သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးနဲ႔ လူအမ်ားစုကိုယ္ခံအား (Herd Immunity)


VOA Graphics - Herd Immunity Explainer thumbnail
ကိုဗစ္ကာကြယ္ေဆးနဲ႔ လူအမ်ားစုကိုယ္ခံအား
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္-19 ကာကြယ္ေရးအတြက္ ကာကြယ္ေဆးအဓိက ထိုးလာခ်ိန္မွာ အားလုံးကို ကာကြယ္ထိန္းသိမ္းႏိုင္ဖို႔၊ ႏိုင္ငံလူဦးေရ (၈၀)% ခန႔္ ကိုယ္ခံအားေပၚလာဖို႔ လိုတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ႏိုင္ငံအမ်ားစုမွာ ကိုဗစ္ကာကြယ္ေဆး အထိုးမ်ားလာေပမဲ့ အားလုံးကို ကာကြယ္ထိန္းသိမ္းႏိုင္မူ မရေသးဘဲ၊ တခ်ိဳ႕ ကူးစက္မူေတြ ေသဆုံးမူေတြ ျပန္စျမင့္မားလာၿပီး ေနာက္ထပ္ လႈိင္းႀကီးတစ္ခုျဖစ္လာမွာကို စိုးရိမ္ေနရပါေသးတယ္။ အဓိကကေတာ့ ႏိုင္ငံအမ်ားစုမွာ ကာကြယ္ေဆးထိုးႏိုင္မူက လူဦးေရရဲ႕ (၈၀)% ခန႔္ မေရာက္ႏိုင္ေသးလို႔ပါ။ ဒါေပမဲ့ ႏိုင္ငံထဲမွာ ကိုဗစ္ျဖစ္ထားၿပီးသူေတြ အလိုအေလွ်ာက္ရလာတဲ့ သဘာဝကိုယ္ခံအား (Natural Immunity) နဲ႔ပါ ေပါင္းလိုက္လွ်င္ေတာ့၊ ကာကြယ္ထိန္းသိမ္းႏိုင္ေရး ဒီလူအမ်ားစု ကိုယ္ခံအားေပၚလာဖို႔ တစုံတရာအေထာက္အကူ ျပဳႏိုင္ပါတယ္။ အခုလိုျဖစ္လာဖို႔ ကာကြယ္ေဆး လုံးဝ စမထိုးရေသးသူေတြကို အဓိကထား ဦးစားေပးထိုးေပးဖို႔ လိုလာပါတယ္။ ဒီေနရာမွာ ျမန္မာႏိုင္ငံအတြက္လည္း လက္ရွိကာကြယ္ေဆး (၂) ႀကိမ္အျပည့္ထိုးၿပီးသူေတြအေနနဲ႔ (၆) လ မျပည့္ေသးလွ်င္၊ ေနာက္ တတိယတစ္လုံး အားျဖည့္ကာကြယ္ေဆး အျမန္မထိုးေသးဘဲ၊ လတ္တေလာ လုံးဝမထိုးရေသးသူေတြအတြက္ ဦးစားေပးကာ (၆) လျပည့္ကာနီးအထိ ေစာင့္ၾကည့္ျခင္းျဖင့္ အေထာက္အကူအမ်ားႀကီး ျဖစ္သြားႏိုင္ပါတယ္။

ဒါ့အျပင္ လက္ရွိမွာ ကိုဗစ္ကာကြယ္ေဆးအျပည့္ ထိုးထားၿပီးသူေတြမွာ ကူးစက္ခံရမူေတြ ႏိုင္ငံတိုင္းမွာ ရွိေနၿပီး၊ ေနာက္တစ္လုံး ထပ္ထိုးလွ်င္လည္း ဒီလူအမ်ားစု ကိုယ္ခံအားမေပၚႏိုင္ေသးလွ်င္၊ ပုံမွန္ ကာကြယ္နည္းေတြ (ႏွာေခါင္းစည္းတပ္၊ လက္ေဆး၊ ခပ္ခြာခြာေန) မလုပ္ပါက ကူးစက္ခံေနရဦးမွာပါ။ ဒါေပမဲ့ ႏိုင္ငံအမ်ားစုမွာ ကာကြယ္ေဆး ထိုးထားၿပီးသူေတြအေနနဲ႔ အခုလို ကူးစက္ခံရေသာ္လည္း၊ အသက္ေသဆုံးရတဲ့အထိ ျပင္းထန္တဲ့ အေနအထားေရာက္တာ မေတြ႕ရေသးပါဘူး။ ကူးစက္မူကလည္း အျပင္ထြက္ အလုပ္လုပ္ေနရတဲ့ ငယ္႐ြယ္သူ မိသားစုဝင္ေတြနဲ႔ ကာကြယ္ေဆး မထိုးရေသးေပမဲ့ ျပင္းျပင္းထန္ထန္မျဖစ္တဲ့ ကေလးေတြကေန၊ အသက္အႏၲရာယ္ ျဖစ္လြယ္ေပမဲ့ ကာကြယ္ေဆး အမ်ားစုထိုးၿပီးသား လူႀကီးေတြကိုပါ ကူးေနတာေတြ ရွိလာပါတယ္။ တခ်ိဳ႕နိင္ငံေတြမွာေတာ့ ေနာက္ဆုံးေပၚ ကိုယ္ခံအားေဆး (ဥပမာ - Monoclonal Antibody) သုံးၿပီး လူႀကီးေတြနဲ႔ ေရာဂါအခံရွိသူေတြမွာ အသက္အႏၲရာယ္ မျဖစ္ေအာင္ ႀကိဳတင္ထိန္းသိမ္း ကုသႏိုင္တဲ့ အေနအထားေတာ့ ရွိလာေနပါတယ္။ ဒါေပမဲ့ ႏိုင္ငံလူဦးေရရဲ႕ (၈၀)% ခန႔္အထိ ဒီ လူအမ်ားစု ကိုယ္ခံအားေပၚလာလွ်င္ေတာ့ ကိုဗစ္ကူးစက္မူေတြ ဆက္ျဖစ္ဖို႔က အလားအလာနည္းသြားၿပီး ေရာဂါၿပီးသြားႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရွိနားလည္ေအာင္ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ႕မွာ ကိုဗစ္လူနာေတြ ကိုင္တြယ္ေနရၿပီး၊ ျမန္မာျပည္က လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ေမးျမန္းထားပါတယ္။

== Unicode ==

ကိုဗစ်-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးအဓိက ထိုးလာချိန်မှာ အားလုံးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့၊ နိုင်ငံလူဦးရေ (၈၀)% ခန့် ကိုယ်ခံအားပေါ်လာဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

နိုင်ငံအများစုမှာ ကိုဗစ်ကာကွယ်ဆေး အထိုးများလာပေမဲ့ အားလုံးကို ကာကွယ်ထိန်းသိမ်းနိုင်မူ မရသေးဘဲ၊ တချို့ ကူးစက်မူတွေ သေဆုံးမူတွေ ပြန်စမြင့်မားလာပြီး နောက်ထပ် လှိုင်းကြီးတစ်ခုဖြစ်လာမှာကို စိုးရိမ်နေရပါသေးတယ်။ အဓိကကတော့ နိုင်ငံအများစုမှာ ကာကွယ်ဆေးထိုးနိုင်မူက လူဦးရေရဲ့ (၈၀)% ခန့် မရောက်နိုင်သေးလို့ပါ။ ဒါပေမဲ့ နိုင်ငံထဲမှာ ကိုဗစ်ဖြစ်ထားပြီးသူတွေ အလိုအလျှောက်ရလာတဲ့ သဘာဝကိုယ်ခံအား (Natural Immunity) နဲ့ပါ ပေါင်းလိုက်လျှင်တော့၊ ကာကွယ်ထိန်းသိမ်းနိုင်ရေး ဒီလူအများစု ကိုယ်ခံအားပေါ်လာဖို့ တစုံတရာအထောက်အကူ ပြုနိုင်ပါတယ်။ အခုလိုဖြစ်လာဖို့ ကာကွယ်ဆေး လုံးဝ စမထိုးရသေးသူတွေကို အဓိကထား ဦးစားပေးထိုးပေးဖို့ လိုလာပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံအတွက်လည်း လက်ရှိကာကွယ်ဆေး (၂) ကြိမ်အပြည့်ထိုးပြီးသူတွေအနေနဲ့ (၆) လ မပြည့်သေးလျှင်၊ နောက် တတိယတစ်လုံး အားဖြည့်ကာကွယ်ဆေး အမြန်မထိုးသေးဘဲ၊ လတ်တလော လုံးဝမထိုးရသေးသူတွေအတွက် ဦးစားပေးကာ (၆) လပြည့်ကာနီးအထိ စောင့်ကြည့်ခြင်းဖြင့် အထောက်အကူအများကြီး ဖြစ်သွားနိုင်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးထားပြီးသူတွေမှာ ကူးစက်ခံရမူတွေ နိုင်ငံတိုင်းမှာ ရှိနေပြီး၊ နောက်တစ်လုံး ထပ်ထိုးလျှင်လည်း ဒီလူအများစု ကိုယ်ခံအားမပေါ်နိုင်သေးလျှင်၊ ပုံမှန် ကာကွယ်နည်းတွေ (နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ) မလုပ်ပါက ကူးစက်ခံနေရဦးမှာပါ။ ဒါပေမဲ့ နိုင်ငံအများစုမှာ ကာကွယ်ဆေး ထိုးထားပြီးသူတွေအနေနဲ့ အခုလို ကူးစက်ခံရသော်လည်း၊ အသက်သေဆုံးရတဲ့အထိ ပြင်းထန်တဲ့ အနေအထားရောက်တာ မတွေ့ရသေးပါဘူး။ ကူးစက်မူကလည်း အပြင်ထွက် အလုပ်လုပ်နေရတဲ့ ငယ်ရွယ်သူ မိသားစုဝင်တွေနဲ့ ကာကွယ်ဆေး မထိုးရသေးပေမဲ့ ပြင်းပြင်းထန်ထန်မဖြစ်တဲ့ ကလေးတွေကနေ၊ အသက်အန္တရာယ် ဖြစ်လွယ်ပေမဲ့ ကာကွယ်ဆေး အများစုထိုးပြီးသား လူကြီးတွေကိုပါ ကူးနေတာတွေ ရှိလာပါတယ်။ တချို့နိင်ငံတွေမှာတော့ နောက်ဆုံးပေါ် ကိုယ်ခံအားဆေး (ဥပမာ - Monoclonal Antibody) သုံးပြီး လူကြီးတွေနဲ့ ရောဂါအခံရှိသူတွေမှာ အသက်အန္တရာယ် မဖြစ်အောင် ကြိုတင်ထိန်းသိမ်း ကုသနိုင်တဲ့ အနေအထားတော့ ရှိလာနေပါတယ်။ ဒါပေမဲ့ နိုင်ငံလူဦးရေရဲ့ (၈၀)% ခန့်အထိ ဒီ လူအများစု ကိုယ်ခံအားပေါ်လာလျှင်တော့ ကိုဗစ်ကူးစက်မူတွေ ဆက်ဖြစ်ဖို့က အလားအလာနည်းသွားပြီး ရောဂါပြီးသွားနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်အောင် ကိုဝင်းမင်းက နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေ ကိုင်တွယ်နေရပြီး၊ မြန်မာပြည်က လူနာတွေကိုလည်း ဖုန်းကတဆင့် ကူသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG