သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အင္တာနက္အသုံးျပဳမႈ ထပ္မံကန႔္သတ္ဖို႔ ျမန္မာစစ္ေကာင္စီ ျပင္ဆင္


ရန္ကုန္ၿမိဳ႕က အင္တာနက္ကေဖးတခုမွာ အင္တာနက္ အသုံးျပဳေနသူအခ်ဳိ႕။ (ႏုိဝင္ဘာ ၂၁၊ ၂၀၁၁)

(Zawgyi / Unicode)

အင္တာနက္ အသုံးျပဳတာေတြကို ပိတ္ပင္ႏိုင္တဲ့ အင္တာနက္ လုံၿခဳံေရး ဥပေဒသစ္ကို ျမန္မာစစ္ေကာင္စီက ျပ႒ာန္းဖို႔ စီစဥ္ေနပါတယ္။

ဒီဥပေဒၾကမ္းအရဆိုရင္ အင္တာနက္ တက္ေနသူကို တျခားႏိုင္ငံကေန တက္ေနတယ္လို႔ ယူဆေအာင္ ေျခရာေဖ်ာက္ေပးတဲ့ VPN အက္ပ္ အသုံးျပဳရင္၊ အင္တာနက္ေပၚကေန ေလာင္းကစားျပဳရင္ ေထာင္ဒဏ္ ၁ ႏွစ္ကေန ၃ ႏွစ္၊ ေငြဒဏ္ သိန္း ၅၀ အထိ အျပစ္ေပးႏိုင္ေအာင္လည္း ေရးဆြဲထားတယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ဥပေဒမူၾကမ္းကို မႏွစ္က ထုတ္ျပန္ထားခဲ့ၿပီး လာမယ့္အပတ္မွာ အတည္ျပဳ ျပ႒ာန္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

“လြတ္လပ္စြာေျပာဆိုခြင့္ကို ဖိႏွိပ္လိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ထိန္းခ်ဳပ္ေရး နည္းလမ္းအတြက္” ျဖစ္တယ္လို႔ ျမန္မာ့ႏုိင္ငံေရး သုံးသပ္သူ ဦးေအာင္သူၿငိမ္းက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ဒီဥပေဒကို ျပ႒ာန္းခဲ့ရင္ လြတ္လပ္စြာ သတင္းစီးဆင္းမႈ ပ်က္စီးေစၿပီး ျမန္မာႏုိင္ငံအတြင္းမွာ စီးပြားေရးလုပ္ငန္းေတြ တရားဝင္ ထိထိေရာက္ေရာက္ လုပ္ႏိုင္စြမ္းအေပၚ တိုက္႐ိုက္သက္ေရာက္မႈ ရွိလိမ့္မယ္လို႔ ႏိုင္ငံျခားစီးပြားေရးလုပ္ငန္း ၁၀ ခုကလည္း ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ အခုလို ဖိႏွိပ္မႈေတြကို ကန႔္ကြက္ဖို႔အတြက္ ဒီမိုကေရစီေရး လႈပ္ရွားၾကသူမ်ားက အာဏာသိမ္း ႏွစ္ပတ္လည္ေန႔ ေဖေဖာ္ဝါရီလ ၁ ရက္မွာ အသံတိတ္ ဆႏၵျပပြဲ ဆင္ႏႊဲဖို႔ ႏႈိးေဆာ္ထားပါတယ္။

ျမန္မာျပည္သူေတြဟာ သတင္းေတြကို အင္တာနက္ရဲ႕ လူမႈစာမ်က္ႏွာ အထူးသျဖင့္ ေဖ့စ္ဘုတ္ကေန ရယူေနၾကတာပါ။ ဒါေၾကာင့္လည္း စစ္ေကာင္စီဟာ အင္တာနက္ကို မၾကာခဏ ျဖတ္ေတာက္ေလ့ ရွိပါတယ္။

မႏွစ္ ေဖေဖာ္ဝါရီလကေန ဧၿပီလအထိ ၇၂ ရက္ဆက္တိုက္ အင္တာနက္ကို ျဖတ္ထားဖူးတာေၾကာင့္ VPN အသုံးျပဳလိုအားက ၇,၂၀၀ ရာခုိင္ႏႈန္းအထိ တက္သြားေၾကာင္း top10vpn.com အင္တာနက္စာမ်က္ႏွာက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အင်တာနက်အသုံးပြုမှု ထပ်မံကန့်သတ်ဖို့ မြန်မာစစ်ကောင်စီ ပြင်ဆင်

အင်တာနက် အသုံးပြုတာတွေကို ပိတ်ပင်နိုင်တဲ့ အင်တာနက် လုံခြုံရေး ဥပဒေသစ်ကို မြန်မာစစ်ကောင်စီက ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။

ဒီဥပဒေကြမ်းအရဆိုရင် အင်တာနက် တက်နေသူကို တခြားနိုင်ငံကနေ တက်နေတယ်လို့ ယူဆအောင် ခြေရာဖျောက်ပေးတဲ့ VPN အက်ပ် အသုံးပြုရင်၊ အင်တာနက်ပေါ်ကနေ လောင်းကစားပြုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်၊ ငွေဒဏ် သိန်း ၅၀ အထိ အပြစ်ပေးနိုင်အောင်လည်း ရေးဆွဲထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဥပဒေမူကြမ်းကို မနှစ်က ထုတ်ပြန်ထားခဲ့ပြီး လာမယ့်အပတ်မှာ အတည်ပြု ပြဋ္ဌာန်းလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

“လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထိန်းချုပ်ရေး နည်းလမ်းအတွက်” ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီဥပဒေကို ပြဋ္ဌာန်းခဲ့ရင် လွတ်လပ်စွာ သတင်းစီးဆင်းမှု ပျက်စီးစေပြီး မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ တရားဝင် ထိထိရောက်ရောက် လုပ်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလိမ့်မယ်လို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်း ၁၀ ခုကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အခုလို ဖိနှိပ်မှုတွေကို ကန့်ကွက်ဖို့အတွက် ဒီမိုကရေစီရေး လှုပ်ရှားကြသူများက အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖေဖော်ဝါရီလ ၁ ရက်မှာ အသံတိတ် ဆန္ဒပြပွဲ ဆင်နွှဲဖို့ နှိုးဆော်ထားပါတယ်။

မြန်မာပြည်သူတွေဟာ သတင်းတွေကို အင်တာနက်ရဲ့ လူမှုစာမျက်နှာ အထူးသဖြင့် ဖေ့စ်ဘုတ်ကနေ ရယူနေကြတာပါ။ ဒါကြောင့်လည်း စစ်ကောင်စီဟာ အင်တာနက်ကို မကြာခဏ ဖြတ်တောက်လေ့ ရှိပါတယ်။

မနှစ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ ၇၂ ရက်ဆက်တိုက် အင်တာနက်ကို ဖြတ်ထားဖူးတာကြောင့် VPN အသုံးပြုလိုအားက ၇,၂၀၀ ရာခိုင်နှုန်းအထိ တက်သွားကြောင်း top10vpn.com အင်တာနက်စာမျက်နှာက ဆိုပါတယ်။

XS
SM
MD
LG