သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး COVID-19 ကူးစက္


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin. (ႏုိဝင္ဘာ ၁၇၊ ၂၀၂၁)

(Zawgyi)

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က သူ႔မွာ COVID-19 ေရာဂါ ကူးစက္ေနတဲ့အေၾကာင္း တနဂၤေႏြေန႔က ေျပာဆိုပါတယ္။ အေမရိကန္ ျပည္ေထာင္စုတဝန္း ကူးစက္ႏႈန္းသိပ္ျမန္တဲ့ Omicron ဗီဇမ်ဳိးကြဲ ကို႐ိုနာဗိုင္းရပ္စ္ပုိး အမ်ားအျပား ပ်ံ႕ႏွံ႔ေနခ်ိန္ ကာကြယ္ေရးဝန္ႀကီး Austin က သူပါ ကူးစက္ေနၿပီဆိုၿပီး ေျပာဆိုလိုက္တာပါ။

ဝန္ႀကီး Austin ခံစားရတဲ့ ကိုဗစ္ေရာဂါလကၡဏာ မျပင္းထန္သလို အျပင္နဲ႔မေတြ႔ဘဲ ေနအိမ္မွာ ၅ ရက္ သီးသန္႔ေနမယ့္အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

သူဟာ ကာကြယ္ေဆး အျပည့္အဝ ထိုးထားတဲ့အျပင္ အားျဖည့္ကာကြယ္ေဆး Booster ပါ ထိုးထားၿပီးသား ျဖစ္တယ္လို႔လည္း ဝန္ႀကီး Austin က ေျပာပါတယ္။ ကာကြယ္ေဆးထိုးထားတဲ့ အတြက္ေၾကာင့္လည္း ေရာဂါဒဏ္ ျပင္းျပင္းထန္ထန္ မခံစားရဘဲ သက္သာတာလို႔ သူက ေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးတာဟာ ထိေရာက္ၿပီး အေမရိကန္ စစ္တပ္အတြင္းမွာ စစ္မႈထမ္းေတြ မျဖစ္မေနထိုးရမယ့္ သတ္မွတ္ခ်က္အျဖစ္ ဆက္ထားမွာ ျဖစ္တဲ့အေၾကာင္း ဝန္ႀကီး Austin က ေျပာပါတယ္။ ေဆးထိုးဖို႔ အက်ဳံးဝင္တဲ့သူ အားလုံး ကာကြယ္ေဆးထိုးဖို႔ ဆက္ၿပီး တိုက္တြန္းမယ္လို႔လည္း ဝန္ႀကီး Lloyd Austin က ေျပာပါတယ္။

ကာကြယ္ေရးဝန္ႀကီး Austin ဟာ COVID-19 ျဖစ္ေနတယ္ဆိုတဲ့ ေရာဂါလကၡဏာ စမျပခင္ တပတ္ေက်ာ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔က သမၼတ Joe Biden နဲ႔ ေနာက္ဆုံး ေတြ႔ဆုံပါတယ္။ ေရာဂါလကၡဏာ စျပတဲ့ေန႔ စမ္းသပ္တုန္းကေတာ့ ကိုဗစ္ေရာဂါ မရွိဘူးဆိုၿပီး အေျဖထြက္ခဲ့တဲ့အေၾကာင္း သူက ေျပာပါတယ္။

အေမရိကန္ အရာရွိေတြကို ဆက္လက္ ထိန္းသိမ္းႀကီးၾကပ္ၿပီး အေရးႀကီးတဲ့ ေဆြးေႏြးပြဲတိုင္းကို အြန္လိုင္းက အတတ္ႏုိင္ဆုံး တက္သြားမယ္လို႔လည္း ဝန္ႀကီး Austin က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

------------------

(Unicode)

အမေရိကန် ကာကွယ်ရေးဝန်ကြီး COVID-19 ကူးစက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သူ့မှာ COVID-19 ရောဂါ ကူးစက်နေတဲ့အကြောင်း တနင်္ဂနွေနေ့က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုတဝန်း ကူးစက်နှုန်းသိပ်မြန်တဲ့ Omicron ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုး အများအပြား ပျံ့နှံ့နေချိန် ကာကွယ်ရေးဝန်ကြီး Austin က သူပါ ကူးစက်နေပြီဆိုပြီး ပြောဆိုလိုက်တာပါ။

ဝန်ကြီး Austin ခံစားရတဲ့ ကိုဗစ်ရောဂါလက္ခဏာ မပြင်းထန်သလို အပြင်နဲ့မတွေ့ဘဲ နေအိမ်မှာ ၅ ရက် သီးသန့်နေမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

သူဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့အပြင် အားဖြည့်ကာကွယ်ဆေး Booster ပါ ထိုးထားပြီးသား ဖြစ်တယ်လို့လည်း ဝန်ကြီး Austin က ပြောပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ အတွက်ကြောင့်လည်း ရောဂါဒဏ် ပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သာတာလို့ သူက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးတာဟာ ထိရောက်ပြီး အမေရိကန် စစ်တပ်အတွင်းမှာ စစ်မှုထမ်းတွေ မဖြစ်မနေထိုးရမယ့် သတ်မှတ်ချက်အဖြစ် ဆက်ထားမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီး Austin က ပြောပါတယ်။ ဆေးထိုးဖို့ အကျုံးဝင်တဲ့သူ အားလုံး ကာကွယ်ဆေးထိုးဖို့ ဆက်ပြီး တိုက်တွန်းမယ်လို့လည်း ဝန်ကြီး Lloyd Austin က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Austin ဟာ COVID-19 ဖြစ်နေတယ်ဆိုတဲ့ ရောဂါလက္ခဏာ စမပြခင် တပတ်ကျော် ဒီဇင်ဘာလ ၂၁ ရက်နေ့က သမ္မတ Joe Biden နဲ့ နောက်ဆုံး တွေ့ဆုံပါတယ်။ ရောဂါလက္ခဏာ စပြတဲ့နေ့ စမ်းသပ်တုန်းကတော့ ကိုဗစ်ရောဂါ မရှိဘူးဆိုပြီး အဖြေထွက်ခဲ့တဲ့အကြောင်း သူက ပြောပါတယ်။

အမေရိကန် အရာရှိတွေကို ဆက်လက် ထိန်းသိမ်းကြီးကြပ်ပြီး အရေးကြီးတဲ့ ဆွေးနွေးပွဲတိုင်းကို အွန်လိုင်းက အတတ်နိုင်ဆုံး တက်သွားမယ်လို့လည်း ဝန်ကြီး Austin က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG