သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္း မေကြးနဲ႔ မႏၲေလးၿမိဳ႕နယ္တခ်ိဳ႕ အင္တာနက္ျဖတ္ေတာက္ခံရ


ျမင္းျခံျမိဳ ့ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္ျဖတ္ေတာက္ ခံထားရပါတယ္။ စစ္ကိုင္းတိုင္းမွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရၿပီး သတင္းအခ်က္အလက္ေတြ မရႏိုင္ပဲ ျဖစ္ေနခ်ိန္မွာ စစ္ေကာင္စီက ထိုးစစ္ဆင္လာမွာကိုလည္း ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။ အင္တာနက္ပိတ္ခံထားရတဲ့ ေနရာေတြက ေဒသခံေတြ အခက္အခဲေတြနဲ႔ႀကဳံေနရတဲ့အေၾကာင္း ရန္ကုန္ကေန သတင္းေပးပို႔ ထားတာကို အလိမၼာေျပာျပပါမယ္။

စစ္ကိုင္းတိုင္း၊ မေကြ႕တိုင္းနဲ႔ မႏၲေလးတိုင္းေတြထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ စက္တင္ဘာ ၁၄ ရက္ မေန႔ ေန႔ခင္းပိုင္းကတည္းက အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရပါတယ္။

တခ်ိဳ႕ေဒသေတြက Mobile အင္တာနက္ျဖတ္ေတာက္ခံရတာျဖစ္ၿပီး တခ်ိဳ႕ေနရာေတြကေတာ့
Broadbands ၊ Fibers ေကဘယ္ႀကိဳးေတြျဖစ္တဲ့ Wifi အင္တာနက္ပါ ျဖတ္ေတာက္ခံထားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္တပ္ အာဏာသိမ္းယူၿပီးေနာက္ပိုင္း ဒါဟာ ဒုတိယအႀကိမ္ အင္တာနက္ျဖတ္ေတာက္ခံရတာလို႔ ေဒသခံေတြက VOA ကို ေျပာၾကပါတယ္။

စစ္ကိုင္းတိုင္းမွာဆိုရင္ ယင္းမာပင္၊ ကနီ၊ ဆာလင္းႀကီး၊ ပုလဲ၊ အရာေတာ္၊ ဝက္လက္နဲ႔ ဘုတလင္ၿမိဳ႕နယ္ေတြမွာ Mobile၊ Wifi စတဲ့ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ ခံထားရပါတယ္လို႔ ေဒသခံေတြက VOA ကို ေျပာၾကပါတယ္။

အင္တာျဖတ္ေတာက္လိုက္တာနဲ႔ပတ္သက္ၿပီး ယင္းမာပင္ေဒသခံတစ္ဦးကေတာ့ စစ္ေကာင္စီက ထိုးစစ္ဆင္ခ်င္တာေၾကာင့္ အခုလို သတင္းအေမွာင္ခ်လိုက္တာလို႔ VOA ကို အခုလိုေျပာပါတယ္။

“အၾကမ္းဖက္စစ္ေကာင္စီက ထိုးစစ္ဆင္ဖို႔ေပါ့ဗ်ာ၊ အခုလက္ရွိသူတို႔ ဒီ က်ေနာ္တို႔ႀကိဳတင္သတင္းရတဲ့ အပိုင္းေတြ ရွိတယ္ေပ့ါ။ သူတို႔ထိုးစစ္ဆင္ဖို႔ ျပင္ဆင္တဲ့အေနမွာ လူအင္အားျဖည့္တင္တာတို႔၊ ေနာက္တစ္ခုကက်ေတာ့ ဒီ စားနပ္နဲ႔ ရိကၡာ စတာေတြ ျဖည့္တင္းလာတဲ့အေနအထားေတြလည္း က်ေနာ္တို႔ေတြ႕ေနရတယ္။ အဲ့ေတာ့ ေသခ်ာတာ တစ္ခုကေတာ့ ဒီအၾကမ္းဖက္စစ္ေကာင္စီက Mytel တာဝါတိုင္ေတြ ဖ်က္ဆီးလိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ လက္တုန႔္ျပန္တဲ့အေနနဲ႔ Mobile အင္တာနက္ေတြလည္း ျဖတ္ေတာက္တာလို႔လည္း က်ေနာ္တို႔က သုံးသပ္တယ္။ေနာက္တစ္ခုက်ေတာ့ ခုနဒုတိယအခ်က္ကေတာ့ အၾကမ္းဖက္စစ္ေကာင္စီက ထိုးစစ္ဆင္ဖို႔ ျဖတ္ေတာက္တာလို႔ပဲ က်ေနာ္တို႔ သုံးသပ္တယ္ေပ့ါ။”

လက္ရွိ အင္တာနက္လိုင္းျဖတ္ေတာက္ခံထားရတဲ့ ၿမိဳ႕နယ္ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက Mytel တာဝါတိုင္ေတြ မိုင္းခြဲတိုက္ခိုက္ခံရတဲ့ ၿမိဳ႕နယ္ေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီက လက္တုန႔္ျပန္လို႔ အခုလိုအင္တာနက္လိုင္းေတြ ျဖတ္ေတာက္တာလို႔လည္း ေျပာပါတယ္။

ကနီနယ္ဘက္မွာ စစ္တပ္က လွည့္ပတ္သြားလာေနၿပီး ေဒသခံေက်း႐ြာေတြမွာ ရွာေဖြဖမ္းဆီးတာမ်ိဳးရွိေနလို႔ တိုက္ပြဲျပန္ျဖစ္လာမွာကို စိုးရိမ္ေနရတယ္လို႔ ကနီေဒသခံတစ္ဦးက ေျပာပါတယ္။
“သူတို႔အဖြဲ႕ကေလ အဲ့လိုမ်ိဳး ကနီနယ္ေတြ ေတာေတြမွာ လွည့္ပတ္တယ္။ ျမစ္ရဲ႕အေရွ႕ဖက္ကမ္းမွာဆိုလည္း အဲ့ဒီစစ္ေကာင္စီေပါ့ေနာ္။သူတို႔ရွိတယ္ေပါ့၊ ရွိတယ္ လွည့္တယ္ ႐ြာေတြကေတာ့ သြားေနတယ္။ သူတို႔အၿမဲတမ္း သူတို႔လုပ္ေနၾကပုံစံပါပဲ။ အၿမဲတမ္းပဲ လွည့္ပတ္ၿပီး ႐ြာသားေတြလည္းရွာေနတယ္။ ႐ြာေတြမွာ ခ်က္ျပဳတ္စားတယ္ အဲ့လိုမ်ိဳးေတြပါပဲ။ ဘယ္လိုအေနအထား သူတို႔လုပ္လာမလဲဆိုတာ စိုးရိမ္ပူပင္မႈက အၿမဲတမ္းပဲေပါ့ေနာ္။ ဒီနယ္တစ္ဝိုက္မွာ တိုက္ပြဲျဖစ္ထားတာဆိုေတာ့ စိုးရိမ္စိတ္ၾကေတာ့ ဘယ္လိုေျပာမလဲ ဘယ္သြားလို႔သြားမွန္မသိ၊ ဘယ္နယ္က ဘယ္လိုေရာက္လာမွန္းမသိဆိုတဲ့ စိတ္အၿမဲတမ္းျဖစ္ေနၾကတာေပါ့။”

အင္တာနက္ျဖတ္ေတာက္ခံထားရတဲ့ မႏၲေလးတိုင္း ျမင္ၿခံၿမိဳ႕မွာလည္း ဖုန္းလိုင္းနဲ႔ပဲ သတင္းအခ်က္အလက္ေတြ ေမးျမန္းေနရတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။
“က်ေနာ္တို႔ Wifiဒါေတြ ဘာေတြကေတာ့ ရပါတယ္ေသးတယ္။ Fibers နဲ႔ ဟိုဟာျဖစ္တဲ့ Wifi ကေတာ့ ရပါတယ္။ က်ေနာ္တို႔ ၿမိဳ႕ေပၚအေနအထားကေတာ့ ေအးေအးေဆးေဆးပဲ ရွိပါတယ္ဗ်။ အင္တာနက္ျဖတ္လည္း က်ေနာ္တို႔ ဖုန္းနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ သတင္းလွမ္းေမးၾကတာပါပဲ။ တအားႀကီးေတာ့ စိုးရိမ္တာ မရွိပါဘူး။ ဖုန္းလိုင္းမပ်က္သ၍ကေတာ့ က်ေနာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ သတင္းေမးေနၾကတာႀကီးပါပဲ။”

မိုးကုတ္ၿမိဳ႕မွာလည္း အလာတူး အင္တာနက္ပိတ္ခံထားရတာပါ။ သတင္းစီးဆင္းမႈ
ျမန္ဆန္ေစဖို႔ အင္တာနက္အျပည့္အဝျပန္ရခ်င္တယ္လို႔ ပရဟိတအကူအညီေပးသူ
တစ္ဦးက အခုလို ေျပာပါတယ္။
“က်ေနာ္တို႔ အေနနဲ႔ကက်ေတာ့ ႐ုံးအတြက္ လူနာအေနအထားဘာညာက်ေတာ့ ဒီဖုန္းသတင္းနဲ႔ပဲေပ့ါေနာ္ ဟို… ဘယ္ေနရာဘာျဖစ္တယ္ဆိုတာ ဖုန္းသတင္းနဲ႔ပဲ ေစာင့္ေနတယ္။ ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ (ဖုန္းအင္တာနက္) ျပန္ရခ်င္တာေပါ့။ ဘာလို႔လဲဆိုေတာ့ တခ်ိဳ႕သတင္းအခ်က္အလက္ေတြက အဲ့အေပၚကေနပဲ သိရတာေလ။ အခုကေတာ့ တစ္ခုခုသိခ်င္ရင္ ဟိုဖုန္းဆက္ေမး ဒီဖုန္းဆက္ေမးေပ့ါဗ်ာ။ အဲ့လိုျဖစ္ေနတာေပါ့။ အြန္းလိုင္းေပၚက အြန္းလိုင္း Business သမားေတြေတာ့ ဒုကၡေရာက္တာေပါ့။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဘဏ္ေတြမွာ ေငြထုတ္ယူဖို႔ အခက္အခဲျဖစ္လာခ်ိန္ Mobile Banking ၊ KBZPay ၊ WavePay ေတြနဲ႔ ေငြေၾကးအလႊဲအေျပာင္းလုပ္ေဆာင္ၿပီး ေျဖရွင္းလင္းေနၾကရတာပါ။

မေကြ႕တိုင္း ေတာင္တြင္းႀကီးၿမိဳ႕က စီးပြားေရး လုပ္ငန္းရွင္တစ္ဦးကေတာ့
အခုလို အင္တာနက္ျဖတ္ေတာက္လိုက္တာဟာ စီးပြားေရးလုပ္ငန္းေတြအတြက္
အခက္အခဲျဖစ္ေစတယ္လို႔ ဆိုပါတယ္။

“wifi လည္း မရဘူး၊ အိမ္မွာေတာ့ Telenor wifi ရွိတယ္။ တျခား ooredoo wifi ၊Telenor wifi ေတာ့ မရဘူး။ အခုဒီေန႔ ၁၂ ဝန္းက်င္ေလာက္မွာ ဟိုဟာ Mytel ဆင္းကဒ္ေတြ အင္တာနက္ျပန္ရတယ္ေျပာတယ္။ က်န္တဲ့ ဆင္းကဒ္ေတြက အင္တာနက္မရေသးဘူး။ က်ေနာ္တို႔က ပြဲ႐ုံလုပ္ငန္းလုပ္ေတာ့ အင္တာနက္လိုင္းမရေတာ့ ဘယ္လိုျဖစ္တုန္းဆိုေတာ့ က်ေနာ္တို႔အလုပ္နဲ႔ က်ေနာ္တို႔ banking အလုပ္ေတြနဲ႔ေတာ့
ဒါအဆင္မေျပေတာ့ဘူးေပါ့ေနာ္။”

လြန္ခဲ့တဲ့ ၾသဂုတ္ ၂၀ ရက္ေန႔က ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာလည္း
အင္တာနက္လိုင္း ျဖတ္ေတာက္ခံထားရတာ ျဖစ္ၿပီး အခုခ်ိန္ထိ ျပန္လည္ဖြင့္ေပးတာ
မရွိေသးပါဘူး။

ေနရာေဒသ အႏွံ႔မွာ စစ္ေကာင္စီက အင္တာနက္လိုင္းေတြ ဘာေၾကာင့္ ျဖတ္ေတာက္ထားသလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ေဖော္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း
ဆန႔္က်င္လႈပ္ရွားမႈေတြ လက္နက္ကိုင္ ခုခံမႈေတြ ေနရာအႏွံ႔ ေပၚေပါက္ေနသလို
တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြ တေက်ာ့ျပန္
ျဖစ္ပြားေနတာပါ။ အခုလိုသတင္းအေမွာင္ခ်ထားခ်ိန္ အရင္ကထက္ အေျခအေနပိုမို
ဆိုးလာမွာကို ေဒသခံက စိုးရိမ္ၾကရပါတယ္။

......................................................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကိုင်း မကွေးနဲ့ မန္တလေးမြို့နယ်တချို့ အင်တာနက်ဖြတ်တောက်ခံရ

(Unicode)

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်ဖြတ်တောက် ခံထားရပါတယ်။ စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး သတင်းအချက်အလက်တွေ မရနိုင်ပဲ ဖြစ်နေချိန်မှာ စစ်ကောင်စီက ထိုးစစ်ဆင်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အင်တာနက်ပိတ်ခံထားရတဲ့ နေရာတွေက ဒေသခံတွေ အခက်အခဲတွေနဲ့ကြုံနေရတဲ့အကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ ထားတာကို အလိမ္မာပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ မကွေ့တိုင်းနဲ့ မန္တလေးတိုင်းတွေထဲက မြို့နယ်တချို့မှာ စက်တင်ဘာ ၁၄ ရက် မနေ့ နေ့ခင်းပိုင်းကတည်းက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

တချို့ဒေသတွေက Mobile အင်တာနက်ဖြတ်တောက်ခံရတာဖြစ်ပြီး တချို့နေရာတွေကတော့
Broadbands ၊ Fibers ကေဘယ်ကြိုးတွေဖြစ်တဲ့ Wifi အင်တာနက်ပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းယူပြီးနောက်ပိုင်း ဒါဟာ ဒုတိယအကြိမ် အင်တာနက်ဖြတ်တောက်ခံရတာလို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် ယင်းမာပင်၊ ကနီ၊ ဆာလင်းကြီး၊ ပုလဲ၊ အရာတော်၊ ဝက်လက်နဲ့ ဘုတလင်မြို့နယ်တွေမှာ Mobile၊ Wifi စတဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရပါတယ်လို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။

အင်တာဖြတ်တောက်လိုက်တာနဲ့ပတ်သက်ပြီး ယင်းမာပင်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက ထိုးစစ်ဆင်ချင်တာကြောင့် အခုလို သတင်းအမှောင်ချလိုက်တာလို့ VOA ကို အခုလိုပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ပေါ့ဗျာ၊ အခုလက်ရှိသူတို့ ဒီ ကျနော်တို့ကြိုတင်သတင်းရတဲ့ အပိုင်းတွေ ရှိတယ်ပေ့ါ။ သူတို့ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အနေမှာ လူအင်အားဖြည့်တင်တာတို့၊ နောက်တစ်ခုကကျတော့ ဒီ စားနပ်နဲ့ ရိက္ခာ စတာတွေ ဖြည့်တင်းလာတဲ့အနေအထားတွေလည်း ကျနော်တို့တွေ့နေရတယ်။ အဲ့တော့ သေချာတာ တစ်ခုကတော့ ဒီအကြမ်းဖက်စစ်ကောင်စီက Mytel တာဝါတိုင်တွေ ဖျက်ဆီးလိုက်တဲ့အတွက်ကြောင့်မို့လို့ လက်တုန့်ပြန်တဲ့အနေနဲ့ Mobile အင်တာနက်တွေလည်း ဖြတ်တောက်တာလို့လည်း ကျနော်တို့က သုံးသပ်တယ်။နောက်တစ်ခုကျတော့ ခုနဒုတိယအချက်ကတော့ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ဖြတ်တောက်တာလို့ပဲ ကျနော်တို့ သုံးသပ်တယ်ပေ့ါ။”

လက်ရှိ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Mytel တာဝါတိုင်တွေ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေဖြစ်ကြပါတယ်။ ဒါကြောင့် စစ်ကောင်စီက လက်တုန့်ပြန်လို့ အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်တာလို့လည်း ပြောပါတယ်။

ကနီနယ်ဘက်မှာ စစ်တပ်က လှည့်ပတ်သွားလာနေပြီး ဒေသခံကျေးရွာတွေမှာ ရှာဖွေဖမ်းဆီးတာမျိုးရှိနေလို့ တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့အဖွဲ့ကလေ အဲ့လိုမျိုး ကနီနယ်တွေ တောတွေမှာ လှည့်ပတ်တယ်။ မြစ်ရဲ့အရှေ့ဖက်ကမ်းမှာဆိုလည်း အဲ့ဒီစစ်ကောင်စီပေါ့နော်။သူတို့ရှိတယ်ပေါ့၊ ရှိတယ် လှည့်တယ် ရွာတွေကတော့ သွားနေတယ်။ သူတို့အမြဲတမ်း သူတို့လုပ်နေကြပုံစံပါပဲ။ အမြဲတမ်းပဲ လှည့်ပတ်ပြီး ရွာသားတွေလည်းရှာနေတယ်။ ရွာတွေမှာ ချက်ပြုတ်စားတယ် အဲ့လိုမျိုးတွေပါပဲ။ ဘယ်လိုအနေအထား သူတို့လုပ်လာမလဲဆိုတာ စိုးရိမ်ပူပင်မှုက အမြဲတမ်းပဲပေါ့နော်။ ဒီနယ်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ထားတာဆိုတော့ စိုးရိမ်စိတ်ကြတော့ ဘယ်လိုပြောမလဲ ဘယ်သွားလို့သွားမှန်မသိ၊ ဘယ်နယ်က ဘယ်လိုရောက်လာမှန်းမသိဆိုတဲ့ စိတ်အမြဲတမ်းဖြစ်နေကြတာပေါ့။”

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မန္တလေးတိုင်း မြင်ခြံမြို့မှာလည်း ဖုန်းလိုင်းနဲ့ပဲ သတင်းအချက်အလက်တွေ မေးမြန်းနေရတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ကျနော်တို့ Wifiဒါတွေ ဘာတွေကတော့ ရပါတယ်သေးတယ်။ Fibers နဲ့ ဟိုဟာဖြစ်တဲ့ Wifi ကတော့ ရပါတယ်။ ကျနော်တို့ မြို့ပေါ်အနေအထားကတော့ အေးအေးဆေးဆေးပဲ ရှိပါတယ်ဗျ။ အင်တာနက်ဖြတ်လည်း ကျနော်တို့ ဖုန်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သတင်းလှမ်းမေးကြတာပါပဲ။ တအားကြီးတော့ စိုးရိမ်တာ မရှိပါဘူး။ ဖုန်းလိုင်းမပျက်သ၍ကတော့ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သတင်းမေးနေကြတာကြီးပါပဲ။”

မိုးကုတ်မြို့မှာလည်း အလာတူး အင်တာနက်ပိတ်ခံထားရတာပါ။ သတင်းစီးဆင်းမှု
မြန်ဆန်စေဖို့ အင်တာနက်အပြည့်အဝပြန်ရချင်တယ်လို့ ပရဟိတအကူအညီပေးသူ
တစ်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ကကျတော့ ရုံးအတွက် လူနာအနေအထားဘာညာကျတော့ ဒီဖုန်းသတင်းနဲ့ပဲပေ့ါနော် ဟို… ဘယ်နေရာဘာဖြစ်တယ်ဆိုတာ ဖုန်းသတင်းနဲ့ပဲ စောင့်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ (ဖုန်းအင်တာနက်) ပြန်ရချင်တာပေါ့။ ဘာလို့လဲဆိုတော့ တချို့သတင်းအချက်အလက်တွေက အဲ့အပေါ်ကနေပဲ သိရတာလေ။ အခုကတော့ တစ်ခုခုသိချင်ရင် ဟိုဖုန်းဆက်မေး ဒီဖုန်းဆက်မေးပေ့ါဗျာ။ အဲ့လိုဖြစ်နေတာပေါ့။ အွန်းလိုင်းပေါ်က အွန်းလိုင်း Business သမားတွေတော့ ဒုက္ခရောက်တာပေါ့။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူဖို့ အခက်အခဲဖြစ်လာချိန် Mobile Banking ၊ KBZPay ၊ WavePay တွေနဲ့ ငွေကြေးအလွှဲအပြောင်းလုပ်ဆောင်ပြီး ဖြေရှင်းလင်းနေကြရတာပါ။

မကွေ့တိုင်း တောင်တွင်းကြီးမြို့က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့
အခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ စီးပွားရေးလုပ်ငန်းတွေအတွက်
အခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။

“wifi လည်း မရဘူး၊ အိမ်မှာတော့ Telenor wifi ရှိတယ်။ တခြား ooredoo wifi ၊Telenor wifi တော့ မရဘူး။ အခုဒီနေ့ ၁၂ ဝန်းကျင်လောက်မှာ ဟိုဟာ Mytel ဆင်းကဒ်တွေ အင်တာနက်ပြန်ရတယ်ပြောတယ်။ ကျန်တဲ့ ဆင်းကဒ်တွေက အင်တာနက်မရသေးဘူး။ ကျနော်တို့က ပွဲရုံလုပ်ငန်းလုပ်တော့ အင်တာနက်လိုင်းမရတော့ ဘယ်လိုဖြစ်တုန်းဆိုတော့ ကျနော်တို့အလုပ်နဲ့ ကျနော်တို့ banking အလုပ်တွေနဲ့တော့
ဒါအဆင်မပြေတော့ဘူးပေါ့နော်။”

လွန်ခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာလည်း
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ ဖြစ်ပြီး အခုချိန်ထိ ပြန်လည်ဖွင့်ပေးတာ
မရှိသေးပါဘူး။

နေရာဒေသ အနှံ့မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဘာကြောင့် ဖြတ်တောက်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း
ဆန့်ကျင်လှုပ်ရှားမှုတွေ လက်နက်ကိုင် ခုခံမှုတွေ နေရာအနှံ့ ပေါ်ပေါက်နေသလို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ တကျော့ပြန်
ဖြစ်ပွားနေတာပါ။ အခုလိုသတင်းအမှောင်ချထားချိန် အရင်ကထက် အခြေအနေပိုမို
ဆိုးလာမှာကို ဒေသခံက စိုးရိမ်ကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG