သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မႀကံဳစဘူး ဆိုးရြားတဲ့ လူမႈအက်ပ္အတည္း ျမန္မာႏိုင္ငံႀကံဳေတြ႔ (OCHA)


ကရင္ျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ထုိင္းႏုိင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး တႏွစ္အတြင္း သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြရဲ႕ အသက္ေတြဟာ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီး မႀကံဳစဘူးတဲ့ လူသားဆိုင္ရာ ဒုကၡအက်ပ္အတည္းနဲ႔ ဆင္းရဲမဲြေတြမႈ က်ေရာက္ေနေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OCHA) ရဲ႕ ဇန္နဝါရီလ ၃၀ ရက္ေန႔က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၂၂ ခုႏွစ္ ျမန္မာႏုိင္ငံ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ တုံ႔ျပန္ေရး အစီအစဥ္ (HRP) အတြက္ ထုတ္ျပန္လိုက္တဲ့ အဲဒီအစီရင္ခံစာမွာ စစ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ တခါမွ မႀကံဳေတြ႔ရဘူးတဲ့ တုန္လႈပ္စရာေကာင္းလွတဲ့ လူသားေတြရဲ႕ ကိုယ္ေရာ၊ စိတ္ပါ ဒုကၡေရာက္မႈ အျပင္းထန္ဆံုး အေျခအေနကို ေရာက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ စီးပြားေရး မတည္ၿငိမ္မႈေတြ၊ COVID-19 ကပ္ေရာဂါ၊ ပဋိပကၡေတြ ျပင္းထန္လာၿပီး အၿမဲတမ္း တိုးလာေနတဲ့ လူ႔အခြင့္အေရး ဖိႏွိပ္မႈေတြ စတာေတြဟာ တိုင္းျပည္ရဲ႕ တိုးတက္မႈ အေျခအေနကို ၿခိမ္းေျခာက္ေနတယ္လို႔ ဆိုပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္လည္း ျမန္မာႏိုင္ငံမွာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးဖို႔ စံခ်ိန္တင္ လုိအပ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီအစီရင္ခံစာ ထုတ္ျပန္ခ်ိန္မွာ အထူးသျဖင့္ ျမန္မာႏိုင္ငံ အေနာက္ေျမာက္နဲ႔ အေရွ႕ေတာင္ဘက္တို႔မွာ အသစ္ျဖစ္ေပၚလာတဲ့ ပဋိပကၡေတြ ျပင္းထန္လာေနသလို အရပ္သားေတြ ထိခိုက္ဒဏ္ရာရၿပီး အိုးမဲ့အိမ္မဲ့ေတြ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြဘက္ကို ထြက္ေျပးခိုလႈံသူေတြအတြက္လည္း အေရးေပၚ အကူအညီေတြ လိုအပ္ေနတာ ေတြ႔ရတယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

HRP က တင္ျပထားတဲ့ အစီအစဥ္ေတြ အေကာင္အထည္ေဖာ္ဖို႔ လူသားခ်င္း စာနာေထာက္ထားမႈ အသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏုိင္ငံအတြက္ ေဒၚလာ ၈၂၆ သန္း လိုအပ္ေနတယ္လို႔လည္း ဆိုပါတယ္။ ဒါေၾကာင့္ မိတ္ဘက္အဖဲြ႔အစည္းေတြ၊ အလွဴရွင္ႏိုင္ငံေတြ အေနနဲ႔ ဒီအေျခအေနေတြကို အေလးအနက္ထား တုံ႔ျပန္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ တကယ္လို႔သာ လိုအပ္ေနတဲ့ ရန္ပံုေငြေတြကို မရွာႏိုင္ဘူးဆိုရင္ ကုလသမဂၢအေနနဲ႔ ေနာက္ထပ္ အစားထိုးအစီအစဥ္ေတြ ျပဳလုပ္ဖို႔ လိုအပ္လိမ့္မယ္လို႔လည္း သတိေပးထားပါတယ္။

ျမန္မာျပည္သူေတြရဲ႕ အသက္ေတြကို ကယ္တင္ဖို႔၊ ဖံြ႔ၿဖိဳးတိုးတက္ေရးေတြရဖို႔ ခက္ခက္ခဲခဲ တိုက္ပဲြဝင္ေနမႈကို ကာကြယ္ေပးဖို႔၊ ဒီလိုအေျခအေနေတြ အတြက္လည္း အခြင့္အလမ္းေတြ ရွိေနခ်ိန္မွာ အလွဴရွင္ႏိုင္ငံေတြအေနနဲ႔ ရက္ရက္ေရာေရာ လွဴဒါန္းၾကဖို႔လည္း ကုလသမဂၢ OCHA ရဲ႕ ထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မကြုံစဘူး ဆိုးရွားတဲ့ လူမှုအကျပ်အတည်း မြန်မာနိုင်ငံကြုံတွေ့ (OCHA)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်တွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မကြုံစဘူးတဲ့ လူသားဆိုင်ရာ ဒုက္ခအကျပ်အတည်းနဲ့ ဆင်းရဲမွဲတွေမှု ကျရောက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေး အစီအစဉ် (HRP) အတွက် ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တခါမှ မကြုံတွေ့ရဘူးတဲ့ တုန်လှုပ်စရာကောင်းလှတဲ့ လူသားတွေရဲ့ ကိုယ်ရော၊ စိတ်ပါ ဒုက္ခရောက်မှု အပြင်းထန်ဆုံး အခြေအနေကို ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး မတည်ငြိမ်မှုတွေ၊ COVID-19 ကပ်ရောဂါ၊ ပဋိပက္ခတွေ ပြင်းထန်လာပြီး အမြဲတမ်း တိုးလာနေတဲ့ လူ့အခွင့်အရေး ဖိနှိပ်မှုတွေ စတာတွေဟာ တိုင်းပြည်ရဲ့ တိုးတက်မှု အခြေအနေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ စံချိန်တင် လိုအပ်နေကြောင်း ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်ချိန်မှာ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်နဲ့ အရှေ့တောင်ဘက်တို့မှာ အသစ်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ပြင်းထန်လာနေသလို အရပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ထွက်ပြေးခိုလှုံသူတွေအတွက်လည်း အရေးပေါ် အကူအညီတွေ လိုအပ်နေတာ တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

HRP က တင်ပြထားတဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ လူသားချင်း စာနာထောက်ထားမှု အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၂၆ သန်း လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မိတ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်နိုင်ငံတွေ အနေနဲ့ ဒီအခြေအနေတွေကို အလေးအနက်ထား တုံ့ပြန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ တကယ်လို့သာ လိုအပ်နေတဲ့ ရန်ပုံငွေတွေကို မရှာနိုင်ဘူးဆိုရင် ကုလသမဂ္ဂအနေနဲ့ နောက်ထပ် အစားထိုးအစီအစဉ်တွေ ပြုလုပ်ဖို့ လိုအပ်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေးတွေရဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေမှုကို ကာကွယ်ပေးဖို့၊ ဒီလိုအခြေအနေတွေ အတွက်လည်း အခွင့်အလမ်းတွေ ရှိနေချိန်မှာ အလှူရှင်နိုင်ငံတွေအနေနဲ့ ရက်ရက်ရောရော လှူဒါန်းကြဖို့လည်း ကုလသမဂ္ဂ OCHA ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG