သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ တရက္တည္း ေရာဂါပိုးကူးစက္သူ တသိန္းခြဲနီးပါးရွိ


မြမ္ဘုိင္းၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ကမၻာတဝန္း ကူးစက္ျမန္ ကိုဗစ္မ်ဳိးဗီဇကြဲ Omicron ကူးစက္မႈေတြ အလ်င္အျမန္ ျဖစ္ေပၚေနတာမွာ အိႏၵိယႏိုင္ငံမွာ ဇန္နဝါရီလ ၈ ရက္၊ စေနေန႔ တရက္တည္းတင္ ေရာဂါပိုးကူးစက္သူ ၁၄၁,၉၈၆ ဦး ရွိခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ေမလကစလို႔ ၇ လအတြင္း အမ်ားဆုံးကူးစက္မႈ ျဖစ္ပါတယ္။

စေနတရက္တည္းမွာတင္ ေသဆုံးသူ ၂၈၅ ဦး ရွိခဲ့တာေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း ၄၈၃,၄၆၃ ဦး ရွိသြားၿပီလို႔ အိႏၵိယ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။ ေရာဂါပိုးကူးစက္သူ စုစုေပါင္း အေရအတြက္ကေတာ့ ၃၅ သန္း ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေရာဂါပိုးကူးစက္သူ ၂၈,၇၀၇ ဦး ရွိခဲ့တာမွာ အဲဒီအထဲက ၆၀ ရာခုိင္ႏႈန္းေက်ာ္ဟာ ၿမိဳ႕ေတာ္ မနီလာက ကူးစက္သူေတြ ျဖစ္တာေၾကာင့္ မနီလာၿမိဳ႕အတြင္း ေဆး႐ုံကုတင္ေတြနဲ႔ တျခား ေဆးဝါးဆိုင္ရာ ေထာက္ကူပစၥည္းေတြ တိုးျမႇင့္ခ်ထားဖို႔ အမိန္႔ထုတ္ျပန္ထားေၾကာင္း အဆင့္ျမင့္ အစိုးရအရာရွိေတြရဲ႕ ဒီကေန႔ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံတဝန္း ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းေတြ တိုးျမႇင့္လုပ္ေဆာင္ဖို႔ အတြက္လည္း ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားတယ္လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ စေနေန႔က ေရာဂါပိုးကူးစက္သူ ၁၆၅ ဦး ရွိခဲ့တာမွာ အဲဒီအထဲက ၉၂ ဦးဟာ ႏိုင္ငံအတြင္းမွာတင္ ကူးစက္သူေတြျဖစ္ၿပီး က်န္ ၇၃ ဦးကေတာ့ ႏိုင္ငံျခားက ျပန္လာသူေတြ ျဖစ္တယ္လို႔ တ႐ုတ္ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဂ်ပန္ႏိုင္ငံ၊ အိုကီနာဝါကၽြန္းက အေမရိကန္ စစ္အေျခစိုက္စခန္း အတြင္းမွာလည္း COVID-19 ကူးစက္မႈေတြ အရွိန္ျမင့္ ျဖစ္ေပၚေနေၾကာင္း ဂ်ပန္အေျခစိုက္ က်ဳိဒိုသတင္းမွာ ေရးထားေပမယ့္ အေရအတြက္ အတိအက်ေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အိန္ဒိယမှာ တရက်တည်း ရောဂါပိုးကူးစက်သူ တသိန်းခွဲနီးပါးရှိ

ကမ္ဘာတဝန်း ကူးစက်မြန် ကိုဗစ်မျိုးဗီဇကွဲ Omicron ကူးစက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်နေတာမှာ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလ ၈ ရက်၊ စနေနေ့ တရက်တည်းတင် ရောဂါပိုးကူးစက်သူ ၁၄၁,၉၈၆ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလကစလို့ ၇ လအတွင်း အများဆုံးကူးစက်မှု ဖြစ်ပါတယ်။

စနေတရက်တည်းမှာတင် သေဆုံးသူ ၂၈၅ ဦး ရှိခဲ့တာကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၄၈၃,၄၆၃ ဦး ရှိသွားပြီလို့ အိန္ဒိယ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုးကူးစက်သူ စုစုပေါင်း အရေအတွက်ကတော့ ၃၅ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပိုးကူးစက်သူ ၂၈,၇၀၇ ဦး ရှိခဲ့တာမှာ အဲဒီအထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ မြို့တော် မနီလာက ကူးစက်သူတွေ ဖြစ်တာကြောင့် မနီလာမြို့အတွင်း ဆေးရုံကုတင်တွေနဲ့ တခြား ဆေးဝါးဆိုင်ရာ ထောက်ကူပစ္စည်းတွေ တိုးမြှင့်ချထားဖို့ အမိန့်ထုတ်ပြန်ထားကြောင်း အဆင့်မြင့် အစိုးရအရာရှိတွေရဲ့ ဒီကနေ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အတွက်လည်း ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာတော့ စနေနေ့က ရောဂါပိုးကူးစက်သူ ၁၆၅ ဦး ရှိခဲ့တာမှာ အဲဒီအထဲက ၉၂ ဦးဟာ နိုင်ငံအတွင်းမှာတင် ကူးစက်သူတွေဖြစ်ပြီး ကျန် ၇၃ ဦးကတော့ နိုင်ငံခြားက ပြန်လာသူတွေ ဖြစ်တယ်လို့ တရုတ် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းက အမေရိကန် စစ်အခြေစိုက်စခန်း အတွင်းမှာလည်း COVID-19 ကူးစက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းမှာ ရေးထားပေမယ့် အရေအတွက် အတိအကျတော့ ဖော်ပြထားခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG