သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၇ သိန္းေက်ာ္ၿပီ


Russia sputnik vaccine


႐ုရွားမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၇ သိန္းေက်ာ္ၿပီ

{{Zawgyi/Unicode}}
ရုရွားႏုိင္ငံမွာ ကုိဗစ္ ၁၉ ေၾကာင့္ေသဆုံးသူအေရအတြက္ဟာ ၇ သိန္းေက်ာ္သြားၿပီလုိ့ ရုရွားအစိုးရစာရင္းအင္အားဌာန Rosstat ကုိ ကုိးကားၿပီး Reuters သတင္းဌာနက ေသာၾကာေန့ မွာေရးသားေဖၚျပပါတယ္။

ရုရွားအစိုးရရဲ့ ကုိဗစ္တုံျပန္ေဆာင္ရြက္ေရးဌာနကေတာ့ ကူးဆက္ခံရသူေပါင္း ၁၁ ဒႆမ ၅ သန္းေက်ာ္ရွိၿပီးေသဆုံးသူ ၃ သိန္း ၂ ေသာင္းေက်ာ္ရွိတယ္လုိ့ေဖၚျပထားပါတယ္။ ဒီအေရအတြက္ဟာ ဥေရာပမွာအမ်ားဆုံးျဖစ္ပါတယ္။ ဒါေပမယ့္ Rosstat စာရင္းအင္းဌာနကေတာ့ပုိမုိက်ယ္က်ယ္ျပန္႔ျပန္႔ စာရင္းေကာင္ယူထားၿပီး ၂၀၂၀ ခုႏွစ္ ဧၿပီလကေန ၂၀၂၁ ခုႏွစ္ေအာက္တုိဘာအထိ ေသဆုံးသူ ၆ သိန္း ၂ ေသာင္းေက်ာ္ ရွိတယ္တယ္လုိ့ေဖၚျပထားပါတယ္။ ရုရွားမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ တလထဲမွာတင္ကုိဗစ္ ေၾကာင့္ေသဆုံးသူ ၅ ေသာင္း ၄ ေထာင္ေက်ာ္ရွိတယ္လို့ေဖၚျပထားပါတယ္။ ေန့စဥ္ မွတ္တမ္းေတြအေရ ေသာၾကာေန့တရက္ထဲမွာတင္ ၉ ေသာင္း ၈ ေထာင္ေက်ာ္ကူး စက္ခဲ့ပါတယ္။

အခုလုိအခ်ိန္မွာဘဲ အေမရိကန္ျပည္ေထာင္စုအေနနဲ့ ကမၻာလုံးဆုိင္ရာ ကုိဗစ္တုန့္ျပန္ ေဆာင္ရြက္ေရးအစီအစဥ္တခုအေနနဲ့ ကုိဗစ္ကာကြယ္ေဆးလွဴဒါန္းမွုဟာ ႏုိင္ငံေပါင္း ၁၁၂ ႏုိင္ငံကုိ ကာကြယ္ေဆးအလုံးေရး သန္း ၄၀၀ ေက်ာ္ ေပးပုိ့လွဴဒါန္းခဲ့ၿပီလုိ့ ေသာၾကာေန့မွာ အေမရိကန္သမတအိမ္ျဖူေတာ္က ကုိဗစ္တုံျပန္ေရး တာ၀န္ရွိသူေတြက ထုတ္ျပန္ေၾကညာပါတယ္။ ဒီအေရအတြက္ဟာ ကမၻာေပၚကလွဴဒါန္းတဲ့ အျခားႏုိင္ငံေတြထက္ ၄ ဆမ်ားတယ္လုိ့လည္း ေဖၚျပထားပါတယ္။

စပိန္ႏိုင္ငံေျမာက္ပုိင္း Ctalonia ေဒသတြင္းမွာေတာ့ စားေသာက္ဆုိင္၊ ဘားဆုိင္ေတြနဲ့ အားကစားရုံေတြ အတြင္း၀င္ေရာက္တဲ့အခါ ကာကြယ္ေဆးထုိးၿပီးေၾကာင္း မွတ္တမ္းျပ စရာမလုိေတာ့သလုိ လူဦးေရကန့္သတ္မွုေတြကုိလည္း ေဒသအာဏာပုိင္ေတြကေလ်ာ့ခ်ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇ သိန်းကျော်ပြီ

{{Zawgyi/Unicode}}
ရုရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကြောင့်သေဆုံးသူအရေအတွက်ဟာ ၇ သိန်းကျော်သွားပြီလို့ ရုရှားအစိုးရစာရင်းအင်အားဌာန Rosstat ကို ကိုးကားပြီး Reuters သတင်းဌာနက သောကြာနေ့ မှာရေးသားဖေါ်ပြပါတယ်။

ရုရှားအစိုးရရဲ့ ကိုဗစ်တုံပြန်ဆောင်ရွက်ရေးဌာနကတော့ ကူးဆက်ခံရသူပေါင်း ၁၁ ဒဿမ ၅ သန်းကျော်ရှိပြီးသေဆုံးသူ ၃ သိန်း ၂ သောင်းကျော်ရှိတယ်လို့ဖေါ်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ဥရောပမှာအများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် Rosstat စာရင်းအင်းဌာနကတော့ပိုမိုကျယ်ကျယ်ပြန့်ပြန့် စာရင်းကောင်ယူထားပြီး ၂၀၂၀ ခုနှစ် ဧပြီလကနေ ၂၀၂၁ ခုနှစ်အောက်တိုဘာအထိ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော် ရှိတယ်တယ်လို့ဖေါ်ပြထားပါတယ်။ ရုရှားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တလထဲမှာတင်ကိုဗစ် ကြောင့်သေဆုံးသူ ၅ သောင်း ၄ ထောင်ကျော်ရှိတယ်လို့ဖေါ်ပြထားပါတယ်။ နေ့စဉ် မှတ်တမ်းတွေအရေ သောကြာနေ့တရက်ထဲမှာတင် ၉ သောင်း ၈ ထောင်ကျော်ကူး စက်ခဲ့ပါတယ်။

အခုလိုအချိန်မှာဘဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်တုန့်ပြန် ဆောင်ရွက်ရေးအစီအစဉ်တခုအနေနဲ့ ကိုဗစ်ကာကွယ်ဆေးလှူဒါန်းမှုဟာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံကို ကာကွယ်ဆေးအလုံးရေး သန်း ၄၀၀ ကျော် ပေးပို့လှူဒါန်းခဲ့ပြီလို့ သောကြာနေ့မှာ အမေရိကန်သမတအိမ်ဖြူတော်က ကိုဗစ်တုံပြန်ရေး တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာပေါ်ကလှူဒါန်းတဲ့ အခြားနိုင်ငံတွေထက် ၄ ဆများတယ်လို့လည်း ဖေါ်ပြထားပါတယ်။

စပိန်နိုင်ငံမြောက်ပိုင်း Ctalonia ဒေသတွင်းမှာတော့ စားသောက်ဆိုင်၊ ဘားဆိုင်တွေနဲ့ အားကစားရုံတွေ အတွင်းဝင်ရောက်တဲ့အခါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းပြ စရာမလိုတော့သလို လူဦးရေကန့်သတ်မှုတွေကိုလည်း ဒေသအာဏာပိုင်တွေကလျော့ချပေးခဲ့ပါတယ်။

XS
SM
MD
LG