သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝါရင့္သတင္းသမား ဦးစည္သူေအာင္ျမင့္ဖမ္းဆီးခံရ 


ျမန္မာ ၀ါရင့္သတင္းစာဆရာ ဦးစည္သူအောင္ျမင့္

(Zawgyi/Unicode)

ဗြီအိုေအ ရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးလည္းျဖစ္ ဝါရင့္သတင္းသမားတဦးလည္းျဖစ္သူ ဦးစည္သူေအာင္ျမင့္ကို ျမန္မာစစ္ေကာင္စီအာဏာပိုင္ေတြက ဩဂုတ္လ ၁၅ေန႔ညက ဖမ္းဆီးထိမ္းသိမ္းခဲ့ပါတယ္။ သူနဲ႔အတူ ေနာက္ထပ္တဦးထက္မနည္း ဖမ္းဆီးခံရေပမယ့္ အတိအက်ေတာ့ မသိရေသးပါဘူး။

ဗဟန္းၿမိဳ႕နယ္တြင္းက ေ႐ႊဂုံရပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ဖမ္းဆီးခံရတာျဖစ္ၿပီး၊ အဲဒီညပိုင္းတုန္းကေတာ့ သန္းေခါင္းစာရင္းစစ္မယ္ဆိုၿပီး တိုက္သုံးတိုက္ကို ရွာေဖြခဲ့တာလို႔သိရပါတယ္။ သန္းေခါင္စာရင္းမႈနဲ႔ဖမ္းဆီးခံရသူတခ်ိဳ႕ ျပန္လြတ္လာေပမယ့္၊ ဦးစည္သူေအာင္ျမင့္နဲ႔ က်န္တဦးကိုေတာ့ ဆက္လက္ထိမ္းသိမ္းထားဆဲရွိပါတယ္။ လတ္တေလာေတာ့ ဗဟန္းရဲစခန္းမွာရွိမေနပဲ၊ ဘယ္ေနရာမွာ ထိမ္းသိမ္းထားလဲဆိုတာ အေသအခ်ာမသိရေသးပါဘူး။

ဦးစည္သူေအာင္ျမင့္ဟာ ယခင္က ျပည္တြင္းဂ်ာနယ္ေတြ၊ သတင္းစာေတြထဲနဲ႔ ႐ုပ္သံဌာနေတြမွာ သတင္းေဆာင္းပါးရွင္ သတင္းအယ္ဒီတာအျဖစ္ လုပ္ေဆာင္ခဲ့ၿပီး၊ လတ္ေလာအားျဖင့္ေတာ့ Frontier ​Myanma နဲ ့ VOA တို႔မွာ ပင္တိုင္သတင္းေဆာင္းပါးမ်ားေရးသားေနသူျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီကိုေဝဖန္တဲ့ေဆာင္းပါးေတြ သေရာ္တဲ့ေဆာင္းပါးေတြေၾကာင့္ သူ႔ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔လည္း စစ္ေကာင္စီဖက္က တရားစြဲဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္းမီဒီယာ ၈ ခုကို တရာဝင္ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို၊ သတင္းသမားေတြကို ဖမ္းဆီးတာ တရားစြဲဆိုတာေတြ ျပဳလုပ္ေနပါတယ္။ ေအေအပီပီ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ ဩဂုတ္လ ၁၇ရက္ေန႔ ကိန္းဂဏန္းအရ၊ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္ၿပီး ဖမ္းဆီးခံေနရဆဲ ၅၇၁၂ ဦးရွိၿပီး၊ ၀ရမ္းထုတ္ တရားစြဲဆိုခံရသူေပါင္းက ၁၉၈၄ ဦးရွိပါတယ္။

Sithu AM arrest
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္


..............................................................................................

ဝါရင့်သတင်းသမား ဦးစည်သူအောင်မြင့်ဖမ်းဆီးခံရ

(Unicode)

ဗွီအိုအေ ရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးလည်းဖြစ် ဝါရင့်သတင်းသမားတဦးလည်းဖြစ်သူ ဦးစည်သူအောင်မြင့်ကို မြန်မာစစ်ကောင်စီအာဏာပိုင်တွေက ဩဂုတ်လ ၁၅နေ့ညက ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ သူနဲ့အတူ နောက်ထပ်တဦးထက်မနည်း ဖမ်းဆီးခံရပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

ဗဟန်းမြို့နယ်တွင်းက ရွှေဂုံရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ အဲဒီညပိုင်းတုန်းကတော့ သန်းခေါင်းစာရင်းစစ်မယ်ဆိုပြီး တိုက်သုံးတိုက်ကို ရှာဖွေခဲ့တာလို့သိရပါတယ်။ သန်းခေါင်စာရင်းမှုနဲ့ဖမ်းဆီးခံရသူတချို့ ပြန်လွတ်လာပေမယ့်၊ ဦးစည်သူအောင်မြင့်နဲ့ ကျန်တဦးကိုတော့ ဆက်လက်ထိမ်းသိမ်းထားဆဲရှိပါတယ်။ လတ်တလောတော့ ဗဟန်းရဲစခန်းမှာရှိမနေပဲ၊ ဘယ်နေရာမှာ ထိမ်းသိမ်းထားလဲဆိုတာ အသေအချာမသိရသေးပါဘူး။

ဦးစည်သူအောင်မြင့်ဟာ ယခင်က ပြည်တွင်းဂျာနယ်တွေ၊ သတင်းစာတွေထဲနဲ့ ရုပ်သံဌာနတွေမှာ သတင်းဆောင်းပါးရှင် သတင်းအယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့ပြီး၊ လတ်လောအားဖြင့်တော့ Frontier Myanma နဲ့ VOA တို့မှာ ပင်တိုင်သတင်းဆောင်းပါးများရေးသားနေသူဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကိုဝေဖန်တဲ့ဆောင်းပါးတွေ သရော်တဲ့ဆောင်းပါးတွေကြောင့် သူ့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့လည်း စစ်ကောင်စီဖက်က တရားစွဲဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်းမီဒီယာ ၈ ခုကို တရာဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို၊ သတင်းသမားတွေကို ဖမ်းဆီးတာ တရားစွဲဆိုတာတွေ ပြုလုပ်နေပါတယ်။ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဩဂုတ်လ ၁၇ရက်နေ့ ကိန်းဂဏန်းအရ၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံနေရဆဲ ၅၇၁၂ ဦးရှိပြီး၊ ဝရမ်းထုတ် တရားစွဲဆိုခံရသူပေါင်းက ၁၉၈၄ ဦးရှိပါတယ်။

XS
SM
MD
LG