သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခုိင္တုိ႔ ဗဟန္းရဲစခန္းမွာ ခ်ဳပ္ေႏွာင္ခံထားရ


၀ါရင့္သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ (ဓာတ္ပံု - Official Publication)

(Zawgyi/Unicode)

ဗီြအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ ခံစားၾကည့္ အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္တို႔ကို ဗဟန္းရဲစခန္းမွာ ခ်ဳပ္ရက္ရမန္ယူထားတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ မိသားစုဝင္ေတြနဲ႔ေတာ့ ခုခ်ိန္ထိ ေတြ႕ခြင့္မရေသးပါဘူး။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ဗဟန္းၿမိဳ႕နယ္၊ ေရႊဂုံရိပ္မြန္အိမ္ယာ တုိက္ခန္းတခုကေန ၾသဂုတ္လ ၁၅ ရက္ေန႔မွာ စစ္ေကာင္စီက ဖမ္းဆီးသြားတဲ့ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ မထက္ထက္ခိုင္တို႔ ဘယ္ေရာက္ေနတယ္ဆိုတာ အေစာပိုင္းက မသိခဲ့ရဘဲ ဒီကေန႔မွသာ အက်ဳိးေဆာင္ေရွ႕ေန ဦးခင္ေမာင္ျမင့္ရဲ႕ ေျပာဆိုခ်က္အရ သိခဲ့ရတာျဖစ္ပါတယ္။

"ဦးစည္သူေအာင္ျမင့္ေကာ ႏွစ္ေယာက္လုံးကေတာ့ စစ္ေၾကာေရးကေန ဗဟန္းၿမိဳ႕မရဲစခန္းကို ေရာက္ေနတယ္လို႔ သိရပါတယ္။ ဗဟန္းရဲစခန္းမွာ စစ္ေဆးၿပီး အမႈတည္ေဆာက္ေနတယ္။ အမႈစစ္ေဆးေနဆဲကာလျဖစ္တဲ့အတြက္ ခ်ဳပ္ရမန္ ၁၅ရက္ေတာ့ ယူထားပါတယ္။ ေနာက္ ၅၀၅ (က) နဲ႔ ဆြဲထားတာျဖစ္လို႔ ေနာက္အထက္အဖြဲ႕အစည္းကလည္း ၫႊန္ၾကားထားလို႔ လူေတြ႕ဆုံခြင့္ေတာ့ မရေသးပါဘူး။ မထက္ထက္ခိုင္ အဝတ္အစားတို႔ အစားအေသာက္တို႔ကိုေတာ့ တာဝန္က် လုံၿခဳံေရးရဲေဘာ္ကတဆင့္ ေပးလို႔ရပါတယ္။ ကိုဗစ္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ျပင္ပလူနဲ႔ေကာ ေရွ႕ေနအပါအဝင္ ဘယ္သူနဲ႔မွ ေတြ႕ခြင့္မေပးဘူး။ ခ်ဳပ္ရမန္ၿပီးရင္ ႐ုံးတင္ရင္ေတာ့ ေရွ႕ေနပါဝါယူဖို႔၊ ေတြ႕ဖို႔ ေဆာင္႐ြက္ရမယ္ သိထားပါတယ္။"

ဗီြအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြကုိ တပ္မေတာ္နဲ႔ အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔တဲ့အတြက္ ဖမ္းဆီး ထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ စစ္ေကာင္စီက မၾကာေသးခင္ကပဲ သတင္း ထုတ္ျပန္ထားပါတယ္။
မိသားစုဝင္ေတြ သူတို႔နဲ႔ေတြ႕ခြင့္ရေရးနဲ႔ လက္ရွိ သူတို႔အေျခအေနေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ေမးတာမွာေတာ့ သူတုိ႔ကုိ ဖမ္းဆီးထားတဲ့ေနရာကုိ အတိအက် မသိေၾကာင္းနဲ႔ ႏွစ္ဦးစလုံးကုိ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ဆက္လက္လုပ္ေဆာင္မယ္လို႔ ေျဖၾကားခဲ့ပါတယ္။

"အဲဒါေတာ့ျပည္တဲေရးေမးမွသိမယ္ဗ်။ က်ေနာ္လည္းမသိဘူး။ ထိန္းသိမ္းထားတာေတာ့ ထိန္းသိမ္းထားတာဘဲ။ က်ေနာ္ေျပာႏိုင္တာကေတာ့ ဥပေဒနဲ႔အညီ ဆက္လုပ္မယ္လို႔ က်ေနာ္ ေျပာႏိုင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ အရင္ကလည္း ၅၀၅ နဲ႔ေပါ့ေနာ္၊ က်ေနာ္တို႔ ထုတ္ျပန္တဲ့အထဲပါပါတယ္။ က်ေနာ္တို႔ထုတ္ျပန္ထားတဲ့အထဲပါပါတယ္။ ဘာေတြနဲ႔ တရားစြဲထားလဲဆိုတာပါပါတယ္။ မိသားစုနဲ႔ေတြ႕ဆုံေရး ဘာညာကေတာ့ လုပ္ထုံးလုပ္နည္းနဲ႔အရကေတာ့ ျပစ္ဒဏ္ခ်မွတ္ၿပီး၊ ဒါမွမဟုတ္ တရား႐ုံးထုတ္တဲ့အခါတို႔ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္းျဖစ္လာပါလိမ့္မယ္။"

ဗီြအိုေအ ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကေတာ့ ဗီြအိုေအအတြက္ ဦးစည္သူေအာင္ျမင့္ ေရးသားေပးပို႔တဲ့ သတင္းေဆာင္းပါးေတြဟာ အခ်က္အလက္အေျခခံ ေရးသားထားတာေတြပဲျဖစ္ၿပီး ဗြီအိုေအကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔ ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ သတင္းသမားတေယာက္ကို မတရားဖမ္းဆီးတာပဲျဖစ္တဲ့အေၾကာင္း၊ မွန္မွန္ကန္ကန္ ေထာက္ျပေရးသားေနတဲ့ သတင္းသမားေတြကေနတဆင့္ စစ္ေကာင္စီအေနနဲ႔ ျပည္သူေတြၾကားကအသံကို သိေအာင္ နားေထာင္ဖို႔ဆိုတာ လိုအပ္လိမ့္မယ္လို႔ အာဏာပိုင္ေတြကိုေျပာခဲ့ၿပီး ဦးစည္သူေအာင္ျမင့္ကို အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျပည္တြင္းမီဒီယာ ၈ ခုကို ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲဆိုတာေတြ လုပ္ေနတာပါတယ္။
ခုခ်ိန္ထိဆိုရင္ သတင္းသမား အေယာက္ ၅၀ ထက္မနည္း ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အခုလို ေနာက္ထပ္ ဖမ္းဆီးတာေတြလည္း ဆက္ရွိေနဆဲျဖစ္ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ ဗဟန်းရဲစခန်းမှာ ချုပ်နှောင်ခံထားရ

(Unicode)

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဗဟန်းရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်လို့ ရှေ့နေတွေကပြောပါတယ်။ မိသားစုဝင်တွေနဲ့တော့ ခုချိန်ထိ တွေ့ခွင့်မရသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာ တိုက်ခန်းတခုကနေ သြဂုတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ မထက်ထက်ခိုင်တို့ ဘယ်ရောက်နေတယ်ဆိုတာ အစောပိုင်းက မသိခဲ့ရဘဲ ဒီကနေ့မှသာ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်ရဲ့ ပြောဆိုချက်အရ သိခဲ့ရတာဖြစ်ပါတယ်။

"ဦးစည်သူအောင်မြင့်ကော နှစ်ယောက်လုံးကတော့ စစ်ကြောရေးကနေ ဗဟန်းမြို့မရဲစခန်းကို ရောက်နေတယ်လို့ သိရပါတယ်။ ဗဟန်းရဲစခန်းမှာ စစ်ဆေးပြီး အမှုတည်ဆောက်နေတယ်။ အမှုစစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် ချုပ်ရမန် ၁၅ရက်တော့ ယူထားပါတယ်။ နောက် ၅၀၅ (က) နဲ့ ဆွဲထားတာဖြစ်လို့ နောက်အထက်အဖွဲ့အစည်းကလည်း ညွှန်ကြားထားလို့ လူတွေ့ဆုံခွင့်တော့ မရသေးပါဘူး။ မထက်ထက်ခိုင် အဝတ်အစားတို့ အစားအသောက်တို့ကိုတော့ တာဝန်ကျ လုံခြုံရေးရဲဘော်ကတဆင့် ပေးလို့ရပါတယ်။ ကိုဗစ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြင်ပလူနဲ့ကော ရှေ့နေအပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။ ချုပ်ရမန်ပြီးရင် ရုံးတင်ရင်တော့ ရှေ့နေပါဝါယူဖို့၊ တွေ့ဖို့ ဆောင်ရွက်ရမယ် သိထားပါတယ်။"

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက မကြာသေးခင်ကပဲ သတင်း ထုတ်ပြန်ထားပါတယ်။
မိသားစုဝင်တွေ သူတို့နဲ့တွေ့ခွင့်ရရေးနဲ့ လက်ရှိ သူတို့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးတာမှာတော့ သူတို့ကို ဖမ်းဆီးထားတဲ့နေရာကို အတိအကျ မသိကြောင်းနဲ့ နှစ်ဦးစလုံးကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်မယ်လို့ ဖြေကြားခဲ့ပါတယ်။

"အဲဒါတော့ပြည်တဲရေးမေးမှသိမယ်ဗျ။ ကျနော်လည်းမသိဘူး။ ထိန်းသိမ်းထားတာတော့ ထိန်းသိမ်းထားတာဘဲ။ ကျနော်ပြောနိုင်တာကတော့ ဥပဒေနဲ့အညီ ဆက်လုပ်မယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ အရင်ကလည်း ၅၀၅ နဲ့ပေါ့နော်၊ ကျနော်တို့ ထုတ်ပြန်တဲ့အထဲပါပါတယ်။ ကျနော်တို့ထုတ်ပြန်ထားတဲ့အထဲပါပါတယ်။ ဘာတွေနဲ့ တရားစွဲထားလဲဆိုတာပါပါတယ်။ မိသားစုနဲ့တွေ့ဆုံရေး ဘာညာကတော့ လုပ်ထုံးလုပ်နည်းနဲ့အရကတော့ ပြစ်ဒဏ်ချမှတ်ပြီး၊ ဒါမှမဟုတ် တရားရုံးထုတ်တဲ့အခါတို့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းဖြစ်လာပါလိမ့်မယ်။"

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန်ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကိုပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမီဒီယာ ၈ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေ လုပ်နေတာပါတယ်။
ခုချိန်ထိဆိုရင် သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အခုလို နောက်ထပ် ဖမ်းဆီးတာတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG