သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲေၾကာင့္ ကမာၻ႔အႏွံ႔ ကန႔္သတ္မႈတိုး


[[Zawgyi/Unicode]]

အိုမီခ႐ြန္မ်ိဳးကြဲဟာ ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔လာေနၿပီး တခ်ိဳ႕ေနရာေတြမွာ ပိုမိုတင္းက်ပ္တဲ့ ကန႔္သတ္ခ်က္ေတြကို ျပဌာန္းလိုက္ၾကပါတယ္။

အေမရိကန္ႏိုငံမွာ ကိုဗစ္ ပ်ံ႕ႏွံ႔ေနရာမွာ ခရစၥမတ္ေန႔အထိ ၅၈.၆ ရာႏႈန္းဟာ အိုမီခ႐ြန္ေၾကာင့္ ျဖစ္တယ္လို႔ အေမရိကန္ ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန စီဒီစီက ေျပာပါတယ္။ ခရစၥမတ္ အားရက္အတြင္း ပိုၿပီး ပ်ံ႕ႏွံ႔လာတဲ့အတြက္ ေနရာအႏွံ႔မွာ ကိုဗစ္ပိုး စစ္ေဆးသူေတြ တန္းစီေနၾကပါတယ္။

ျပင္သစ္ႏိုင္ငံမွာေတာ့ ပိုမိုတင္းက်ပ္တဲ့ ျပဌာန္းခ်က္ေတြကို တနလၤာေန႔က ေၾကညာခဲ့ပါတယ္။အစဥ္အလာအရ က်င္းပတဲ့ ႏွစ္သစ္ကူး ပြဲေတာ္ေတြကိုလည္း အစိုးရက ဖ်က္သိမ္းလိုက္ပါတယ္။အေဆာက္အအုံအတြင္းမွာ လူ ၂,၀၀၀ ထိပဲ စုံ႐ုံးခြင့္ေပးၿပီး အေဆာက္အအုံအျပင္မွာ လူ ၅,၀၀၀ အထိပဲ စု႐ုံးခြင့္ ျပဳပါတယ္။ စု႐ုံးသူေတြဟာ ခုံေတြနဲ႔ သတ္မွတ္ထားတဲ့အတိုင္း ထိုင္ၾကရမယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ ဂြမ္ဇီ ျပည္နယ္၊ က်င္ဇီၿမိဳ႕မွာေတာ့ အသြားအလာကန႔္သတ္ထားတာ ခ်ိဳးေဖာက္သူေတြကို အမ်ား ျပည္သူ ျမင္ႏိုင္တဲ့ေနရာေတြမွာ လူေတြကို စာနဲ႔ပုံခ်ိတ္ရပ္ခိုင္းၿပီး ျပစ္ဒဏ္ေပးတာ ကို ႐ိုက္တာသတင္းဌာန ဗြီဒီယို မွာ ျပထားပါတယ္။

BioNTech COVID-19 ကာကြယ္ေဆး အလုံးေပါင္း ၁၃.၃ သန္း ကို ဒီဇင္ဘာ လကအကုန္ မွာ တ႐ုပ္ က ထိုင္ဝမ္ ကို ေပးၿပီး ျဖစ္မယ္လို႔ တ႐ုပ္ ႏိုင္ငံေတာ္ ေကာင္စီ ထိုင္ဝမ္ေရးရာ ႐ုံး ေျပာေရးဆိုခြင့္ရွိသူ က ေျပာပါတယ္။အခုအထိ ၁၂.၄ သန္း ထိုင္ဝမ္ ကို ေရာက္ရွိၿပီး ျဖစ္တယ္လို႔ သူ က ေျပာပါတယ္။တ႐ုပ္ ျပည္မေရာက္ ထိုင္ဝမ္ ခရီးသြား လက္မွတ္ ကိုင္ေဆာင္သူ အေယာက္ ၁ သိန္း ၇ ေသာင္းေက်ာ္၊ ကာကြယ္ေဆး အျပည္ အလုံးေပါင္း ၃ သိန္းခြဲေက်ာ္ ကိုလည္း ထိုးေပးၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

Omicron ကိုဗစ်မျိုးကွဲကြောင့် ကမ္ဘာ့အနှံ့ ကန့်သတ်မှုတိုး

အိုမီခရွန်မျိုးကွဲဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာနေပြီး တချို့နေရာတွေမှာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို ပြဌာန်းလိုက်ကြပါတယ်။

အမေရိကန်နိုငံမှာ ကိုဗစ် ပျံ့နှံ့နေရာမှာ ခရစ္စမတ်နေ့အထိ ၅၈.၆ ရာနှုန်းဟာ အိုမီခရွန်ကြောင့် ဖြစ်တယ်လို့ အမေရိကန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန စီဒီစီက ပြောပါတယ်။ ခရစ္စမတ် အားရက်အတွင်း ပိုပြီး ပျံ့နှံ့လာတဲ့အတွက် နေရာအနှံ့မှာ ကိုဗစ်ပိုး စစ်ဆေးသူတွေ တန်းစီနေကြပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပိုမိုတင်းကျပ်တဲ့ ပြဌာန်းချက်တွေကို တနင်္လာနေ့က ကြေညာခဲ့ပါတယ်။အစဉ်အလာအရ ကျင်းပတဲ့ နှစ်သစ်ကူး ပွဲတော်တွေကိုလည်း အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။အဆောက်အအုံအတွင်းမှာ လူ ၂,၀၀၀ ထိပဲ စုံရုံးခွင့်ပေးပြီး အဆောက်အအုံအပြင်မှာ လူ ၅,၀၀၀ အထိပဲ စုရုံးခွင့် ပြုပါတယ်။ စုရုံးသူတွေဟာ ခုံတွေနဲ့ သတ်မှတ်ထားတဲ့အတိုင်း ထိုင်ကြရမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဂွမ်ဇီ ပြည်နယ်၊ ကျင်ဇီမြို့မှာတော့ အသွားအလာကန့်သတ်ထားတာ ချိုးဖောက်သူတွေကို အများ ပြည်သူ မြင်နိုင်တဲ့နေရာတွေမှာ လူတွေကို စာနဲ့ပုံချိတ်ရပ်ခိုင်းပြီး ပြစ်ဒဏ်ပေးတာ ကို ရိုက်တာသတင်းဌာန ဗွီဒီယို မှာ ပြထားပါတယ်။

BioNTech COVID-19 ကာကွယ်ဆေး အလုံးပေါင်း ၁၃.၃ သန်း ကို ဒီဇင်ဘာ လကအကုန် မှာ တရုပ် က ထိုင်ဝမ် ကို ပေးပြီး ဖြစ်မယ်လို့ တရုပ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာ ရုံး ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။အခုအထိ ၁၂.၄ သန်း ထိုင်ဝမ် ကို ရောက်ရှိပြီး ဖြစ်တယ်လို့ သူ က ပြောပါတယ်။တရုပ် ပြည်မရောက် ထိုင်ဝမ် ခရီးသွား လက်မှတ် ကိုင်ဆောင်သူ အယောက် ၁ သိန်း ၇ သောင်းကျော်၊ ကာကွယ်ဆေး အပြည် အလုံးပေါင်း ၃ သိန်းခွဲကျော် ကိုလည်း ထိုးပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

#Covid19 #OmicronVariant #VOABurmese #အိုမီခရွန် #ပြင်သစ် #တရုတ် #အသွားလာကန့်သတ် #အမေရိကန် #ဗွီအိုအေ

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG