဲ့ လုံလောက်တာလည်း တွေ့ရှိထားနိုင်ပါတယ်။

ကာကွယ်ဆေး လုံးဝ စမထိုးရသေးသူတွေကို အဓိကထား ဦးစားပေးထိုးရာမှာလည်း အထူးသဖြင့် ရောဂါအဖြစ်မများခဲ့တဲ့ ကျေးလက်နဲ့ တောင်တန်းဒေသကလူတွေကို အလေးပေး ထိုးပေးသင့်ပါတယ်။ အကြောင်းက နိုင်ငံတကာမှာလည်း အလားတူ ဒေသမျိုးတွေ၊ အရင်အဖြစ်အများခဲ့တဲ့ နိုင်ငံတချို့မှာ ပြန်အဖြစ်များလာနေလို့ပါ။ ဥပမာ မြန်မာနိုင်ငံမှာလည်း ကျေးလက်တောင်တန်းဒေသတွေမှာ စအဖြစ်များလာတဲ့ သတင်းတချို့ ထွက်လာနေတာမို့၊ ဒီနယ်ဒေသတွေကို အရင် ဦးစားပေးထိုးပေးနိုင်ပါတယ်။ နယ်ကပြည်သူတွေအနေနဲ့လည်း ထိုးခွင့်ရပါက ပထမတကြိမ် စထိုးပြီး၊ ဒုတိယတလုံးကိုလည်း၊ နောက် (၁) လ ကျော်ကြာမှ ရတဲ့အချိန် ထပ်ထိုးနိုင်ပါသေးတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးသူရော မထိုးရသေးသူတွေပါ အားလုံးအတွက် ပုံမှန်ကာကွယ်နည်းတွေ (နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာ) ဆက်လုပ်တာအပြင်၊ ကူးစက်ဖို့ အန္တရာယ်များတဲ့နေရာတွေမှာ ပိုသတိပြု ကာကွယ်သင့်ပါတယ်။ နိုင်ငံတကာအများစုမှာလည်း ကူးဖို့အန္တရာယ်များတဲ့ စားသောက်ဆိုင်တွေမျိုးမှာ ကာကွယ်ဆေးထိုးထားတဲ့ကဒ် ပြနိုင်သူတွေကိုသာ ဝင်ခွင့်ပြုပါတော့တယ်။ မြန်မာနိုင်ငံမှာလည်း အရင်တုံးက ကူးစက်မူများစေခဲ့တဲ့ ဈေးတွေနဲ့ စားသောက်ဆိုင်တွေအပြင်၊ လဘက်ရည်ဆိုင်တွေမှာပါ ပိုပြီး အထူးသတိပြု ကာကွယ်သင့်ပါတယ်။ ဆိုင်အပြင် လေဟာပြင်မှာ စားသောက်တာက ဆိုင်အထဲမှာထက် အန္တရာယ်နည်းပေမဲ့၊ ထိုင်တဲ့နေရာ ကပ်လွန်းတာမျိုးအတွက်တော့ အထူးသတိပြု ကာကွယ်သင့်ပါတယ်။ စားသောက်ခွက်ယောက်ပစ္စည်းတွေကို အများဝိုင်းသုံးတာမျိုးကလည်း ကူးစက်ဖို့ အန္တရာယ်ကြီးတာမို့ ရှောင်ကျဉ်သင့်ပြီး ဆိုင်တွေမှာလည်း လက်သန့်ဆေးရည်နဲ့ ရေ၊ ဆပ်ပြာတွေ အသင့်ထားပေးသင့်ပါတယ်။ အကယ်၍ ဒီရောဂါသံသယနဲ့ နေမကောင်း ဖြစ်လာခဲ့လျှင်တော့၊ အလုပ်မသွားဘဲ အိမ်မှာ သီးသန့်နေခြင်းအားဖြင့်၊ ကူးစက်စေမူအပြင် လူအများအသက်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံမှာ ကိုဗစ်လူနာတွေ ကိုင်တွယ်ကုသပေးနေပြီး၊ မြန်မာပြည်တွင်းက လူနာတွေကိုလည်း ဖုန်းကတဆင့် ကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

== Unicode ==





XS
SM
MD
LG