{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ အေမရိကန္ သတင္းသမား Danny Fenster လြတ္ေျမာက္ေရး ဆက္လက္ ႀကိဳးပမ္းသြားမယ့္အေၾကာင္း ဖမ္းဆီးခံေနရတာ ရက္ေပါင္း ၁၀၀ ျပည့္တဲ့ ေန႔မွာပဲ မိသားစုက ေျပာလိုက္ပါတယ္။
“Danny လိုပဲ က်ေနာ္တို႔ ၾကံ့ၾကံ့ခံ ေတာင့္ထားႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ သူ အိမ္ျပန္မေရာက္မခ်င္း က်ေနာ္တို႔ လက္ေလွ်ာ့မွာ မဟုတ္ပါဘူး” လို႔ ဖခင္ျဖစ္သူ Buddy Fenster ေျပာသြားတာပါ။ Frontier Myanmar သတင္းဌာနရဲ႕ အယ္ဒီတာ တဦးျဖစ္တဲ့ Fenster ကိုေတာ့ မိသားစုရွိရာ အေမရိကန္၊ မီရွီဂန္ျပည္နယ္၊ ဒီထ႐ြိဳက္ၿမိဳ႕ကို မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ေတာ္ကေနတဆင့္ ျပန္လာဖို႔ ထြက္တဲ့အခ်ိန္ ေမလ ၂၄ ရက္ေန႔က ရန္ကုန္ေလဆိပ္မွာ အာဏာပိုင္ေတြ ဖမ္းဆီးခဲ့တာပါ။
သူ႔ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာ္တယ္ဆိုၿပီး ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုထားၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းက အင္တာနက္ အြန္လိုင္းကတဆင့္ ေနာက္ဆုံး ႐ုံးထုတ္ စစ္ေဆးခဲ့ပါတယ္။ သူ႔မွာ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ရင္ အျမင့္ဆုံး ေထာင္ဒဏ္ ၃ ႏွစ္အထိက်ခံရႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း Fenster အပါအ၀င္ သတင္းသမားေတြ ဖမ္းဆီးခံရတဲ့အေပၚ ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႕ေတြကလည္း ျမန္မာစစ္အာဏာပိုင္ေတြအေပၚ ဖိအားေပးေနၾကတာပါ။
အေမရိကန္ ျပည္ေထာင္စု The National Press Club သတင္းစာအသင္းႀကီးကေတာ့ တနလၤာေန႔မွာပဲ အေမရိကန္သတင္းသမား Fenster ကို ဒီႏွစ္ ၂ဝ၂၁ John Aubuchon သတင္းလြတ္လပ္ခြင့္ဆု ခ်ီးျမႇင့္ထားပါတယ္။
............................................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမေရိကန် သတင်းသမား Danny Fenster လွတ်မြောက်ရေး ဆက်လက် ကြိုးပမ်းသွားမယ့်အကြောင်း ဖမ်းဆီးခံနေရတာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ နေ့မှာပဲ မိသားစုက ပြောလိုက်ပါတယ်။
“Danny လိုပဲ ကျနော်တို့ ကြံ့ကြံ့ခံ တောင့်ထားနိုင်အောင် ကြိုးစားနေပါတယ်။ သူ အိမ်ပြန်မရောက်မချင်း ကျနော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး” လို့ ဖခင်ဖြစ်သူ Buddy Fenster ပြောသွားတာပါ။ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ တဦးဖြစ်တဲ့ Fenster ကိုတော့ မိသားစုရှိရာ အမေရိကန်၊ မီရှီဂန်ပြည်နယ်၊ ဒီထရွိုက်မြို့ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေတဆင့် ပြန်လာဖို့ ထွက်တဲ့အချိန် မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။
သူ့ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အင်တာနက် အွန်လိုင်းကတဆင့် နောက်ဆုံး ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ သူ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိကျခံရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း Fenster အပါအဝင် သတင်းသမားတွေ ဖမ်းဆီးခံရတဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကလည်း မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးနေကြတာပါ။
အမေရိကန် ပြည်ထောင်စု The National Press Club သတင်းစာအသင်းကြီးကတော့ တနင်္လာနေ့မှာပဲ အမေရိကန်သတင်းသမား Fenster ကို ဒီနှစ် ၂ဝ၂၁ John Aubuchon သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ထားပါတယ်။