သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၃၈၃ သန်းကျော် သေဆုံးသူပေါင်း ၅.၆၉ သန်း (WHO)


FILE PHOTO: Syringes with needles are seen in front of a displayed stock graph and words "Omicron SARS-CoV-2" in this illustration taken
FILE PHOTO: Syringes with needles are seen in front of a displayed stock graph and words "Omicron SARS-CoV-2" in this illustration taken


[[Zawgyi/Unicode]]

ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက်ဟာ မနေ့က ကြာသပတေးနေ့အထိ စာရင်းအရ ၃၈၃ သန်း ကျော်သွားပြီဖြစ်ပြီး သေဆုံးသူပေါင်း ၅.၆၉ သန်း ရှိပြီလို့ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီအထဲမှာ ကူးစက်မှု နဲ့ သေဆုံးမှု အများဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး နိုင်ငံ လူဦးရေရဲ့ ၅ ပုံ ၁ ပုံ ကူးစက်ခံရတာ ဖြစ်ပါတယ်။
COVID-19 ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာ ပြုစု စာရင်းထုတ်ပြန်နေတဲ့ Johns Hopkins တက္ကသိုလ် သုတေသနစာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၇၆ သန်း နီးပါးနဲ့ သေဆုံးသူ ၉ သိန်းနီးပါး ရှိပါတယ်။
ဥရောပတဝန်းမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း COVID-19 ကူးစက်သူ ၁၂ သန်း ထပ်တိုး ခဲ့ပါတယ်။ ဒါဟာဖြင့် ကပ်ဘေး စတင်ချိန်ကစလို့ တပတ်အတွင်း ကူးစက်မှု အရေအတွက် အများဆုံး ဖြစ်ပြီး ခုလို များလာတာဟာ ကူးစက်မြန်တဲ့ အိုမီခရွန် ကိုရိုဗိုင်းရပ်စ် ပိုးသစ်ကြောင့် ဖြစ်တယ်လို့ WHO ရဲ့ ဥရောပ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်း ကလူဂါ Hans Kluge က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဒီလို ကူးစက်မှုတွေ များလာပေမဲ့ ရောဂါ လက္ခဏာ ပြင်းထန်ပြီး ဆေးရုံ အထူးကုသ ဆောင်တွေကို ရောက်လာသူ အရေအတွက် သိသိသာသာ များလာတာမျိုးတော့ မရှိသလို၊ သေဆုံးမှုနှုန်း တိုးလာတာမျိုးလည်း မရှိဘူးလို့ မစ္စတာ Kluge က ပြောပါတယ်။
ဥရောနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် အများအပြားရှိတာ၊ အိုမီခရွန်ပိုး ခံနိုင်ရည်ရှိလာနေတဲ့ အခြေအနေတွေကြောင့် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ အခွင့်အလမ်း ရှိနေတယ်ဆိုတာကိုလည်း သူက ထပ်မံ သတိပေးပါတယ်။
အာဖရိကမှာတော့ COVID-19 ကူးစက်မှုတွေ တတိယ သီတင်းပတ် ဆက်တိုက် ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရောဂါကူးစက်မှုနှုန်းက အဲ့ဒီအရင် သီတင်းပတ်ကထက် ၁၅ % လောက် ကျဆင်းသွားသလို သေဆုံးမှုနှုန်း ဟာလည်း ၅ % ကျဆင်းသွားတယ်လို့ အာဖရိက ဒေသဆိုင်ရာ WHO ရုံးက ကြာသပတေးနေ့က ပြောပါတယ်။ အာဖရိကတိုက်မှာ ဒီရောဂါ ကူးစက်သူပေါင်း ၁၁ သန်းနီးပါးနဲ့ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော် ရှိပါတယ်။

အာရှဒေသဘက်မှာတော့ အထူးသဖြင့် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ နေ့စဉ်ကူးစက်မှုနှုန်း သိသိသာသာ တိုးနေဆဲ ဖြစ်ပြီး ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ သက်တမ်းတိုး ထားပါတယ်။

#WorldWide #Covid-19#Omicron #WHO #VOA #ကိုဗစ် #ကမ္ဘာ

တိုက်ရိုက် လင့်ခ်

-------------

[[Unicode]]




#WorldWide #Covid-19#Omicron #WHO #VOA #ကိုဗဈ #ကမ်ဘာ

XS
SM
MD
LG