သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ငါးရက်ဆက်တိုက် ကိုဗစ်ရောဂါပိုး ကူးစက်မှု တိုးလာ


အိန္ဒိယမှာ ဒေသခံအမျိုးသမီးတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၁)
အိန္ဒိယမှာ ဒေသခံအမျိုးသမီးတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၁)

(Zawgyi)

အိန္ဒိယနိုင်ငံရဲ့ COVID-19 ကူးစက်မှုဟာ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ တရက်တည်းမှာ ၂၇,၀၀၀ ရှိခဲ့ပြီး ဒါဟာ ၅ ရက်ဆက်တိုက်အနေနဲ့ ရောဂါပိုးကူးစက်မှု သိသိသာသာ တက်လာခဲ့တာ ဖြစ်ပေမယ့် မြို့တော် နယူးဒေလီရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဆေးရုံတင်ရတဲ့နှုန်း မများတဲ့အတွက် စိတ်မပူကြဖို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံအတွင်းက မြို့ကြီးတွေဖြစ်ကြတဲ့ ဒေလီနဲ့ မွမ်ဘိုင်းမြို့တွေမှာ ကူးစက်မြန် မျိုးဗီဇကွဲ Omicron အပါအဝင် COVID-19 ကူးစက်မှုတွေ တိုးမြင့် ဖြစ်ပေါ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ ကူးစက်မှုအများစုဟာ ကမ္ဘာတဝန်း လတ်တလော ကူးစက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေတဲ့ Omicron ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက COVID-19 တကျော့ပြန် ဖြစ်ပေါ်မှုတွေ အများဆုံး ရင်ဆိုင်နေရတဲ့ Xian မြို့မှာတော့ ဒီကနေ့ တရက်တည်းမှာတင် ရောဂါပိုးကူးစက်သူ ၁၉၁ ဦး ရှိခဲ့တာကြောင့် ဒါဟာ အရင်ရက်က ကူးစက်ခဲ့တဲ့ ၂၃၁ ဦးထက်စာရင် အနည်းငယ် လျော့ကျသွားတာ ဖြစ်ပါတယ်။

အခု အသစ်ကူးစက်သူတွေထဲက ၁၃၁ ဦးဟာ နိုင်ငံတွင်းမှာတင် ကူးစက်သူတွေဖြစ်ပြီး ဒါဟာ အရင်ရက်က ၁၇၅ ဦး ကူးစက်ခဲ့တာထက်စာရင် အနည်းငယ် လျော့ကျသွားတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအတွင်းက တခြားဒေသတွေဖြစ်ကြတဲ့ Zhejiang နဲ့ Henan ပြည်နယ်တွေမှာလည်း ရောဂါပိုးကူးစက်သူ အသစ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ပြင်သစ်နိုင်ငံဟာ ဒီ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ ရောဂါပိုးကူးစက်သူ ၁၀ သန်းရှိတဲ့ ၆ နိုင်ငံမြောက် ဖြစ်လာတယ်လို့ မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အစိုးရကထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

COVID-19 ကူးစက်မှု ၁၀ သန်းကျော်သွားတဲ့ တခြားနိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ဗြိတိန်နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ကြပါတယ်။

လာမယ့် သီတင်းပတ်အနည်းငယ်ဟာ တိုင်းပြည်အတွက် ခက်ခဲတဲ့ အခြေအနေကို ဖြတ်သန်းကြရမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က တိုင်းပြည်ကို ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)

အိန်ဒိယမှာ ငါးရကျဆကျတိုကျ ကိုဗဈရောဂါပိုး ကူးစကျမှု တိုးလာ








XS
SM
MD
LG