သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါကူးစက်မှု ဆက်မြင့်တက်နေဦးမယ်လို့ ကန်သမ္မတ သတိပေး


သမ္မတ Joe Biden COVID-19 ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုအဖွဲ့နဲ့ အိမ်ဖြူတော်ရှိ Eisenhower ရုံးခန်းမမှာတွေ့ဆုံစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၂၂)
သမ္မတ Joe Biden COVID-19 ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုအဖွဲ့နဲ့ အိမ်ဖြူတော်ရှိ Eisenhower ရုံးခန်းမမှာတွေ့ဆုံစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကူးစက်မှုနှုန်းမြင့်တဲ့ Omicron ကိုဗစ်ဗီဇမျိုးကွဲကြောင့် "ရောဂါကူးစက်မှု ဆက် မြင့်တက်နေမှာဖြစ်ပြီး "လာမယ့်သီတင်းပတ်တွေမှာ အတော့်ကို အပြင်းအထန်ရင်ဆိုင်ရလိမ့်မယ်" လို့ သမ္မတ Joe Biden က အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။

COVID-19 ဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ရေးအဖွဲ့နဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သမ္မတဘိုင်ဒန် က အဲဒီလိုသတိပေးခဲ့တာပါ။

"ကျနော်တို့မှာ ရှိထားပြီးသားအပေါ် အခွင့်ကောင်းယူကြပါ" လို့ သမ္မတဘိုင်ဒန်က အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းခဲ့သလို "ကာကွယ်ဆေးမထိုးသူ ဘယ်သူမဆို ဘာအကြောင်းပြချက်မှ ပေးစရာမရှိပါဘူး" လို့လည်း ပြောခဲ့ပါတယ်။

လက်ရှိမှာ ကိုဗစ်ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ပစ္စည်းတွေ ပြတ်လပ်နေတဲ့အပေါ် အမေရိကန်နိုင်ငံသားတွေ အတော့်ကို မကျေမလည်ဖြစ်နေကြတာကိုလည်း သမ္မတဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပြီး အားဖြည့်ကာကွယ်ဆေးနဲ့ ရောဂါစမ်းသပ်မှု ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ရအောင် လုပ်သွားပါမယ်လို့ ကတိပေးခဲ့ပါတယ်။

"ကျနော်တို့ တိုးတက်မှုရနေပါတယ်" လို့ သမ္မတဘိုင်ဒန်ကဆိုပြီး Pfizer ကိုဗစ်ကုသဆေးပြား ၁၀ သန်းကနေ သန်း ၂၀ ထိ မှာယူဖို့ သူ့အစိုးရအဖွဲ့ကို ညွှန်ကြားထားတယ်လို့ ပြောခဲ့ပါတယ်။
==============

[[Unicode]]

ကိုဗဈရောဂါကူးစကျမှု ဆကျမွင့ျတကျနေဦးမယျလို့ ကနျသမ်မတ သတိပေး






#Covid19 #USCovid #VOABurmese

=========

XS
SM
MD
LG