သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ အင္တာနက္သုံးစြဲမႈ ႏႈန္းထားမ်ား စတင္တိုးျမႇင့္ေကာက္ယူ


မုိဘုိင္းဖုန္းနဲ႔ အင္တာနက္သုံးစြဲေနတဲ့ ရန္ကုန္ၿမိဳ႕ခံတဦး။ (ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာ့ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ျမန္မာျပည္တြင္း ဆက္သြယ္ေရး ကုမၸဏီေတြဟာ အင္တာနက္သုံးစြဲမႈ ႏႈန္းထားေတြကို ဒီေန႔ ဒီဇင္ဘာလ ၈ ရက္ကစၿပီး တိုးျမႇင့္ေကာက္ခံလိုက္ပါတယ္။ ဒီလိုတိုးျမႇင့္ေကာက္ခံလိုက္တဲ့အေပၚ အမ်ားျပည္သူေတြရဲ႕ သေဘာထားကေရာ ဘယ္လိုရွိပါလဲ။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္း ေျပာျပမွာပါ။

ျပည္တြင္းမွာ ဆက္သြယ္ေရးဝန္ေဆာင္မႈ ေပးေနတဲ့ ကုမၸဏီေတြအားလုံးက သူတို႔ရဲ႕ အင္တာနက္သုံးစြဲခေတြကို ဒီေန႔မွာ အသီးသီး တိုးျမႇင့္ ေကာက္ခံလိုက္တာပါ။ Telenor, Mytel, Ooredoo, MPT စတဲ့ ေစ်းကြက္ေဝစု အမ်ားဆုံးရထားတဲ့ ကုမၸဏီေတြ တိုးျမႇင့္လိုက္တဲ့ အင္တာနက္သုံးစြဲခေတြ တခုနဲ႔တခု အနည္းငယ္ကြာျခားတယ္ ဆုိေပမယ့္ အရင္ကထက္စာရင္ ႏွစ္ဆ တက္သြားတယ္လို႔ သုံးစြဲသူေတြက ေျပာပါတယ္။

ဒီလို အင္တာနက္သုံးစြဲခေတြ ေစ်းတက္သြားတာကို အမ်ားစုကေတာ့ သေဘာမက်ၾကပါဘူး။ ဒီအေပၚမွာလည္း အျမင္အမ်ိဳးမ်ိဳး ရွိေနၾကတာပါ။ Telenor လိုင္းကို သုံးစြဲေနတဲ့ ရန္ကုန္က ကိုေဆြကေတာ့ ဒါဟာ သတင္းအခ်က္အလက္ ရရွိမႈကို အထိုက္အေလ်ာက္ တားဆီးဖို႔အတြက္ လုပ္ေဆာင္မႈတခု ျဖစ္ႏိုင္တယ္လို႔ သူယူဆပါတယ္။

“ဒီအေျခခံလူတန္းစားေတြ ဒီလိုမ်ိဳးလႊင့္ေနတဲ့ သတင္းဌာနေတြရဲ႕ သတင္းေတြ မၾကည့္ႏိုင္ေအာင္လို႔ ေစ်းတက္တဲ့သေဘာပဲ။ ကိုယ္ရတဲ့ဝင္ေငြနဲ႔ ရွင္းရွင္းေျပာရရင္ က်ေနာ္တို႔ မ်က္စိပိတ္နားပိတ္ျဖစ္ၿပီ၊ က်ေနာ့အထင္ေပါ့ေနာ္ ဒါ။ အခုက က်ေနာ္တို႔က အင္တာနက္ကို ဦးစားေပးၾကည့္ၿပီးေတာ့ လႊင့္တဲ့ဟာကို အဲလိုမ်ိဳး BBC တို႔ VOA တို႔ေလာက္ပဲ သတင္းကို ၾကည့္ေနရတာ၊ နားေထာင္ေနရတာဆိုေတာ့၊ သူတို႔ ဒီကလႊင့္ေပးတဲ့ သတင္းက်ေတာ့လည္း ဟုတ္မွမဟုတ္တာကိုး။ ေဒတာေစ်းတက္မယ္ဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့။”

ေျပာင္းလဲသတ္မွတ္လိုက္တဲ့ မိုဘိုင္းအင္တာနက္ သုံးစြဲခေတြဟာ တျခားႏိုင္ငံေတြထက္စာရင္ အဆမတန္ ေစ်းမ်ားေနတယ္လို႔ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕က ဆရာေတာ္တဦးက မိန႔္ပါတယ္။

“အင္တာနက္ဖြင့္လိုက္တာနဲ႔ တခါတည္း သုံးေလးငါးေထာင္ တခါတည္း တန္းၿပီးေတာ့ ကုန္သြားတဲ့ဟာေလးေတြ ေတြ႔ေနရတယ္။ ဘုန္းဘုန္းတို႔ ႏိုင္ငံျခားမွာဆိုရင္ စိတ္ႀကိဳက္ေျပာ ႐ူပီး တ႐ူပီး ႏွစ္႐ူပီးပဲက်တယ္၊ အိႏၵိယမွာေတာင္။ ဒီမွာက်ေတာ့ သူတို႔ရဲ႕ သတ္မွတ္ႏႈန္းထက္ကို အမ်ားႀကီးဆိုးတယ္။ အင္တာနက္ေဒတာတက္တဲ့ ကိစၥေတြနဲ႔က ဘုန္းဘုန္းကိုယ္တိုင္ ယူဆတာကေတာ့ ဒီတာဝါတိုင္ေတြ က်ိဳးတဲ့ကိစၥကို ေလ်ာ္ေၾကးအေနနဲ႔ပဲ၊ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ထားတဲ့ ေပးရမယ့္ဟာ ျပဳျပင္စရိတ္အတြက္ကို ဒီကေန မလိမ့္တပတ္ ရေအာင္ယူေနတယ္လို႔ ယူဆပါတယ္။”

ဥပမာ ယခင္က အင္တာနက္သုံးစြဲတဲ့ သတ္မွတ္ႏႈန္းက ၉၀၀ မက္ဂါဘိုက္ကို ၉၉၉ က်ပ္ျဖစ္ၿပီး အသစ္ႏႈန္းထားကေတာ့ ၅၀၀ မက္ဂါဘိုက္ကို ၉၉၉ က်ပ္ ျဖစ္ပါတယ္။ အင္တာနက္သုံးစြဲခနဲ႔ ဖုန္းေခၚဆိုမႈေတြ တိုးျမႇင့္ေကာက္ခံမယ္ ဆုိတာကို ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက ဒီဇင္ဘာလ ၃ ရက္မွာ အသိေပး ထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အင္တာနက္သုံးစြဲခကိုပဲ ေျပာင္းလဲေကာက္ခံတာ ေတြ႔ရၿပီး ဖုန္းေခၚဆိုမႈကိုေတာ့ ယခင္ႏႈန္းထားအတိုင္းပဲ ယူတာ ေတြ႔ရပါတယ္။

အိမ္သုံးဝိုင္ဖိုင္ေတြ တိုးျမႇင့္ေကာက္ခံတာကိုေတာ့ လက္ရွိမွာ အေျပာင္းအလဲရွိမွာ မဟုတ္ဘူးလို႔ ဆက္သြယ္ေရးကုမၸဏီတခ်ိဳ႕က သူ႔တို႔ရဲ႕ ေဖ့စ္ဘုတ္လူမႈကြန္ရက္ကေန အသိေပး ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ အင်တာနက်သုံးစွဲမှု နှုန်းထားများ စတင်တိုးမြှင့်ကောက်ယူ

မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အင်တာနက်သုံးစွဲမှု နှုန်းထားတွေကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်ကစပြီး တိုးမြှင့်ကောက်ခံလိုက်ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံလိုက်တဲ့အပေါ် အများပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါလဲ။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။

ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေအားလုံးက သူတို့ရဲ့ အင်တာနက်သုံးစွဲခတွေကို ဒီနေ့မှာ အသီးသီး တိုးမြှင့် ကောက်ခံလိုက်တာပါ။ Telenor, Mytel, Ooredoo, MPT စတဲ့ ဈေးကွက်ဝေစု အများဆုံးရထားတဲ့ ကုမ္ပဏီတွေ တိုးမြှင့်လိုက်တဲ့ အင်တာနက်သုံးစွဲခတွေ တခုနဲ့တခု အနည်းငယ်ကွာခြားတယ် ဆိုပေမယ့် အရင်ကထက်စာရင် နှစ်ဆ တက်သွားတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

ဒီလို အင်တာနက်သုံးစွဲခတွေ ဈေးတက်သွားတာကို အများစုကတော့ သဘောမကျကြပါဘူး။ ဒီအပေါ်မှာလည်း အမြင်အမျိုးမျိုး ရှိနေကြတာပါ။ Telenor လိုင်းကို သုံးစွဲနေတဲ့ ရန်ကုန်က ကိုဆွေကတော့ ဒါဟာ သတင်းအချက်အလက် ရရှိမှုကို အထိုက်အလျောက် တားဆီးဖို့အတွက် လုပ်ဆောင်မှုတခု ဖြစ်နိုင်တယ်လို့ သူယူဆပါတယ်။

“ဒီအခြေခံလူတန်းစားတွေ ဒီလိုမျိုးလွှင့်နေတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေ မကြည့်နိုင်အောင်လို့ ဈေးတက်တဲ့သဘောပဲ။ ကိုယ်ရတဲ့ဝင်ငွေနဲ့ ရှင်းရှင်းပြောရရင် ကျနော်တို့ မျက်စိပိတ်နားပိတ်ဖြစ်ပြီ၊ ကျနော့အထင်ပေါ့နော် ဒါ။ အခုက ကျနော်တို့က အင်တာနက်ကို ဦးစားပေးကြည့်ပြီးတော့ လွှင့်တဲ့ဟာကို အဲလိုမျိုး BBC တို့ VOA တို့လောက်ပဲ သတင်းကို ကြည့်နေရတာ၊ နားထောင်နေရတာဆိုတော့၊ သူတို့ ဒီကလွှင့်ပေးတဲ့ သတင်းကျတော့လည်း ဟုတ်မှမဟုတ်တာကိုး။ ဒေတာဈေးတက်မယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။”

ပြောင်းလဲသတ်မှတ်လိုက်တဲ့ မိုဘိုင်းအင်တာနက် သုံးစွဲခတွေဟာ တခြားနိုင်ငံတွေထက်စာရင် အဆမတန် ဈေးများနေတယ်လို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့က ဆရာတော်တဦးက မိန့်ပါတယ်။

“အင်တာနက်ဖွင့်လိုက်တာနဲ့ တခါတည်း သုံးလေးငါးထောင် တခါတည်း တန်းပြီးတော့ ကုန်သွားတဲ့ဟာလေးတွေ တွေ့နေရတယ်။ ဘုန်းဘုန်းတို့ နိုင်ငံခြားမှာဆိုရင် စိတ်ကြိုက်ပြော ရူပီး တရူပီး နှစ်ရူပီးပဲကျတယ်၊ အိန္ဒိယမှာတောင်။ ဒီမှာကျတော့ သူတို့ရဲ့ သတ်မှတ်နှုန်းထက်ကို အများကြီးဆိုးတယ်။ အင်တာနက်ဒေတာတက်တဲ့ ကိစ္စတွေနဲ့က ဘုန်းဘုန်းကိုယ်တိုင် ယူဆတာကတော့ ဒီတာဝါတိုင်တွေ ကျိုးတဲ့ကိစ္စကို လျော်ကြေးအနေနဲ့ပဲ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ထားတဲ့ ပေးရမယ့်ဟာ ပြုပြင်စရိတ်အတွက်ကို ဒီကနေ မလိမ့်တပတ် ရအောင်ယူနေတယ်လို့ ယူဆပါတယ်။”

ဥပမာ ယခင်က အင်တာနက်သုံးစွဲတဲ့ သတ်မှတ်နှုန်းက ၉၀၀ မက်ဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပြီး အသစ်နှုန်းထားကတော့ ၅၀၀ မက်ဂါဘိုက်ကို ၉၉၉ ကျပ် ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲခနဲ့ ဖုန်းခေါ်ဆိုမှုတွေ တိုးမြှင့်ကောက်ခံမယ် ဆိုတာကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၃ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ အင်တာနက်သုံးစွဲခကိုပဲ ပြောင်းလဲကောက်ခံတာ တွေ့ရပြီး ဖုန်းခေါ်ဆိုမှုကိုတော့ ယခင်နှုန်းထားအတိုင်းပဲ ယူတာ တွေ့ရပါတယ်။

အိမ်သုံးဝိုင်ဖိုင်တွေ တိုးမြှင့်ကောက်ခံတာကိုတော့ လက်ရှိမှာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဆက်သွယ်ရေးကုမ္ပဏီတချို့က သူ့တို့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG