သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း နှစ်သစ်ကြိုပွဲတွေ ကိုဗစ်ကြောင့်ထိခိုက်


ကိုဆိုဗိုရဲ့ နှစ်သစ်ကူး
ကိုဆိုဗိုရဲ့ နှစ်သစ်ကူး

[[Zawgyi/Unicode]]

ကမ္ဘာတဝန်း နိုင်ငံအများအပြားမှာ ၂၀၂၂ နှစ်သစ်ကြိုဆိုပွဲတွေမလုပ်ဘဲ ပယ်ဖျက်ထားပေမယ့် အမေရိကန်နဲ့ သြစတြေးလျလို နိုင်ငံတချို့မှာတော့ အကန့်အသတ်နဲ့ နှစ်သစ်ကြိုဆိုပွဲတွေလုပ်ဖို့ စီစဉ်ထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါကူးစက်သူနဲ့ သေဆုံးသူအရေအတွက် တကျော့ပြန် မြင့်တက်လာနေတဲ့ကြားမှာပဲ နိုင်ငံတဝန်းကမြို့ကြီးတွေမှာ နှစ်သစ်ကြိုပွဲတွေလုပ်ဖို့ ပြင်ဆင်နေကြတာပါ။

အမေရိကန်က နှစ်သစ်ကြိုဆိုပွဲတွေမှာ အကြီးဆုံးလို့ဆိုရမယ့် နယူးယောက်၊ Times Squares နှစ်သစ်ကူးပွဲကို လူ တသောင်းခွဲအထိ ပါဝင်ခွင့်ပေးထားပြီး လာတဲ့လူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားပြရမှာဖြစ်သလို နှာခေါင်းစည်း တပ်ထားကြရမှာဖြစ်ပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်ရေး အောင်မြင်မှုတချို့ရထားတဲ့ နယူးဇီလန်နိုင်ငံမှာလည်း နှစ်သစ်ကြိုပွဲ လုပ်ခဲ့ကြသလို သြစတြေးလျနိုင်ငံက ဆစ်ဒ်နီနဲ့ မဲလ်ဘုန်းလို မြို့ကြီးတွေမှာလည်း နှစ်သစ်ကြိုဆိုပွဲတွေ လုပ်ခဲ့ကြပါတယ်။ COVID-19 ရောဂါ နေ့စဉ်ကူးစက်သူအရေအတွက် နှစ်ဆတိုးနေတဲ့ကြားမှာ နှစ်သစ်ကို ကြိုဆိုကြဖို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တိုက်တွန်းထားတာပါ။

ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံမှာတောင်မှာ နှစ်သစ်ကြိုပွဲလုပ်ဖို့ ပြင်ဆင်နေပြီး ပြုံယမ်းမြို့တော်က Kim Il Sung ရင်ပြင်မှာ နှစ်သစ်ကူးချိန် ညသန်းခေါင်မှာ မီးရှုးမီးပန်းပစ်ဖောက်ကြိုဆိုဖို့ စီစဉ်ထားပါတယ်။

၂၀၂၂ နှစ်သစ်ကူးပွဲတော်တွေကို မနှစ်ကနဲ့မတူဘဲ စည်စည်ကားကားလုပ်ခွင့်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း Omicron ဗီဇမျိုးကွဲ ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှု အရှိန်မြင့်နေတာကြောင့် ကမ္ဘာ့နိုင်ငံအများအပြားမှာ နှစ်သစ်ကို စုဝေးကြိုဆိုဖို့အခွင့်အလန်း ဆုံးရှုံးသွားကြရပါတယ်။

================

[[Unicode]]

ကမ်ဘာတဝနျး နှဈသဈကွိုပှဲတှေ ကိုဗဈကွောင့ျထိခိုကျ








===============

XS
SM
MD
LG