သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲကူးစက္သူေတြ႕ရွိေၾကာင္း ဂ်ပန္နဲ႔ျပင္သစ္အတည္ျပဳ


အိုမီခရြန္ ဗီဇေျပာင္းကို႐ိုနာဗိုင္းရပ္စ္တားဆီးေရး ႏိုဝင္ဘာ ၂၉ ကစၿပီး ႏိုင္ငံတကာေလေၾကာင္းေတြပိတ္မယ္လို႔ ေၾကညာခ်ိန္မွာ တိုက်ဳိ ဟာနီဒါေလဆိပ္ျမင္ကြင္း။

{{Zawgyi/Unicode}}

ဂ်ပန္နဲ႔ ျပင္သစ္ႏိုင္ငံတို႔ဟာ သူတို႔ရဲ႕ပထမဆုံး အိုမီခရြန္ မ်ိဳးကြဲဗိုင္းရပ္စ္ ကူးစက္လူနာ ေတြ႔ရွိေၾကာင္း အဂၤါေန႔မွာ ေၾကညာလိုက္ၾကပါတယ္။

အေစာပိုင္း ေတြ႔ရွိရတဲ့ အေထာက္အထားေတြအရ အိုမီခရြန္ မ်ိဳးကြဲဗိုင္းရပ္ရဲ႕ ကမာၻ႔ အႏၲရာယ္ဟာ အလြန႔္ကိုျမင့္မားၿပီး အေလးထားေလာက္တဲ့ အက်ိဳးဆက္ေတြနဲ႔ ကူးစက္မႈျမင့္လာႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက တနလၤာေန႔က သတိေပးထားပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတြ႔ရွိရတဲ့လူနာကေတာ့ တနဂၤေႏြေန႔က ေလဆိပ္အေရာက္ စစ္ေဆးလိုက္ရာက ေတြ႔ရွိရတဲ့လူနာ ျဖစ္ပါတယ္။ သူ႔အသက္က ၃၀ အတြင္းမွာရွိၿပီး ေဆး႐ုံတ႐ုံ မွာ သီးျခားခြဲထား ေဆးကုသေပးေနတယ္လို႔ အစိုးရအဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Hirokazu Matsuno က ေျပာပါတယ္။ ဗိုင္းရပ္ရဲ႕မ်ိဳးဗီဇ စစ္ေဆးခ်က္က ေတာင္အာဖရိကမွာ ပထမဆုံး စေတြ႔ခဲ့တဲ့ အိုမီခရြန္ မ်ိဳးကြဲကူးစက္ခံခဲ့ရတာကို အဂၤါေန႔မွာ အတည္ျပဳေပးပါတယ္။

ျပင္သစ္ႏိုင္ငံကေတာ့ သူပိုင္ အိႏၵိယသမုဒၵရာထဲက Reunion ကြၽန္းမွာ မိုဇမ္ဘစ္နဲ႔ ေတာင္အာဖရိကကို ခရီးသြားခဲ့တဲ့သူတဦးမွာ အိုမီခရြန္ မ်ိဳးကြဲဗိုင္းရပ္စ္ကို ေတြ႔ရွိခဲ့တာပါ။ သူ႔အသက္က ၅၃ ႏွစ္ ျဖစ္ပါတယ္။ သူ႔ကိုလည္း သီးျခားခြဲထားကုသေပးေနပါတယ္။

အိုမီခရြန္မ်ိဳးကြဲကူးစက္ေရာဂါ တိုက္ဖ်က္ေရးအတြက္ အေရးေပၚ ထိန္းခ်ဳပ္ ကန႔္သတ္ ခ်က္အျဖစ္ ႏိုင္ငံျခားခရီးသည္အားလုံး ဂ်ပန္ႏိုင္ငံ ဝင္ေရာက္ခြင့္ကို အဂၤါေန႔မွာ စတင္ ပိတ္ပင္မယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္က တနလၤာေန႔ က ေၾကညာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

Omicron ကိုဗစ်မျိုးကွဲကူးစက်သူတွေ့ရှိကြောင်း ဂျပန်နဲ့ပြင်သစ်အတည်ပြု

ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ သူတို့ရဲ့ပထမဆုံး အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ကူးစက်လူနာ တွေ့ရှိကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်ကြပါတယ်။

အစောပိုင်း တွေ့ရှိရတဲ့ အထောက်အထားတွေအရ အိုမီခရွန် မျိုးကွဲဗိုင်းရပ်ရဲ့ ကမ္ဘာ့ အန္တရာယ်ဟာ အလွန့်ကိုမြင့်မားပြီး အလေးထားလောက်တဲ့ အကျိုးဆက်တွေနဲ့ ကူးစက်မှုမြင့်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့က သတိပေးထားပါတယ်။

ဂျပန်နိုင်ငံမှာတွေ့ရှိရတဲ့လူနာကတော့ တနင်္ဂနွေနေ့က လေဆိပ်အရောက် စစ်ဆေးလိုက်ရာက တွေ့ရှိရတဲ့လူနာ ဖြစ်ပါတယ်။ သူ့အသက်က ၃၀ အတွင်းမှာရှိပြီး ဆေးရုံတရုံ မှာ သီးခြားခွဲထား ဆေးကုသပေးနေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Hirokazu Matsuno က ပြောပါတယ်။ ဗိုင်းရပ်ရဲ့မျိုးဗီဇ စစ်ဆေးချက်က တောင်အာဖရိကမှာ ပထမဆုံး စတွေ့ခဲ့တဲ့ အိုမီခရွန် မျိုးကွဲကူးစက်ခံခဲ့ရတာကို အင်္ဂါနေ့မှာ အတည်ပြုပေးပါတယ်။

ပြင်သစ်နိုင်ငံကတော့ သူပိုင် အိန္ဒိယသမုဒ္ဒရာထဲက Reunion ကျွန်းမှာ မိုဇမ်ဘစ်နဲ့ တောင်အာဖရိကကို ခရီးသွားခဲ့တဲ့သူတဦးမှာ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို တွေ့ရှိခဲ့တာပါ။ သူ့အသက်က ၅၃ နှစ် ဖြစ်ပါတယ်။ သူ့ကိုလည်း သီးခြားခွဲထားကုသပေးနေပါတယ်။

အိုမီခရွန်မျိုးကွဲကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အရေးပေါ် ထိန်းချုပ် ကန့်သတ် ချက်အဖြစ် နိုင်ငံခြားခရီးသည်အားလုံး ဂျပန်နိုင်ငံ ဝင်ရောက်ခွင့်ကို အင်္ဂါနေ့မှာ စတင် ပိတ်ပင်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က တနင်္လာနေ့ က ကြေညာခဲ့တာပါ။

#Omicron #CovidVarient #JapanCovid #VOABurmese

XS
SM
MD
LG