(Zawgyi / Unicode)
႐ုရွားႏိုင္ငံမွာ လာမယ့္သီတင္းပတ္ထဲ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္မႈေတြ ျပန္လည္ထုတ္ျပန္ၿပီး လုပ္ငန္းခြင္ေတြကို သီတင္းတပတ္ၾကာ ပိတ္ထားဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ကူးစက္မႈေတြ စံခ်ိန္တင္ တုိးလာေနရာမွာ စေနေန႔မွာ ၅ ရက္ေျမာက္ ရွိသြားပါၿပီ။
႐ုရွားႏိုင္ငံ ကပ္ေရာဂါတိုက္ဖ်က္ေရးအဖဲြ႔ရဲ႕ စေနေန႔ ထုတ္ျပန္ခ်က္အရ ၂၄ နာရီအတြင္း ကိုဗစ္ေရာဂါနဲ႔ ေသဆံုးရသူ ၁,၀၇၅ ဦးအထိ ရွိခဲ့ၿပီး ဒါဟာ ကပ္ေရာဂါ စတင္ခ်ိန္ကစၿပီး တရက္အတြင္း ေသဆံုးမႈအမ်ားဆံုး စံခ်ိန္တင္သြားတာပါ။
တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေသဆံုးရသူေပါင္းက ၂၃၀,၀၀၀ ေလာက္ ျဖစ္ေနၿပီး ဒါဟာ ဥေရာပေဒသတြင္း အမ်ားဆံုး ျဖစ္ပါတယ္။
႐ုရွားမွာ ကိုဗစ္ေၾကာင့္ ေန႔စဥ္ေသဆံုးရမႈႏႈန္း ျမင့္တက္ေနတာ သီတင္းပတ္နဲ႔ခ်ီ ရွိေနၿပီျဖစ္ၿပီး ဒါဟာ ကာကြယ္ေဆးထိုးႏႈန္း ေႏွးေကြးတာ၊ ကိုဗစ္စည္းမ်ဥ္း ေကာင္းေကာင္းမလိုက္နာတာနဲ႔ အစိုးရကိုယ္တိုင္က တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ထုတ္ျပန္ဖို႔ ေႏွာင့္ေႏွးေနတာေတြေၾကာင့္ ျဖစ္ပါတယ္။
အခုခ်ိန္အထိ ႐ုရွားႏိုင္ငံသား ၁၄၆ သန္းမွာ ေဆးထိုးၿပီးသူက သံုးပံုတပံုေလာက္ပဲ ရွိေနၿပီး ႏိုင္ငံတြင္း က်န္းမာေရးစနစ္လည္း ထိခိုက္ေနတာ ျဖစ္ပါတယ္။
တခ်ိ္န္တည္းမွာပဲ ႐ုရွားထုတ္ Sputnik V ကိုဗစ္ကာကြယ္ေဆး ထိုးေပးမယ့္ အစီအစဥ္ကို ဆိုင္းငံ့လိုက္ေၾကာင္း နမီးဘီးယားႏိုင္ငံက စေနေန႔မွာ ေၾကညာပါတယ္။ HIV ပိုး ကူးစက္မယ့္အႏၲရာယ္ ရွိသူေတြအတြက္ ႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆးဟာ စိတ္မခ်ရဘူးဆိုၿပီး အိမ္နီးခ်င္း ေတာင္အာဖရိကႏိုင္ငံက ေျပာဆိုလိုက္ၿပီးေနာက္ နမီးဘီးယား က်န္းမာေရးဝန္ႀကီးဌာနက ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္ကို ဆိုင္းင့ံလိုက္တာပါ။
ကာကြယ္ေဆးထုတ္လုပ္တဲ့ ႐ုရွား သုေတသနဌာန GRI ကေတာ့ နမီးဘီးယားဟာ သိပၸံနည္းက် အေထာက္အထားေပၚ မူတည္ဆံုးျဖတ္တာ မဟုတ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။
---------------------
(Unicode)
ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ရက်ဆက်တိုက်တိုး
ရုရှားနိုင်ငံမှာ လာမယ့်သီတင်းပတ်ထဲ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်မှုတွေ ပြန်လည်ထုတ်ပြန်ပြီး လုပ်ငန်းခွင်တွေကို သီတင်းတပတ်ကြာ ပိတ်ထားဖို့ ပြင်ဆင်နေချိန်မှာပဲ ကူးစက်မှုတွေ စံချိန်တင် တိုးလာနေရာမှာ စနေနေ့မှာ ၅ ရက်မြောက် ရှိသွားပါပြီ။
ရုရှားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးရသူ ၁,၀၇၅ ဦးအထိ ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါ စတင်ချိန်ကစပြီး တရက်အတွင်း သေဆုံးမှုအများဆုံး စံချိန်တင်သွားတာပါ။
တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးရသူပေါင်းက ၂၃၀,၀၀၀ လောက် ဖြစ်နေပြီး ဒါဟာ ဥရောပဒေသတွင်း အများဆုံး ဖြစ်ပါတယ်။
ရုရှားမှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးရမှုနှုန်း မြင့်တက်နေတာ သီတင်းပတ်နဲ့ချီ ရှိနေပြီဖြစ်ပြီး ဒါဟာ ကာကွယ်ဆေးထိုးနှုန်း နှေးကွေးတာ၊ ကိုဗစ်စည်းမျဉ်း ကောင်းကောင်းမလိုက်နာတာနဲ့ အစိုးရကိုယ်တိုင်က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ နှောင့်နှေးနေတာတွေကြောင့် ဖြစ်ပါတယ်။
အခုချိန်အထိ ရုရှားနိုင်ငံသား ၁၄၆ သန်းမှာ ဆေးထိုးပြီးသူက သုံးပုံတပုံလောက်ပဲ ရှိနေပြီး နိုင်ငံတွင်း ကျန်းမာရေးစနစ်လည်း ထိခိုက်နေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း နမီးဘီးယားနိုင်ငံက စနေနေ့မှာ ကြေညာပါတယ်။ HIV ပိုး ကူးစက်မယ့်အန္တရာယ် ရှိသူတွေအတွက် ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးဟာ စိတ်မချရဘူးဆိုပြီး အိမ်နီးချင်း တောင်အာဖရိကနိုင်ငံက ပြောဆိုလိုက်ပြီးနောက် နမီးဘီးယား ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တာပါ။
ကာကွယ်ဆေးထုတ်လုပ်တဲ့ ရုရှား သုတေသနဌာန GRI ကတော့ နမီးဘီးယားဟာ သိပ္ပံနည်းကျ အထောက်အထားပေါ် မူတည်ဆုံးဖြတ်တာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။