သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မညီမျှတဲ့ ကိုဗစ်ကာကွယ်ဆေး ရရှိမှု အန္တရာယ် သိပ္ပံပညာရှင်တွေ သတိပေး


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးဖို့ စမ်းသပ်ပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးဖို့ စမ်းသပ်ပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးရအောင် လုပ်ပေးဖို့ ပျက်ကွက်တာဟာ လူထုကျန်းမာရေးအတွက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ပြီး ရလဒ်အနေနဲ့ ကူးစက်မြန် အိုမီခရွန်ပိုးလို ကိုဗစ်မျိုးစိတ်သစ်တွေ ပေါ်ပေါက်လာစေတယ်လို့ သိပ္ပံပညာရှင် ၃၀၀ က စုပေါင်းသတိပေးလိုက်ပါတယ်။

ဗြိတိန်အစိုးရရဲ့ ကမ္ဘာ့ကာကွယ်ဆေးဆိုင်ရာ မူဝါဒကြောင့် ဗြိတိန်နိုင်ငံသားတွေနဲ့ NHS အမျိုးသားကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဆီပေးပို့တဲ့ စာထဲမှာ သိပ္ပံပညာရှင်တွေက ပြောကြားထားကြောင်း The Telegraph သတင်းမှာ ဖော်ပြပါတယ်။ ဒီစာကို နိုဘဲလ်ဆုရ သိပ္ပံပညာရှင်နဲ့ NHS အမှုဆောင်အရာရှိချုပ်ဟောင်းတို့ပါ ပါဝင်လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေးအပြင် ပိုးရှိမရှိ စမ်းသပ်တာနဲ့ ကုသမှုတွေအတွက်ပါ ဉာဏမူပိုင်ခွင့် ကင်းလွတ်ခွင့်ကို ဗြိတိန်အစိုးရက ထောက်ခံပေးဖို့လည်း စာထဲမှာ တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ကမ္ဘာတလွှား ကာကွယ်ဆေး မထိုးရသေးသူပေါင်းက သန်း ၃,၀၀၀ ရှိနေတာပါ။

တချိန်တည်းမှာပဲ ရုရှားနိုင်ငံမှာတော့ စနေနေ့မှာ တရက်အတွင်း ကိုဗစ်ကူးစက်သူ ပထမဆုံးအဖြစ် တသိန်းကျော်နဲ့ စံချိန်တင်သွားခဲ့ပါတယ်။ နောက်ထပ်ကူးစက်သူ ၁၁၃,၀၀၀ ကျော် ရှိတဲ့အတွက် ဇန်နဝါရီလဆန်းကနေဆိုရင် ကူးစက်သူ ၇ ဆ တိုးလာတာလို့ ရုရှားအစိုးရရဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ သေဆုံးရသူကလည်း ၇၀၀ နီးပါး ရှိခဲ့တာကြောင့် အခုဆို ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံးရသူ ၃၃၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပဖို့ ပြင်နေတဲ့ တရုတ်နိုင်ငံမှာတော့ အားကစားသမားတွေနဲ့ တာဝန်ခံအရာရှိတွေ ကိုဗစ်ကူးစက်ခံရတာ သောကြာနေ့အထိဆို ၃၆ ယောက်ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)

မညီမြှတဲ့ ကိုဗဈကာကှယျဆေး ရရှိမှု အန်တရာယျ သိပ်ပံပညာရှငျတှေ သတိပေး







XS
SM
MD
LG