(Zawgyi / Unicode)
အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ကိုဗစ်ကူးစက်သူအသစ် ၃၃၇,၇၀၄ ဦးရှိကြောင်း ဖော်ပြပါတယ်။ ဒီစာရင်းတွေဟာ လက်တွေ့ဖြစ်နေတာထက် လျော့နည်းပုံရကြောင်းလည်း ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။
အိုင်ယာလန်မှာတော့ ၂ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့် မတ်လထဲမှာ St. Patrick နေ့ကို ကျင်းပဖို့ ပြင်ဆင်နေတာနဲ့ အတူပဲ ကိုဗစ်ဆိုင်ရာ တားမြစ်ကန့်သတ်ချက် အများစုကို စနေနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့်လည်း မဖြစ်မနေ နှာခေါင်းစည်း ဝတ်ဆင်ရမယ်လို့တော့ ဆက်ပြီး ညွှန်ကြားထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ကာကွယ်ဆေးမထိုးရေး ဆန့်ကျင် လှုပ်ရှားသူတွေ တနင်္ဂနွေနေ့မှာ မြို့တော် ဝါရှင်တန်က Licoln အထိမ်းအမှတ် အဆောက်အအုံမှာ စုဝေးချီတက်ကြဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်း ကာကွယ်ဆေးမထိုးရေး ဆန့်ကျင် လှုပ်ရှားသူတွေထဲမှာ နိုင်ငံရေးသမားတွေ၊ ကျောင်း တာဝန်ရှိသူတွေ၊ ကြေးစား အားကစားသမားတွေနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်သားတွေ အပါအဝင် အလွှာပေါင်းစုံ ပါဝင်ပါတယ်။
အရွယ်ရောက်သူ အမေရိကန်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး မထိုးကြောင်း အများပြည်သူ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အိုမီခရွန် မျိုးကွဲကြောင့် မြို့တော် တိုကျိုမှာ ကိုဗစ်ဖြစ်ပွားသူ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ တိုကျိုမြို့တော်မှာ စနေနေ့က နေ့စဉ် ကူးစက်မှုအသစ် ၁၁,၂၂၇ ဦးရှိကြောင်း ဖော်ပြပြီး ဒီအရေအတွက်ဟာဆိုရင် လေးရက်ဆက်တိုက် နေ့စဉ်ကူးစက်မှု စုစုပေါင်း အမြင့်ဆုံး ဖြစ်ပါတယ်။
အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းအရ စနေနေ့အစောပိုင်း စာရင်းအရ ကမ္ဘာတလွှား ကိုဗစ်ဖြစ်ပွားသူ ၃၄၆ ဒသမ ၅ သန်း ရှိပြီး သေဆုံးသူက ၅ ဒသမ ၆ သန်းရှိကြောင်း ဖော်ပြပါတယ်။ ကမ္ဘာတလွှား လူပေါင်း ၁၀ ဘီလီယံ ကာကွယ်ဆေးထိုးထားပြီး ဖြစ်ပါတယ်။
-----------------------
(Unicode)
ကမ်ဘာတလှှား ကိုဗဈရောဂါ ကူးစကျမှုတှေ ဆကျလကျမြားပွား