သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိအားေတြေၾကာင့္ ျမန္မာလုပ္ငန္းေတြ ေရာင္းထုတ္ခဲ့ရဟု Telenor ဝန္ခံ


Myanmar Telenor

(Zawgyi/Unicode)

ခိုးနားေထာင္ ေစာင့္ၾကည့္မယ့္ နည္းပညာ ကို အသက္သြင္းဖို႔ စစ္ေကာင္စီ က “ဆက္တိုက္ ဖိအား” ေပးလာတာေၾကာင့္ ဥေရာပ သမဂၢ ရဲ႕ ပိတ္ဆို႔ အေရးယူတာ ကို ေရွာင္ႏိုင္ေအာင္ ျမန္မာႏို္ငံ မွာ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြ ကို ေရာင္းလိုက္ရတာ ျဖစ္ပါတယ္ လို႔ တယ္လီေနာ ရဲ႕ အာရွ ေဒသ ဆိုင္ရာ အႀကီးအကဲ က ႐ိုက္တာ သတင္းဌာန ကို ေျပာပါတယ္။ ျမန္မာ လုပ္ငန္းခြဲ ကို အေမရိကန္ ေဒၚလာ ၁၀၅ သန္း နဲ႔ လက္ဘႏြန္ ရင္းႏွီးျမႇဳပ္ႏွံေရး အုပ္စု ကို ေရာင္းခ်မယ္လို႔ တယ္လီေနာ က ဇူလိုင္လတြင္း က ေၾကညာခဲ့တာပါ။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာ မသိမ္းမီ လမ်ားစြာ ကတည္းက ခိုးနားေထာင္ ေစာင့္ၾကည့္ တဲ့ နည္းပညာ ကို တင္ဆင္ၾကဖို႔ တယ္လီေနာ နဲ႔ တျခား အင္တာနက္ ဝန္ေဆာင္မႈ ေပးၾကတဲ့ ကုမၸဏီေတြ ကို လွ်ိဳ႕ဝွက္ အမိန႔္ေပးခဲ့တာ လို႔ ႐ိုက္တာ က ေျပာပါတယ္။ ဒီနည္းပညာအရ၊ ဝန္ေဆာင္မႈ အသုံးျပဳသူေတြ ရဲ႕ ေျပာဆိုေဖာ္ျပခ်က္ေတြ ကို စစ္တပ္ က ခိုး နားေထာင္ မွတ္တမ္း ယူႏိုင္မွာ ျဖစ္ပါတယ္။

“အာဏာ သိမ္းၿပီးတဲ့အခါ၊ ျမန္မာႏိုင္ငံ မွာ လုပ္ငန္း ဆက္လုပ္ႏိုင္ဖို႔ ဆိုရင္၊ ျမန္မာ အာဏာပိုင္ေတြ အတြက္ ဒီ နည္းပညာ ကို အသက္သြင္းဖို႔ လိုအပ္လာတာ ကြၽန္ေတာ္တို႔အတြက္ ရွင္းလာပါတယ္။” လို႔ အာရွေဒသဆိုင္ရာ တယ္လီေနာ အႀကီးအကဲ ယိုဂင္ ေလာ္စတု (Jorgen Rostrup) က ေျပာပါတယ္။ လူ႔အခြင့္အေရး ကို အကာအကြယ္ေပးတဲ့ ဥပေဒ၊ နဲ႔ ျပဌာန္းသတ္မွတ္ခ်က္မ်ား ဆိုင္ရာ နည္းနာ ယႏၲယားေတြ မရွိရင္၊ အဲဒီလို ခိုးနားေထာင္ ေစာင့္ၾကည့္တဲ့ နည္းပညာ ကို အသုံးျပဳတာ ဟာ ျမန္မာႏိုင္ငံ အေပၚ လက္နက္ ေရာင္းခ်မႈ ပိတ္ပင္ေရး ၂၀၁၈ ခုႏွစ္ ျပဌာန္းခ်က္ ကို ခ်ိဳးေဖာက္ရာ ေရာက္လိမ့္မယ္လို႔ သူ က ဆိုပါတယ္။

ခုထိေတာ့ အဲဒီ ကိရိယာေတြ ကို အသက္မသြင္းရေသးပါဘူး။ ကြၽန္ေတာ္တို႔ သေဘာ နဲ႔ လုပ္မွာလည္း မဟုတ္ပါဘူး လို႔ သူ က ေျပာပါတယ္။ ဒီနည္းပညာ ရဲ႕ သက္ေရာက္မႈ ကို အာဏာသိမ္းၿပီးေနာက္ပိုင္း တယ္လီေနာ က ေျပာလာတာ ဒါ ပထမဆုံးပါ။ ျမန္မာ စစ္တပ္ ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကို ႐ိုက္တာ က ေခၚခဲ့ေပမဲ့ တုံ႔ျပန္တာ မရွိခဲ့ပါဘူး။

ရာဇဝတ္မႈ က်ဴးလြန္သူေတြ ကို ဖမ္းဆီးႏိုင္ေအာင္ ခုလို ဥပေဒ နဲ႔ အညီ ခိုး နားေထာင္ ေစာင့္ၾကည့္တာ ကို အစိုးရ ေတာ္ေတာ္မ်ားမ်ား က ခြင့္ျပဳထားၾကပါတယ္။ ဒါေပမဲ့ ဒီမိုကေရစီ တိုင္းျပည္ေတြ အျပင္ တခ်ိဳ႕ အာဏာပိုင္ဝါဒ က်င့္သုံးတဲ့ တိုင္းျပည္ေတြ မွာ ဥပေဒအတိုင္း သြားရတဲ့ ျဖစ္စဥ္ေတြအတိုင္း မသြားဘဲ၊ ဒီနည္းပညာေတြ ကို ႐ိုး႐ိုးအသုံးျပဳႏိုင္ေအာင္ ခြင့္ ျပဳ မထားၾကပါဘူး။

ျမန္မာႏိုင္ငံမွာေတာ့ အာဏာ သိမ္းၿပီးကတည္းက ဆက္သြယ္ေရး ကုမၸဏီေတြ ရဲ႕ အႀကီးတန္း အရာရွိေတြ ဟာ ျမန္မာႏိုင္ငံ က ထြက္ခြါမယ္ ဆိုရင္ အထူး ခရီးသြားခြင့္ ရယူရမယ္ လို႔ စစ္ေကာင္စီ က ေျပာထားေၾကာင္း ႐ိုက္တာ သတင္းဌာန က ဇူလိုင္လ မွာ သတင္းေရးခဲ့ပါတယ္။ ခုလို ခရီးသြားခြင့္ ပိတ္ပင္တာ အေပၚ တယ္လီေနာ က မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။ ခုလို ေရာင္းခ်တာ ကို စစ္ေကာင္စီ အာဏာပိုင္မ်ားထံ တယ္လီေနာ က တင္ျပထားၿပီး၊ ဆုံးျဖတ္ခ်က္ က်ဖို႔ ရက္ေပါင္း ၆၀ ေလာက္ ၾကာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

...............................................................................

တိုက္႐ိုက္ လင့္ခ္


ဖိအားတွေကြောင့် မြန်မာလုပ်ငန်းတွေ ရောင်းထုတ်ခဲ့ရဟု Telenor ဝန်ခံ

(Unicode)

ခိုးနားထောင် စောင့်ကြည့်မယ့် နည်းပညာ ကို အသက်သွင်းဖို့ စစ်ကောင်စီ က “ဆက်တိုက် ဖိအား” ပေးလာတာကြောင့် ဥရောပ သမဂ္ဂ ရဲ့ ပိတ်ဆို့ အရေးယူတာ ကို ရှောင်နိုင်အောင် မြန်မာနိုငံ မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ကို ရောင်းလိုက်ရတာ ဖြစ်ပါတယ် လို့ တယ်လီနော ရဲ့ အာရှ ဒေသ ဆိုင်ရာ အကြီးအကဲ က ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။ မြန်မာ လုပ်ငန်းခွဲ ကို အမေရိကန် ဒေါ်လာ ၁၀၅ သန်း နဲ့ လက်ဘနွန် ရင်းနှီးမြှုပ်နှံရေး အုပ်စု ကို ရောင်းချမယ်လို့ တယ်လီနော က ဇူလိုင်လတွင်း က ကြေညာခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ မသိမ်းမီ လများစွာ ကတည်းက ခိုးနားထောင် စောင့်ကြည့် တဲ့ နည်းပညာ ကို တင်ဆင်ကြဖို့ တယ်လီနော နဲ့ တခြား အင်တာနက် ဝန်ဆောင်မှု ပေးကြတဲ့ ကုမ္ပဏီတွေ ကို လျှို့ဝှက် အမိန့်ပေးခဲ့တာ လို့ ရိုက်တာ က ပြောပါတယ်။ ဒီနည်းပညာအရ၊ ဝန်ဆောင်မှု အသုံးပြုသူတွေ ရဲ့ ပြောဆိုဖော်ပြချက်တွေ ကို စစ်တပ် က ခိုး နားထောင် မှတ်တမ်း ယူနိုင်မှာ ဖြစ်ပါတယ်။

“အာဏာ သိမ်းပြီးတဲ့အခါ၊ မြန်မာနိုင်ငံ မှာ လုပ်ငန်း ဆက်လုပ်နိုင်ဖို့ ဆိုရင်၊ မြန်မာ အာဏာပိုင်တွေ အတွက် ဒီ နည်းပညာ ကို အသက်သွင်းဖို့ လိုအပ်လာတာ ကျွန်တော်တို့အတွက် ရှင်းလာပါတယ်။” လို့ အာရှဒေသဆိုင်ရာ တယ်လီနော အကြီးအကဲ ယိုဂင် လော်စတု (Jorgen Rostrup) က ပြောပါတယ်။ လူ့အခွင့်အရေး ကို အကာအကွယ်ပေးတဲ့ ဥပဒေ၊ နဲ့ ပြဌာန်းသတ်မှတ်ချက်များ ဆိုင်ရာ နည်းနာ ယန္တယားတွေ မရှိရင်၊ အဲဒီလို ခိုးနားထောင် စောင့်ကြည့်တဲ့ နည်းပညာ ကို အသုံးပြုတာ ဟာ မြန်မာနိုင်ငံ အပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ရေး ၂၀၁၈ ခုနှစ် ပြဌာန်းချက် ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ သူ က ဆိုပါတယ်။

ခုထိတော့ အဲဒီ ကိရိယာတွေ ကို အသက်မသွင်းရသေးပါဘူး။ ကျွန်တော်တို့ သဘော နဲ့ လုပ်မှာလည်း မဟုတ်ပါဘူး လို့ သူ က ပြောပါတယ်။ ဒီနည်းပညာ ရဲ့ သက်ရောက်မှု ကို အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော က ပြောလာတာ ဒါ ပထမဆုံးပါ။ မြန်မာ စစ်တပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကို ရိုက်တာ က ခေါ်ခဲ့ပေမဲ့ တုံ့ပြန်တာ မရှိခဲ့ပါဘူး။

ရာဇဝတ်မှု ကျူးလွန်သူတွေ ကို ဖမ်းဆီးနိုင်အောင် ခုလို ဥပဒေ နဲ့ အညီ ခိုး နားထောင် စောင့်ကြည့်တာ ကို အစိုးရ တော်တော်များများ က ခွင့်ပြုထားကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ တိုင်းပြည်တွေ အပြင် တချို့ အာဏာပိုင်ဝါဒ ကျင့်သုံးတဲ့ တိုင်းပြည်တွေ မှာ ဥပဒေအတိုင်း သွားရတဲ့ ဖြစ်စဉ်တွေအတိုင်း မသွားဘဲ၊ ဒီနည်းပညာတွေ ကို ရိုးရိုးအသုံးပြုနိုင်အောင် ခွင့် ပြု မထားကြပါဘူး။

မြန်မာနိုင်ငံမှာတော့ အာဏာ သိမ်းပြီးကတည်းက ဆက်သွယ်ရေး ကုမ္ပဏီတွေ ရဲ့ အကြီးတန်း အရာရှိတွေ ဟာ မြန်မာနိုင်ငံ က ထွက်ခွါမယ် ဆိုရင် အထူး ခရီးသွားခွင့် ရယူရမယ် လို့ စစ်ကောင်စီ က ပြောထားကြောင်း ရိုက်တာ သတင်းဌာန က ဇူလိုင်လ မှာ သတင်းရေးခဲ့ပါတယ်။ ခုလို ခရီးသွားခွင့် ပိတ်ပင်တာ အပေါ် တယ်လီနော က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ခုလို ရောင်းချတာ ကို စစ်ကောင်စီ အာဏာပိုင်များထံ တယ်လီနော က တင်ပြထားပြီး၊ ဆုံးဖြတ်ချက် ကျဖို့ ရက်ပေါင်း ၆၀ လောက် ကြာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG