သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီယားမွာ Omicron ကိုဗစ္မ်ိဳးကြဲ ကူးစက္မႈျပန႔္ႏွံ႔


Omicron မ်ိဳးကြဲကိုဗစ္ စစ္ေဆးမႈခံယူေနၾကတဲ့ ကိုရီးယားျပည္သူမ်ား ( ဓာတ္ပံု - AP)

ေတာင္ကိုရီးယားႏိုင္ငံမွာ Omicron ကိုဗစ္မ်ိဳးကြဲသစ္ေတြ အလ်င္အျမန္ ကူးစက္ျပန႔္ႏွံ႔ေနၿပီလို႔ တာဝန္ရွိသူေတြ တနလၤာေန႔မွာ ေၾကျငာပါတယ္။ အစိုးရအေနနဲ႔ ပိုးကူးခံရသူအေရအတြက္နည္းသြားေအာင္ လူေတြကို quarantine ခ် သီးျခားခြဲထားတဲ့စနစ္ကို ေျပာင္းလဲၿပီး ပိုးစစ္ေဆးတာ၊ ကူးစက္မႈမ်ားႏိုင္တဲ့လူအုပ္စုေတြကို ကုသေပးတာမ်ိဳး လုပ္သင့္တယ္လု႔ိ ေတာင္ကိုရီးယား ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးေအဂ်င္စီ အႀကီးအကဲ Jeong Eun-kyung က ေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ ဇန္နဝါရီ ၃၁ ရက္ေန႔ကေန ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ထိက်င္းပမယ့္ တ႐ုတ္ႏွစ္သစ္ကူးပြဲမွာ ျပည္သူေတြ ခရီးမထြက္ဖို႔ ေတာင္ကိုရီးယား ဝန္ႀကီးခ်ဳပ္အမိန႔္နဲ႔ တားျမစ္ထားပါတယ္။

လူဦးေရ သန္း ၂၀ေက်ာ္ရွိတဲ့ တ႐ုတ္ႏိုင္ငံေဘဂ်င္းၿမိဳ႕မွာေတာ့ တၿမိဳ႕လုံး ပိုးစစ္ေဆးခံဖို႔ အမိန႔္ထုတ္ထားပါတယ္။ ေဆာင္းရာသီအိုလံပစ္ပြဲေတာ္မတိုင္မီ ေဘဂ်င္းၿမိဳ႕မွာ ပိုးကူးစက္ခံထားသူေတြ ေတြ႕ရွိၿပီးတဲ့ေနာက္ခုလို အမိန႔္ထုတ္ျပန္တာပါ။ ေဘဂ်င္းအနီးတဝိုက္ေဒသေတြမွာလည္း အလားတူ အႀကီးအက်ယ္ ပိုးစစ္ေဆးေနပါတယ္။ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာစတင္မယ့္ ေဆာင္းရာသီအိုလံပစ္ပြဲအတြက္ ေဘဂ်င္းၿမိဳ႕မွာ ” zero tolerance “ လုံးဝကိုဗစ္ကင္းစင္ေရးနည္းဗ်ဴဟာနဲ႔ ပိုးကူးသူတိုင္း သီးျခားခြဲထားဖို႔ အာဏာရ ကြန္ျမဴနစ္ပါတီက အင္တိုက္အားတိုက္လုပ္ကိုင္ေနတာပါ။

အိုလံပစ္ပြဲကိုလည္း တင္းၾကပ္တဲ့စည္းမ်ဥ္းေတြနဲ႔က်င္းပမွာျဖစ္ၿပီး အားကစားသမားေတြ၊ ဝန္ထမ္းေတြ၊ သတင္းေထာက္ေတြနဲ႔ တာဝန္ရွိသူေတြလည္း သီးျခားခြဲေနရမွာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ဒီကေန႔ပိုးကူးသူသစ္ ၁၈ ဦးရွိၿပီး ေဘဂ်င္းၿမိဳ႕က ၆ ဦးပါပါတယ္။ လက္ရွိပိုးကူးခံထားရသူ ၂၇၅၄ ဦးရွိပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


တောင်ကိုရီယားမှာ Omicron ကိုဗစ်မျိုးကွဲ ကူးစက်မှုပြန့်နှံ့

(Unicode)

တောင်ကိုရီးယားနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲသစ်တွေ အလျင်အမြန် ကူးစက်ပြန့်နှံ့နေပြီလို့ တာဝန်ရှိသူတွေ တနင်္လာနေ့မှာ ကြေငြာပါတယ်။ အစိုးရအနေနဲ့ ပိုးကူးခံရသူအရေအတွက်နည်းသွားအောင် လူတွေကို quarantine ချ သီးခြားခွဲထားတဲ့စနစ်ကို ပြောင်းလဲပြီး ပိုးစစ်ဆေးတာ၊ ကူးစက်မှုများနိုင်တဲ့လူအုပ်စုတွေကို ကုသပေးတာမျိုး လုပ်သင့်တယ်လု့ိ တောင်ကိုရီးယား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Jeong Eun-kyung က ပြောပါတယ်။ ကပ်ရောဂါကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲမှာ ပြည်သူတွေ ခရီးမထွက်ဖို့ တောင်ကိုရီးယား ဝန်ကြီးချုပ်အမိန့်နဲ့ တားမြစ်ထားပါတယ်။

လူဦးရေ သန်း ၂၀ကျော်ရှိတဲ့ တရုတ်နိုင်ငံဘေဂျင်းမြို့မှာတော့ တမြို့လုံး ပိုးစစ်ဆေးခံဖို့ အမိန့်ထုတ်ထားပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်မီ ဘေဂျင်းမြို့မှာ ပိုးကူးစက်ခံထားသူတွေ တွေ့ရှိပြီးတဲ့နောက်ခုလို အမိန့်ထုတ်ပြန်တာပါ။ ဘေဂျင်းအနီးတဝိုက်ဒေသတွေမှာလည်း အလားတူ အကြီးအကျယ် ပိုးစစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာစတင်မယ့် ဆောင်းရာသီအိုလံပစ်ပွဲအတွက် ဘေဂျင်းမြို့မှာ ” zero tolerance “ လုံးဝကိုဗစ်ကင်းစင်ရေးနည်းဗျူဟာနဲ့ ပိုးကူးသူတိုင်း သီးခြားခွဲထားဖို့ အာဏာရ ကွန်မြူနစ်ပါတီက အင်တိုက်အားတိုက်လုပ်ကိုင်နေတာပါ။

အိုလံပစ်ပွဲကိုလည်း တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ကျင်းပမှာဖြစ်ပြီး အားကစားသမားတွေ၊ ဝန်ထမ်းတွေ၊ သတင်းထောက်တွေနဲ့ တာဝန်ရှိသူတွေလည်း သီးခြားခွဲနေရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဒီကနေ့ပိုးကူးသူသစ် ၁၈ ဦးရှိပြီး ဘေဂျင်းမြို့က ၆ ဦးပါပါတယ်။ လက်ရှိပိုးကူးခံထားရသူ ၂၇၅၄ ဦးရှိပါတယ်။

XS
SM
MD
LG