သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုမြို့တော်မှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၄ ရက်ဆက်တိုက် စံချိန်တင်


ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၂)
ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

ကမ္ဘာတဝန်း ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ် Omicron တွေ့အပြီး ကူးစက်မှု မြင့်မားလာနေချိန်မှာ ဂျပန်မြို့တော်မှာလည်း နေ့စဉ်ကူးစက်မှု ၄ ရက်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။

တိုကျိုမြို့တော်မှာ ဒီနေ့ ကိုဗစ်ပိုးကူးစက်သူသစ်ပေါင်း ၁၁,၀၀၀ ကျော်ခဲ့ပြီး အရင်အပတ်တုန်းက ၄,၅၀၀ ကျော် တွေ့ခဲ့တာထက် ၂ ဆခွဲ ထိုးတက်သွားတာလို့ မြို့တော်တာဝန်ရှိသူတွေက ဆိုပါတယ်။ သေဆုံးသူကတော့ ဒီနေ့ ၃ ဦးရှိခဲ့ပေမယ့် ၁၂ ဦးက အသည်းအသန် ဖြစ်နေပါတယ်။

မနေ့တုန်းကပဲ တိုကျိုမှာ ပိုးတွေ့သူသစ် ၉,၇၀၀ နီးပါး တွေ့ခဲ့ကာ အသွားအလာနဲ့ စီးပွားလုပ်ငန်းတွေကို ပြန်ကန့်သတ်ထားတဲ့ကြားက အခုလို ၁၀,၀၀၀ ကျော်အဆင့် ဆက်တက်လာနေတာပါ။

ထိုင်ဝမ်မှာလည်း အရင်လပေါင်းများစွာ ပြည်တွင်းကူးစက်မှု မရှိခဲ့ရာကနေ အခု Omicron ကူးစက်မှု ရုတ်တရက် စတက်လာတာမို့ ကန့်သတ်ထိန်းချုပ်မှုတွေ စချမှတ်လိုက်ပါပြီ။

မနေ့က ထိုင်ဝမ် နိုင်ငံတကာလေဆိပ်နား စက်ရုံက လုပ်သား ၁,၀၀၀ ကို စစ်ခဲ့ရာကနေ ၆၀ မှာ Omicron မျိုးကွဲသစ် အများစု တွေ့ခဲ့အပြီး နောက်ထပ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာ စိုးရိမ်ကာ အခုလို ဒီနေ့ ချမှတ်လိုက်တာပါ။ ဒါပေမယ့် သေဆုံးသူတော့ မရှိသေးပါဘူး။

ရုရှားမှာလည်း မနေ့က ကိုဗစ်ပိုးကူးစက်သူသစ် ၄၉,၀၀၀ ကျော် ရှိခဲ့ရာကနေ အခု ဒီနေ့ ၅၇,၀၀၀ ကျော်ကို ခုန်တက်ကာ စံချိန်သစ် တင်လိုက်ပြန်ပါတယ်။ သေဆုံးသူကလည်း ဒီနေ့ ၆၈၁ ဦးလို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်စတွေ့ခဲ့ပေမယ့် တခြားနိုင်ငံတွေထက် တမူထူးပြီး ကိုဗစ်လုံးဝမရှိရေး ကိုဗစ် Zero မူဝါဒ ချထားတဲ့ တရုတ်ရဲ့ အရှေ့မြောက်ပိုင်း Harbin မြို့ကြီးမှာ ပိုးတွေ့သူသစ် မရှိသေးပေမယ့် တရုတ်နှစ်ကူး ကြိုတင်ကာကွယ်ဖို့ မြို့သူမြို့သား ၁၀ သန်းဝန်းကျင်ကို လာမယ့် တနင်္လာနေ့ကစ ဆေးစစ်ဖို့ ပြင်နေပါတယ်။

ကိုဗစ် နောက်ထပ်လှိုင်း ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့ ကူးစက်သူသစ်ပေါင်း ၃၃၀,၀၀၀ ကျော်ရှိခဲ့ပြီး မနေ့ကတွေ့ရှိမှုထက်တော့ ၉,၅၀၀ ကျော် ကျဆင်းလာခဲ့ပေမယ့် မြေပြင်မှာ တကယ်ဖြစ်နေတာက ဒီထက်ပိုများနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)










XS
SM
MD
LG