သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန႔္မွာ အင္တာနက္ ျဖတ္ေတာက္မႈေၾကာင့္ ေဒသခံေတြအခက္ေတြ႕ 


ဒရုန္းကင္မရာနဲ႔ ရိုက္ယူထားတဲ့ မတ္လက ဖားကန္႔ၿမိဳ႕တေလ်ာက္ ဆႏၵျပပဲြမ်ား မတ္လ ၃၊ ၂၀၂၁(ဓါတ္ပံု- Hpakant News)

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္မွာ မၾကာေသးခင္ကစ အင္တာနက္လိုင္းေတြ
ျဖတ္ေတာက္လိုက္တာေၾကာင့္ သတင္းအခ်က္အလက္ေတြရဖို႔
အခက္အခဲႀကံဳေနတယ္လို႔ ေဒသခံေတြေျပာပါတယ္။ သတင္းအခ်က္အလက္မွန္ေတြ မရႏိုင္တာေၾကာင့္ ေဒသခံေတြၾကား စိုးရိမ္မႈေတြလည္း ထြက္ေပၚေနတာပါ။ ဒီအေၾကာင္း ရန္ကုန္ကေန သတင္းေပးပို႔ ထားတာကို ကိုရဲမြန္က ေျပာျပေပးမွာ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္းမွာ ၾသဂုတ္ ၂၀ ရက္ေန႔ ကတည္းက
အင္တာနက္လုိင္း ျဖတ္ေတာက္ခံထားရတာ အခုဆိုရင္ တစ္ပတ္ေလာက္ရွိၿပီး
ျဖစ္ပါတယ္။ ဖားကန္႔နယ္ထဲမွာ စစ္ေကာင္စီက အင္တာနက္လိုင္းေတြ ဘာေၾကာင့္
ျဖတ္ေတာက္ထားသလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

လက္ရွိႏုိင္ငံအခင္းအက်ဥ္းနဲ႔ ကိုဗစ္တတိယလိႈင္ရင္ဆိုင္ေနရခ်ိန္
အင္တာနက္လိုင္း ျဖတ္ေတာက္လိုက္တာေၾကာင့္ သတင္းအခ်က္အလက္ရရွိဖို႔
အခက္အခဲျဖစ္ေနတဲ့အေၾကာင္း လံုခင္းေက်းရြာ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ေကာလာဟလသတင္းေတြ အမ်ဳိးမ်ဳိးထြက္တာေပ့ါေနာ္။
သတင္းအေမွာင္ခ်ထားတဲ့အခါက်ေတာ့ တခ်ဳိ႕ေတာ့ ေရဒီယိုရွိတဲ့အခါက်လို႔ရွိရင္
ဖားကန္႔အေၾကာင္းေတြဘာေတြအဲ့လိုေတာ့ နားေထာင္ၾကတယ္ ဒါေပမယ့္
က်ေနာ္တို႔ကေတာ့ ဒီေလာေလာဆယ္ေတာ့ က်န္းမာေရးအရဘာအရ သိပ္မေကာင္းတဲ့အခါက် ေလာေလာဆယ္ေတာ့ ဒီဖုန္းကိုပဲေပါ့ေနာ္ ဒီ information ေတြ ဘာေတြ
ဘယ္လိုျဖစ္တယ္ ဟိုလူလိုက္ဆက္ ဒီလူလိုက္ဆက္ဒီေလာက္ပဲရွိတယ္ ဒါေပမယ့္လည္းအားလံုးကေတာ့ သတင္းအတိအက် သတင္းအခ်က္အလက္ကေတာ့ သိပ္မသိၾကတဲ့ အေနအထားမွာပဲရွိလာတယ္။”

ေျမျပင္သတင္းေတြကို သိရဖို႔ တစ္ဦးနဲ႔ တစ္ဦး ဖုန္းအဆက္အသြယ္နဲ႔
ေမးျမန္းေနရသလို ၿဂိဳလ္တုစေလာင္းနဲ႔ ေရဒီယိုတို႔ကုိ အားကိုးေနရတယ္လို႔
ဖားကန္႔ၿမိဳ႕ခံ တစ္ဦးက ေျပာပါတယ္။

“အင္တာနက္မရတဲ့ အခါက်ေတာ့ ဘာမွမသိဘူးဗ်။
ကိုယ့္စိတ္ထဲ ကိုယ္ထင္တာ တစ္ေယာက္တစ္ေပါက္ေပါ့ သိတယ္မဟုတ္လား ဟို…
စိုးရိမ္ေၾကာက္ၾကမႈျဖစ္တာေတာ့ ျဖစ္တာပဲ ဘာျဖစ္လဲဆိုေတာ့ သတင္းအခ်က္အလက္မွမရတာ ဒီေပါ့ေနာ္ စေလာင္းကဟာနဲ႔ ေရဒီယိုနဲ႔ ဒါပဲ တခ်ဳိ႕ ဘာမွမရွိဘူး
information က ေအာက္ပိုင္းကလူေတြ ဖုန္းဆက္ေျပာတာ ဘာညာ ဒီေလာက္ပဲ
အင္တာနက္ရတဲ့ ေနရာကေန ဘာေတြထူးလဲ ဘယ္လိုေတြ ျဖစ္လဲေပါ့ေနာ္ ကိုယ့္ကခ်င္းကသတင္းေတာင္မွ ေအာက္ပိုင္းကလူေတြ ဆက္ၿပီးေတာ့မွ ကိုယ္က သိရတယ္ေလး။”

ဖားကန္႔ၿမိဳ႕နယ္အတြင္းမွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရၿပီး သတင္းအခ်က္အလက္ေတြ မရႏိုင္ပဲ ျဖစ္ေနခ်ိန္မွာတိုက္ပဲြေတြ ျဖစ္မွာကိုလည္း ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။ ဒီလိုစိုးရိမ္စိတ္ေတြနဲ႔အတူ စားနပ္ရိကၡာ စုေဆာင္းတာေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ ဖားကန္႔အေျခအေနက အျပင္ကို မထြက္ေတာ့တာ
အျပင္ကိုမထြက္ေတာ့ အဲ့လိုေပါ့ အင္တာနက္ေတြလည္း ျဖတ္ေတာက္ေတာ့
စစ္ပြဲေတြမ်ားျဖစ္ေတာ့မလားဆိုၿပီးေတာ့ ဒီမွာ လက္ရွိ ရိကၡာေတြလည္း
ေတာ္ေတာ္မ်ားမ်ား ဆန္ေတြအထူးသျဖင့္ ဝယ္ၾကတယ္ ငပိ ငါးေျခာက္ ပဲ
ေတာ္ေတာ္မ်ားမ်ားဝယ္ၾကတယ္။”

အင္တာနက္ကတဆင့္ ဆက္သြယ္ဖို႔၊ သတင္းအခ်က္အလက္ရဖို႔ ခက္ခဲေနတာေၾကာင့္ အခုအခါ ဖားကန္႔ေဒသခံေတြ သတင္းအခ်က္အလက္ရဖို႔ အင္တာနက္ရတဲ့ ေဒသေတြဆီ ဆက္သြယ္ေမးျမန္ေနရတယ္လို႔လည္း ေနာက္ထပ္ ဖားကန္႔ၿမိဳ႕ခံတစ္ဦးက ေျပပါတယ္။

“ကိုယ္တစ္ခုခု အဲ့လုိေပါ့ စကားေျပာရင္း ဆိုရင္း
ၾကားၾကၿပီးဆိုရင္ အင္တာနက္လိုင္းရွိတဲ့ ေနရာကို ခ်က္ခ်င္းဖုန္းဆက္တယ္
ဖုန္းလိုင္းေတြက ရတာကိုး အဓိကေတာ့ ေရဒီယိုနဲ႔ ဖုန္းလိုင္းကို
အားကိုးေနၾကတာရွင့္၊ စိုးရိမ္မႈကေတာ့ သူတို႔အင္တာနက္ျပတ္ေတာက္ထားတာ ဒီ
PDF ကေလးေတြကို တစ္ခုခုလုပ္ဖို႔လားေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ ေဖော္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆန္႔က်င္လႈပ္ရွားမႈေတြ လက္နက္ကိုင္ ခုခံမႈေတြ ေပၚေပါက္ေနသလို
တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြနဲ႔လည္း တိုက္ပဲြေတြ တေက်ာ့ျပန္ ျဖစ္ပြားေနတာပါ။ ကခ်င္ျပည္နယ္မွာလည္း KIA လက္နက္ကိုင္အဖဲြ႕နဲ႔
တိုက္ခိုက္မႈေတြရွိေနပါတယ္။ KIA ကေတာ့ လက္ရွိ ျပည္တြင္းစစ္နဲ႔ ႏိ္ုငငံေရးျပႆနာေတြကို သက္ဆိုင္သူေတြ ပါ၀င္ၿပီး တရားမွ်တမႈရွိရွိ ေဆြးေႏြး ေျဖရွင္းဖို႔ ဒီတပတ္ထဲမွာပဲ တိုက္တြန္းထားပါတယ္။

====================

ဖားကန့်မှာ အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံတွေအခက်တွေ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မကြာသေးခင်ကစ အင်တာနက်လိုင်းတွေ
ဖြတ်တောက်လိုက်တာကြောင့် သတင်းအချက်အလက်တွေရဖို့
အခက်အခဲကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ သတင်းအချက်အလက်မှန်တွေ မရနိုင်တာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ ထားတာကို ကိုရဲမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ သြဂုတ် ၂၀ ရက်နေ့ ကတည်းက
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ အခုဆိုရင် တစ်ပတ်လောက်ရှိပြီး
ဖြစ်ပါတယ်။ ဖားကန့်နယ်ထဲမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဘာကြောင့်ဖြတ်တောက်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိနိုင်ငံအခင်းအကျဉ်းနဲ့ ကိုဗစ်တတိယလှိုင်ရင်ဆိုင်နေရချိန်
အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာကြောင့် သတင်းအချက်အလက်ရရှိဖို့
အခက်အခဲဖြစ်နေတဲ့အကြောင်း လုံခင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကောလာဟလသတင်းတွေ အမျိုးမျိုးထွက်တာပေ့ါနော်။
သတင်းအမှောင်ချထားတဲ့အခါကျတော့ တချို့တော့ ရေဒီယိုရှိတဲ့အခါကျလို့ရှိရင်
ဖားကန့်အကြောင်းတွေဘာတွေအဲ့လိုတော့ နားထောင်ကြတယ် ဒါပေမယ့်
ကျနော်တို့ကတော့ ဒီလောလောဆယ်တော့ ကျန်းမာရေးအရဘာအရ သိပ်မကောင်းတဲ့အခါကျ လောလောဆယ်တော့ ဒီဖုန်းကိုပဲပေါ့နော် ဒီ information တွေ ဘာတွေ
ဘယ်လိုဖြစ်တယ် ဟိုလူလိုက်ဆက် ဒီလူလိုက်ဆက်ဒီလောက်ပဲရှိတယ် ဒါပေမယ့်လည်းအားလုံးကတော့ သတင်းအတိအကျ သတင်းအချက်အလက်ကတော့ သိပ်မသိကြတဲ့ အနေအထားမှာပဲရှိလာတယ်။”

မြေပြင်သတင်းတွေကို သိရဖို့ တစ်ဦးနဲ့ တစ်ဦး ဖုန်းအဆက်အသွယ်နဲ့
မေးမြန်းနေရသလို ဂြိုလ်တုစလောင်းနဲ့ ရေဒီယိုတို့ကို အားကိုးနေရတယ်လို့
ဖားကန့်မြို့ခံ တစ်ဦးက ပြောပါတယ်။

“အင်တာနက်မရတဲ့ အခါကျတော့ ဘာမှမသိဘူးဗျ။
ကိုယ့်စိတ်ထဲ ကိုယ်ထင်တာ တစ်ယောက်တစ်ပေါက်ပေါ့ သိတယ်မဟုတ်လား ဟို…
စိုးရိမ်ကြောက်ကြမှုဖြစ်တာတော့ ဖြစ်တာပဲ ဘာဖြစ်လဲဆိုတော့ သတင်းအချက်အလက်မှမရတာ ဒီပေါ့နော် စလောင်းကဟာနဲ့ ရေဒီယိုနဲ့ ဒါပဲ တချို့ ဘာမှမရှိဘူး
information က အောက်ပိုင်းကလူတွေ ဖုန်းဆက်ပြောတာ ဘာညာ ဒီလောက်ပဲ
အင်တာနက်ရတဲ့ နေရာကနေ ဘာတွေထူးလဲ ဘယ်လိုတွေ ဖြစ်လဲပေါ့နော် ကိုယ့်ကချင်းကသတင်းတောင်မှ အောက်ပိုင်းကလူတွေ ဆက်ပြီးတော့မှ ကိုယ်က သိရတယ်လေး။”

ဖားကန့်မြို့နယ်အတွင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး သတင်းအချက်အလက်တွေ မရနိုင်ပဲ ဖြစ်နေချိန်မှာတိုက်ပွဲတွေ ဖြစ်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီလိုစိုးရိမ်စိတ်တွေနဲ့အတူ စားနပ်ရိက္ခာ စုဆောင်းတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဖားကန့်အခြေအနေက အပြင်ကို မထွက်တော့တာ
အပြင်ကိုမထွက်တော့ အဲ့လိုပေါ့ အင်တာနက်တွေလည်း ဖြတ်တောက်တော့
စစ်ပွဲတွေများဖြစ်တော့မလားဆိုပြီးတော့ ဒီမှာ လက်ရှိ ရိက္ခာတွေလည်း
တော်တော်များများ ဆန်တွေအထူးသဖြင့် ဝယ်ကြတယ် ငပိ ငါးခြောက် ပဲ
တော်တော်များများဝယ်ကြတယ်။”

အင်တာနက်ကတဆင့် ဆက်သွယ်ဖို့၊ သတင်းအချက်အလက်ရဖို့ ခက်ခဲနေတာကြောင့် အခုအခါ ဖားကန့်ဒေသခံတွေ သတင်းအချက်အလက်ရဖို့ အင်တာနက်ရတဲ့ ဒေသတွေဆီ ဆက်သွယ်မေးမြန်နေရတယ်လို့လည်း နောက်ထပ် ဖားကန့်မြို့ခံတစ်ဦးက ပြေပါတယ်။

“ကိုယ်တစ်ခုခု အဲ့လိုပေါ့ စကားပြောရင်း ဆိုရင်း
ကြားကြပြီးဆိုရင် အင်တာနက်လိုင်းရှိတဲ့ နေရာကို ချက်ချင်းဖုန်းဆက်တယ်
ဖုန်းလိုင်းတွေက ရတာကိုး အဓိကတော့ ရေဒီယိုနဲ့ ဖုန်းလိုင်းကို
အားကိုးနေကြတာရှင့်၊ စိုးရိမ်မှုကတော့ သူတို့အင်တာနက်ပြတ်တောက်ထားတာ ဒီPDF ကလေးတွေကို တစ်ခုခုလုပ်ဖို့လားပေါ့နော်။”

မြန်မာနိုင်ငံမှာ ဖေော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်လှုပ်ရှားမှုတွေ လက်နက်ကိုင် ခုခံမှုတွေ ပေါ်ပေါက်နေသလို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာပါ။ ကချင်ပြည်နယ်မှာလည်း KIA လက်နက်ကိုင်အဖွဲ့နဲ့
တိုက်ခိုက်မှုတွေရှိနေပါတယ်။ KIA ကတော့ လက်ရှိ ပြည်တွင်းစစ်နဲ့ နိုငငံရေးပြဿနာတွေကို သက်ဆိုင်သူတွေ ပါဝင်ပြီး တရားမျှတမှုရှိရှိ ဆွေးနွေး ဖြေရှင်းဖို့ ဒီတပတ်ထဲမှာပဲ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG